← Chapters

ထွက်ပြီ...

Vol. 44 Ch. 659

ထွက်ပြီ...

Vol. 44 Ch. 659

#ဘာသာပြန် = စနိုးဝှိုက်

"ဒါရိုက်တာ ချန်း အဲ့ငနဲက ဘယ်သူလဲ..။ဘယ်သူက ဒီအရှုပ်ထုတ်ကို စတင်ခဲ့တာလဲ ဆိုတာကို သိလား.။ကျွန်တော် တို့ တရုတ်အနုပညာ အဖွဲ့အစည်း စတင်ပြီးကတည်းက..ဘယ်သူကမှ ကျွန်တော်တို့ ကျင်းပတဲ့ ပြိုင်ပွဲတွေကို မမျှတဘူးလို့ မပြောရဲဘူး.."

အလုပ်သမားတစ်ယောက်က ဒေါသတကြီး ပြောလိုက်တာပါ..။

"ဘာ.."

ချန်းဟီ ဒါကိုကြားတဲ့ အချိန်မှာ ပြောလိုက်တယ်..။

"ဒီငနဲက ဒိုင်တွေကို တောင် အပြစ်တင်ရဲတာလား..။ချီးပဲ..ဒီငနဲကို ပညာပေးမှ ရတော့မယ်.."

ဒါရိုက်တာ ချန်း ဒေါသထွက်သွားပြီး ဝိုက်ဘိုကို ကြည့်လိုက်တယ်..။သူ ဆွေးနွေးမူတွေကို မြင်တဲ့ အချိန်မှာ လုံးဝ ဆွံ့အသွားခဲ့ပါတယ်..။ဒီငနဲက အတော်ကို ဆိုးရွားတာပါ..။

"ဒါရိုက်တာ ချန်း..ကျွန်တော်တို့ ဘာလုပ်ကြမလဲ.."

အလုပ်သမားက မေးလိုက်တာပါ..။

ဒါရိုက်တာ ချန်း ပြောလိုက်တယ်..။

"ကျွန်တော်တို့ ဘာလုပ်ကြမလဲ ဆိုတာ မင်းဘာကို ပြောချင်တာလဲ.။ဒါပေါ့..ငါတို့ မှန်ကန်တယ် ဆိုတာ ဝက်ဆိုဒ်ပေါ်မှာ ရှင်းလင်းအောင် လုပ်ဖို့ လိုတာပေါ့..။ဒီ ပန်ချီကားတွေကို..ဆရာတွေ အများကြီးက ဆုံးဖြတ်ထားတာလေ..။ဒီလူတွေက..ငါတို့ အဖွဲ့အစည်းရဲ့ မာစတာကြီးတွေထက် ..ပန်ချီကားတွေကို ပိုနားလည်နိုင်မှာ မို့လို့လား..."

အလုပ်သမားဟာ ခေါင်းညိမ့်လိုက်တယ်..။ဒါက တကယ်ကို အဓိပ္ပါယ်ရှိပါတယ်..။ဘာပဲဖြစ်ဖြစ် အရေးကြီးဆုံးက သူတို့ကို သူတို့ သန့်ရှင်းကြောင်း ပြသဖို့ ပါပဲ..။သူတို့ လက်ရှိ အတိုင်း ဆက်ပြီး ထားထား လို့မရပေ..။တပယ်လို့ ဒီတိုင်းသာ ဆက်ဖြစ်နေရင် အဖွဲ့အစည်းရဲ့ ဂုဏ်သိက္ခာက မြောင်းထဲ ရောက်သွားနိုင်ပါတယ်..။

အခုဆိုရင် အင်တာနက်က..ဒုံးကျည်တစ်ခုလိုပါပဲ..။

"ဘာလို့ တရုတ်အနုပညာအဖွဲ့အစည်းက စကားမပြောသေးတာလဲ..။ဒီ ပန်ချီကား နှစ်ချပ်မှာ ပြသနာ ရှိနေတာ ရှင်းနေပဲကို..။ဒီ ရလာဒ်က ပြောင်းပြန် ဖြစ်နေသင့်တယ်.."

