← Chapters

ချက်ချင်း ဒေါသ ထွက်မူ..

Vol. 44 Ch. 656

ချက်ချင်း ဒေါသ ထွက်မူ..

Vol. 44 Ch. 656

#ဘာသာပြန် = စနိုးဝှိုက်

အိမ်တွင်..။

ဒါပေါ့ ရူဇီလီ ဘာတွေတွေးနေတာလဲ ဆိုတာကို လင်းဖန် သိထားပါတယ်..။သို့ပေမယ့် ဝမ်မင်ယန် က သူ့ အကြောင်းကို ပိုသိမှာပါ..။သူ စကား တွေ အများကြီး ပြောထားပြီ ဆိုမှတော့..ဝမ်မင်ယန် နားမလည်နိုင်စရာ အကြောင်းမရှိလောက်ပါဘူး..။

လင်းဖန် ဝမ်မင်ယန် ရဲ့ မျက်လုံးထဲကို ကြည့်တဲ့ အချိန်မှာလည်း သူ နားလည်တယ် ဆိုတာ ထင်ရှားပါတယ်..။

သူ လုပ်ဆောင်ခဲ့တာက ကောင်းပါတယ်..။ဘာလိူ့လဲဆိုတော့ လင်းဖန် ကိုယ်တိုင် ရှောင်ယွဲ့ကို တိုက်ရိုက် ​ပြောစရာ မလိုတော့ပါဘူး..။

ညအချိန်..။

လူအများကြီးဟာ အိပ်မပျော်နိုင်ကြပေ..။

ဒါပေါ့..ဝမ်မင်ယန် နဲ့ ရူဇီလီ ဆိုရင် ပြောစရာ တောင် မလိုတော့ပါဘူး..။

ရှောင်ယွဲ့ ဟာလည်း အိပ်ယာထဲမှာ လှဲနေပြီး..ဒီနေ့အဖြစ်အပျက်တွေကို ပြန်တွေးနေခဲ့တယ်..။ချန်းဟီဆိုတာက အကောင်ကြီး တစ်ယောက်ပါ..။ထုတ်လုပ်ရေး စကတည်းက..ချန်းဟီက သူမကို မရိုးသားတဲ့ မျက်လုံးတွေနဲ့ ကြည့်နေတာ သူမ သတိထားမိပါတယ်..။သို့ပေမယ့် သူမ သူ့ဆီက သစ္စာဖောက်မူကို မခံစားလိုက်ရပါဘူး..။ဒါက သူမ ကျည်ဆန်တစ်တောင့်ကို ရှောင်နိုင်လိုက်တယ်လို့ လည်း ပြောလို့ရပါတယ်..။

ရှောင်ယွဲ့ အကူညီမဲ့စွာပဲ..မာစတာ လင်း အကြောင်းကို တွေးမိသွားခဲ့တယ်..။သူမ လင်းဖန် အကြောင်းကို သိပ်မသိပါဘူး..။သူမ ဝိုက်ဘိုမှာသာ တွေးဖူးတာ ဖြစ်ပြီး..ဒီနေ့ညက ပထမဆုံး အကြိမ် တွေ့ဖူးတာပါ..။သူမ လင်းဖန် အကြောင်းကို ပိုပြီး သိချင်စိတ် ဖြစ်မိနေခဲ့ပါတယ်..။

အထူးသဖြင့် ညစာစားပွဲတုန်းက သူ့ရဲ့ အပြုအမူ တွေက သူမရဲ့ နှလုံးသားထဲအထိ ဝင်ရောက် နိုင်ခဲ့ပါတယ်..။သူက သူမ အရင်မြင်ဖူးခဲ့တဲ့ လူတွေ နဲ့ လုံးဝ မတူပါဘူး..။

"အမှန်တကယ်ပဲ..သူက ဘယ်လိုလူစားမျိုးလဲ.."

