နားလည်လား..
Vol. 44 Ch. 653
#ဘာသာပြန် = စနိုးဝှိုက်
လူတိုင်းဟာ လိုက်နာစွာ ထိုင်လိုက်ကြတယ်..။သူတို့က တူတွေကို ကိုင်ထားကြပေမယ့်..လုံးဝ မလှုပ်ရှားကြပါဘူး..။သူတို့ အသီးအရွက် အနည်းငယ် ယူလိုက်ကြရင်တောင် အဲတာကို သူတို့ရဲ့ ပန်ကန် ထဲမှာ ပဲ ထည့်ထားကြပါတယ်..။
သူတို့ရဲ့ အကြည့်တွေဟာ.ကြမ်းပြင်ပေါ်မှာ လဲနေတဲ့ အကြီးအကဲ ဟီ ဆီမှာပဲ ရောက်နေခဲ့တယ်..။
သူ့ရဲ့ အကြည့်တွေက သနားဖို့ ကောင်းပါတယိ..။
လင်းဖန် ချန်းဟီကို ထိုင်ကြည့်နေပြီး ဝမ်မင်ယန် ရောက်လာမှာကို စောင့်နေခဲ့တယ်..။လူတိုင်းဟာ မာစတာလင်း စကားမပြောတာကို..ကြည့်ပြီး..သူတို့လည်း စကားမပြောကြပါဘူး..။တစ်ချို့လူတွေဟာ..ရဲဌာနကို ဖုန်းဆက်ချင်ကြပေမယ့်..အဲလိူ မလူပ်ဖို့သာ ဆုံးဖြတ်လိုက်ကြတယ်..။ဒါက သူတို့ရဲ့ ပြသနာ မဟုတ်မှတော့..သူတို့..ပြသနာ မရှာဖို့သာ တွေးလိုက်ကြတာပါ..။
မကြာခင်တွင်..။
ဝမ်မင်ယန် ဒေါသတကြီး ရောက်လာခဲ့တယိ...။သူ တံခါးကို ဖွင့်လိုက်ပြီး..
"ဘယ် မအိမ်လုံးက ငါ့မိန်းမကို ရိုက်တာလဲ.."
ဒီလောကထဲက လူတိုင်းက..ရူဇီလီဟာ ဝမ်မင်ယန် ရဲ့ ကောင်မလေး မှန်း သိထားကြပြီးသားပါ..။
"မင်ယန် .."
ရူဇီလီဟာ..ဝမ်မင်ယန် ရောက်လာတာကို မြင်ပြီး သူမ စိတ်ထဲက. ဝမ်းနည်းစိတ်တွေဟာ..ပေါ်ထွကိလာခဲ့တယ်..။
ဝမ်မင်ယန်ဟာ..သူ့ကောင်မလေး ပါးပေါ်မှာ ရှိနေတဲ့. နီရဲနေတဲ့ အရာကြီးကို မြင်ပြီး ဒေါသထွက်သွားခဲ့တယိ..။သူ ..သူမရဲ့ ပါးကို စစ်ဆေးကြည့်လိုက်ပြီး..
"နာနေသေးလား..."
ယင်းနောက် သူ့ မျက်လုံးတွေဟာ အေးစက်သွားခဲ့တယ်..။
"ဒီ ငနဲကို ငါ သတ်ပစ်မယ်.."
ရူဇီလီ.ခေါင်းခါယမ်းလိုက်တယ်.။
"ဒါက ထပ်ပြီး မနာတော့ဘူး..။အစ်ကို လင်း..က ညီမကို ကာကွယ်ပေးထားတာလေ.."
လင်းဖန် ပြောလိုက်တယ်..။
"မင်ယန် ဒီကို လာခဲ့လိုက်...။ဒီ ငနဲပဲ.. "
ဝမ်မင်ယန် ရူဇီလီကို ဘေးနားက စောင့်ကြည့်နေဖို့ ပြောလိုက်တယ်..။ယင်းနောက်..သူ ရှေ့ကို တက်သွားခဲ့ပြီး..လင်းဖန် ရဲ့ ပုခုံးကို ပုတ်လိုက်ပါတယ်..။
"ကျေးဇူးတင်ပါတယ် ညီအစ်ကို.."