"အင်း..ငါကတော့ မာစတာလင်းသာ လာဘ်ထိုးထားတယ်လို့ထင်တာပဲ..။နန်ရှမ်းဂေဟာက ကလေး အကုန်လုံး ဆုရတယ် ဆိုတာက ဖြစ်နိုင်တဲ့ အရာလို့ ထင်နေကြတာလား.."

"အပေါ်က လူပြောတာ အဓိပ္ပါယ်တော့ရှိတယ်..။ဘာပဲဖြစ်ဖြစ် ငါကတော့ ဒီမှာ ရှိနေပြီး အခြေအနေ ဘယ်လို ဖြစ်နေမလဲ စောင့်ကြည့်ရမှာပဲ.."

…

အဲ့အချိန်မှာပဲ..တရုတ်အနုပညာ အဖွဲ့အစည်းဟာ..သူတို့ကို သူတို့ ရှင်းလင်းတဲ့ ကြေညာချက်တစ်ခု အင်တာနက်ပေါ်မှာ ထုတ်ပြန်လာခဲ့တယ်..။

တရုတ် အနုပညာအဖွဲ့အစည်း : " အွန်လိုင်း ပေါ်မှာ ပျံ့နှံ့နေတဲ့..လာဘ်စားတဲ့ အဖြစ်အပျက် မျိုး ကျွန်တော် တို့ဆီမှာ လုံးဝ မရှိဘူး ဆိုတာကို အာမခံပါတယိ..။အနုပညာ အကြောင်းနားမလည်တဲ့ လူတွေက တော့ အပြင်ပိုင်းလက်ရာကို ပဲ မြင်ကြမှာပါ..။မာစတာတွေကတော့ သူတိုက ပန်ချီကားရဲ့ အဓိပ္ပါယ်နဲ့..အတွင်းပိုင်း အရည်အသွေး...."

ဒီ ရှင်းပြချက် က ကျတ်တဲ့လူတွေ ကို..ကြောင်အစေခဲ့ပါတယ်..။သူတို့ ဘယ်သူ့ကို ယုံကြည်ရမလဲ မသိကြတော့ပါဘူး..။

မြို့သားတွေ အများကြီးဟာ လင်းဖန်ရဲ ဝိုက်ဘိုပို့စ်ကို သွား​ပြီး မှတ်ချက်ရေးလိုက်ကြတယ်..။

"မာစတာလင်း..ကျွန်တော် အခု တို့ ဘာပြောသင့်လဲ..။အဖွဲ့အစည်းက ရှင်းလင်းချက်တစ်ခု ထုတ်ပြန်ပြီး ကျွန်တော်တို့ကို ဘာမှ နားမလည်တဲ့လူတွေလို့ ပြောနေတယ်..။ကျွန်တော်တို့ကတော့ အနုပညာကို နားမလည်ပါဘူး..ဒါပေမဲ့ မာစတာလင်းကရော ဘယ်လိုထင်လဲ.."

"ငါ ဘာလို့ တစ်ခုခု မှားနေတယ် လို့ ခံစားနေရတာလဲ..။ဒါပေမဲ့ ဘယ်နားမှားနေတာလဲ တော့ မသိဘူး..."

"ငါကတော့ မာစတာလင်းကို ယုံတယ်..။ငါ အရင်တုန်းက ဒီလိုမျိုးနဲ့ အရှက်ခွဲခံဖူးတယ်လေ..။ဒါကြောင့် မာစတာ လင်းကိုယုံဖို့ပဲ စဥ္းစားထားတယ်.."

"ငါရောပဲ.."