ရှောင်ယွဲ့ သိချင်စွာ ရေရွတ်လိုက်တယ်..။သူမ ရဲ့ ဆံပင်အရှည်ဟာ ပုခုံးပေါ်ကျနေပြီး..ကုတင်ရဲ့ နောက်ဖက်မှာ မှီကာ ထိုင်နေခဲ့ပါတယ်..။ယင်းနောက် သူမ ဖုန်းကို ထုတ်ပြီး မာစတာ လင်း အကြောင်းတွေကို ရှာဖတ်ကြည့်လိုက်တယ်..။

မကြာခင်မှာဲ..သူမ အင်တာနက် ထဲမှာ နစ်မြောသွားခဲ့ပါတယ်..။သူမ အတွက်တော့ မာစတာလင်း လုပ်ခဲ့တာတွေ အများစုက..မယုံကြည်နိုင်ဖို့တောင် ကောင်းနေခဲ့ပါတယ်..။

…

"ခေါင်း ကျရင်.ငါ လက်စား ပြန်ချေရမယ်..။ပန်းကျရင်တော့..ငါ လက်စား ပြန်မချေဘူး.."

ချန်းဟီ အိပ်မပျော်ခဲ့ပေ..။ညတိုင်း သူ အိပ်ယာဝင် ပြီး ဆိုရင် မိန်းမလှလေး တစ်ယောက်ကို အတူတူ အိပ်ဖို့ ခေါ်ထားလေ့ရှိပါတယ်..။သို့ပေမယ့် ဒီတစ်ကြိမ်တော့ ပထမ ဆုံး သူတစ်ယောက်တည်း အိပ်နေခဲ့တာပါ..။သူ့လက်ထဲမှာ လည်း လှည့်ပတ် ဆော့ကစားနေတဲ့ အကြွေစေ့လေး တစ်ခု ရှိနေခဲ့တယ်..။

သူ ဒီနေ့ညရဲ့ အရှက်ခွဲမူကို သည်းမခံနိုင်ပေမယ့် လည်း ရွေးချယ်စရာ မရှိပဲ သည်းခံလိုက်ရပါတယ်..။သူ မျက်လုံးမှိတ်လိုက်တဲ့ အချိန်တိုင်း အဲ့ငနဲရဲ့ ကြောက်စရာ အပြုံးတွေကိုပဲ မြင်ယောင်နေခဲ့မိတယ်..။

"ချီးပဲ..လုပ်ကြတာပေါ့..

သူ လက်မပေါ်တင် ထားတဲ့ အကြွေစေ့ကို လေထဲကို တောက်ထုတ်လိုက်တယ်..။အကြွေစေ့လေးက လေထဲကို မြောက်သွားတဲ့ အချိန်မှာ..ချန်းဟီ မျက်တောင် မခတ်ပဲကြည့်နေခဲ့တယ်..။သူ့ရဲ့ အမူအရာကတော့ ထိုင်းမှိုင်းနေခဲ့ပါတယ်..။ဒါ ခေါင်းကျမလား ပန်းကျမလား သူတကယ် သိချင်မိပါတယ်..။

လုံးဝ တိတ်ဆိတ်နေတဲ့ အချိန်မှာပဲ..အကြွေစေ့လေးဟာ..အိပ်ယာခင်းပေါ်ကို ကျသွားခဲ့တယ်..။

ချန်းဟီ ရဲ့ အကြည့်တွေဟာ အယုံကြည်နိုင်ဖြစ်သွားခဲ့ပါတယ်..။

"ဘယ်လိုဖြစ်နိုင်မှာလဲ.."

တိတ်ဆိတ်နေတဲ့ အိပ်ယာခင်းမှာတော့..အပေါ်ဘက်ကို ရောက်နေတဲ့ အခြမ်းက.....

ခေါင်းပါ..။

"ချီးပဲ..ခေါင်းကျမယ် ဆိုရင်တောင်.. ငါ လက်စားချေမှာ မဟုတ်ဘူးကွာ..။အိပ်တာပဲ ကောင်းတယ်.."

ချန်းဟီ အများကြီး ထပ်မတွေးဖို့ ..ဆုံးဖြတ်လိုက်ပါတယ်..။သူ နောက်နေ့မနက်မှာ..လေဆိပ်ကို ခပ်စောစော သွားပြီး ဒီပြသနာ နယ်မြေကနေ ထွက်သွားတော့မှာပါ..။သိူ့ပေမယ့် သူ အရေးကြီးတဲ့ အရာတွေကို မလုပ်ရသေးပါဘူး..။

