အခန်း (၆၅၂)
Vol. 44 Ch. 652
#ဘာသာပြန် = စနိုးဝှိုက်
လုံးဝ တိတ်ဆိတ်မူ..။
ဒီမှာ ရှိနေတဲ့ လူတွေ အကုန်လုံးက အတွေ့အကြုံရှိတဲ့ လူတွေချည်းပဲပါပဲ..။တစ်ခြားလူတွေက..ချန်းဟီကို မသိနိုင်ပေမယ့်..အောင့်မြင်မူ အနည်းငယ် ရလာတဲ့ အနုပညာရှင် တိုင်း ချန်းဟီ ဘယ်သူလဲ ဆိုတာကို သိထားကြပါတယ်..။တရုတ်ပြည်မြောက်ပိုင်း ဘက်ကို သွားတဲ့ ကြယ်ပွင့်အကြီးစား တွေတောင်..သူနဲ့ တွေ့ရင် ကောင်းကောင်း ဆက်ဆံကြရပါတယ်..။
ဒုတိယ အဆင့်က ဆယ်လီ တစ်ယောက်ဟာ..အသက်ကို ဝအောင် ရူလိုက်ကြတယ်..။ယင်းနောက် သူ့ မန်နေဂျာကို မေးလိုက်ပါတယ်..။
"ကျုပ်တို့ ဒီမှာ ရှိနေတာက ပြသနာ ရှိနိုင်လား.."
သူ့ရဲ့ မန်နေဂျာဟာ လည်း ကြောက်ရွံ့နေပေမယ့်..ဦးနှောက်ကတော့ အလုပ်လုပ်နေပါသေးတယ်..။
"စိတ်မပူနဲ့..ငါတို့က ဒီကိစ္စနဲ့ ဘာမှ ဆိုင်တာ မဟုတ်ဘူး..။ငါတို့ လုပ်နိုင်တာက ဘယ်ဘက်က အနိုင်ရမလဲ ဆိုတာကို စောင့်ကြည့်ရုံပဲ..။ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် ရူဇီလီကတော့..လက်ကျန်ဘဝ တစ်လျောက်လုံး မြောက်ဘက်ပိုင်းမှာ လုပ်ငန်းတွေ လုပ်နိုင်တော့မှာ မဟုတ်ဘူး..။ငါတို့ ဝင်မပါပဲ နေမှ ရမယ်..။မဟုတ်ရင် ပြသနာ ကြားညှပ်သွားတဲ့ မြေစာပင်က ငါတို့ ဖြစ်သွားမှာပဲ.."
ဒုတိယ အဆင့်ဆယ်လီဟာ သူ ဒီလိုနေရာကို ရောက်လာတာက ချမ်းသာတဲ့ အမျိုးသမီးကြီး တစ်ယောက်ကို ကပ်တွယ် ခဲ့လို့ပါ..။သို့ပေမယ့် အခုဆိုရင် သူက ကျော်ကြားမူ အတော်အသင့် ရနေပြီ ဖြစ်တာကြောင့် ပြသနာ မရှိတော့ပါဘူး..။သူ ဒီနေရာမှာ တည်မြဲဖို့..ရသစုံ ရှိုးတွေနဲ့..ကာရိုက်တာ တစ်ချို့ကို သရုပ်ဆောင်ရုံပါပဲ..။
သူ့မှာ လှပတဲ့ မျက်နှာ ရှိနေတဲ့အတွက် မိန်းကလေး အတော်များများက သူ့ရဲ့ သစ္စာရှိ ပရိတ်သတ်တွေ ဖြစ်နေကြပါပြီ..။သူ့မှာ ယုံကြည်မူလည်း ရှိပါတယ်..။သူ အကောင်ကြီးကြီး တွေကို သွားပြီး အပြစ်မပြုသ၍ အဆင်ပြေမှာပါ..။
ဒါရိုက်တာ ဂျင် ရဲ့ လက်နဲ့ ခြေထောက်တွေဟာ တုန်ရီ နေခဲ့တယ်..။
"ဘုရားရေ..အမြန်..မင်းရဲ့ အကိုကြီးကို သွားတားပါဦး..။ငါတို့ ပြောနေတာ အကြီးအကဲ ချန်း နော်.."