ယင်းနောက် သူ ကြမ်းပြင်ပေါ်ကြည့်လိုက်တဲ့ အချိန်မှာ ကြောင်အသွားခဲ့တယ်..။
"ချန်းဟီ.."
ချန်းဟီ ဟာ နာကျင်မူကြောင့် အံကြိတ်နေကြတယ်..။သူ ခေါင်းကို မော့ပြီး ဝမ်မင်ယန်ကို ကြည့်လိုကိတယ်..။
"ဝမ်မင်ယန် ..မင်းက လူလွှတ်ပြီး ငါ့ကို ရိုက်နှက်ခိုင်းရဲတယ်လား.."
"မအိမ်လုံး.."
ဝမ်မင်ယန် ခြေထောက်ကို မြောက်ပြီး..ချန်းဟီ ရဲ့ မျက်နှာကို စောင့်ကန်လိုက်တယ်..။
"မင်းက ငါ့ရဲ့ မိန်းမကို ရိုက်ရဲတယ်လား..။မင်းက သေချင်နေတာလား.."
တစ်ခြားဘက်က..အကောင်ကြီးတစ်ကောင် ဖြစ်ပေမယ့် သူ မကြောက်ရွံ့ပါဘူး..။
အများဆုံး သူ မြောက်ပိုင်းကို မသွားနိုင်ယုံလောက်ပဲ ဖြစ်မှာပါ..။
တကယ်လို့ သူ့မိန်းမ အနိုင်ကျင့် ခံရတာကို သူ ဒီတိုင်းထားလိုက်မယ် ဆိုရင် လူ ယောက်ျားတစ်ယောက် တောင် မဟုတ်တော့ပေ..။
လင်းဖန် ပြောလိုက်တယ်..။
"မင်ယန် ဒီလူကို အဆုံးသတ်လိုက်..။ကျန် တာတွေကို ကျုပ်ဖြေရှင်းမယ်.."
ဝမ်မင်ယန် ခေါင်းညိမ့်လိုက်တယ်..။
"!အင်း.."
ယင်းနောက် ချန်းဟီ ရဲ့ ညာဘက်လက်က..လုံးဝကို မူမမှန်ပဲ ပျက်စီးနေတာကို သူ တွေ့လိုက်တယ်..။သူ့ညီအစ်ကို က တကယ်ကို အသည်းမာ တာပါ..။
ချန်းဟီ သူ့ကိုယ်သူ.ဒီလောက် ရက်ရက်စက်စက် အရိုက်ခံရမယ်လို့ မထင်ထားခဲ့ပါဘူး.။သူ့ရဲ့ အဆင့်အတန်းနဲ့ ဘယ်လိူလုပ်ပြီး တစ်စုံတစ်ယောက် ရိုက်နှက်တာကို ခံနေရတာလဲ..။သို့ပေမယ့် အခုတော့ သူ ရိုက်နှက်ခံရတဲ့ အပြင် ဘာမှတောင် ပြန်မလုပ်နိုင်ခဲ့ပါဘူး..။
"ငါ ရဲကို ခေါ်မယ်.."
ချန်းဟီ အော်လိုကိတယ်..။အခုချိန်မှာ ရဲတွေပဲ သူ့ကို ကယ်နိုင်တော့မှာပါ..။သူ ဒီနေရာက ထွက်သွားနိုင်သ၍ ဒီနှစ်ယောက်ကို လက်စား ပြန်ချေနိုင်ဖို့က မခက်ခဲပါဘူး..။
လင်းဖန် ရယ်မောလိုက်တယ်..။
"ဒီလူကို ခင်ဗျား စိ်တ်ကျေနပ်တဲ့ အထိသာရိုက်..အဲတာပြီးရင် ကျုပ်လည်း ရိုက်နှက်ဥိီးမယ်..။သူ့ကို မှတ်မိနေအောင် လုပ်ပေးမှ ရမယ်လေ.."