"မင်းတို့မှာ ကိုယ်ပိုင် အမြင်ဆိုတာ မရှိတော့ဘူးလား..။ငါကတော့ အဖွဲ့အစည်းကပြောတာ မှန်တယ်လို့ ထင်တယ်..။ကျွမ်းကျင်သူတွေတောင် ဘာမှ မပြောတာ ဘာပြသနာ ရှိမှာ မို့လို့လဲ.."

"အာ...မာစတာလင်း ကလည်း ကျွမ်းကျင်သူပဲလေ..မင်းမသိဘူးလား.."

…

လင်းဖန်:" တရုတ်အနုပညာ အဖွဲ့အစည်း..မင်းတို့ နည်းနည်းလောက် အရှက်ရှိလို့ မရဘူးလား..။ကောင်းပြီ ..မင်းတို့က အတွင်းပိုင်း အရည်အသွေးကို ပြောချင်တာမလား..။ငါ မင်းတို့ကို ဖြည်းဖြည်းချင်း ပြောပြမယ်..။ဒီ တောင်းတန်း နဲ့ ရေပြင် ပန်ချီကားမှာ....."

လင်းဖန် ပန်ချီကား နှစ်ခုကြားက အသေးစိတ်အချက်အလက်တွေကို ချက်ချင်း နှိုက်းယှဥ္ပြလိုက်ပါတယ်..။တကယ်လို့. တဖက်ကသာ..ဆက်ပြီး အရှက်မရှိ လုပ်နေဦးမယ် ဆိုရင် သူတကယ် ဒေါသဖြစ်မိမှာပါ..။

ဒီ ပြသနာ ရဲ့ အပူချိန်ဟာ ပိုပိုပြီး မြင့်တက်လာခဲ့တယ်..။

တရုတ်အနုပညာ လူငယ် ဖလား ဆိုတာ အစက ပြိုင်ပွဲ သေးသေးလေးပါ..။လူအများစု ဆိုရင် ဒီပြိုင်ပွဲကျင်းပ နေမှန်း တောင် မသိကြပါဘူး..။

သိူ့ပေမယ့်.ဒီလိုမျိုး..မာစတာလင်း နဲ့ တရုတ်အနုပညာ အဖွဲ့အစည်းရဲ့ ငြင်းခုန်မူကြောင့်..အင်တာနက်ပေါ် ပျံ့နှံ့ပြီး လူသိများလာခဲ့တယ်..။

တစ်ချို့ ဘာမှ..မသိတဲ့လူတွေတောင် ဝင်ပါလာခဲ့ကြပါတယ်..။

"မာစတာလင်းက ဘာလဲ..။သူက ကျွမ်းကျင်သူလား..။တရုတ်အနုပညာ အဖွဲ့အစည်းက မာစတာတွေက ရွေးပြီးတာတောင် သူက ငြင်းခုန်ချင်နေသေးတယ်.."

"ဟုတ်တယ် တစ်စုံတစ်ယောက်က..လောဘ မကြီးသင့်ဘူး..။မင်းတို့လူက ဒုတိယဆု ရထားတာတောင် ပထမဆု လိုချင်နေသေးတယ်..။ဘယ်လောက် သနားစရာကောင်းလိုက်လဲ.."

"ချီးပဲ..ချင်ကျိုး ပြည်သူတွေ ရောက်နေပြီ..။ဘယ်ကောင် မာစတာလင်းကို ကျိန်ဆဲ ရဲတာလဲ..။မင်းသေချင်နေတာလား.."

"ငါလည်း ချင်ကျိူးကပဲ..။ဒီကိစ္စမှာ..လာဘ်စားမူတွေ ရှိနေတယိ..။ကာကွယ်ဖို့ မကြိုးစားကြနဲ့.."

"ချင်ကျိုးက ခွေးတွေ ဒီမှာ ရောက်နေပြီ..။သူတို့က ပိုင်ရှက်ကို ကာကွာနေကြတယ်.."

