← Chapters

ဒီအလှည့်အပြောင်းက မြန်လွန်းတယ်..ဟုတ်တယ်မလား..

Vol. 44 Ch. 654

ဒီအလှည့်အပြောင်းက မြန်လွန်းတယ်..ဟုတ်တယ်မလား..

Vol. 44 Ch. 654

#ဘာသာပြန် = စနိုးဝှိုက်

ဝမ်မင်ယန် ဟာ ပင်ပန်းလာခဲ့တယ်..။

"ငါရိုက်လို့ ပြီးသွားပြီ..ငါရိုက်လို့ပြီးသွားပြီ..။ဒါက အတော် ပင်ပန်းတာပဲ..။ငါ့ အကန့်အသတ်ကို ရောက်နေပြီ.."

ချန်းဟီ နာကျင်မူကြောင် ညဥ္းညူ နေခဲ့ပေမယ့်..သူ့ မျက်လုံးထဲမှာ ရှိနေတဲ့ ဒေါသတွေကတော့ ပျောက်ကွယ် မသွားခဲ့ပါဘူး.။သူ ဒီငနဲ နှစ်ကောင်ကို သတ်ချင်နေခဲ့ပါတယ်..။

လင်းဖန် မတ်တတ်ထရပ်လိုက်ပြီး..

"ဒါ မလုံလောက်သေးဘူး..။ကျုပ် ဒီလူကို ပြန်ကုပေးပြီး ဆက်ရိုက်နှက်ရမယ်.."

တစ်ခြားလူတွေဟာ..ဒီစကားကို ကြားတဲ့ အချိန်မှာ ဆွံ့အသွားခဲ့ကြတယ်..။ဒီလောက်အထိ ရက်စက်ဖို့ လိုလို့လား..။

တစ်ချို့ မာစတာ လင်း အကြောင်းကို သိထားတဲ့ လူတွေဟာ..မျက်ရည်တောင် ကျချင်နေခဲ့ပါတယ်..။အင်တာနက်က အမှန်တကယ်ပဲ အလိမ်အညာတွေနဲ့ ပြည့်နှက်နေခဲ့တာပါ..။

ကြင်နာ တတ်တဲ့..မာစတာ လင်း..

နူးညံ့့သိမ်မွေ့တဲ့ မာစတာလင်း..

ကြည့်လိုက်စမ်းပါဦး..။ဒါက ကြင်နာပြီး သိမ်မွေ့တဲ့ မာစတာ လင်းလား ဆိုတာကို..။အကြီးအကဲ ချန်းက အစောက အပြုအမူကြောင့် ရိုက်နှက် ခံရသင့်တယ် ဆိုပေမယ့်လည်း ဒါကတော့ အတော်ကို ကြောက်ဖို့ကောင်းပါတယ်..။

ဝမ်မင်ယန် ရဲ့ ကန်ချက် နဲ့ လက်သီးထိုးချက်တွေကို သိပ်ပြီး မပြင်းထန်ပါဘူး..။သူ အကြီးအကဲ ချန်းကို ရိုက်နှက်တဲ့ အချိန်မှာ အနည်းငယ်လောက်ပဲ နာကျင်ရမှာပါ..။ဒါက လင်းဖန် လူပ်နေတာနဲ့စာရင် ဘာမှ မဟုတ်ပါဘူး.။

ချန်းဟီ အသက်ကို ပြင်းပြင်းရူပြီး ပြောလိုက်တယ်..။

"ငါ မင်းတိုကို ခွင့်လွှတ်မှာ မဟုတ်ဘူး."

လင်းဖန် ဘာမှ မပြောခဲ့ပေ..။သူ ချန်းဟီ နားကို လျောက်သွားခဲ့ပြီး..သူ ရဲ့ လက်နဲ့ အနည်းငယ်ဖိကာ ကျိုးနေတဲ့ လက်က အရိုးတွေကို ပြန်ပြင်ပေးလိုက်တယ်..။

ခရက်

ခရက်

ချန်းဟီ ရုတ်တရက် သူ့လက် ပြန်ကောင်းသွားပြီ ဆိုတာ သိလိုက်ရပါတယ်..။ထပ် ပြောရရင် သူ့ခန္တာကိုယ်မှာ ခံစားနေရတဲ့ ..အနာတရ တွေက အတော်ကို သက်သာ သွားခဲ့တာပါ..။သူ သဘောကျစွာ ရယ်မောလိုက်ပြီး..