ဝမ်မင်ယန် ပြန်ပြောလိုက်တယ်..။
"အင်း နားလည်ပြီ.."
လင်းဖန် ကျန်တဲ့ လူတွေကို ကြည့်လိုက်တယ်..။
"မင်းတို့က အေးအေးဆေးဆေး ဆက်ပြီး စားကြ..။ငါတို့ကို ဂရုစိုက်နေဖို့ မလိုဘူး..။ဒါက မင်းတို့နဲ့ ဘာမှ ဆိုင်တာမှ မဟုတ်တာ.."
စားပွဲတစ်ခုမှာ ထိုင်နေတဲ့ ဂျင်ဒေါင်ဟာ ချွေးတွေ ပျံနေခဲ့တယ်..။အခြေအနေက စောက်တလွဲဖြစ်နေပြီ ဆိုတာကို သူသိထားပါတယ်..။
ချန်းဟီက သူတို့ ရုပ်မြင်သံကြားရှိုးအတွက် ရင်းနှီးမြုပ်နှံတဲ့ လူတစ်ယောက်ပါ..။အခု ရှိုးက ပြီးသွားပြီ ဖြစ်တာကြောင့် ချန်းဟီက ရှန်ဟိုင်းကို သွားရောက်လည်ပတ်တဲ့ အချိန်မှာ..ရက်ရက်စက်စက် ရိုက်နှက်ခံနေရပါတယ်..။
ဒါရိုက်တာ ဂျင်ဟာ သူ ချန်းဟီ နဲ့ ဘယ်တော့မှ အလူပ်တွဲလုပ်လို့ မရနိုင်တော့ဘူးဆိုတာကို သိထားပြီးပါပြီ..။သို့ပေမယ့် ရုပ်မြင်သံကြား ရှိုးကတော့..အကျိုးသက်ရောက်မှာ မဟုတ်ပါဘူး..။
ချန်းဟီက ဒီအထဲမှာ အများကြီး ရင်းနှီးထားခဲ့တာပါ..။သူ ရှိုးကို ပိတ်ချလိုက်ရင်..သူ့ရဲ့ငွေတွေကို နစ်မြုပ်လိုက်သလိုပါပဲ..။
"အား..."
ညစာစားပွဲက ပုံမှန်ပဲ လို့ ပြောလို့ ရပေမယ့်..ချန်းဟီ ရဲ့ အော်သံကြီးကတော့ အဆက်မပြတ် ထွက်ပေါ်နေခဲ့တယ်..။ဒီအော်သံက..သွေးပျက်စေပြီး..လူတိုင်းကို ကြောက်လန့် စေခဲ့ပါတယ်..။
ဘယ်သူက..ဆက်ပြီး စားသောက် နိုင်ဦးမှာလဲ..။ဒီ အချိန်မှာ အစားဆက်စား နိုင်တဲ့လူက..တကယ်ကို စံပြ ပုဂ္ဂိုလ် တစ်ယောက်ဖြစ်လာမှာပါ..။
ယွဲ့အာ ပြောလိုက်တယ်..။
"အစ်မရူ..ဒါက ပြသနာ မဖြစ်လောက်ပါဘူးနော်.."
ရူဇီလီ ခေါင်းခါယမ်းလိုက်တယ်..။
"စိတ်မပူနဲ့..။ဒီ ညီအစ်ကို ရှိနေမှတော့ ဘာမှဖြစ်လာမှာ မဟုတ်ဘူး..။အနည်းဆံူးတော့..ရှန်ဟိုင်းမှာ ဆိုရင် ပြသနာမဟုတ်ဘူး.."
