ငါက ဒီလို လူမျိုး မဟုတ်ဘူး..
Vol. 44 Ch. 655
#ဘာသာပြန် = စနိုးဝှိုက်
သူတို့ စိတ်နှလုံးထဲ ကျေနပ်တဲ့ အထိ သောက်စား ခဲ့ကြတယ်..။
ဟော်တယ် ဝင်ပေါက်တွင်..။
လီရူ..လင်းဖန်ရဲ့ ဘေးနားကို ရောက်လာခဲ့တယ်..။
"ဘာတွေ ဖြစ်နေတာလဲ..။အစောကတုန်းက အခြေအနေ ဆိုးရွားနေတာ မဟုတ်ဘူးလား..။ရှင်တို့ ချန်းဟီ ကို ဘာလုပ်လိုက်တာလဲ..။သူက..စားသောက်ပြီးတာတောင် တက်တက်ကြွကြွနဲ့ ကုန်ကျစရိတ်တွေ ပေးချေသွားခဲ့သေးတယ်..။
လင်းဖန် ပြုံးလိုက်ပြီး...
"ငါ မင်းကို ပြောမှာ မဟုတ်ဘူး.မင်းကို ခန့်မှန်းရအောင် ထားထားမှာ.."
"ရှငိ ဒီလို ပြောမှ ပိုတောင် သိချင်လာပြီ."
ီလီရူ ပြန်တုန့်ပြန်လိုက်တာပါ..။သို့ပေမယ့် သူမကြည့်ရတာ အမှန်တကယ် သိချင်နေတဲ့ ပုံပါပဲ. ။အစောက ဘာဖြစ်သွားတာလဲ..။ပြီးတော့ အကြီးအကဲ ချန်းက ဘယ်လိုလုပ်ပြီး ကုန်ကျစရိတ်တောင် ရှင်းပေးနိုင်သေးတာလဲ..။
"ဒါဆိုရင်တော့ ငါ တကယ် ပြောတော့မှာ မဟုတ်ဘူး.."
လင်းဖန် ပြုံးလိုက်တယ်..။သူ လီရူ ကို ဘာတွေ ဖြစ်နေလဲဆိုတာကို ပြောပြမှာ မဟုတ်ပါဘူး..။သူ ဒီမိန်းကလေးကို ဖြည်းဖြည်းရင်း စဥ္းစားရအောင် ထားထား ချင်တာပါ..။
လင်းဖန် ပြောလိုက်တယ်..။
"မင်ယန် ..ခင်ဗျားတို့ရော ဘာဆက်လုပ်ကြမှာလဲ.."
ရူဇီလီ ပါ ရှိနေပြီဆိုတော့. ပုံမှန်အားဖြင့်.ဝမ်မင်ယန်က သူ့ မိန်းကလေးနဲ့ ပျော်စရာ ရှာဦးမှာပါ..။
"မင်း ဒီနေ့ သောက်ထားတာ ဆိုတော့ မောင်းနိုင်မှာ မဟုတ်ဘူး..။ငါ ပဲ ပြန်လိုက်ပို့ပေးတော့မယ်.."
ဝမ်မင်ယန် ပြောလိုက်တာပါ..။
လင်းဖန်ပြောလိုက်တယ်..။
"ဒါဆိုလည်း ပြသနာ ဖြစ်စေတော့မယ်..။အဖိုးတန်ညလေးကို နှောက်ယှက်မိလို့ တောင်းပန်ပါတယ်.."
"ချီးပဲ..မင်းက..အရက်နည်းနည်း မူးလာရင်..မပြောသင့်တာတွေလည်း ပြောတော့တာပဲ.."
ဝမ်မင်ယန်..နောက်ပြောင်ပြီး ကျိန်ဆဲလိုက်တာပါ..။ရူဇီလီ ရဲ့ မျက်နှာလဲ နီရဲသွားပြီး ပြောလိုက်တယ်..။
"အစ်ကို လင်း လည်း မြန်မြန် ကောင်မလေး တစ်ယောက်လောက် ရှာသင့်တယ်..။ဒါဆိုရင် ညတွေမှာ..အထီးမကျန်ရတော့ဘူးလေ..."
လင်းဖန် ရယ်မောလိုက်ပါတယိ..။
"ပြောတာ တော်လောက်ပြီ. သွားကြရအောင်.."
ကားထဲတွင်..။
"ဇီလီက ဘာလို့ ကျုပ်တို့ကားနဲ့ မလိုက်တာလဲ.."
