ဖော်ထုတ်လိုက်ရအောင်..
Vol. 44 Ch. 658
#ဘာသာပြန် = စနိုးဝှိုက်
တရုတ်အနုပညာ အဖွဲ့အစည်း..။
"ချီးပဲ..ဒီငတုံးက ဘယ်ကနေ ရောက်လာတာလဲ..။သူက အမှန်တကယ်ပဲ..ငါတို့ရဲ့..ဆုံးဖြတ်ချက်ကို မေးခွန်းထုတ်ရဲ ယုံတင်မကဘူး..ငါ့ကိုလည်း ရိုင်းရိုင်း စိုင်းစိူင်းတွေ လာပြောနေသေးတယ်.။ကောင်းပြီလေ..မင်းက ဘယ်အရာက ကောင်းလဲဆိုတာကို မသိဘူးပဲ..။ဒီလိုဆိုမှတော့ ဘာဆုမှ ရဖို့ မမျှော်လင့်နဲ့..."
ရှောင်ချန်း လုံးဝ စိတ်တိုသွားခဲ့တယ်..။ဒီလို ရိုင်းစိုင်းတဲ့လူတစ်ယောက် ရှိနေလိမ့်မယ်လို့ သူမထင်ထားခဲ့ပါဘူး..။
သိူ့ပေမယ့်..ရှောင်ချန်း လီဖက်တီးရဲ့ နာမည်ကိုစာရင်းက ဖယ်ထုတ်လုဆဲဆဲ မှာပဲ..ရပ်တန့်လိုက်တယ်..။ဒီလိုမျိုး လုပ်လိုက်ရင် တစ်ဖက်လူကို တိုက်ခိုက်မယ့် အခွင့်အရေး ပေးသလိုဖြစ်သွားမှာပါ..။သူ အစောက ဒေါသထွက်နေတယ် ဆိုပေမယ့် လည်း တုံးအတဲ့ အလုပ်မျိုးကိုတော့ မလုပ်နိုင်ပါဘူး..။ဘာပဲဖြစ်ဖြစ်..သူသာ လီဖက်တီးရဲ့ နာမည်ကိုဒုတိယနေရာကနေ အကြောင်းပြချက် မရှိဖယ်ထုတ်လိုက်ရင် အဆုံးမရှိတဲ့ ပြသနာ တွေ ဖြစ်လာနိုင်ပါတယ်..။
"မေ့လိုက်တော့..ငါ မင်းကို ဒီတစ်ကြိမ်တော့ လွှတ်ပေးလိုက်မယ်..။ဒုတိယ ဆု ကို ယူလိုက်တော့..။မင်း ပထမ တော့ ရစရာ အကြောင်း မရှိဘူး.."
ရှောင်ချန်း မေ့ထားဖို့သာ ဆုံးဖြတ်လိုက်တော့တယ်..။
တိမ်ဖြူလမ်း..။
လူလိမ် ထျန် ဒေါသထွက်နေခဲ့တယ်..။
"ဒီငနဲက အတော် မောက်မာတာပဲ..။သူ ပြောသွားတာက ဘာကို ဆိုလိုတာလဲ..။တကယ်လို့ သူသာ လီဖက်တီး ရဲ့ နာမည်ကို ဖယ်ရဲရင် ငါ ဘေဂျင်းထိသွားပြီး အဲ့ကောင်ကို သေအောင် ရိုက်နှက်ပြမယ်.."
ဝူယူလန် လင်းဖန် အစ်ကိုလင်း စိတ်မကြည်ဖြစ်နေတာကို တွေ့နေရပါတယ်..။သူမ နှစ်သိမ့်လိုက်တယ်..
"အရမ်းလည်း ဒေါသထွက်အနေပါနဲ့ အစ်ကိုလင်း.."
လင်းဖန် ပြုံးလိုက်ပြီး..
"ငါက ဒေါသထွကိနေတဲ့ ပုံပေါက်နေလို့လား..။ငါက နှလုံးသား ကြီးတဲ့ လူတစ်ယောက်ပါ.."
"အစ်ကိုလင်း ဒေါသထွကိနေတာ ညီမသိပါတယ်..။ကိုယ်ကိုကို တွန်းအား မပေးပါနဲ့..။ညီမတောင် ဒီလောက် ဒေါသထွကိနေတာလေ..။တရုတ်အနုပညာ အဖွဲ့အစည်းက လူတွေက အတော် အရှက်မဲ့လံွန်းတယ်.."