"ဟမျ့.."
ရူဇီလီ အေးစက်စွာ နှာခေါင်းရှုတ်လိုက်တယ်..။
"ဒါရိုက်တာ ဂျင်..ကျွန်မရဲ့ အစ်ကိုကြီး တစ်ခုခု လုပ်နေရင် ကျွန်မက ဘယ်လို ကြားဝင်လို့ရမှာလဲ..။သူ့အကြောင်း မကြားဖူးဘူးလား.."
အစ်ကိုလင်း..က ချင်ကျိုးမှာ မာမူဖန်းကို ရိုက်ချနိုင်ခဲ့တာကို သိထားပြီးသားပါ..။ဒါပေမဲ့ မာချင်ကျိုးက ဘယ်သူလဲ..။သူက ချင်ကျိုးရဲ့ ပိုက်နက် တစ်ခုလုံးကို ထိန်းချုပ်ထားတဲ့ လူလိူ့ ပြောရင်တောင် မမှားပါဘူး..။ဒီ ချန်းဟီက..သူ့အဆင့်နဲ့ ယှဥ္ရင် အဝေးကြီးမှာပါ..။
ဒါရိုက်တာ ဂျင် ပြောစရာ ကင်းမဲ့ သွားခဲ့တယ်..။သူ အကူညီမဲ့စွာပဲ သက်ပြင်းချလိုက်ပါတယ်..။ရူဇီလီ ရဲ့ အစ်ကိုကြီးက ဘယ်လိုလူမျိုးလဲ ဆိုတာကို သူ ကောင်းကောင်း သိထားပါတယ်..။
ဒါပေမဲ့..အမှန်တရားကို ချစ်တဲ့ မာစတာလင်းက ဒါမျိုးတော့ မလူပ်သင့်ဘူးမလား...။
ဒီ မြင်ကွင်းက..မာစတာလင်း အပေါ် ဒါရိုက်တာ ဂျင် ရဲ့ အမြင်တွေ ပြောင်းလဲ စေခဲ့ပါတယ်..။
မောက်မာမူ..။ဟုတ်တယ်...မောက်မာတယ် ဆိုတဲ့ စကားလုံးပဲ..။သူ့ရဲ့ မောက်မာမူ က မယုံနိုင်စရာပဲ..။သူက တစ်ဖက်လူက ဘယ်လိုလူလဲ ဘယ်လိူနောကိခံလဲ ဆိုတာကိုတောင် ဂရုမစိုက်ဘူး..။သူ့ကို စိတ်တိုစေတဲ့ လူတိုင်း ပြန်ပေးဆပ်ရမယ့် ပံူပါပဲ..။
ပြီးတော့ သူက ဘာစကားတစ်ခွန်းမှ မပြောခဲ့ပေ..။ယဥ္ကျေးတဲ့ စကား တစ်ခွန်းမှ ထွက်မလာခဲ့ပါဘူး..။သူက တစ်ဖက်လူရဲ့..ဂုဏ်သိက္ခာကို လုံးဝ လျစ်လျူရူ ထားခဲ့တာပါ..။
ယွဲ့အာ..ရူဇီလီကို ဆွဲလိုက်ပြီး..
"အစ်မရူ..ပြသနာ တစ်ခုခု ရှိနိုင်လား..."