လင်းဖန် ချန်းဟီ ကို ကြည့်လိုက်တယ်..။သူတို့မှာ ရန်ကြွေး ရှိသွားပြီ ဆိုမှတော့..လင်းဖန် သူ့ကို ပိုပြီး ပြသ ချင်ပါသေးတယ်..။သူ ချန်းဟီကို ရှန်ဟိုင်း အပေါ် လေးစားမူနဲ့ ကြောက်ရွံ့မူကို ရိုက်သွင်းပေးမှာဖြစ်ပြီး နောက်တစ်ခါ ရှန်ဟိုင်းကို ခြေချဖို့ တွန့်ဆုတ်သွားအောင် လုပ်မှာပါ..။
…
ဒေါင်ယွဲ့ ဖျော်ဖြေရေး ဟော်တယ် ရဲ့ ဝိတ်တာလေးတွေဟာ..အထဲမှာ တစ်ခုခုဖြစ်နေတာကို သတိထားမိပြီး အထက်ကို တင်ပြလိုက်တယ်..။
ရုံးခန်းထဲတွင်..။
လီရူဟာ တိုးတက်လာတဲ့..အချက်အလက်တွေကို..ကြည့်ပြီး ခေါင်းညိမ့်နေခဲ့တယ်..။ဒီဟော်တယ်ကို ဖွင့်ပြီးကတည်းက..သူတို့ရဲ့..ဝင်ငွေက တကယ်ကို ကောင်းမွန်လာခဲ့ပါတယ်..။ဒါက သူမရဲ့ အရင်ဟော်တယ်ကို မယှဥ္နိုင်သေးပေမယ့် မဆိုးဘူးလို့ ပြောလို့ရပါတယ်..။ပြီးတော့ ဒါက သူမရဲ့ ပိုင်ဆိုင်မူ စစ်စစ်ပါ..။သူမ..လီမိသားစု ရဲ့ ထိန်းချုပ်မူ အောက်မှာ ဆက်ပြီး နေစရာ မလိုတော့ပါဘူး..။
* ဒေါက် ဒေါက် *
"ဝင်လာခဲ့."
လီရူ သူမရဲ့ လုပ်လက်စ အလုပ်ကို ချထားလိုက်တယ်..။
ဝိတ်တာယာ ဝင်လာပြီး ပြောလိူက်တယ်..။
"အကြီးအကဲ လီ..သိပ်မကောင်းတော့ဘူး..။ရုပ်မြင်သံကြား အစီအစဥ္ အတွက် ပြုလူပ်တဲ့ ညစာစားပွဲခန်းမ ထဲမှာ တိုက်ခိုက်မူ တစ်ခုဖြစ်နေတယ်..။အကြီးအကဲ လီ နဲ့ လက်ဆွဲ နှုတ်ဆက်ခဲ့တဲ့ အကြီးအကဲ ချန်း ဆိုတဲ့ တစ်ယောက်က အရိုက်နှက်ခံနေရတာ."
လီရူ မျက်မှောင်ကျုတ်လိုက်တယ်..။ချန်းဟီ ဆိုတာက တရုတ်ပြည် မြောက်ပိုင်းမှာ အောင်မြင်ပြီး စွမ်းဆောင် နိုင်စွမ်းရှိတဲ့ လူတစ်ယောက်ပါ..။သူမ ဒီလူနဲ့ ရင်နှီးအောင် ပြုမူ ခဲ့တယ် ဆိုတာက သူမ နောင်တစ်ချိန် တရုတ်ပြည်မြောက်ပိုင်းကို စီးပွားရေး တိုးချဲ့ခဲ့ ရင် အဆင်ပြေအောင်လို့ပါ.။အခု အကြီးအကဲ ချန်းက ရိုက်နှက် ခံရတယ် ဆိုတာကိုကြားရတော့ သူမ အနည်းငယ် စိတ်မသက်မသာ ဖြစ်ရပါတယ်..။
"သွားမယ်..ငါတို့ သွားကြည့်ရအောင်.."