ဝူယူလန်လည်း ကလေးတွေ ရဲ့ မမျှမတ ဆက်ဆံခံရမူအပေါ် မကျေမနပ်ဖြစ်နေခဲ့ပါတယ်..။
သင့်တင့်ပြီး မျှတတဲ့ ပြိုင်ပွဲက ဒီလိုမျိူး ပြောင်းလဲသွားတာလား...
"ကောင်းပြီ..အကုန်လုံး ကိုယ့်နေရာကို ပြန်ပြီး လုပ်စရာ ရှိတာ လုပ်ကြရအောင်.."
လင်းဖန် တည်ငြိမ်စွာ ပြောလိုက်တာပါ..။
လူလိမ် ထျန် မယုံကြည်နိုင်စွာ ပြောလိုက်တယ်..။
"ကောင်လေး..မင်း ဒီဟာကို ဒီတိုင်းပဲ ထားလိုက်တော့မှာလား.."
လင်းဖန် ပြောလိုက်တယ်..။
"ကျုပ်က ဒီတိုင်းထားလိုက်မယ့် လူလို့ ထင်နေတာလား.."
ဆိုင်ထဲတွင်..။
လင်းဖန် ဘာစကားမှ မပြောပဲ ဖုန်းသုံးနေခဲ့တယ်..။ဝူယူလန်ကတော့ အစ်ကိုလင်း စိတ်မကြည်ဘူး ဆိုတာကို သိနေခဲ့ပါတယ်..။ပြီးတော့ သူ တစ်ခုခု လုပ်ဦးမှာပါ..။
အမှန်တကယ်ပဲ..
သူမ ရဲ့ ဖုန်းမြည်လာခဲ့တယ်..။
ဝိုက်ဘိုကနေ အချက်ပေးလာခဲ့တာပါ..။သူမက ဝိုက်ဘို မှာ လင်းဖန်ကို ပဲ ဖော်လိုထားခဲ့တာပါ..။အစ်ကို လင်း ပို့စ်တစ်ခု တင်လိုက်တဲ့ အချိန်တိုင်း သူမကို အချက်ပေးပါတယ်..။
သူမ ဝိုက်ဘိုကို ဖွင့်ပြီး..ခေါင်းစဥ္ကို မြင်တဲ့ အချိန်မှာ အံ့ဩသွားခဲ့တယ်..။ဘာတွေ ဖြစ်နေလဲ ဆိုတာတောင် သူမ နားမလည်တော့ပါဘူး..။
လင်းဖန် : ကျုပ် ဒီနေ့ အရမ်းပျော်နေတယိ..။နန်ရှမ်းဂေဟာက ကလေး ၃၆၅ ယောက်က တရုတ်အနုပညာ လူငယ် ဖလားမှာ ဝင်ပြိုင်တာ သူတို့ အကုန်လုံး ဆုတွေ ရခဲ့ကြတယ်လေ..။ဒီလိုနေ့မှာ ကျုပ်အရမ်း စိတ်လှုပ်ရှားတာပဲ..။
မြို့သားတွေဟာ..အံ့ဩသွားကြတယ်..။
"ဘာကြီးလဲ..။ဘယ်က တရုတ်အနုပညာ လူငယ်ဖလား လဲ"
"ငါ နားမလည်ပေမယ့်..အံ့ဩဖို့ ကောင်းတယ်လို့ ခံစားနေရတယိ.."
"ဟုတ်တယ် ကလေး ၃၆၅ ယောက်လုံး ဆုရခဲ့တာ ဆိုတော့ ဒါက ကြောက်စရာပဲ မဟုတ်ဘူးလား.."
"မာစတာလင်း နဲ့ ဆက်နွယ်နေတာ မှန်သမျှ ငါတို့ ထောက်ခံရမယ်..။ကလေးတွေရဲ့ ပန်ချီလက်ရာတွေက ဘယ်လိုဖြစ်တာလဲ..။လအနည်းငယ် အတွင်းမှာ အတော် တိုးတက်လာတာ ထင်တယ်.."
"ဟေး..ဒီမှာ လင့်ရှိနေတာပဲ..။ဝင်ကြည့်လိုက်ရအောင်.."
