← Chapters

ရန်ဖြစ်မူ...

Vol. 44 Ch. 657

ရန်ဖြစ်မူ...

Vol. 44 Ch. 657

#ဘာသာပြန် = စနိုးဝှိုက်

အကြီးအကဲ လိန်ဟာ ဒါကိုကြားတဲ့ အချိန်မှာ ဒေါသထွက်သွားခဲ့တယ်..။

"ဘာ..ဒီမှာ မသမာ မူတောင် ရှိနေတာလား.."

အကြီးအကဲ ကျန်း ပြောလိုက်တယ်..။

"ဘယ်လိုပြိုင်ပွဲမဆို ဒီလို အရာတွေက ရှောင်လွှဲလို့ရမှာ မဟုတ်ဘူး..။ဒါပေမဲ့ ဒါက ကလေးတွေ ရဲ့ပြိုင်ပွဲလေ..။ကလေး တွေ ရဲ့ပြိုင်ပွဲက ဘယ်လိုဖြစ်ပြီး မမျှမတ ဖြစ်လာရတာလဲ..။မဟုတ်ဘူး..ငါတို့ ဒီကိစ္စကို တစ်ခုခု ပြောမှ ဖြစ်မယ်.."

အစ်မ ဟောင်ကလည်း ဒေါသထွက်နေပေမယ့် အကူညီမဲ့ နေခဲ့ပါတယ်..။

"ဟင်း...ငါတို့ ဒေါသထွက်နေတော့လည်း ဘာတတိနို်င်မှာ မို့လို့လဲ..။ဒီပြိုင်ပွဲက တရုတ်အနုပညာ အဖွဲ့အစည်းက ကျင်းပထားတာ လေ..။ဒီနာမည် တွေကလည်း ကြေညာပြီးသွားပြီ..။နောက်ကွယ်မှာ အပေးအယူတွေ ရှိနေတယ် ဆိုရင်တောင် သူတို့ ဝန်ခံတော့မှာ မဟုတ်ဘူး.."

လူလိမ် ထျန် ရဲ့ အမှန်တရားကို ချစ်မြတ်နိုးတဲ့ စိတိတွေဟာလည်း ပေါ်ထွက်လာခဲ့တယ်..။

"ချီးပဲ ဒါကတော့ များသွားပြီ..။ဒါက နည်းနည်းလေးတောငိ မျှတမှာ မဟုတ်ဘူး..."

"အားလုံးပဲ စိတ်မရှည် မဖြစ်ကြနဲ့.."

လင်းဖန် အကုန်လုံးကို တိတ်ဆိတိအောင် ပြောလိုက်တယိ..။ဒီကိစ္စကို သူတို့ပဲ..ဒေါသ ထွက်တာ မဟုတ်ပါဘူး..လင်းဖန် တောင် ဒေါသထွကိရပါတယ်..။ဒီမှာ..ပန်ချီပညာ အကြောင်း နည်းနည်း နားလည်တယ် ဆိုရင်တောင် ဘယ်ပန်ချီကားက သာလဲ ဆိုတာကို သိနိုင်ပါတယ်..။သို့ပေမယ့်..တရုတ်အနုပညာ အဖွဲ့အစည်းက ကျွမိးကျင်သူတွေက မသိချင်ယောင် ဆောင် နေတာက ဒေါသထွက်စရာ အကောင်းဆုံးပါပဲ..။

ဒါက လင်းဖန်ကို သံသယ ဖြစ်စေပါတယိ..။ဒီနောက်ကွယ်မှာ ဘယ်လိုလူမျိုး ရှိနေတာလဲ..။

*ကလင် ကလင်*

အဲ့အချိန်မှာပဲ ဒါရိုက်တာ ဟောင် ဖုန်းခေါ်လာခဲ့တယ်..။

ဒါရိုက်တာ ဟောင် ပြောလိုက်တယ်..။

"မာစတာလင်း..လူငယ် တရုတ်အနုပညာ ဖလား ရဲ့ရလာဒ်တွေ ထွက်လာပြီမလား..အခြေအနေ ဘယ်လိုရှိလဲ..."