"မင်း ကြောက်သွားတာလား..။ငါ ပြောလိုက်မယ် မင်းငါ့ကို ကူညီမယ် ဆိုရင်တောင်..မင်းတို့လုပ်ခဲ့တာတွေကို ငါမှတ်ထားဦးမှာပဲ.."

"မင်းက ဘာတွေ တွေးနေတာလဲ.."

လင်းဖန် သူ့ကို ကြည့်ပြီး ပြောလိုက်တယ်...။

"အများကြီး တွေးမနေနဲ့ ခနနေရင် သိလိမ့်မယ်.."

ချန်းဟီ စဥ္းစားသွားခဲ့တယ်..။လင်းဖန် ဘာကို ဆိုလိုတာမှန်း သူ နားမလည်ခဲ့ပါဘူး..။သို့ပေမယ့် သိပ်မကြာခင်မှာပဲ သူ နားလည်သွားခဲ့တယ်..။

ခရက်..

အားး....

အော်သံတွေဟာ ထပ်မံ ထွက်ပေါ်လာခဲ့တယ်..။သူ့ရဲ့ လက်မောင်းဟာ ပြန်ပြီး ကျိုးကျေသွားခဲ့ပြီး.. ဒါက ဝမ်မင်ယန် ရိုက်နှက်တာထက် အဆပေါင်းများစွာ ..ပိုနာကျင်ရပါတယ်.။ဒါက နှိုင်းယှဥ္လို့တောင် မရပေ..။

"ရပ်..ရပ်..အခုရပ်လိုက်တော့.."

ချန်းဟီ မျက်လုံးထဲမှာ ကြောက်ရွံ့မူတွေနဲ့ အော်လိုကိတာပါ..။

ဘေးနားမှာ ရှိနေတဲ့ ဝမ်မင်ယန် တောင် ဒီမြင်ကွင်းကို မြင်ပြီး ချွေးပျံသွားခဲ့တယ်..။သူ့ရဲ့ ညီအစ်ကိုက တကယ်ကို ကစားတတ်တာပါ..။

ဒီအသံ နဲ့ တင် တစ်စုံတစ်ယောက်ကို ကြောက်ရွံ့အောင် လုပ်ဖို့ လုံလောက်နေပါပြီ..။

ဒါက တကယ်ကို ကြောက်လန့်စရာပါပဲ..။

အချိန်တွေဟာ တစ်ဖြည်းဖြည်းနဲ့ ကုန်လာခဲ့တယ်..။

လူတိုင်းကတော့ မြင်ကွင်းကို ကြည့်ပြီး ချွေးပျံနေခဲ့ပါပြီ..။သူတို့က အကြီးအကဲ ချန်းရဲ့ အော်သံကိုလဲ အဆက်မပြတ် ကြားနေရပါသေးတယ်..။အဆစ်လွဲသွားတယ်..ပြန်ကောင်းသွားတယ်..။အဆစ်လွဲသွားတယ်..ပြန်ကောင်းသွားပြန်တယ်..။ဒီ ဖြစ်ရပ်က ထပ်ခါ ထပ်ခါဖြစ်နေပြီး.ဘယ်တော့မှ မဆုံးတော့ပါဘူး..။

ဝမ်မင်ယမ် တီးတိုးပြောလိူက်တယ်..။

"ဇီလီ..ငါတောင်မှ ကြောက်ရွံ့လာပြီ.."

ရူဇီလီ ခေါင်းညိမ့်လိုကိတယ်..။

"ညီမရောပဲ..။အစ်ကိုလင်းက တကယ်ရက်စက်တတ်တာပဲ.."

ချန်းဟီ ဆက်တိုက် အော်နေခဲ့တယ်..။သူ သတိလစ်ခါနီးတောင် ဖြစ်နေခဲ့ပါပြီ..။သူ့ရဲ့ တစ်ကိုယ်လုံး ချွေးတွေနဲ့ စိုရွဲနေခဲ့တယ်..။

"အစ်ကိုကြီး ရပ်ပါတော့..ကျေးဇူးပြုပြီး ရပ်ပါတော့..။ကျွန်တော် အမှားကို သိပါပြီ..။အခု ကျွန်တော့်အမှားကို သိပါပြီ..."

"အားး..."

သူ့ ရဲ့ အော်သံကြီး ထွက်ပေါ်နေခဲ့တယ်..။

လင်းဖန် ချန်းဟီကို ကြည့်လိုက်ပြီး..