လင်းဖန် အင်တာနက်က မှတ်ချက်တွေကို ကြည့်ပြီး ခေါင်းခါယမ်းလိုက်တယ်..။ဒီီလို အခြေအနေတွေ ဖြစ်လာမယ်လို့ သူ မထင်ထားခဲ့ပါဘူး..။

ဝူယူလန် ဒေါသထွက်စွာ ပြောလိုက်တယ်..။

"သူတို့က ဘယ်လိုဖြစ်ပြီး အရှက်မရှိကြတာလဲ.."

လင်းဖန် ပြောလိုက်တယ်..။

"အစကတော့..တရုတ်အနုပညာ အဖွဲ့အစည်းက နေရာကောင်းပဲ..။အကြီးအကဲ ကျန်း ကြောင့်သာ ငါ ဒီအဖွဲ့အစည်းကို ဝင်ခဲ့တာ..။ကြည့်ရတာ အခြေအနေတွေက ထင်ထားသလို မဟုတ်ပါလား..။ငါ ထွက်တော့မယ်.."

"ဘာ.."

လူလိမ် ထျန် ​အံ့ဩသွားခဲ့တယ်..။

"အလျင်မလိုနဲ့ ကောင်လေး..။ဘာလို့ အဖွဲ့အစည်းရဲ့ ဥက္ကဌ ကို ဖုန်းမခေါ်တာလဲ.."

လင်းဖန် လက်ဝေ့ယမ်းလိုက်ပြီး..

"မလိုတော့ဘူး..။ကျုပ် အခုပဲ စဥ္းစားနေတာ..တရုတ်အနုပညာ အဖွဲ့အစည်းက ကိုယ်ခံပ အဖွဲ့အစည်းထက်တောင် ပိုဆိုးနေသေးတယ်..."

ရှောင်ချန်း အခြေအနေကို ကြည့်ပြီး အေးစက်စွာ ရယ်မောလိုက်တယ်..။ဒါက သာမန်လူတစ်ယောက် စကားအနည်းငယ် ပြောယုံနဲ့ ပြောင်းလဲသွားမယ့် အရာမဟုတ်ပါဘူး..။တရုတ်အနုပညာ အဖွဲ့အစည်းက ကိုယ့်လမ်းကြောင်းနဲ့ကို ရှိပြီးသားပါ..။တကယ်လို့ တစ်ချို့ ကျွမ်းကျင်တဲ့ မာစတာ တွေ တွေ့ရင်တောင်မှ ..သူတို့ တရုတ်အနူပညာ အဖွဲ့အစည်းကို မဆန့်ကျင်ချင်လို့ ဝင်ပြောကြမှာ မဟုတ်ပေ..။

အဲ့အချိန်မှာပဲ ရှောင်ချန်း စာထပ်ရိုက်လိုက်တယ်..။သူ နောက်ထပ် တစ်ခုခု လုပ်သင့်ပြီးလို့ ခံစားလိုက်ရပါတယ်..။

တရုတ် အနုပညာ အဖွဲ့အစည်း တရားဝင် :"

"စုံစမ်းစစ်ဆေးမူတွေအရ..ဒုတိယဆု လီဖက်တီးရဲ့ ပန်ချီကားမှာ..အငြင်းပွားစရာလေးတွေ ရှိနေပါတယ်..။ဒါကြောင့် သူ့ရဲ့ ဒုတိယ ဆုကို ယာယီ ဖယ်ရှားလိုက်ပါပြီ..။မာစတာ တွေရဲ့ စစ်ဆေးမူ အပြီးမှာ ပြန်ကြေညာ ပေးပါ့မယ်..။အားလံူးပဲ ကျွန်တော်တို့ကို ယုံကြည်ပေးကြပါ..။တရုတ်အနုပညာ အဖွဲ့အစည်းက အမြဲတမ်း ရှင်းရှင်းလင်းလင်း နဲ့ မျှမျှတတပဲ အလုပ်လုပ်ပါတယ်..။ဒီမှာ ဘာ လာဘ်စားမူမှ မရှိပါဘူး...."