ရူဇီလီ ယွဲ့အာ ရဲ့ လက်ကို ပုတ်လိုက်ပြီး အေးေဆးပဲ ဆိုတဲ့ အကြည့်နဲ့ ကြည့်လိုက်တယ်..။သူမရဲ့ နှလုံးသားက အနည်းငယ် ..သက်သောင့်သက်သာ ဖြစ်သွားခဲ့တယ်..။ယွဲ့အာက..ဒီ ဇာတ်လမ်းမှာ ဒုတိယ ခေါင်းဆောင် မင်းသမီး အနေနဲ့ သေချာကို ကြိုးစားထားခဲ့တာပါ..။သူမတို့ တစ်ယောက်ကို တစ်ယောက် သိတာ မကြာသေးမယ့်..ယွဲ့အာ ဒီတစ်လျောက်လုပ်ခဲ့တာတွေကို သူမ အသိအမှတ်ပြုပါတယ်..။
အခု ဒီလိုတွေ ဖြစ်လာတော့လည်း ယွဲ့အာက သူမကို ရဲရဲရင့်ရင့် ကာကွယ်ပေးပါသေးတယ်..။ဒါက သူမကို ခံစားရစေပါတယ်..။တစ်ခြားလူတွေ က ဘေးမှာရပ်ကြည့် နေတဲ့ အချိန် သူမက လုံးဝ အဲလို မလုပ်ခဲ့ပါဘူး..။
ဒီလောကမှာက..ညီအစ်ကို အချင်းချင်တွေိတောင် မိန်းကလေး တစ်ယောက် အတွက် ..ဒါမှမဟုတ်..အကျိုးအမြတ်အတွက် နောက်ကျောကို ဓားနဲ့ ထိုးနေကြတာပါ..။သူမ အခုလို သူမအတွက် ရိုးရိုးသားသား ကာကွယ်ပေးနိုင်တဲ့ လူကို တွေ့ရတာ တကယ် ပျော်ရွှင်မိပါတယ်..။
အဲ့အချိန်မှာပဲ..ရူဇီလီ ယွဲ့အာရဲ့ နူးညံ့တဲ့ မျက်နှာကို ကြည့်ပြီး အစ်ကိုလင်းကို ကြည့်လိုက်တယ်..။အတွေးတစ်ချို့က သူမ စိတ်ထဲမှာ ဖြတ်ပြေးသွားခဲ့ပါတယ်..။
ယွဲ့အာ က အောင်မြင် ကျော်ကြားတဲ့ မင်းသမီး တစ်ယောက် ဖြစ်ချင်တာပါ..။ဒါက နောက်ခံ ကောင်းကောင်း..ဒါမှမဟုတ် လုံလောက်အောင် စွမ်းဆောင်နိုင်စွမ်း တွေ မရှိရင် မဖြစ်လာနိုင်ပါဘူး..။မဟုတ်ရင် ဒါက အရေးမပါ တဲ့ အိပ်မက်တစ်ခုလို ဖြစ်နေမှာပါ..။
သိူ့ပေမယ့် ဒီအချိန်က အဲ့အကြောင်းတွေ တွေးရမယ့် အချိန်မဟုတ်သေးပါဘူး..။
…
ချန်းဟီ ရဲ့ ရင်ထဲမှာ တုန်ရီနေခဲ့တယ်..။သူ မရေမတွက်နိုင်အောင် အရိုက်ခံရပြီးပါပြီ..။သိူ့ပေမယ့်..သူဒီငနဲကို သတ်ချင်တဲ့ စိတ်တွေ ဖြစ်နေတုန်းပါပဲ..။
သူ သွားကိုကြိတ်ပြီး သူ့ရှေ့က လူကို စူးရှတဲ့ အကြည့်နဲ့ စိုက်ကြည့်လိုက်တယ်..။
လင်းဖန် ပြောလိုက်တယ်..။
"ဘယ်လက်နဲ့ ရိုက်တာလဲ..။အဲ့လက် ရှေ့ထုတ်လိုက်.."
ချန်းဟီ အသက်ကို ပြင်းပြင်းရူလိုက်ပြီး ပြောလိုက်တယ်..။
"ဒါက ရှန်ဟိုင်း ဖြစ်နေတာကြောင့် ငါ့အမှားကို ငါ ဝန်ခံတယ်..။ဒါပေမဲ့ ဒါကို မှတ်ထားလိုက်..ဒီကိစ္စက မပြီးသေးဘူး..။မင်း ငါ့ရှေ့မှာ ဒူးထောက်ပြီး ချီးစားရအောင် လုပ်ပြမယ်.."