လင်းဖန် မေးလိုက်တာပါ..။
ဝမ်မင်ယန် သူ့ကို ကြည့်ပြီး ပြောလိုက်တယ်.။
"သူနဲ့ ရှောင်ယွဲ့ နဲ့က..ကားတစ်စီး စီးလာကြတာလေ..ငါတို့နောက်မှာ ပါတယ်..။အိုး...ဟုတ်သားပဲ..မင်း ပြောတာ ချန်းဟီက လက်စား မချေတော့ဘူးဆို..ဟုတ်တယ်မလား.."
လင်းဖန် ယုံကြည်မူ ရှိစွာ ပြောလိုက်တယ်..။
"စိတ်မပူနဲ့ သူ လုပ်မှာ မဟုတ်ဘူး.."
ဝမ်မင်ယန် ခေါင်းညိမ့်လိုက်တယ်..။
"ဒါကောင်းတယ်..။ဒီလူ ချန်းဟီ က မြောက်ပိုင်းမှာ အတော် အင်အားကြီးတဲ့လူတစ်ယောက်ပဲ..။သူ သာ ငါတို့ကို ရန်ငြိုးထားမယ် ဆိုရင် ဇီလီ မြောက်ပိုင်းကို သွားလို့ရတော့မှာ မဟုတ်ဘူး..။ဒါပေမဲ့ အဲလိုဆိုရင်တောင် ဇီလီကို ..မြောက်ပိုင်းကို လွှတ်လိူ့ မရသေးဘူး..။တောင်ဘက်ပိုင်းကလည်း ဖွံ့ဖြိုးနေကြပြီလေ.."
"အင်း.."
လင်းဖန် ခေါင်းညိမ့်လိုက်ပြီး ဘာမှ ထပ်မပြောတော့ပေ..။
"အိူး.ဟုတ်သားပဲ.မင်း အဲဲဒီ ရှောင်ယွဲ့ကို ဘယ်လိူ ထင်လဲ.."
လင်းဖန် ခနလောက် တွေးလိုက်တယ်..။
"သူမက မိန်းမကောင်းလေးပဲ..။သူမက လှပပြီး ရိုးသားတယ်.."
ဝမ်မင်ယန် လင်းဖန် ရဲ့ လက်မောင်းကို တွန်းပြီး ပြုံးလိုက်တယ်..။
"အခုပဲ ဇီလီက ငါ့ကို ပြောနေတာ..။မင်းသာ ဆန္ဒရှိရင် သူမက ဒီညမင်းနဲ့ အတူနေပေးနိုင်တယ်တဲ့..။ဒါဆိုရင် အနာဂတ်မှာ ရှောင်ယွဲ့လည်း ဒီလောကထဲမှာ အားကိုးစရာ ရသွားမှာပဲလေ.."
"အိုး..ကျေးဇူးပြုပြီး..ခင်ဗျား ကျုပ်ညီအစ်ကို ရော ဟုတ်သေးရဲ့လား..။ခင်ဗျားက ကျုပ်မကြိုက်ဆုံး အရာကို လုပ်ဖို့ တွန်းအားပေးနေတာပဲ..။ဒီ ရှောင်ယွဲ့က..ခင်ဗျားရဲ့ မိန်းမနဲ့ အတော်ကို ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိပြီး ယုံလည်း ယုံကြည်ရတယ်..။ခင်ဗျား သူ့ကိုသာ နည်းနည်းကူညီပေးလိုက် ဒါအဆင်ပြေသွားလိမ့်မယ်..ဒီလို လမ်းကြောင်းမျိုးကို လိုက်လုပ်စရာ မလိုဘူး.. "
"ကောင်းပြီလေ..မင်း ဒီလို ပြောမယ် ဆိုတာ ငါသိသားပဲ..။ငါကတော့ မင်းကို အခြောက်တစ်ယောက် ဖြစ်နေမလား လို့တောင် သံသယဖြစ်မိတယ်..။ကံကောင်းချင်တော့ ငါ့မှာ မိန်းကလေး ပိုဆိုင်ပြီးသား ရှိနေတာပဲ..။မဟုတ်ရင် တစ်ခြားလူတွေကပါ..ငါ့ကို..အခြောက်လို့ ထင်ကုန်ကြလိမ့်မယ်.."