"ချီးပဲ.ဒီအကွက်က ကောင်းလွန်းတယ်..။ဟုတ်တယ်မလား...."

လင်းဖန်ကို ထောက်ခံတဲ့ မြို့သားတွေဟာ ဒါကို မြင်တဲ့ အချိန်မှာ ဒေါသထွက်သွားခဲ့ကြတယ်..။လီဖက်တီးကို ဒုတိယ ဆုကနေ ပယ်ဖျက်လိုက်ကြပါပြီ..။ဒါက သူတို့ရဲ့ လုပ်ပိုင်ခွင့်ကို ပြသလိုက်တာပါပဲ..။

တိမ်ဖြူလမ်း..။

"ဒါက တကယ်ကို ဒေါသထွက်စရာပဲ.."

ဝူယူလန် ဝိုက်ဘိုက ပို့စ်ကို ကြည့်ပြီး ဒေါသထွက်နေခဲ့တယ်..။

လူလိမ် ထျန် ပြောလိုက်တယ်..။

"ချီးပဲ..ငါသည်းမခံနိုင်တော့ဘူး..။ဒီကောင်တွေကို သွားသတ်မိတော့မယ်..။ငါ့ရဲ့ ပါးကွကျန်း ဘယ်လောက်ထိ အစွမ်းထက်လဲ သိစေရမယ်.."

အဲ့အချိန်မှာတော့ လူတိုင်းဟာ လင်းဖန်ကိုကြည့်နေကြတယ်..။သူတိူ့ လင်းဖန် ဘာလုပ်မလဲ စောင့်ကြည့်နေကြတာပါ..။တစ်ခြားတစ်ဖက် က အတော်ကို အကြောင်းကျိုး မဆီလျော်လှပါဘူး..။

သူတိူ့က မာစတာတွေ ပြန်စစ်ဆေးမယ်လို့ ပြောနေပေမယ့် လီဖက်တီးရဲ့ ဆုက ဆုံးရှုံးသွားပြီ ဆိုတာ အသိသာကြီးပါ..။

* ဝုန်း *

လင်းဖန် သူ့ရဲ့ အံဆွဲကို ဖွင့်လိုက်တယ်..။သူ့ရဲ့ တရုတ်အနုပညာအဖွဲ့အစည်း စီနီယာ မန်ဘာကတ်ကို ID ကို ယူပြီး တစ်စစီ စုတ်ဖြဲကာ စားပွဲပေါ် ပစ်ပေါက်လိုက်ပါတယ်..။

လူလိ်မ်ထျန် နဲ့ ကျန်တဲ့လူတွေလည်း လင်းဖန် ဘယ်လောက်တောင် စိတ်ဆိုးနေလဲ ဆိုတာကို သိကြပါတယ်..။ဒါက သာမန် ဒေါသထွက်တာတောင် မဟုတ်တော့ပါဘူး..။

ဝိုက်ဘို..။

လင်းဖန်," တရုတ်အနုပညာ အဖွဲ့အစည်းရဲ့ အဖွဲ့ဝင် တစ်ယောက် အနေနဲ့ ကျုပ် ဒီနေ့ မသမာတဲ့ နည်းလမ်းတွေကို တွေ့ခဲ့ရတယ်..။ပြိုင်ပွဲ့ရဲ့ အနိုင်ရတဲ့ ဆုကို ပန်ချီလက်ရာနဲ့ မဆံူးဖြတ်ပဲ နောက်ကွယ်က အပေးအယူတွေ နဲ့ ဆုံးဖြတ်ခဲ့တယ်လေ..။ဒီနေကစပြီး ကျုပ် အဖွဲ့အစည်းကနေ ထွက်လိုက်ပြီ..ပြီးတော့..တရုတ်အနုပညာအဖွဲ့အစည်းနဲ့လည်း ဘာမှ မဆိုင်တော့ဘူး.."