လင်းဖန် ပြောလိုက်တယ်..။

"ဒါရိုက်တာ ဟောင်..ကလေးတွေ ကောင်းကောင်း ကြိုးစားခဲ့ကြတယ်...။သူတို့တွေ အများစုက ဆု ရအောင် လုပ်နိုင်ခဲ့ကြတယ်လေ..ကျန်တဲ့လူတွေကတော့ နှစ်သိမ့်ဆု ရကြတယ်"

ဒါရိုက်တာ ဟောင် ဒါကို ကြားတဲ့ အချိန်မှာ ကျေနပ်သွားခဲ့တယ်..။

"တကယ်လား..။ဒီကလေး တွေက တကယ်ကို အံ့ဩဖို့ ကောင်းတာပဲ..။ကျွန်မ အခုပဲ ကလေးတွေကို ပြောလိုက်မယ်..။မာစတာလင်းတော့ သိမှာမဟုတ်ဘူး ဒါပေမဲ့ကလေး တွေက အဖြေမသိရသေးဘူးလား နေ့တိုင်း မေးနေကြတာ..။အထူးသဖြင့် လီဖက်တီးပဲ..။လီဖက်တီးက တစ်နေ့ကို အကြိမ်များစွာ မေးနေတာ..။အိူး ဟုတ်သားပဲ..လီဖက်တီးက ဘာဆု ရတာလဲ.."

"ဒါရိုက်တာ ဟောင် ကလေးတွေကို ရလာဒ်အကြောင်း မပြောပါနဲ့ဦး..။ဒီမှာ လုပ်စရာလေး တစ်ခု ရှိနေလို့..."

ဒါရိုက်တာ ဟောင် ကြောင်အသွားခဲ့တယ်..။သူမ မကောင်းတဲ့ ခံစားချက် တစ်ချို့ ရလိုက်ပြီး...

"မာစတာ လင်း ပြသနာ တစ်ခုခု ဖြစ်နေလို့လား..."

လင်းဖန် ပြန်ပြောလိုက်တယ်.။

"ကြီးကြီးမားမားတော့ မဟုတ်ပါဘူး..။ဒီတိုင်း ကျွန်တော်ကိုသာ လွှဲထားလိုက်ပါ..။လောလောဆယ်တော့ ဘာမှ မဖြစ်သလိုပဲ နေနှင့်ဦး.."

ဖုန်းချပြီးနောက်မှာ လင်းဖန် သူ ဒီအခြေအနေကို ဒီတိုင်းထားလို့ မရဘူးလို့ ခံစားလိုက်ရပါတယ်..။သူ တရား မျှတဖို့ ပြန်လုပ်မှ ရမှာပါ..။

"အကြီးအကဲ လိန် ..ဒိုင်တွေ နဲ့ ဆက်သွယ်ဖို့ နည်းလမ်း ရှာကြည့်ပါဦး..။ကျုပ် သူတို့နဲ့ စကားပြောကြည့်ရအောင်.."

အကြီးအကဲ လိန် ခေါင်းညိမ့်လိုက်တယ်..။ယင်းနောက် သူ အင်တာနက်ကနေ တဆင့် ရှာလိုက်ပါတယ်..။

"တွေ့ပြီ..ဒါက ဒိုင်တွေ ရဲ့ နံပါတ် ဖြစ်မယ် ထင်တယ်.."

တရုတ်အနုပညာ အဖွဲ့အစည်း အကဲဖြတ်သူအား ဆက်သွယ်ရန် : 1358xxxxx

အစ်မဟောင် မေးလိုက်တယ်..။

"သူဌေးလေး..ဘာလုပ်မလို့လဲ.."

လင်းဖန် ဖုန်းကို ယူပြီး ပြောလိုက်တယ်..။

"ဒါပေါ့..ဘာတွေဖြစ်နေတာလဲ သေချာသိအောင် လုပ်ဖို့ပေါ့..။သူတို့ အမှား လုပ်တာ ဖြစ်နိုင်မလား..."

လူတိူင်း အံ့ဩသွားကြတယ်..။ဒီလို အရာက ဖြစ်နိုင်ပါ့မလား..။

*တီ တီ*

ဖုန်းဝင်သွားခဲ့တယ်..။

တရုတ်အနုပညာ အဖွဲ့အစည်းမှာ ရှိတဲ့ အထွေထွေ သံတမန်ခင်း ဌာန ခေါင်းဆောင် ရှောင်ချန်းဟာ ဝက်ဆိုဒ်ကို စစ်ဆေးနေခဲ့တယ်..။အခုဆိုရင် အနိုင်ရသူ စာရင်းက သတ်မှတ်ပြီးသွားပါပြီ..။အထက်လူကြီး ရဲ့ တောင်းဆိုချက်အရ သူ ပထမ ဆု ရမယ့် နေရာကို ကြိုးစားပေးခဲ့ပါတယ်..။ဒါပေါ့..သူလည်း ဒီကနေ အကျိုးကျေးဇူး ရခဲ့ပါသေးတယ်..။