လီရူ ပြောလိုက်တာပါ..။
ဘယ်သူကပဲ ရိုက်နေ ရိုက်နေ သူမရဲ့ ဟော်တယ် ဖြစ်နေတော့ သူမ ရပ်တန့်ရပါမယ်..။ဒါက သူမရဲ့ စီးပွားရေး နယ်နိမိတ်ဖြစ်တာကြောင့် ဘယ်လိုလုပ်ပြီး တစ်စုံတစ်ယောက် ပြသနာ လာရှာတာကို ကြည့်နေလို့ ဖြစ်မှာလဲ..။
အလုပ်သမားဟာ ခေါင်းညိမ့်လိုက်တယ်..။သူတို့ရဲ့ မျက်လုံးထဲမှာတော့ အကြီးအကဲလီက သန်မာတဲ့ အမျိုးသမီး တစ်ယောက်ပါ.။သူမရဲ့ အလုပ်လုပ်တဲ့ စတိုင်က တိကျပြီး အမျိုးသားတွေ အများစုထက် ပိုစွမ်းဆောင် နိုင်စွမ်း ရှိပါတယ်..။
ဝင်ပေါ်မှာတော့..သူတို့ ဝက်တစ်ကောင် အသတ်ခံရသလို အော်သံတွေကို ကြားနေခဲ့ရတယ်..။
*ကျွီ*
သူတို့ တံခါးကို ဖွင့့်ပြီး ဝင်လိုက်ကြတယ်..။
လီရူ ရေရွတ်လိုကိတယ်..။
"အားလုံးပဲ..ရပ်ပေးကြပါ.."
သိူ့ပေမယ့် သူမ စကားမဆံူးခင်မှာပဲ..လူတစ်ယောက် သူမကို လှည့်ကြည့်လာတာ မြင်လိုက်ရတယ်..။ပြီးတော့ ဒီလူက အရမ်း ရင်းနှီးနေခဲ့ပါတယ်..။
"နတ်ဆေးဆရာလင်း.."
လီရာ အခြေအနေကို နားမလည်တော့ပါဘူး.။ဒါက ထုတ်လုပ်ရေး အဖွဲ့သားတွေရဲ့ ညစာစားပွဲပါ..။ဒီငနဲက ဘာလို့ ဒီကို ရောက်နေတာလဲ..။
လင်းဖန် ပြုံးလိုက်ပြီး.
"ဟေး.အကြီးအကဲ လီ.။ကျုပ် နဲ့ ကျုပ် ညီအစ်ကိုက ဒီိလူကို သင်ခန်းစာ လာပေးတာ.။ကျွန်တော် တို့ အကြီးအကဲ လီကို အနှောက်အယှက် ပေးမိသလို ဖြစ်သွားတာလား.."
လီရူ လက်ဝေ့ယမ်းပြလိုက်ပြီး လုံခြုံရေး တွေကို ထွက်သွားဖို့ အချက်ပြလိုက်တယ်..။
"နတ်ဆေးဆရာလေး..ကျွန်မ ရှင့်ကို တွေ့တိုင်းဘာလို့ မကောင်းတဲ့ ခံစားချက်တွေ ရနေတာလဲ..။ကျွန်မ က ဒီမှာ စီးပွားရေး လုပ်ေနတာကို ရှင်က ဒီမှာ လာပြီး..ရိုက်နှက် နေတယ်..။ဒီသတင်းသာ ပျံ့နှံ့သွားရင် ..ဒီဟော်တယ် ရဲ့ ဂုဏ်သတင်း ဘာဖြစ်သွားမလဲ.."
လင်းဖန် ပြုံးနေခဲ့တယ်..။
"အဲတော့ ငါတို့က သူ့ကို ဒီမှာ ရိုက်နှက်လို့ ရတာလား မရတာလား..."
ဒီငနဲ ရဲ့ အပြုံးကို ကြည့်ပြီး လီရူ စိတ်မသက်မသာ ဖြစ်သွားခဲ့တယ်..။သို့ပေမယ့်.. ဒ္ီငနဲ ရိုက်နှက် နေတာ အကြီးအကဲ ချန်း ဖြစ်တာကြောင့် သူမ တစ်ခုခု ပြောမှ ရမှာပါ..။
"ဒါက အကြီးအကဲ ချန်းလေ..သူ့ကို ရိုက်နှက် နေတာ ရပ်လို့ မရဘူးလား..။ဒါမှမဟုတ် အပြင်မှာ ဖြေရှင်းကြပါလား..။ဒီဟော်တယ် ထဲမှာ လုပ်နေတာက မကောင်းဘူးလေ.."