"ချီးပဲ..ကျုပ်က..ဒီလှပတဲ့ လောကကြီးကို ခံစားနေတာပဲ..။အချိန်ကြလာရင် ကျုပ်လည်း ကောင်မလေး တစ်ယောက်လောက် ရှာရမှာပေါ့.."
လင်းဖန် ပြောလိုက်တာပါ..။
ဝမ်မင်ယန် ခေါင်းခါယမ်းလိုက်တယ်..။
"ဒါက ခက်ခဲမယ်ထင်တယ်..။ဒါက မင်း မိန်းမ တစ်ယောက် မရှာနိုင်လို့ မဟုတ်ဘူ..မင်းနဲ့ မိန်းမတွေရဲ့ ကံကြမ္မာက အတော်ကို ကောင်းလွန်းနေတယ်..။တော်လောက်ပြီ..မင်းမှာ အစီစဥ္ ရှိမယ်လို့ ထင်ပါတယ်..။ယောက်ျား တွေက..အသက် ၃၁ နောက်ဆုံးထား အိမ်ထောင်ပြုသင့်ပြီး မိန်းမတွေကတော့ ၃၀ လောက်နောက်ဆုံးထားသင့်တယ်လေ..။မင်း ဒီထက်နောက်ကျနေရင်တော့..အမှန်တကယ် အခြောက်လို့ မထင်ခံရလိမ့်မယ်.."
လင်းဖန် ဝမ်မင်ယန် ကို ကြည့်လိုက်တယ်..။
"ခင်ဗျား...&&&$#"
…
နောက်ဘက်ရှိ ပန်းရောင် ကားထဲတွင်..။
ရူဇီလီ အတော် စိတ်ကြည်လင်နေခဲ့တယ်..။သူမ ရဲ့ အတွင်းစိတ်ထဲမှာတော့ အတော်ကို ကြည်လင် နေခဲ့ပါတယ်..။
ရှောင်ယွဲ့ အစ်မ ရူကို သံသယ ဖြစ်စွာ ကြည့်လိုက်တယ်..။
"ဘာဖြစ်လို့လဲ..ယွဲ့အာ..။မင်းရဲ့ အစ်မရူ မျက်နှာမှာ..ပန်းပွင့်နေလို့လား...ဒါမှမဟုတ် တစ်ခုခု ရှိနေလို့လား.."
ရှောင်ယွဲ့ ခေါင်းခါယမ်းပြီး သိမ်မွေ့စွာ ပြောလိုက်တယိ..။
"မဟုတ်ပါဘူး...အစ်မရူ ရဲ့ အစ်ကိုကြီးက ဒီလောကိ အံ့ဩဖို့ကောင်းလိမ့်မယ်လို့ မထင်ထားခဲ့ဘူး.."
ရူဇီလီ ပြုံးလိုက်တယ်..။
"ဒါပေါ့..သူက အံ့ဩဖို့ကောင်းတာပေါ့..။သူက မင်ယန် နဲ့ ညီအစ်ကို ကောင်းတွေပဲ..။သူက ငါ့အပေါ် ကောင်းမွန်တဲ့ မှတ်ချက် ပေးခဲ့လို့သာ ငါ မင်ယန် ရဲ့ အနားမှာ ရှိနေနိုင်ခဲ့တာ..။တစ်ခါတစ်လေ ငါတောင်မှ အစ်ကိုကြီးကို မနာလိုဖြစ်မိတယ်..။သူနဲ့ မင်ယန် နဲ့ ဆက်ဆံရေးက..ငါ နဲ့ မင်ယန် ထက်တောင်ပိုကောင်းတယိလေ "
ဒီနေ့ မတော်တဆမူက ရှောင်ယွဲ့ကို အံ့ဩသင့်စေပါတယ်..။သူမ ဒီလောက က ရှုပ်ထွေးတာကို သိပေမယ့် ဒီနေ့လို ဖြစ်ရပ်မျိုးကိုတော့ မမြင်ဖူးခဲ့ပါဘူး..။
"ဘယ်လိုဖြစ်နိုင်မှာလဲ...။ညီမ ထင်တာတော့ အကြီးအကဲ ဝမ်က အစ်မကို ဒီလောက် ချစ်တာကို.."
ရူဇီ လီ ပြုံးလိုက်ပေမယ့်..ဘာမှ ထပ်မပြောခဲ့ပေ..။
"အိုး.ဟုတ်သားပဲ..ယွဲ့အာ..က ဒီလောက ထဲမှာ ဆက်ရှိနေဦးမှာ မလား.."