ဒီပို့စ်တက်လာတဲ့ အချိန်မှာ လူတိူင်း အံ့ဩသင့်သွားခဲ့ပါတယ်..။

"!ချီးပဲ.. မာစတာလင်းက တရုတ်အနုပညာ အဖွဲ့အစည်းရဲ့ အဖွဲ့ဝင်လား.."

"မဖြစ်နိုင်တာ...မာစတာလင်း ပန်ချီဆွဲတတ်တာ သိပေမယ့်..အဖွဲ့ဝင်တစ်ယောက် ဖြစ်နေမယ်လို့ မထင်ထားဘူး..။ဒီအခြေအနေက မဟုတ်သေးဘူးနော်.."

"အဖွဲ့အစည်းက မာစတာလင်းကို သူတို့ရဲ့ အဖွဲ့ဝင်မှန်း မသိတာ ဖြစ်နိုင်မလား..."

"ဒါက..."

တရုတ်အနုပညာ အဖွဲ့အစည်း..။

ဒါရိုက်တာ ချန်း ဒီ ဝိုက်ဘိုပို့စ်ကို မြင်တဲ့ အချိန်မှာ သူ့အမူအရာ ဖြည်းဖြည်းချင်း ပြောင်းလဲသွားခဲ့တယ်..။

အဲ့အချိန် တစ်ခြား အစည်းအဝေး ခန်းမ ထဲတွင်..။

ကျန်းကျောင်ရှန်း တစ်ခြားလူတွေကို ကြည့်လိုက်ပြီး..

"အားလုံးပဲ..အခုကနေစပြီး တစ်လနေရင် တရုတ်အနုပညာက ကမ္ဘာကြီးကို ပြသရမယ့် အချိန်ပဲ..။အခု ပြပွဲ့အတွက် ကျုပ်တို့ ပန်ချီကား အချပ်သုံးဆယ် လိုအပ်တယ်..။ဒီတစ်ကြိမ်က ကျုပ်တို့ တရုတ်အနုပညာ အဖွဲ့အစည်းအတွက်တင် မဟုတ်ဘူး နိုင်ငံ အတွက်ကိုပါ ဂုဏ်ဆောင်ရမှာ ဖြစ်တယ်..။ကျုပ်တို့ အစွမ်းကုန် ကြိူးစားမှရမယ်.."

ယွဲ့ချီဂျုရှ်ီ ပြောလိုက်တယ်..။

"အကြီးအကဲ ကျန်း ကျွန်တော်ကတော့ အကြီးအကဲ လင်း ကို ပန်ချီလက်ရာ တစ်ခုလောက် ဆွဲပေးဖို့ ဖိတ်ခေါ်သင့်တယ် ထင်တယ်နော်..။အကြီးအကဲ လင်းရဲ့ ပန်ချီလက်ရာ တစ်ခုကတင်..ကမ္ဘာကြီးကို အံ့ဩသင့်စေဖို့ လုံလောက်တယ်.."

အကြီးအကဲ ကျန်း ပြောလိုက်တယ်..။

"ဒါသေချာတာပေါ့..။အစည်းအဝေးပြီးရင် ကျုပ်သူ့ဆီကို ဖုန်းခေါ်လိုက်မယ်.."

ယွဲ့ချီဂျုရှီ ပြောလိုက်တယ်..။

"အစည်းအဝေး ပြီးအောင် စောင့်ဖို့ မလိုပါဘူး..။ကျုပ်တို့ အခုပဲ သူ့ဆီကို ဖုန်းခေါ်လိုက်ရအောင်..။သူကကျုပ်တို့ အဖွဲ့အစည်းရဲ့ အဖွဲ့ဝင်တစ်ယောက်ပဲလေ..။သူ့အပြင် ကျုပ်တို့ ဘယ်သူ့ကိုမှ အားကိုး နိုင်မှာ မဟုတ်ဘူး..."

All Chapters