ဖြန်း...
လင်းဖန် နောက်တစ်ချက် ထပ်ရိုက်လိုက်တယ်..။
"ဘယ် လက်လဲ လို့ မေးနေတယ်လေ..။ဘာလို့ စောက်ရေးမပါတာ တွေ ပြောနေတာလဲ.."
ဒါက အတော် အရှက်ရပြီး အရှက်ရစရာ ကောင်းတဲ့. အခြေအနေပါ..။ချန်းဟီ လုံးဝ သည်းမခံနိုင်တော့ပေ..။
"မအိမ်လံူး..မင်းဘာကို လိုချင်တာလဲ..။ငါ ချန်းဟီ က ခြောက်လန့်လို့ ရတဲ့လူ မဟုတ်ဘူး..။မင်း ဒီနေ့ ငါ့ကို အရှက်ရအောင် လုပ်ထားတာကို ငါမှတ်ထားမယ်..။ငါ ဒါကို ဒီမှာ လွယ်လွယ် နဲ့ အဆုံးသတ် နိုင်မှာ မဟုတ်ဘူး..။မင်း ပြန်ပေး..."
ဖြန်း...
"ဘယ်လောက် အဓိပ္ပါယ် မရှိလိုက်လဲ..။မင်းကို ဘယ်လက် နဲ့ ရိုက်တာလဲ လို့ ငါမေးနေတယ်လေ.."
လင်းဖန် ရက်ရက်စက်စက် ပြုမူနေခဲ့တာပါ..။သူ ချန်းဟီကို စကားပြန်ပြောဖို့ အခွင့်အရေး လုံးဝကို မပေးခဲ့ပါဘူး..။
လူတိုင်းဟာ ရိုက်နှက်တဲ့ အသံတွေကိုကြားလိုက်တိုင်း အကူညီမဲ့စွာ မျက်လုံးတွေကို မှိတ်ထားလိုက်ကြပါတယိ..။သူ့ တို့ရဲ့ နှလုံးသားဟာ..ကြောက်ရွံ့မူတွေ ပြည့်နှက်နေခဲ့တယ်..။ဒါက သူတို့ ဖြစ်နေတာမဟုတ်ပေမယ့် ကြည်နေရတာ နဲ့ တင် နာကျင်ရပါတယ်..။ထပ်ပြောရရင် လူကြားထဲမှာ အရိုက်ခံရတာက..အရှက်ခွဲခံရတာပါပဲ..။ဘယ်လို လူသားကမှ ဒီလိုအရာကို သည်းခံနိုင်မှာ မဟုတ်ပေ..။
အဲ့အချိန်မှာပဲ..ချန်းဟီ လင်းဖန်ကို စိုက်ကြည့်လိုက်ပြီး ညာဘက်လက်ကို ထုတ်လိုက်တယ်..။
လင်းဖန် ပြုံးလိုက်ပြီး..
"ဒီလက်က ကျိုးဖို့ တကယ်ထိုက်တန်တယ်..။ငါ လင်းဖန်က ဘယ်တော့မှာ တစ်ယောက်ယောက်ကို ပြသနာ မရှာဘူး..ဒါပေမဲ့ ငါနဲ့ ပတ်သက်ပြီး ပြသနာ လာရှာရင်လည်း လွယ်လွယ်နဲ့ ခွင့်မလွှတ်ဘူး.."
* ခရက် *
လင်းဖန် ချန်းဟီ ရဲ့ လက်ကို ဖမ်းဆွဲပြီး..လှည့်လိုက်တဲ့ အချိန်မှာ သူ့ရဲ့ လက်ငါးချောင်းက နေရာလွဲသွားခဲ့တယိ..။ယင်းနောက် လင်းဖန် ရဲ့ ချိုင်းအောက်ကို လက်က ကိုင်ပြီး အောက်ကို ဆွဲချလိုက်တယ်..။သူ့ရဲ့ လက်မောင်းရင်းက..အဆစ်ဟာ အောက်ကို ပြုတ်ကျလာခဲ့ပါတယ်..။ချန်းဟီ ရဲ့ လက်အဆစ်တွေကတော့..လုံးဝကို နေရာ လွဲနေခဲ့ပါပြီ..။
"အား..."