ရှောင်ယွဲ့ ခေါင်းညိမ့်လိုက်တယ်..။
"အင်း..ညီမ ပိုပိုပြီး ကြိုးစားရဦးမယ်.."
"ကျေးဇူးပြုပြီး အစ်မပြောတာကို စိတ်ထဲမထားပါနဲ့.။ဒီနေ့ မတော်တဆမူကိုကြည့်လိုက်..တကယ်လို့ မင်းရဲ့ အစ်မရူက..မင်ယန် ရဲ့ မိန်းကလေးသာ မဟုတ်ရင် ဒီည ဘာဖြစ်သွားမယ်ထင်လဲ.."
ရှောင်ယွဲ့ ဘာမှ မပြောခဲ့ပေ..။ပုံမှန်အားဖြင့် ဘာဆက်ဖြစ်မလဲ ဆိုတာကို သိထားပါတယ်..။
"မင်းက ရိုးသားတယ် ဆိုတာကို အစ်မသိပါတယ်..။အစ်မ မင်းကို ပွင့်ပွင့်လင်းလင်း ပြောပြမယ်..။ဒီလောကမှာက ဘယ်လောက်ပဲ ကြိုးစားကြိုးစား တစ်ခုခု မပေးဆပ်ပဲ အောင်မြင်ဖို့ဆိုတာက မဖြစ်နိုင်တဲ့ အရာပဲ..။တစ်ခုခု မပေးဆပ်ပဲ အောင်မြင်လာတယ် ဆိုတဲ့လူက အရမ်းကို ရှားပါးတယ်..။အစ်ကို လင်းက လူကောင်းတစ်ယောက်ပါ..သူက ရုပ်လည်းချောတယ် အံ့ဩဖို့လည်း ကောင်းတယ်လေ..။ညီမသာ တစ်စုံတစ်ယောက်ရဲ့ ကစားစရာ အရုပ်လို မခံစားချင်ရင် အစ်မရူ ကူညီပေးလို့ရတယ်..။ညီမ အဆင့်အတန်းအမြင့်ကြီး မရပေမယ့် အထောက်အပံကောင်းကောင်း ရမှာတော့ အသေအချာပဲ.."
ရူဇီလီတည့်တည့်ပဲ ပြောချလိုက်တယ်..။သူမ မှာလည််း ရွေးချယ်စရာ မရှိပါဘူး..။သူမ ဒီ ယွဲ့အာကို သဘောကျပြီး ညီမလေး တစ်ယောက်လို ဆက်ဆံပေးချင်ပါတယ်..။သို့ပေမယ့် သူမရဲ့ လက်ရှိ အဆင့်အတန်းနဲ့ ယွဲ့အားကို ကာကွယ်ပေးဖို့ အာမမခံနိုင်ပေ..။
သူမ ဝမ်မင်ယန် ကိုလည်း ဒီအကြောင်း မပြောရဲပါဘူး..။ဘာပဲဖြစ်ဖြစ် မင်ယန်က တစ်ခြားလူတွေကို ဂရုစိုက်ဖို့ အချိန်မရှိပေ..။
သိူ့ပေမယ့် ရှောင်ယွဲ့သာ..အစ်ကိုလင်းနဲ့ ဆက်ဆံရေး တစ်ခု တည်ဆောက်နိုင်ရင် ဝမ်မင်ယန် သူမကို ဂရုစိုက်ပေးရတော့မှာပါ..။
ဒါက ရှောင်ယွဲ့ရဲ့ ပထမဆုံး အကြိမ်ဖြစ်မယ် ဆိုတာကို သာမသိထားပါတယ်..။ယောက်ျားလေးတွေက ဒီလို အရာတွေကို အများကြီး ဂရုစိူက်ကြတာပါ..။ဒီ လောကမှာ ရှင်သန်ဖို့ ဆိုတာက လောင်းကစား လုပ်နေရသလိုပါပဲ..။
ဒါက အနည်းငယ် အမှောင်ကျတယ် ဆိုပေမယ့် သူမပြောနေတာ မကုန်လုံးက အမှန်တရားတွေချည်းပါ..။
ဒါပေမဲ့..