ဒီလို ကလေး တွေရဲ့ ပြိုင်ပွဲက..တရားမျှတဖို့ လိုအပ်တယ် ဆိုပေမယ့်လည်း ဒါက ဘယ်သူမှ ဘာမှ မပြောတဲ့ အချိန်မှ သာပါ..။

အဲ့အချိန်မှာပဲ..အမည်မသိ ဖုန်းတစ်ကော ဝင်လာခဲ့တယိ..။

ရှောင်ချန်း ဖုန်းကို ကိုင်လိုက်ပြီး..

"ဘယ်သူလဲ သိပါရစေ.."

လင်းဖန် ပြောလိုက်တယ်..။

"ဒါက တရုတ်အနုပညာ လူငယ် ဖလား..ပြိုင်ပွဲက အကဲဖြတ်တဲ့ အဓိကပုဂ္ဂိုလ် ရဲ့ ဖုန်းလားခင်ဗျ..။ကျွန်တော် သိချင်တာလေး တစ်ချို့ ရှိနေလို့..."

ရှောင်ချန်း ဒီမေးခွန်းကို ကြားတဲ့ အချိန်မှာ ရယ်မောလိုက်တယ်..။ကြည့်ရတာ နောက်ထပ်လူတစ်ယောက်က..အခြေအနေကို မေးဖို့ ဖုန်းဆက်လာတာ ဖြစ်နိုင်ပါတယ်..။အနိုင်ရသူ စာရင်း ကြေညာပြီးကတည်းက ဖုန်းအဝင်ကောတွေက အများကြီးပါ..။တစ်ချို့က သူ့ကို ကျေးဇူးတင်လို့ ဖုန်းဆက်ကြပြီး..တစ်ချို့က သူတို့ကလေး ဘာလို့ ဆုမရတာလဲဆိုတာကို မေးကြပါတယ်..။ဒီလို မေးခွန်းတွေ အတွက် ကတော့ ရှောင်ချန်း အတွက် စိတ်ရှုပ်စရာပါပဲ..။

သိူ့ပေမယ့် အခု ဖုန်းခေါ်တဲ့လူက တည်ငြိမ်တဲ့ အသံနေ အသံထား ရှိပါတယ်..။ဒါက..ရှောင်ချန်းကို ဒီလူနဲ့ စကားပြောချင်စိတ် ဖြစ်စေခဲ့တယ်..။

"ဟုတ်ပါတယ်..ကျွန်တော်က ဒီမှာ တာဝန်ရှိ ပုဂ္ဂိုလ် ဒါရိုက်တာ ချန်းပါ..။သိချင်တာ ရှိရင် ကျွန်တော်ကို မေးလို့ရပါတယ်.."

ရှောင်ချန်း ပြောလိုက်တာပါ..။

လင်းဖန် ရဲ့ စိတ်ကတော့ တည်တည်ငြိမ်ငြိမ် ရှိနေခဲ့တယ်..။သူ ချက်ချင်းကြီး..တန်းပြီး မကျိန်ဆဲ ပါဘူး..။

"အခြေအနေက ဒီီလိုပါ..။ကျွန်တော် ဆုရတဲ့ စာရင်းကို ကြည့်ပြီးသွားပါပြီ..။အဲမှာ ပထမ ဆု ရထားတဲ့ ပန်ချီကားနဲ့..ဒုတိယ ဆုရထားတဲ့ ပန်ချီကားလေ..."

ရှောင်ချန်း ပြောလိုက်တယ်..။

"အင်း..ဘာပြသနာ ရှိလို့လဲ.."

လင်းဖန် တည့်တည့်ပဲ ပြောလိုက်တယ်..။

"ဒီ ပထမ ဆုရဲ့ ပန်ချီလက်ရာ နဲ့..ဒုတိယ ဆု လီဖက်တီးရဲ့ လက်ရာ မှာ ကွာခြားမူက ကြီးနေတယ် နော်..။အဲတာက နည်းနည်းလေး တောင် မဟုတ်ဘူး..။အဲတာ ခင်ဗျားတို့ အကဲဖြတ်နေတုန်း အမှားလုပ်မိတာ ဖြစ်နိုင်မလားလို့.."