မြို့သားတွေဟာ..လင့် ထဲကနေ တဆင့် နိုပ်ဝငိလိုက်ကြပါတယ်..။လင်းဖန် ရဲ့ လက်ရှိ ပရိတ်သတ် နှုန်းကြောင့် သူ ဒီပိုစ့်ကို တင်လိုက်တဲ့ အချိန်မှာ ချက်ချင်း လူအများကြီး ဆိီကို ရောက်သွားခဲ့တယိ..။လင်းဖန် နဲ့ ဆက်ဆံရေး ကောင်းမွန်ချင်တဲ့..အင်တာနက် ဆယ်လီ တွေဟာလည်း သူ့ပို့ကို ပြန်တင် ပေးလာခဲ့ကြပါတယ်..။
တရုတ်အနုပညာ အဖွဲ့အစည်းက ဝက်ဆိုဒ်ကို စောင့်ကြဟ့်ရတဲ့ အလုပ်သမားဟာ အံ့ဩသွားခဲ့တယ်..။
"အမြန် လာကြည့်လိုက်ဦး..။ရုတ်တရက်ကြီး ငါတို့ ဝက်ဆိုဒ်ကို လူတွေ သိန်းချီ ရောက်လာတာပဲ..
"အိုး ရှစ် ဘာတွေ ဖြစ်နေတာလဲ..။ဘာလို့ ရုတ်တရက်ကြီး လူတွေ အများကြီး ရောက်လာတာလဲ.."
"အရင်တုန်းက ငါတို့ အများဆံူးမှ တစ်သောင်းလောက်ပဲ ရခဲ့တာလေ..။အခုက သရဲတစ်ကောင် မြင်နေရသလိုပဲ .။ဘာလို့ လူတွေ များလာတာလဲ.."
အဲ့အချိန်မှာပဲ..ဝက်ဆိုဒ်ထဲမှာ မှတ်ချက်တွေ ဆကိတိုကိ တက်လာနေခဲ့တယ်..။
"အံ့ဩစရာပဲ..ကြည့်လိုက် ဒုတိယ တတိယ နဲ့ နှစ်သိမ့် ဆုတွေ အကုန်လုံးက ရှန်ဟိုင်းကပဲ..။သူတို့ကို နန်ရှန်း ဂေဟာကပဲ ရထားကြတာ.."
"ဟုတ်တယ် ဒါ အံ့ဩစရာပဲ..။လက်ရာတွေကို ကြည့်လိုက်ဦး ကလေးတွေ အတော် တိုးတက်လာကြတာ..။အရင်လို ပန်ချီ ပတ်ကေ့တွေ ဝိုက်ဘိုက ရောင်းတဲ့ ပုံတွေနဲ့ မတူတော့ဘူး.."
"ဒါက ကြောက်စရာပဲ..။အံ့ဩဖို့ ကောင်းတယ်..
…
ဝက်ဆိုဒ်က အလုပ်သမားဟာ အတော် အံ့ဩနေခဲ့တယ်..။
"ချီးပဲ..ဒီလူတွေက ဘယ်ကနေ ရောက်လာကြတာလဲ..။ငါတို့ တရုတ်အနုပညာ ဖလားက လူတွေကို ဒီလောကိတောင် ဆွဲဆောင်မူ ရှိစေတာလား.."