သူ ဖုန်းကို ထုပ်ပြီး ဒါရိုက်တာ ဂျင်ကို ဖုန်းခေါ်လိုကိတယ်..။သူ ဒါရိုက်တာကို ဒီကိစ္စ မပျံ့နှံ့သွားအောင် ညွှန်အား လိုက်တာပါ..။

သူ မာစတာ လင်းကို ဘယ်လို မှ မတုန့်ပြန်နိုင်ခဲ့ပေမယ့်..ဒါရိုက်တာ ဂျင် လိုလူမျိုးတွေကတော့ သူ့ကို အမြဲတမ်း ကြောက်ရွံ့နေရပါသေးတယ်..။

…

ရက်အနည်းငယ် ကြာပြီးနောက်..။

တိမ်ဖြူလမ်း..။

အကြီးအကဲ လိန် ရောက်လာခဲ့တယ်..။

"သူဌေးလေး ဘာတွေ လုပ်နေတာတုန်း..။ငါ အစောက ဖြတ်သွားတုန်းက မင်း ဖုန်းသုံးနေတာလေ..။အခု ပြန်လာပြန် တော့လဲ ဖုန်းသုံးနေတုန်းပဲ.."

"ရူး.."

လင်းဖန် သူ့ရဲ့ လက်ညိုး ကို ပါးစပ်ပေါ်တင်ပြီး တိတ်တိတိနေဖို့ အချက်ပြလိုက်တယ်..။

"ဒီနေက လူငယ် တရုတ်အနုပညာ ဖလား ပြိုင်ပွဲရဲ့ အဖြေတွေ သိရမယ့် နေ့လေ..။ကျွန်တော် အဲဒီ ဝက်ဆိုဒ်ကို စောင့်ကြည့်နေတာ..။သူတို့ ကတော့ ၂ နာရီ ပြောထားတာပဲ..အခုတော့ ၂ နာရီ ၅ မိနစ် တောင် ရှိနေပြီ.."

"ရလာဒိ တွေက ဒီနေ့ထွက်မှာလား.."

အကြီးအကဲ လိန် အံ့ဩသွားခဲ့တယ်..။ယင်းနောက် သူဌေးလေးက ဖုန်းကို ပဲ ကြည့်နေတာ တွေ့လိုက်ပြီး အမြန် ပြောလိုက်ပါတယ်..။

"ဒါဆို ဘာလို့ ဖုန်းနဲ့ပဲ ကြည့်နေမှာလဲ..။ငါဆိုင်ကို လာခဲ့လေ..ကွန်ပြူတာ နဲ့ ကြည့်ကြမယ်.."

အရင်တစ်ခေါက် မတော်တဆမူ ပြီးကတည်းက..အင်တာနက် လုံခြုံရေး ဌာနက လင်းဖန်ကို ကွန်ပြူတာ ကျွမ်းကျင်မူတွေ ထပ်မသုံးဖို့ တောငိးဆို သွားခဲ့ကြပါတယ်..။သူ အင်တာနက်ကို ပုံမှန်အတိုင်းပဲ သုံးလို့ ရတော့တာပါ..။သို့ပေမယ့် သူ့ရဲ့ ကွန်ပြူတာ အဟောင်းကို ပြန်မရသလို အသစ်တစ်လုံးကိုလဲ ပြန်မဝယ်ပေးခဲ့ကြပါဘူး..။

လင်းဖန် က ကိုယ့်စကားကို တန်ဖိုးထားတဲ့လူတစ်ယောက်ပါ..။သူက ကတိကို ဘယ်တော့မှ မဖျက်ပါဘူး..။သူ ကွန်ပြူတာ ကျွမး်ကျင်မူတွေ ထပ်မသုံးဖူးလို့ ပြောထားမှတော့ သုံးတော့မှာ မဟုတ်ပေ..။

"သွားကြမယ်လေ.."