စူးရှတဲ့ အော်သံကြီးဟာ ထွကိပေါ်လာခဲ့တယိ..။ချန်းဟီ ရဲ့ မျက်နှာဟာ ဖြူဖျော့့ပြီး အံ့ကြိတ်ကာ တုန်ရီ နေခဲ့ပါတယ်..။အေးစက်တဲ့ ချွေးတွေဟာ နှာဖူးကနေ ပြုတ်ကျ နေခဲ့တယ်..။အရမ်းနာကျင် လွန်းလို့..နှုတ်ခမ်းကို ကိုက်ထားခဲ့ပါတယ်..။
အရိုးက ထွက်ပေါ်လာတဲ့ အသံဟာ ခန်းမတစ်ခုလုံးကို ပျံ့နှံ့သွားခဲ့တယ်..။လူတိုင်း..အကူအညီမဲ့ပြီး ကြောက်လန့်သွားခဲ့ပါတယ်..။
ကြောက်စရာပဲ..တကယ် ကြောက်လန့်စရာပဲ..။
သူတို့ ချန်းဟီ ရဲ့ ညာဘက်လက်ကို မြင်တဲ့ အချိန်မှာ သူတို့ အသက်ကို ပြင်းပြင်းရူလိုက်ကြပါတယ်..။သူ့ရဲ့ လက်ငါးချောင်းက လုံးဝကို ပုံမှန်မဟုတ်တော့ပါဘူး..။
ရက်စက်တယ်..။
ရူဇီလီဟာ ဒီမြင်ကွင်းကို မြင်တဲ့ အချိန်မှာ သူမလည်း ကြောင်အသွားခဲ့တယ်..။အစ်ကိုလင်း..ဒီလောက်အထိ ရက်ရက်စက်စက်..တိုက်ခိုက်လိမ့်မယ်လို့ မထင်ထားခဲ့ပါဘူး..။တစ်ချက်ကြည့်လိုက် တင် ချန်းဟီ ဘယ်လောက်အထိတောင် ခံစားနေရမလဲ ဆိုတာကို မြင်နိုင်မှာပါ..။
ဒါက သေလောက်အောင်တောင် နာကျင်မှာပါ..။
လင်းဖန် ပြောလိုက်တယ်..။
"ဇီလီ မင်ယန်ကို ဖုန်းခေါ်ပြီး ဖုန်းဖွင့်ထားပြီလား ကြည့်လိုက်.."
ရူဇီလီ ဖုန်းကို ထုတ်ပြီး အမြန်ဖုန်းခေါ်လိုကိတဲ့ အချိန်မှာ ဖုန်းဝင်သွားခဲ့တယ်..။
"အစ်ကိုလင်း ဖုန်းဝင်သွားပြီ.."
"ဖုန်း ဒီကိုပေး.."
လင်းဖန် ဖုန်းကိုယူလိုက်တယ်..။ဝမ်မင်ယန်ရဲ့ အသံက ဖုန်းထဲကနေ ထွက်လာခဲ့ပါတယ်..။
"မိန်းမ ဘာဖြစ်လို့လဲ..။ငါ အရေးကြီး အစည်းအဝေး လုပ်စရာရှိလို့..။ဖုန်းပိတ်ထား ရတော့မှာ.."
လင်းဖန် ပြောလိုက်တယ်..။
"ဘာ အစည်းအဝေးလဲ..။ခင်ဗျား မိန်းမက..ဒေါင်ယွဲ့ ဟော်တယ် မှာ တစိမ်းတစ်ယောက် ရဲ့ ရိုက်နှက်တာကို ခံနေရတာတောင် အရေးမပါတဲ့ အစည်းအဝေး လုပ်နေနိုင်သေးတယ်လား..။ဒီကို အမြန်လာခဲ့.."