လင်းဖန် ဒီမေးခွန်း မေးလိုက်တဲ့ အချိန်မှာ တစ်ဖက်မှာ ရှိနေတဲ့ ရှောင်ချန်း မိုးကြိုးပစ်သလို ခံစားလိုက်ရတယိ..။ဒီလူက ဒါကို မြင်နိုင်တယ် ဆိုတော့..သာမန်လူတော့ မဟုတ်လောက်ပါဘူး.။ဒါပေါ့..ပထမ ဆုကို ရအောင် သူကိုယ်တိုင် ကြိူးစားပေးထားရတာ ဖြစ်ပေမယ့် ဒါကို ဝန်ခံမှာ မဟုတ်ပါဘူး..။

"ဆာ..မှားနေပြီ ထင်တယ်..။ဒီ အနိုင်ရတဲ့ စာရင်းက မာစတာ ကြီးတွေ ကိုယ်တိုင် ရွှေးထားတာလေ..။ဒီမှာ ဘာတရား မမျှတမူ မှ မရှိပါဘူးဗျ..။ခင်ဗျား မေးတဲ့ မေးခွန်း အတွက်ကတော့ ကျွန်တော် သူတို့ကို မေးကြည့်ထားသေးတယ်..။သူတို့ပြောတာက ..လီဖက်တီးရဲ့..လက်ရာက..ပထမရတဲ့ ကလေးဝမ်ဟောင်ရန် ကို မယှဥ္နိုင်ဘူးတဲ့..။သူတို့ ရဲ့ စုတ်ချက် နည်းစနစ် တွေအရ...."

ရှောင်ချန်း ပြောလို့ မပြီးသေးခင်မှာပဲ..လင်းဖန် ဖြတ်ပြောလိုက်တယ်..။

"နည်းစနစ် တွေ အကြောင်း ငါ့ကို လာမပြောနဲ့..။လီဖက်တီးရဲ့ လက်တန်း စုတ်ချက် တွေက ပိုမြင့်တယ်..။ငါက တရုတ်အနုပညာ ကို တစ်ခြားလူတွေထက် ပိုနားလည်တဲ့ လူတစ်ယောက်ပဲ..။လီဖက်တီးရဲ့ လက်ရာထက် ပထမ ရတဲ့ လက်ရာက ပိုကောင်းတယ်လို့ ဘယ်သူက ပြောတာလဲ..။ငါ သူ့ကို ကိုယ်တိုင် မေးခွန်းထုတ်ချင်လို့..."

"ချီးပဲ..."

ရှောင်ချန်း ကြောင်အသွားခဲ့တယ်.။ဒီငနဲက ဒီလိုစကား ပြောဖို့ကို သူ့ကိုသူ ..ဘာထင်နေတာလဲ မသိဘူး..။

"ဆာ..ဒါက ဘာကို ဆိုလိုချင်တာလဲ..။ဒီက မာစတာတွေက ..ခင်ဗျားလောက်တောင် မတတ်ကြဘူးလို့ ​ပြောချင်တာလား..။ကျုပ်ပြောလိုက်မယ် တစ်စုံတစ်ယောက်က ယုံကြည်မူ မလွန်ကဲ နေသင့်ဘူး..။ဒီမာစတာတွေရဲ့ ပန်ချီကားတွေ ဆိုတာက ဒေါလာ သိန်းချီ သန်းချီ တန်တယ်..။ကောင်းပြီ ကျုပ်ဖုန်းချလိုက်တော့မယ်..။ခင်ဗျားကို ပြောနေလို့လည်း နားလည်မှာ မဟုတ်ဘူး..။နာမည်စာရင်းတွေက ဆုံးဖြတ်ပြီးသွားပြီ ဆိုတော့ ပြောင်းလဲမှာ မဟုတ်ဘူး.."

*တီ တီ*

ဖုန်းကျသွားခဲ့တယ်..။

"ဥာဏ်နုံလိုက်တာ.."