"ခင်ဗျား ကိုယ့်အမှားကိူ သိပြီလား..."

ချန်းဟီ ချက်ချင်း ခေါင်းညိမ့်လိုက်တယ်..။

"ကျွန်တော့်အမှားကို တကယ်သိပါပြီ..။ကျေးဇူးပြုပြီး ဆက်မလုပ်ပါနဲ့တော့..။ကျွန်တော့် မခံစားနိုင်တော့ဘူး..။တကယ် ရူးသွားလိမ့်မယ်.."

သူ ဒီနာကျင်မူကို အရေအတွက် ဘယ်လောက်တောင် ခံစားနေရမှန်း မသိတော့ပါဘူး..။

ချန်းဟီ ရဲ့ ရင်ထဲမှာ ကြောက်ရွံ့မူဟာ နက်နက်ရှိုင်းရှိုင်း ဝင်သွားခဲ့တယ်..။အစကတော့..သူ လက်စားချေချင်ပေမယ့်. အခုတော့ သူ့စိတ့်ထဲမှာ ဒီလို အတွေး မရှ်ိတော့ပါဘူး..။သူ အခု လူပ်ချင်တာက ရှန်ဟိုင်းကနေ ထွက်သွားပြီး..အဝေးဆုံးတစ်နေရာမှာ ရှိနေဖို့ပါပဲ..။.

လင်းဖန် ခေါင်းညိမ့်ပြီး သူ့ပုခုံးကို ပုတ်လိုက်တယ်..။

"ကျုပ်က အကြောင်းအကျိုး မဆီလျော်တဲ့ လူမဟုတ်ပါဘူး..။ကျုပ်က ကြမ်းတမ်းရတာ မကြိုက်ပေမယ့် ခင်ဗျားကမှ နားမလည်တာ..။ဇီလီ က ကျုပ်ရဲ့ ညီမလေးလေ..။ခင်ဗျားက သူ့ကို ရိုက်နှက်လိုက်တယ် ဆိုတော့ ကျုပ် ဘယ်လိူလုပ် ခံစားနိုင်မှာလဲ.."

ချန်းဟီ ချက်ချင်း ခေါင်းညိမ့်လိုက်တယ်..။

"ကျွန်တော် မှားသွားပါတယ်.။ဒါက ကျွန်တော် အမှားပါ.."

"ခင်ဗျားက မြောက်ပိူင်းမှာ..အင်အားကြီးတယ်ဆို..။သူတို့ အဲ့ကို လာရင် ခင်ဗျားက လက်စားချေမှာလား.."

လင်းဖန် တည်ငြိမ်စွာ မေးလိုက်တာပါ..။

ချန်းဟီ ခေါင်းခါယမ်းလိုက်တယ်.။

"ကျွန်တော် မလုပ်ပါဘူး.။တကယ် မလုပ်ပါဘူး..။ဒီနေ့ ကျွန်တော် အမှားလုပ်ခဲ့ပါတယ်..။တကယ်တော့ သူမကို မသောက်ခိုင်း သင့်ဘူး..။အသားယူဖို့လည်း မကြိုးစား သင့်ဘူး.."

အကြောက်တရားက..လုံလောက်တဲ့ အဆင့်တစ်ခုကို ရောက်သွားရင် တစ်စုံတစ်ယောက်ရဲ့ ရင်ထဲမှာ အမှောင်ထု ဖြစ်သွားမှာပါ..။

တကယ်လို့ ဒီချန်းဟီ သာ..လက်စားချေဖို့ ကြိုးစားရင်..ဝမ်မင်ယန် က အဆင်ပြေပေမယ့်..ရူဇီလီက မြောက်ပိုင်းကို မသွားမှပဲ ရတော့မှာပါ..။ဒါပေမဲ့ ဒါက ဖြစ်နိုင်လို့လား...။

"ကျုပ်ကို ကြည့်.."

လင်းဖန် ပြောလိုက်တယ်..။

ချန်းဟီ လင်းဖန်ကို ကြည့်လိုက်ပါတယ်..။လင်းဖန်က ချန်းဟီရဲ့ ရင်ထဲကို ကြည့်ကြည့်နေခဲ့တာပါ.။ယင်းနောက် သူ ရူဇီလီကို ကြည့်လိုက်တဲ့ အချိန်မှာ ဘာမှ မဖြစ်တာကြောင့် ဒီလောက်နဲ့ လွှတ်ပေးလိုက်ဖို့ ဆုံးဖြတ်လိုက်တယ်..။သူ ချန်းဟီ ကို ပုတ်လိုက်ပြီး..