သူမ မပြောတဲ့ အရာလည်း ရှိပါသေးတယ်..။အစ်ကို လင်းက ဒီလို လူစားမဟုတ်တော့..ဒါမျိုးကိစ္စကို သဘောတူမှာ မဟုတ်ပါဘူး..။
ရှောင်ယွဲ့ဟာ လူသစ်တစ်ယောက် မဟုတ်ပေ..။အစ်မရူက သူမကောင်းဖို့ အတွက် ပြောနေတာမှန်း သူမ သဘောပေါက်ပါတယ်..။ပြီးတော့ ဒါက သူမက အစ်မရူ အပေါ် အရမ်းရိုးသား တဲ့ အတွက် အစ်မရူက သူမ အထောက်အပံ့ရအောင် ကြိူးစားပေးနေတာပါ..။
သို့ပေမယ့် ရှောင်ယွဲ့ မဆုံးဖြတ်ရသေးပေ..။
ရူဇီလီ ..ကားမောင်းနေရင်း ပြုံးလိုက်တယ်..။
"ကောင်းပြီ မိန်းကလေး အများကြီး တွေးမနေနဲ့..။ဒီကိစ္စက အခုထိ မသေချာသေးဘူး..။အစ်ကို လင်းက နွေးထွေးတဲ့ လူတစ်ယောက်ပဲ..။မင်းသာ သူ့ရဲ့ သူငယ်ချင်း အဆင့်လောက် ဖြစ်လာရင်တောင် သူက ဂရုစိုက်ပေးလိမ့်မယ်..။ခနနေကြရင် အစ်မရူ မင်းကို အစ်ကိုလင်းနဲ့ မိတ်ဆက်ပေးမယ်..။နောက်ပိုင်း အလုပ်ဖြစ်တာ မဖြစ်တာကတော့ မင်းအပေါ်မှာပဲ မူတည်မှာပေါ့.."
ရှောင်ယွဲ့ ပြောလိုက်တယ်..။
"ညီမကို ကြည့်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ် အစ်မရူ ."
ရူဇီလီ..ရယ်မောလိုက်တယ်..။
"ဟားဟား.အစ်မက ဒီလို ပြောလို့ မင်းစိတ်ပျက်သွားမယ် ထင်နေတာ..။အိုး..ဟုတ်သားပဲ..နောက်ပိုင်း ရသစုံရှိုးတွေ ရိုက်လို့..ဝူရွှန်းယွဲ့ နဲ့ တွေ့ရင်..ရင်းနှီးအောင် လုပ်ထားဦး..။သူက အစ်ကို လင်းရဲ့ သူငယ်ချင်းပဲ.."
ရှောင်ယွဲ့ ပြောလိုက်တယ်..။
"လတ်တလော စံချိန်တွေ တစ်ခုပြီး တစ်ခုချိုးပြီး..အလျင်အမြန်ပေါက်လာတဲ့ ဝူရွှန်းယွဲ့ကို ပြောတာလား.."
ရူဇီလီ ခေါင်းညိမ့်လိုက်တယ်..။
"အင်း..သူ အောင်မြင်တဲ့ သီချင်းတွေ အကုန်လုံးကို အစ်ကိုလင်းက ရေးပေးထားတာ သိပြီးပြီလား..။အခု အစ်ကိုလင်း ဘယ်လောက် အံ့ဩဖို့ကောင်းလဲ သိပြီမလား.."
"ဟင်...ဒါက တကယ်အံ့ဩဖို့ ကောင်းတယ်.."
ရှောင်ယွဲ့ပြောလိုက်တာပါ..။
…
လင်းဖန် အိမ်နားတွင်..။
လင်းဖန် နဲ့ ဝမ်မင်ယန် တို့ ကားကို မှီပြီး ဆေးလိပ်သောက်နေတဲ့ အချိန်မှာ ရူဇီလီတို့ကား ရောက်လာခဲ့တယ်..။
သူတို့ ကားပေါ်က ဆင်းလိုက်ကြတယ်..။
ရူဇီလီ ပြောလိုက်ပါတယ်..။
"အစ်ကိုလင်း ဒီနေ့အတွက် ကျေးဇူးတင်ပါတယ်.."
လင်းဖန် လက်ထဲက စီးကရက်ကို ပစ်ချလိုက်ပြီး..
"ကျေးဇူးတင်ဖို့ မလိုပါဘူး..။ငါတို့က မိသားစုတွေပဲ..ဘာအတွက် ကျေးဇူးတင်နေဦးမှာလဲ.."
"အစ်ကိုလင်း..ဒါက ညီမရဲ့ ညီမလေး..ရှောင်ယွဲ့ လေ.."