လင်းဖန် တွေဝေမနေခဲ့ပေ..။သူ ချက်ချင်းပဲ အကြီးအကဲ လိန် နောက်ကို လိုက်သွားခဲ့တယ်..။

ဝူယူလန် နဲ့ ကျန်တဲ့လူတွေလဲ..လိုက်လာ ခဲ့ကြပါတယ်..။နန်ရှမ်းဂေဟာ က လင်းဖန် ရဲ့ သွေးချွေး တွေ နဲ့ ပဲ သက်ဆိုင်တာ မဟုတ်ပါဘူး..။သူတို့နဲ့လည်း သက်ဆိုင်ပါတယ်..။သူတို့က ကလေးတွေ အတွက် အများကြီး ဂရုစိုက်ကြတာပါ..။

အခု ရလာဒ်က ထွက်လာတော့မှာ ဆိုတော့..ပုံမှန်အားဖြင့် သူတို့လည်း စောင့်ကြည့်ရမှာပါ..။

အကြီးအကဲ လိန်၏ ဆိုင်တွင်..။

အင်တာနက် ဝက်ဆိုဒ်ကို စောင့်ကြည့်နေခဲ့တယ်..။

ထုံးစံအတိုင်း အကြီးအကဲ ကျန်း နဲ့ အစ်မဟောင် တို့လည်း ရောက်လာခဲ့ကြပါတယ်..။သူ တို့ ဒီမှာ စုဝေးပြီး ကွန်ပြူတာကို ကြည့်နေခဲ့ကြတယ်..။

အစ်မဟောင် ပြောလိုက်တယ်..။

"ဘာလို့ ရလာဒ်က ထွက်မလာသေးတာလဲ..။အခုဆိုရင် ၂ နာရီ ၁၀ မိနစ်တောင် ရှိနေပြီ.."

အကြီးအကဲ ကျန်း ပြောလိုက်တယ်..။

"စိတ်မရှည် မဖြစ်ပါနဲ့..။ဒါက ကောလိပ် စာမေးပွဲ ရလာဒ်ကို စောင့်နေတာ မဟုတ်ဘူးလေ..။ဝက်ဆိုဒ်က ကြန့်ကြာနေတာ ဖြစ်မှာပေါ့.."

ကျောက်ကျန်းယန် ပြောလိုက်တယ်..။

"အဖြေကို ကြေညာမယ့် ကောင်က အိပ်ပျော်နေတာတော့ မဟုတ်ပါဘူးနော်..။အခုက အချိန်တောင် ကျော်နေပြီကို.."

"ဟင်း..စိတ်ရှည်ကြပါ..။ထွက်လာပြီ..ထွက်လာပြီ.."

အကြီးအကဲ လိန် အံ့ဩစွာ အော်ဟစ်လိုက်တယ်..။ယင်းနောက် သူ ပထမ ဆုကို ချက်ချင်းကြည့်လိုက်ပါတယ်..။

လင်းဖန် စခရင်ကို ကြည့်လိုက်တယ်..။

ပထမ ဆု : ဝမ်ဟောင်ရန် ( ဘေဂျင်း )

"ဟေး..ပထမ ဆုက ငါတို့ ဂေဟာက မဟုတ်ပါလား..။ဘာတွေဖြစ်နေတာလဲ.."

လူလိမ် ထျန် အံ့ဩစွာ ပြောလိုက်တာပါ..။

လင်းဖန် အနည်းငယ် ဝမ်းနည်းသွားပေမယ့် ခနအကြာမှာပဲ ပျောက်ကွယ် သွားခဲ့တယ်..။ဘေဂျင်းက ကလေးက အမှန်တကယ်ပဲ အံ့ဩဖို့ကောင်းနေတာ ဖြစ်နိုင်ပါတယ်..။လီဖက်တီးက..ပါရမီ ရှိတယ်ဆိုပေမယ့်လည်း ဒီနိုင်ငံမှာ ပါရမီ ရှိတဲ့ကလေးက သူတစ်ယောက်တည်း မဟုတ်ပါဘူး..။

"ဒုတိယ ဆုကို ကြည့်လိုက်ရအောင်. "

လင်းဖန် မျှော်လင့်ချက်တွေနဲ့ ပြောလိုက်တာပါ..။

ဒုတိယဆု : လီဖက်တီး ( ရှန်ဟိုင်း ) , ဝမ်ဟွန်ဟွန် ( ရှန်ဟိုင်း ) , ကျန်းမင် ( ရှန်ဟိုင်း ) ,....

လင်းဖန် ပြုံးလိုက်ပြီး..

"လီဖက်တီးက တကယ်တော်တာပဲ..။သူက ပထမ ဆု မရပေမယ့်လည်း ဒုတိယ ဆုကို ထိပ်ဆုံးကနေ ရထားတယ်..။တစ်ခြားကလေးတွေလည်း တော်ကြတယ်.။ကျုပ်တို့ နန်ရှမ်း ဂေဟာက တကယ်ပဲ နေရာ အများကြီး ယူထားတာပဲ.."