"ခင်ဗျား လိမ်မာပါးနပ်တာ ပိုကောင်းလိမ့်မယ်..။ဒီ သင်ခန်းစာကို ခင်ဗျား မှတ်မိနေလိမ့်မယ်လို့ ယံူကြည်ပါတယ်.."

"သိ..သိပါပြီ."

ချန်းဟီ ခေါင်းညိမ့်လိုက်တာပါ..။

လင်းဖန် ပြုံးပြီး လက်ဆန့်တန်းလိုက်တယ်..။

"ကျုပ် နည်းနည်းတောင် ဗိုက်ဆာ သွားပြီ..။စားကြ အောင်..။အကြီးအကဲ ဂျင် ..ဒီနေ့က နေ့ရက်ကောင်းလေးပဲ..။ဒါက ရှိုးပွဲကို အပြီးသတ်တဲ့ နေ့လေ..။ကျုပ်တို့..ဒီလို တစ်ဝက်တပျက်ကြီး ထားထားလို့ ဘယ်ရမလဲ ဟုတ်တယ်မလား..."

"ဝိတ်တာ..ဒီကို..အစားအသောက် နှစ်စုံစာလောက် ထပ်ချပေးပါဦး.. "

ဒါရိုက်တာ ဂျင် နဲ့ ကျန်တဲ့လူတွေဟာ ကြောင်အသွားခဲ့ကြတယ်..။အကြီးအကဲ ချန်း ဒီလောက်အထိ နိုပ်စက်ခံရမယ်လို့ သူတို့ မထင်ထားခဲ့ပါဘူး..။သူက..​သာမန်ကြောက်ရွံ့ယုံတင်မကပဲ..နှလုံးသားထဲ ဒဏ်ရာရတဲ့ အထိပါ ကြောက်ရွံ့သွားလောက်ပါပြီ..။

"အကြီးအကဲ ဝမ်..မာစတာလင်း..ကျေးဇူးပြုပြီး ထိုင်ပါဦး..."

ဒါရိုက်တာ ချန်း နဲ့ တစ်ခြား..လူတွေဟာ ကမ်းလှမ်းလိုက်ကြတာပါ..။

လင်းဖန် ပြုံးပြီး လက်ဝေ့ယမ်း လိုက်တယ်..။

"ဒါက ဘာမှ မဟုတ်ဘူး စိတ်ထဲထားမနေကြနဲ့..။ဒီနေ့က အကုန်ပျော်ရွှင်နေရမယ့်နေ့ ဆိုတော့..ကျုပ်တို့ စိတ်တွေကို သက်ရောက်ခံရလို့ မဖြစ်ဘူးလေ.."

ယင်းနောက် လင်းဖန် ပြုံးပြီး ပြောလိုက်တယ်..။

"အားလုံးပဲ..စိတ်မပူနဲ့..။ကျုပ် လင်းဖန် က..ချစ်ခင်တတ်တဲ့ လူတစ်ယောက်ပါ..။အားလုံးပဲ မကြောက်ရွံ့သွားဖို့ မျှော်လင့်ရပါတယ်..။စားကြရ

အောင်.."

ကျန်တဲ့ လူတွေဟာ..စိတ်ထဲက ကျိန်ဆဲလိုက်ကြတယ်..။ဒါက ချစ်ခင်တတ်တဲ့လူလို့ ခေါ်တာလား..။ဒါက သိပ်တော့ အဆင်မပြေလှပါဘူး..။

ဒါရိုက်တာ ဂျင် ပြောလိုက်တယ်..။

"ဟုတ်တယ် ဟုတ်တယ်..မာစတာလင်း ပြောတာ မှန်တယ်..။ကျွန်တော်တို့ မာစတာလင်းကို ဝိုက်လိုမှာ အမြဲတမ်းသတိထားမိတယိ..။မာစတာလင်းက ချစ်ခင်ပြီး ကြင်နာတတ်တဲ့ လူတစ်ယောက်ပဲ..။ကျွန်တော်တို့ တကယ်လေးစားမိပါတယ်..။မာစတာလင်း ကျွန်တော်တို့ ညစာစားပွဲကို ရောက်လာတာက ဂုဏ်ယူစရာပါပဲ..။လာ..ခွက်ချင်းတိုက်လိုက် ကြရအောင်.."