သူတိူ့ အတွက်ကတော့ ဒါကမျှော်လင့်ထားတာ ထက်ကို ပိုနေပါပြီ..။သူတို့ ဝက်ဆိုဒ်ကို ထောင်ပြီးကတည်းက လူတွေ ဒီလောက်အများကြီး ရောက်မလာခဲ့ဖူးပေ..။
တိမ်ဖြူလမ်း..။
ဝူယူလန် လင်းဖန်ကို ကြည့်လိုက်တယ်..။အစ်ကိုလင်း ဘာလို့ လူတွေ အများကြီး အာရုံစိုက်လာအောင် လုပ်လဲ သူမ မသိတော့ပါဘူး..။သူ အရှုံးကို ဝန်ခံပြီး..ဘာမှ ထပ်မပြောတော့တာ ဖြစ်နိုင်မလား..။
သို့ပေမယ့် အစ်ကိုလင်းရဲ့ အကျင့်စရိုက်အရ ဒါမျိုးတော့ မဖြစ်နိုင်ပါဘူး..။အစ်ကိုလင်းက ဒီလို လူမျိုးတွေကို အရှုံးပေးတတ်တဲ့ လူတစ်ယောက် မဟုတ်ပေ..။အထူးသဖြင့် တရားမမျှတမူကို ကြုံလာရရင် သူက အဆုံးအထိ သွားတတ်ပါတယ်..။
ရုတ်တရက်..။
နောက်ထပ် ဝိုက်ဘို ပိုစ့်တစ်ခု တက်လာခဲ့တယိ..။
သူမ အစ်ကိုလင်းရဲ့ ဝိုက်ဘို ပိုစ့်ကို မြင်လိုက်တဲ့ အချိန်မှာ ချက်ချင်း ပြုံးလိုက်ပါတယ်..။အစ်ကိုလင်း စတင်ပြီးတော့ အကွက်ရွေ့လိုက်ပါပြီ..။
ပန်ချီကား နှစ်ချပ်..။
လင်းဖန် :: အားလုံးပဲ..ဒီပန်ချီကား နှစ်ချပ်မှာ ဘယ်တစ်ခုက ပိုကောင်းလဲ ဆိုတာ ပြောပေးသွားကြပါလား..။ရေတွေ တောင်တန်းတွေက ပိုကောင်းတယ် ဆိုရင် နံပါတ် ၁ ကို ဘုတ်ပေးကြပါ..။ပန်းပွင့်တွေ ငှက်တွေက ပိုကောင်းတယ် ဆိုရင် နံပါတ် ၂ ကို ဘုတ်ပေးကြပါ..။
“1”
“1”
…
"ငါ ပန်ချီတွေ အကြောင်းနားမည်ပေမယ့်..မျက်လုံးပါတဲ့ လူတိုင်း ရေနဲ့ တောင်တန်းတွေ ပန်ချီကားက ပိုကောင်းတယ် ဆိုတာကို ပြောနိုင်မှာပဲ.."
"ငါ အရင်တုန်းက ပန်ချီပညာကို လေ့လာခဲ့ဖူးတယ်..။ရေနဲ့တောင်တန်း တွေ ပန်ချီကားက..လိုင်း တွေဆွဲတာ မညီပေမယ့်..အတော် ထူးချွန်တယ်လို့ ပြောလို့ရတယိ..။ပန်းပွင့်နဲ့ ငှက်တွေ ပန်ချီကားက သူ့ကို ယှဥ္နိုင်မှာ မဟုတ်ဘူး..။
"ပြောတာကောင်းတယ်.."
…
လင်းဖန် မှတ်ချက်တွေကို စောင့်ကြည့်ပြီး အချိန်ပျလာပြီ ဆိုတာနဲ့ နောက်ထပ် ပိုစ့်တစ်ခု တင်လိုက်ပါတယ်..။
"ခင်ဗျားတို့ မြင်တဲ့ အတိုင်း ရေနဲ့ တောင်တန်း တွေ ပန်ချီကားက ပိုကောင်းတယ်မလား..။ဒါပေမဲ့ အဲဲဒီပန်ချီကားက ဒုတိယပဲ ရတယ် ဆိုတာ ရှက်စရာပဲ..။အဲ့အချိန်မှာ ငှက် နဲ့ ပန်းပွင့် ပန်ချီကားက ပထမ ရသွားတယ်လေ..။ကျုပ်ထင်တာတော့ ဒီလိူ လာဘ်ပေးလာဘ်ယူ အကဲဖြတ်မူတွေကို ဖော်ထုတ်မှ ရမယ်..။ဒီ ပြိုင်ပွဲကို တာဝန်ယူတဲ့..တရုတ်အနုပညာအဖွဲ့အစည်းက ဆရာတွေ ကန်းနေကြတာ ဖြစ်နိုင်မလား..။သူတို့ကဘယ်ဟာက ကောင်းလဲ ဆိုးလဲတောင် မခွဲခြားနိုင်တော့ဘူး..။တရုတ်အနုပညာအဖွဲ့မစည်းက ဒီလိုလူမျိုးတွေက ဆက်ထားထားရင် မကြာခင် ပျက်စီးပြီး လူငယ်မျိုးဆက်တွေအတွက်တော့ လမ်းမှားတွေ ရောက်ကုန်ကြတော့မှာပဲ.."