လီရူ ပြောလိုက်တာပါ..။
သူမ နဲ့ လင်းဖန် ရဲ့ ဆက်ဆံရေးက အတော်ကို ထူးဆန်းပါတယ်..။
သူငယ်ချင်းလား..။ ဘယ်ဟုတ်မလဲ...။
ရန်သူ တွေလား..။ဒီလိုလည်း မဟုတ်တော့ပါဘူး..။
ဘာပဲဖြစ်ဖြစ် သူမ ဒီငနဲကို မကြိုက်ပေမယ့်..မုန်းလည်း မမုန်းပေ..။သူမက ဒီငနဲ ရှုံးနိမ့်တာကိုပဲ မြင်ချင်တာပါ..။
သိူ့ပေမယ့် သူမ ငတုံတစ်ယောက် မဟုတ်ပါဘူး..။သူမ လင်းဖန်နဲ့ သိတာ မကြာသေးပေမယ့် သူက အရမ်းကာကွယ် ပေးတတ်တဲ့လူတစ်ယောက် ဆိုတာတော့ သိပါတယ်..။သူ အကြီးအကဲ ချန်း ကို ရိုက်နှက် တယ် ဆိုတာ အကြီးအကဲ ချန်း အမှားတစ်ခုခု လုပ်ထားလို့ ဖြစ်မှာပါ..။
လင်းဖန် ပြောလိုက်တယ်..။
"ငါ အကြီးအကဲ လီ လို့ မခေါ်သင့်ဘူး.။လီရူ..ဒီလူကို သင်ခန်းစာ ပေးချင်လို့ ဒီနေရာကို ခနလောက် ငှားပေးနိုင်မလား..။မင်းသာ ငြင်းပယ်မယ် ဆိုရင် ငါတို့ ချက်ချင်း ထွက်သွားပေးမှာပါ.."
လီရူ ရဲ့ မျက်လံူးတွေဟာ..စဥ်းစားရခက်တဲ့ အမူအရာ ဖြစ်သွားခဲ့တယ်..။ယင်းနောက် သူမ လက်ဝေ့ယမ်းလိုက်ပြီး..
"ကြိုက်သလိုသာ လုပ်တော့..။ငါတော့ နင့်ကို နားမလည်တော့ဘူး.။ငါ့ဟော်တယ် မှာလာပြီး ဘာလို့ ရိုက်နှက်ချင်ရတာလဲ..။ငါ ဒါတွေကို ဂရုမစိုက်ဘူး ဒါပေမဲ့ ဟော်တယ် က အခုမှ ဖွင့်ထားတာ..လူသတ်ဖို့တော့ မစဥ္းစားနဲ့..။ဖွင့်ထားတာ မကြာသေးတဲ့ ငါ့ဟော်တယ်ကို မပိတ်ပစ်ချင်ဘူး.."
လင်းဖန် ပြုံးလိုက်ပြီး..
"ကျေးဇူးပါ..
လီရူ ချန်းဟီကို တစ်ချက် ကြည့်လိုက်တဲ့ အချိန်မှာ တုန်လှုပ်သွားခဲ့ပါတယ်..။ဒါက စောက်ကျိူးနဲ လောက်အောင် ရက်စက်တာပါ..။သူမ အမြန်ထွက်သွားဖို့ ဆုံးဖြတ်လိူက်တယ်..။
အပြင်ဘက်တွင်..။
"အကြီးအကဲ လီ ..ကျွန်တော်တို့ ဒီတိုင်းထားလိုက်တော့မှာလား.."
ဝိတ်တာ တစ်ယောက်က မေးလိုက်တာပါ..။
လီရူ အေးစက်စွာ ပြောလိုက်တယ်..။
"စကား မများနဲ့..ပြီးတော့ မဆူညံနဲ့..။မင်း လုပ်သင့်တဲ့ အရာကိုပဲ လုပ်..။မင်းဘာမှ မမြင်ခဲ့သလို..ဘာမှလည်း မကြားခဲ့ဘူး..။နားလည်လား.."
"နားလည်ပါပြီ.."