လင်းဖန် ပြုံးလိုက်ပြီး...

"ဒါရိုက်တာ ဂျင် ကတော့ ယဥ္ကျေးနေပြန်ပြီ..။လာ သောက်လိုက်ကြရအောင်..ဒီရသစုံရှိုးက ကြည့်ရူနှုန်းတွေ အများကြီး တက်ဖို့ ဆုတောင်းပေးပါတယ်.."

အဲ့အချိန်မှာတော့..လင်းဖန် နဲ့ ဒါရိုက်တာ ဂျင် တို့ရဲ့ စကားတွေက ကျန်တဲ့လူတွေကို ဆွံ့အပြီး ပြောစရာစကား ကင်းမဲ့စေပါတယ်..။ဒီ အပြောင်းအလဲက အရမ်းကို မြန်ဆန်လွန်းနေတာ မဟုတ်ဘူးလား..။

ပြီးတော့ အကြီးအကဲ ချန်းက အခု နာခံစွာပဲ ခံစားချက်မဲ့စွာ ထိုင်နေခဲ့ပါတယ်..။သူ လင်းဖန်ကို ကြည့်တဲ့ အချိန်မှာတောင် ..ဒေါသထွက်တဲ့ စိတ်မရှိတော့ပဲ..အဲဒီအစား ကြောက်ရွံ့မူသာ ရှိနေခဲ့တာပါ..။

အဲ့အချိန်မှာတော့ အကြီးအကဲ ချန်းရဲ့ စိတ်ထဲမှာ ကြောက်ရွံ့မူတွေ ကြီးစိုးနေပြီ ဆိုတာ သူတို့ နားလည်လိုက်ကြပါတယ်..။

ရုံးခန်းထဲတွင်..။

"အကြီးအကဲ လီ..အဲတာ ပြီးသွားပြီ.."

ဝန်ထမ်းတစ်ယောက်က လာတင်ပြခဲ့တာပါ..။

လီရူ မေးလိုက်တယ်.။

"အကြီးအကဲ ချန်း..ဘယ်လိုလဲ..။သူ ထွက်သွားပြီလား..."

"ဟင့်အင်..မာစတာလင်း နဲ့ ကျန်တဲ့လူတွေက စားသောက် နေကြပြီး.. အကြီးအကဲ ချန်းလည်း သူ့ထိုင်ခုံမှာ ထိုင်ပြီး စားသောက်နေတယ်..."

လီရူ အံ့ဩသွားခဲ့တယ်..။သူမ ဝန်ထမ်းကို သံသယဖြစ်စွာ ကြည့်လိုက်ပြီး.

"နင့်ငါ့ကို နောက်နေတာလား..."

"မဟုတ်ဘူး..သူတို့တကယ် စားသောက်နေကြတာ..။ဘာမှ မဖြစ်ခဲ့တဲ့ အတိုင်းပဲ..။လေထုကလည်း တကယ်ကောင်းမွန်တယ်.."

လီရူ ပြောစရာစကား ကင်းမဲ့သွားခဲ့တယ်..။ခုနကတုန်းကတောင် တစ်စုံတစ်ယောက်က အသတ်ခံရမလို ဖြစ်နေတာကို..အခုတော့ ငြိမ်းချမ်းသွားခဲ့ပါပြီ..။သူတို့က အတူတူထိုင်ပြီး ညစာစားနေကြတာလား..။ဒါက အဓိပ္ပါယ် လုံးဝ မရှိပါဘူး..။

…

ညစာစားပွဲတွင်..။

အ​ခြေအနေက နည်းနည်းတော့ ရှက်ဖို့ ကောင်းနေခဲ့တယ်..။လက်ရှိ လေထုအခြေအနေက ဘယ်လိူဖြစ်နေတာလဲ ဆိုတာ ဘယ်သူမှ မခန့်မှန်းတတ်တော့ပါဘူး..။

လင်းဖန် နဲ့ ဒါရိုက်တာ ဂျင်ကတော့ ရသစံူရှိုးအကြောင်း ပျော်ပျော်ပါးပါး စကားပြောနေကြပါတယ်..။အစောက အဖြစ်အပျက်ကို ပြန်တွေးကြည့်ရင်တော့ ဒီလိုလေထုမျိုးက ရှိမနေသင့်ပေ..။

All Chapters