အကြီးအကဲ လိန် ပြောလိုက်တယ်..။

"စိတ်မလှုပ်ရှားနဲ့ဦး..တတိယ ဆုကို ကြည့်လိုက်ရအောင်..။အဲမှာ..က နေရာပိုတောင် ယူထားကြဦးမှာ "

သူတို့ အောက်ကို ဆွဲချလိုက်တယ်..။

"ဝိုး.."

အကြီးအကဲ လိန် အံ့ဩသွားခဲ့တယ်..။

"ကြည့်လိုက်..တတိယ ဆု အကုန်လုံးကို ငါတို့ ဂေဟာက နေရာယူထားတာပဲ..။ပြီးတော့ နှစ်သိမ့်ဆုကိုလည်း ကြည့်လိုက်ဦး..။ဆုရတဲ့ အရေအတွက်က အရမ်းမြင့်နေတာ မဟုတ်ဘူးလား.."

လင်းဖန် အနီးကပ်ကြည့်ပြီး ရယ်မောလိုက်တယ်

"ငါ သိသားပဲ..။နန်ရှမ်း ဂေဟာက ကလေးတွေပဲ ဆုတော်တော် များများကို ရကြလိမ့်မယ်လို့..။သူတို့က တကယ်အံ့ဩဖို့ကောင်းကြတယ်.."

ဝူယူလန် လင်းဖန်ကိုကြည့်ပြီ း ပြောလိုက်တာ်..။

"အစ်ကိုလင်း ကြည့်ရတာတော့..လီဖက်တီး ပထမ ဆုမရလို့..ဝမ်းနည်းနေတဲ့ ပုံပဲနော်..။လီဖက်တီး ပထမ ဆုရမယ်လို့ပဲ ထင်ထားတာ မလား.."

လင်းဖန် အမှန်တရားကို မဖုံးကွယ်ခဲ့ပေ..။

"အင်း ငါ လီဖက်တီးကို ဒီထက်ပိုပြီး မျှော်လင့်ထားတာ..။ဒီကလေးက ပြိုင်ပွဲ အတွေ့အကြံမရှိပေမယ့် လက်တန်း စုတ်ချက် ဆွဲတဲ့ နေရာမှာ သူများတွေ ထက်သာမှာ ကျိန်းသေတယ်..။ဒီအသက်အရွယ်မှာ သူ့လိုလုပ်နိုင်တဲ့လူက အများကြီး မရှိဘူး..။သူ ပထမ ဆု ရလိမ့်မယ်လို့ ပဲ ထင်ထားတာလေ..အခုလို ဖြစ်လာတော့ နည်းနည်း စိတ်မကောင်း ဖြစ်မိတာပေါ့.."

လူလိမ် ထျန်ဟာ နားမလည်ခဲ့ပေ..။

"လက်တန်း စုတ်ချက် ဆိုတာ ဘာကို ပြောတာလဲ..။ငါ နားမလည်ပါလား..."

လင်းဖန် ပြုံးလိုက်ပြီး...

"စုတ်ချက် တွေကို နှလုံးသားရဲ့ ခံစားချက်အတိုင်း ရေးဆွဲ့ပြီး မျဥ္းကြောင်းတွေကို ဂရုမစိုက်တာလေ..။ဒါကို လက်တန်းစုတ်ချက် လို့ခေါ်တယ်..။တရုတ်အနုပညာကို ပြီးပြည့်စုံတဲ့ စုတ်ချက် နဲ့ လက်တန်း စုတ်ချက် ဆိုပြီး နှစ်မျိုး ခွဲထားတယ်..။ပြီးပြည့်စုံတဲ့ စုတ်ချက် ဆိုတာ မျဥ္းကြောင်းတွေ ရဲ့ အလှကို အဓိက ထားပြီး..အရမ်းကို အသေးစိတ်ကျတယ် လေ..။ဒါပေမဲ့..နှိုင်းယှဥ္မယ် ဆိုရင် လက်တန်းစုတ်ချက် တွေက အမြဲတမ်း အနိုင်ရတယ်.."