ဒီပို့စ်တက်လာတဲ့ အချိန်မှာ စောင့်ကြည့်နေကြတဲ့လူတွေဟာ မာစတာလင်း ဆိုလိုချင်တဲ့ အဓိပ္ပါယ်ကို နားလည်သွားကြပါတယ်..။
"ချီးပဲ..ငါသိပြီ..။မာစတာလင်း.က တရုတ်အနုပညာ အဖွဲ့အစည်းရဲ့ တရား မမျှတမူကို ဆန့်ကျင်ချင်နေတာပဲ.."
"ဒါက လာဘ်ပေးလာဘ်ယူ တစ်ခုလား."
"ဒါက မေးစရာတောင် မလိုဘူး.အမှန်တကယ် လာဘ်စားထားတာပဲ..။ငါ အခုပဲ ဝက်ဆိုဒ်ကို သွားကြည့်ပြီးပြီ..။ပန်းပွင့်နဲ့ ငှက်တွေ ပုံက တကယ်ပဲ ပထမဆုကို ရထားတာ..။သူ့ရဲ့ လက်ရာက..တောင်တန်းနဲ့ ရေတွေ ပန်ချီကားကိုတောင် မမှီဘူးလေ..။ဘာလို့ ပထမနေရာ ရောက်နေရတာလဲ.."
"လာဘ်စားမူပဲ..။ဒါက တကယ်ကို ရှင်းလင်းတယ်.."
…
လူလိမ် ထျန် စိတ်လှုပ်ရှားစွာ ပြောလိုက်တယိ..။
"ကောင်လေး..လှလှပပ အဆုံးသတ်နိုင်ခဲ့တယ်..။ဒီလို မမျှတမူတွေက ဖော်ထုတ်မှ ရမယ်လေ..။ဒါပေမဲ့ မင်းက တရုတ်အနုပညာ အဖွဲ့အစည်းရဲ့ အဖွဲ့ဝင်မဟုတ်ဘူးလား..။မင်းသူတို့ကို အပြစ်တင်က ပြသနာ ဖြစ်မလာနိုင်ဘူးလား.."
လင်းဖန် ရယ်မောလိုက်တယ်.။
"ကျုပ်က တရုတ်အနုပညာ အဖွဲ့အစည်းက ဆိုတော့ရော ဘာဖြစ်လဲ..။ဒီကိစ္စက ကျုပ်အပေါ် တည့်တည့်ကြီး တိုးဝင်လာတာလေ..ကျုပ်က ဘယ်လို သည်းခံနိုင်မှာလဲ.."
ရှောင်ချန်းကတော့ ကွန်ပြူတာ ရှေ့မှာ ထိုင်ပြီး ဖုန်းတွေ ဖြေနေခဲ့တယိ..။သူက ဒီပြိုင်ပွဲရဲ့တာဝန် ရှိသူဖြစ်တာကြောင့်..တစ်ခြား ရင်းနှီးမြုပ်နှံသူတွေက နောက်ထပ် အရွယ်ရောက်တဲ့ ပြိုင်ပွဲတွေ ကျင်းပပေးနိုင်မလား မေးလာကြတယ်..။သို့ပေမယ့် သူ အကုန်လုံးကို ငြင်းဆန်ခဲ့ပါတယ်..။
ဒီကိစ္စက ဖြည်းဖြည်းချင်း ဆောင်ရွက်ရမှာပါ..။
ရုတ်တရက်..။
အလုပ်သမား တစ်ယောက်ဟာ..အခန်းထဲကို အလျင်အမြန် ဝင်လာခဲ့တယ်..။သူ့ရဲ့ မျက်နှာက စိတ်ပူနေခဲ့ပြီး..
"မကောင်းတော့ဘူး ဒါရိုက်တာ ချန်း..။တစ်ခုခုတော့ ဖြစ်နေပြီ..။ကျွန်တော်တို့ အဖွဲ့အစည်းရဲ့ တရုတ်အနုပညာ လူငယ်ဖလားမှာ လာဘ်စားမူတွေ ဖြစ်နေတယ်လို့ ပြောနေတယ်..။ကျွန်တော်တို့ ဖော်ထုတ်ခံနေရပြီ.."
"ဘာ.."
ရှောင်ချန်း ကြောင်အသွားခဲ့တယ်..။ယင်းနောက် သူ ခနလောက် တွေးလိုက်ပြီး..
"ချီးပဲ..အဲ့ငနဲ လုပ်တာပဲ ဖြစ်ရမယ်.."