ရူဇီလီ မိတ်ဆက်ပေးလိုက်တာပါ..။
ရှောင်ယွဲ့ ကြောက်လန့်စွာ နှုတ်ဆက်လိုက်တယ်..။
"ဟဲလို အစ်ကိုလင်း.."
လင်းဖန် ခနလောက် ကြောင်အပြီးမှ ပြောလိုက်တယ်..။
"အင်း..မဆိုးပါဘူး..။ကြင်နာ တတ်တဲ့ မိန်းကလေးပဲ..။ဇီလီ မင်းရဲ့ ညီမလေးက တကယ် မဆိုးဘူး..။အနာဂတ်မှာ သူမကို သေချာ ဂရုစိုက်ပေးသင့်တယ်..။ငါ အခုသွားတော့မယ်..။မင်းတို့လည်း စောစော ပြန်ကြဦး.."
လင်းဖန် ဒါကို ပြောပြီး ထွက်သွားခဲ့ပါတယ်..။
ဒါကို ပြောပြီး နောက်မှာ ရူဇီလီ မေးလိုက်တယ်..။
"မင်ယန် အစ်ကိုလင်း ဘာပြောလဲ.."
ဝမ်မင်ယန် သက်ပြင်းချလိုက်တယ်..။
"အင်း..ငါ အခုကစပြီး အလုပ်ထပ်ရှုပ်ရပြန်ဦးမယ်.."
"ဘာကို ဆိုလိုတာလဲ.."
ရူဇီလီ မေးလိုက်တာပါ..။
ဝမ်မင်ယန် ပြောလိုက်တယ်..။
"မင်း နားမလည်ဘူးပဲ..။အစ်ကို ပြောတာက..ဒါက အလုပ်မဖြစ်ပေမယ့် ကောင်းကောင်း အဆံူးသတ်သွားတယ်လို့..။ရှောင်ယွဲ့ က အတော်ကောင်းမွန်တာပဲ..။မင်း အစ်ကို ဝမ်ရဲ့ ကုမ္ပဏီကို ပြောင်းလာမလား..။မင်းရဲ့ အစ်ကို ဝမ်က စာချုပ် လျော်ကြေးကို သွားပေးလိုက်မယ်လေ.."
ရူဇီလီ ပြုံးလိုက်ပြီး ရှောင်ယွဲ့ ရဲ့ ပုခုံးကို ကိုင်လိုက်တယ်..။ယင်းနောက် သူမ ခေါင်းလေးကို ညှင်သာစွာ ပုတ်လိုက်ပြီး..
"မင်းတော့ ကံကောင်းသွားပြီ မိန်းကလေး..."
ရှောင်ယွဲ့ကတော့ ဘာတွေ ဖြစ်နေလဲ မသိသေးပါဘူး..။သို့ပေမယ့်.သူမ နားလည်တာကတော့ အစ်ကို ဝမ် က သူ့ကုမ္ပဏီကို လာခိုင်းနေပြီး..သူမရဲ့ စာချုပ်ဖျက်သိမ်းကြေးကို ပေးမယ်လို့ ပြောနေခဲ့ပါတယ်..။
"အင်း.."
ဝမ်မင်ယန် ခေါင်းခါယမ်းလိုက်တယ်..။
"ငါ ပိုပြီး ပိုက်ဆံရှာဖို့ လိုနေပြီ..။ မဟုတ်ရင် အနာဂတ်မှာ မင်းတို့ကို ကာကွယ်နိုင်မှာ မဟုတ်ဘူး.."
ရူဇီလီ ဝမ်မင်ယန် ရဲ့ ခါးကို ဖက်လိုက်ပြီး..
"ယောက်ျား..အာဘွား..."
ဝမ်မင်ယန် ရယ်မောလိုက်ပြီး..တီးတိုး ပြောလိုက်တယ်..။
"အမြန်ပြန်ပြီး အိပ်ကြရအောင်..."
ရူဇီလီ ရှက်ရွံ့သွားခဲ့ပါတယ်..။
"ယွဲ့အာ ဒီမှာ ရှိသေးတယ်လေ..။မဟုတ်တာတွေ လျောက်မပြောနဲ့..."
"ဟားဟား..."
ရှောင်ယွဲ့ အစ်မရူကို မနာလိုဖြစ်စွာ ကြည့်လိုက်တယ်.။သူမမှာက အိမ်တစ်လုံး ရှိနေခဲ့ပါပြီ..။