သူတို့ အစကမသိကြပေမယ့် သူဌေးလေးရဲ့ ရှင်းပြမူ အပြီးမှာ နားလည်သွားခဲ့ကြပါတယ်..။လီဖက်တီးက အံ့ဩစရာ ကောင်းတာကြောင့် သာမန်လူတွေက..သူ့ကို ရိုက်နှက် နိုင်မှာ မဟုတ်လောက်ပေ..။

လင်းဖန် ပြောလိုက်တယ်..။

"အိုး ဟုတ်သားပဲ. လီဖက်တီးရဲ့ ပန်းချီကား ကိုကြည့်ကြရအောင်.."

အကြီးအကဲ လိန် ပုံတစ်ပုံကို ထောက်လိုက်တဲ့ အချိန်မှာ စခရင်ပေါ် ပေါ်လာခဲ့တယ်..။

လင်းဖန် မျက်မှောင် ကျုတ်လိုက်ပြီး..

"ဒါက အဓိပ္ပါယ် မရှိဘူး..။ဒီ ပန်ချီကားမှာ ရှိတဲ့ လက်တန်း စုတ်ချက်က တကယ်ကို ကောင်းမွန်တာပဲ..။ဒါက အသက်​ ၆ နှစ်အရွယ်ကလေး တိုင်း လုပ်နိုင်တဲ့ အရာမဟုတ်ဘူး..။ဒါက ဒုတိယ ဆုဆို ပထမ ဆုက ဘယ်လိုနေလို့လဲ..။အကြီးအကဲ လိန် ပထမ ဆု လက်ရာကို ကြည့်ရအောင်.."

ပထမ ဆု ရဲ့ ပန်ချီကား ပေါ်လာတဲဘ အချိန်မှာ လင်းဖန် ကြောင်အသွားခဲ့တယ်..။သူ ချက်ချင်း ဒေါသ ထွက်လာခဲ့ပြီး

"ချီးပဲ ဒါက လျို့ဝှက် အပေးအယူ လုပ်ထားတာပဲ..။ဒီ လက်ရာက လီဖက်တီးနဲ့ ယှဥ္ရင် တစ်ဆင့်နိမ့်နေတယိလေ..။ပြီးတော့ သူတို့က ပထမဆု ပေးရဲတယ်လား..။ဒါက စောက်ရေးမပါတာ.."

"ဘာ..သူဌေးလေး.ဘာ အပေးအယူကို ပြောတာလဲ.."

"ဟေး..တစ်ခုခုတော့ မှားနေပြီ..။ငါ တရုတ်အနုပညာကို နားမလည်ပေမယ့် ဒီတစ်ခုထက် လီဖက်တီးရဲ့ ပန်ချီကားက ကြည့်ရတာ ပိုကောင်းတယ် နော်.."

ဝူယူလန် လင်းဖန် ဘာကို ဒေါသထွက်နေလဲ ဆိုတာကို နားလည်သွားပြီး သူမ လည်း စိတ်တို သွားခဲ့တယ်. ။သူ လက်ဖန် ရဲ့ လက်မောင်းကို ဆွဲလိုက်ပြီး..

"အစ်ကိုလင်း..ဒီနောက်ကွယ်မှာ အပေးအယူ ရှိနေတာလား..."

လင်းဖန် ခေါင်းငြိမ့်လိုက်တယ်..။

"အင်း.."

သူ ဘာမှ ထပ်ပြီး မပြောချင်တော့ပါဘူး..။တကယ်လို့ ပထမ ရတဲ့လူက လီဖက်တီးထက် အမှန်တကယ် သာနေရင် သူ ဘာမှ ပြောမှာ မဟုတ်ပေ..။လီဖက်တီး..ကျွမ်းကျင်မူပိုင်း နောက်ကျ နေရင် သူရှုံးတယ် ဆိုတာက ဖြစ်သင့်ပါတယ်..။

ဒါပေမဲ့ ..အခုဟာက ဘာလဲ...။

လင်းဖန် ပန်ချီပညာ အကြောင်း နားမလည် နိုင်ဘူးလို့ သူတို့ ပြောလို့မရပါဘူး..။လင်းဖန်သာ ဒုတိယ ဆိုရင် ဘယ်သူမှ ပထမ နေရာ ယူရဲမှာ မဟုတ်ပေ..။

All Chapters