ရှောင်ချန်း ခေါင်းခါယမး်လိုက်တယ်..။ဒီနေ့ခေတ်မှာ ထူးဆန်းတဲ့လူတွေ အများကြီးပါပဲ..။သူက..တရုတ်အနုပညာ အဖွဲ့အစည်းကို မေးခွန်းထုတ်ရလောက်အောင်..သူ့ကိုသူ ဘာကောင်းလဲ ဆိုတာကို သိပုံမရပေ..။

…

တိမ်ဖြူလမး်..။

အကြီးအကဲ လိန် ပြောလိုက်တယ်..။

"ဒီကောင် ဘာပြောချင်တာလဲ..။သူတို့ရဲ့ မာစတာတွေက..သူဌေးလေးရဲ့ အနုပညာ ကျွမ်းကျင်မူကို ယှဥ္နိုင်မှာကြောင့်လား.."

အစ်မဟောင် ​ပြောလိုက်တယ်..။

"ဟုတ်တယ်..သူဌေးလေး..ကျွန်မတို့ ဘာလုပ်ကြမလဲ.."

လင်းဖန်ကတော့..စိတ်သိပ်မကြည်တော့ပါဘူး..။

"ကျုပ် ထပ်ခေါ်လိုက်မယ်..."

ဒီလူက အတော်ကို မောက်မာတာပါ..။သူက အကြောင်းပြချက် တစ်ခုတောင် မပေးခဲ့ပေ..။ပန်ချီကား နှစ်ခု ယှဥ္လိုက်ရင် ..ဘယ်ဟာက ပိုကောင်းလဲ ဆိုတာက အသိသာကြီးပါ..။

လသ်းဖန် နောက်တစ်ကြိမ်ထပ်ခေါ်လိုကိတယ်..။

ရှောင်ချန်း ဒီနံပါတ်ပဲ ထပ်ခေါ်တာ မြင်တဲ့ အချိန်မှာ ဒေါသထွက်သွားခဲ့တယ်..။သူ ဖုန်းကိုဖြေပြီး..မသာယာတဲ့ အသံနဲ့ ပြောလိုက်ပါတယ်..။

"ကျုပ်ပြောတာ ခင်ဗျား နားမလည်ဘူးလား..။ဒီ အနို်င်ရသူ စာရင်းကို မာစတာတွေက..ရွေးထားတာ လို့..။ဒီမှာ ဘာပြသနာ မှ မရှိဘူး..။ခင်ဗျား ဒီတိုင်းထပ်လုပ်နေမယ် ဆိုရင် လီဖက်တီး ရဲ့ နာမည်ကို အနိုင်ရသူစာရင်းကနေ ကျုပ် ဖယ်လိုက်လိူ့ ရတယ် ဆိုတာကို ယုံလား..."

လင်းဖန် တစ်ဖက်လူပြောတာကို အေးအေးဆေးဆေး နားထောင်နေခဲ့တယ်..။သို့ပေမယ့် လီဖက်တီးရဲ့ နာမည်ကို ဖယ်ပစ်မယ်လို့ ပြောတာကို ကြားလိုက်ရတဲ့ အချိန်မှာ သူချက်ချင်း ဖြတ်ပြောလိုက်ပါတယ်..။

"ကောင်းပြီလေ..မင်းသတ္တိရှိရင် လုပ်ကြည့်လိုက်ပေါ့.."

"ဥာဏ်မရှိတဲ့လူ..။ကျုပ်လုပ်ရဲလား မလုပ်ရဲလား စောင့်ကြည့်နေလိုက်..."

လင်းဖန် ပြောလိုက်တယ်..။

"တရုတ်အနုပညာ အဖွဲ့အစည်းရဲ့ အဖွဲ့ဝင်တစ်ယောက်အနေ နဲ့ မင်း ဒီပြိုင်ပွဲကို တာဝန်ယူရတာကို မျှတအောင် မကျင်းပဘူး..။မင်းတို့က ကလေးတွေ ပြိုင်ပွဲမှာတောင် မသမာ တဲ့ နည်းတွေလာသုံးနေသေးတယ်..။ဒါကြောင့် နောက်မျိုးဆက်တွေက ပိုပိုဆိုးလာနေကြတာ..။ဒါတွေက မင်းလို လူတွေရဲ့ အမှားပဲ..."

* တီ *

လင်းဖန် ပြောနေတုန်းမှာပဲ..တစ်ခြားဖက်က ဖုန်းချသွားခဲ့တယိ..။

ကြည့်ရတာ သူ စိတ်ဆိုးသွားတဲ့ ပုံပါပဲ..။

All Chapters