တစ်ခြား တစ်ဖက်မှာ တော့ ဝမ်မင်ယန် အံ့ဩသင့်သွားခဲ့တယ်..။တစ်ခြားတစ်ဖက်က ပြောနေတဲ့လူက သူ့ညီအစ်ကို ဆိုတာကို သူသိထားပါတယ်..။သိူ့ပေမယ့်..သူ့ မိန်းမ အရိုက်ခံရတာကို ကြားတဲ့ အချိန်မှာ လုပ်လက်စ အလုပ်တွေကို ရပ်တန့်လိုက်တယ်...
"ငါလာပြီ..ငါအခုလာပြှ..။ချီးပဲ..ဘယ်ခွေးသားက..ငါ့မိန်းမကို အနိုင်ကျင့်ရဲတာလဲ.."
လင်းဖန် ပြောလိုက်တယ်..။
"ဲဒီတိုင်း အမြန်လာခဲ့..အပိူတွေ ပြောမနေနဲ့တော့.."
သူ ဖုန်းချလိုက်တယ်.။
ချန်းဟီကတော့ ကြောက်လန့်နေတဲ့ မျက်နှာနဲ့ ထိုင်နေခဲ့ပါတယ်..။
လင်းဖန် ထိုင်ခုံကို ဆွဲပြီး ထိုင်လိုက်တယ်..။
"ခင်ဗျားတို့ စားစရာ ရှိတာ ဆက်စားကြ..။ကျုပ်တို့ကို ဂရုစိုက်စရာ မလိုဘူး.."
….
ဒီအချိန်မှာ ဘယ်သူက အစားစားဖို့ စိတ်ခံစားချက် ရှိဦးမှာလဲ..။အခြေအနေတွေက ထိန်းချုပ်လို့ မရဖြစ်နေတဲ့ အချိန်မှာ ဘယ်သူမှ အစားဆက်စားလောက်ရအောင် စိတ်သဘောထား ကြီးမနေကြပါဘူး..။
"ဆက်စားကြလို့ ရပြီလို့ ပြောနေတယ်လေ.။နားမလည်ကြတာလား.."
လင်းဖန် မျက်မှောင်ကျုတ်ပြီး လေးလေးနက်နက် ပြောလိုက်တယ်..။ကျန်တဲ့ လူတွေဟာ ဒါကိုကြားပြီးစိတ်ထဲက ညဥ်းညူလိုက်ကြပါတယ်..။
သူတို့ အကြီးအကဲ ချန်းကို တောင် မလွန်ဆန်နိုင်ရင် ကြမ်းတမ်းတဲ့ နည်းလမ်းကို သုံးတဲ့ မာစတာလင်းကို..ဆိုရင် ပြောစရာတောင် မလိုတော့ပါဘူး..။
"အမြန်..ထိုင်ပြီးစားကြ..
သူတို့ အားလုံးထိုင်လိုက်ကြပြီး..တုန်ရီနေတဲ့ လက်တွေနဲ့ တူကို ကောက်ကိုင်လိုက်ကြတယ်..။အမှန်တကယ်တော့ သူတို့..မစားသောက် နိုင်ကြပါဘူး..။
လင်းဖန် အခြေအနေကို ကြည့်ပြီး ခေါင်းညိမ့်လိုက်တယ်..။သူက တစ်စုံတစ်ယောက်ကို ပညာပေးနေပေမယ့် တစ်ခြားလူတွေရဲ့ အောင်ပွဲခံမူကို အနှောက်အယှက် မဖြစ်စေချင်ပါဘူး..။
ချန်းဟီ အတွက်ကတော့..သူက တစ်ခြားလူတွေ အပျင်းပြေ ကြည့်ရူစရာ..သက်သက်လို့ပဲ..သဘောထားပါတယ်..။
…
A Valiant Life 653