လူသားတွေကိုမကြိုက်ဘူး
Vol. 007 Ch. 608
ရှီမာယူယူတွင် အစောင့်များမရှိသော်လည်း ဒီလောက်တည့်တိုးဖြစ်လိမ့်မည်ဟု ဝူလာလီ ထင်မထားပေ။ သူသည် ကျေနပ်မိလေသည်။
“ဘယ်လိုနေလဲ” သူ မေးလိုက်သည်။
ရှီမာယူယူသည် သူမကိုယ်သူမခံစားကြည့်သည်။ သူမ ဝါးလိုက်သော်လည်း ဘာမှမခံစားမိပေ။
“ဘာမှမထူးခြားဘူး” သူမသည် ရိုးသားစွာဖြေလေသည်။
“ဟားဟား ရေအောက်ရောက်တာနဲ့ ခံစားမိလိမ့်မယ်” ဝူလာလီသည် ပြုံးလေသည် “သွားကြမယ် ဆင်းရအောင်”
“လေဟာပြင်ဖြတ်သန်းမှု သုံးလို့မရဘူးလား” ရှီမာယူယူသည် သူ့နောက်လိုက်လာသည်။
“ရေအောက် ဖိအားကမတူဘူး၊ လေဟာပြင်ဖြတ်လမ်းက အသုံးဝင်မှာမဟုတ်ဘူး”
“သြော်”
လူ၂ယောက်သည် သူတို့အဝေးမှ လိုက်လာကာ စောင့်ကြပ်ပေးနေလေသည်။
“မင်းသားက တကယ်ပဲ အဲလူသားကိုရေအောက်ပုလဲပေးလိုက်တာလား”
“မင်း မမြင်ဘူးလား”
“ဒါပေမဲ့ အဲဒါကရေအောက်ပုလဲလေ၊ တန်ဖိုးကြီးရေအောက်ပုလဲပဲ၊ မင်းသားက ဘာလို့ သူ့ကို ပေးသုံး ရတာလဲ၊ သူ့ကို ရေအောက်ပုလံနီပေးတာမှ ဟုတ်သေးတယ်”
ရှီမာယူယူ စားလိုက်သော ရေအောက်ပုလဲမှာ စိမ်းပြာရောင်ဖြစ်သည်။ ထိုပုလဲစားပြီးနောက်တွင် ခန္ဓာကိုယ်အတွင်း ပုလဲရှိနေသရွေ့ကို ရေအောက်တွင် အချိန်မရွေးအသက်ရှုနိုင်မည်ဖြစ်သည်။ ရေအောက်ပုလဲ နီမှာတော့ ခေတ္တသာဖြစ်သည်။ ခန္ဓာကိုယ်အတွင်း ၁လသာ ရှိနေနိုင်သည်။ ၁လအကြာတွင် သက်ရောက်မှု ပျက်ပြယ်သွားမည်ဖြစ်သည်။ ရေအောက်ပုလဲနီများသည် သာမန်မဟုတ်သော်လည်း ရေအောက်ပုလဲစိမ်းပြာမှာ တော့ အလွန်ရှားပါးရာ ပင်လယ်ကြမ်းပြင်တစ်ခုလုံးတွင် အနည်းငယ်သာရှိသည်။
“မင်းသားက သူ့ကို အထူးတလည်ဆက်ဆံနေသလိုပဲ”
“အထူးတောင်မှ ရိုးရိုးအထူးမဟုတ်ဘူး၊ ကြည့်လိုက် မင်းသားက သူ့ကိုပြုံးပြနေတာ၊ မင်းသားက ငါတို့ ကိုအဲလိုပြုံးပြဖူးလား”
“မင်းသားက သူ့ကိုနှစ်သက်နေတာလား”
“နှစ်သက်စရာလား၊ သူက မိန်းမလျာလို ယောကျ်ားကြီးပဲ”
“ယောက်ျားကဘာဖြစ်လဲ၊ ယောကျ်ားကလည်း ယောကျ်ားကိုကြိုက်နိုင်တာပဲ”
“ဒါပေမဲ့ မင်းသားက ယောကျ်ားလေးကိုကြိုက်တာ ငါမမြင်ဖူးဘူး”
“အရင်ကအရင်ပဲ အခုကအခု၊ မင်းသားက အရင်ကမကြိုက်လည်း အခုမကြိုက်ဘူးလို့ ဆိုလိုတာမဟုတ် ဘူး၊ လူသားတွေပြောသလိုပေါ့၊ ငါက ယောကျ်ားတွေကိုမကြိုက်တတ်ပေမယ့် မင်းကိုကြိုက်တယ် ဒါပေမဲ့ မင်းက ယောကျ်ားလေးဖြစ်နေတယ်၊ အမလေး ဘယ်လောက်တောင် ရိုမန့်တစ်လိုက်လဲ”
“မင်းဆက်ပြီး ပေါက်ကရပြောနေမယ်ဆိုရင် မင်းသားက မင်းကိုအလောင်းဖြစ်အောင် လုပ်ပစ်လိုက်လိမ့် မယ်” အစောင့်တစ်ယောက်သည် သတိပြေးပြီးနောက် လျှောက်သွားလေသည်။ နောက်တစ်ယောက်သည် အမြန်ပြေးလိုက်လေသည်။
သူတို့သည် တောများကိုဖြတ်ပြီး တောင်များကိုကျော်ပြီးနောက်တွင် အဆုံးမရှိသော ပင်လယ်ကိုတွေ့ လိုက်ရလေသည်။
“ပင်လယ်ရဲ့ အသက်က ရေပဲ၊ ပင့်ကူရဲ့အသက်က ခြေထောက်ဖြစ်နေသလိုမျိုးပေါ့” ရှီမာယူယူသည် ပင်လယ်ဘက်ကို မျက်နှာမူပြီး လက်ဆန့်ထုတ်ကာ စိတ်လှုပ်ရှားစွာ သက်ပြင်းချလိုက်သည်။
“ဟင်” ဝူလာလီသည် သူမအား နားမလည်စွာကြည့်လိုက်သည်။
“အဟွတ်အဟွတ် ဒီစကားကိုအရင်ကကြားဖူးတာပါ” ရှီမာယူယူသည်နေရခက်စွာ ပြောလေသည် “ကျွန်တော်တို့အခုဆင်းလို့ရပြီလား”
“အင်း” ရုတ်တရက်ပင် ဝူလာလီသည် သူမ လက်မောင်းကိုဆွဲကာ ကောင်းကင်သို့ပျံသွားပြီးနောက် ရေထဲသို့ဆင်းလိုက်သည်။
ရေအောက်မသွားခင်တွင် ရှီမာယူယူသည် မသိစိတ်မှမျက်စိနှင့် ပါးစပ်ကိုပိတ်မိလေသည်။ ရေအောက် သို့နှစ်လိုက်သောအခါ သူမခန္ဓာကိုယ်တစ်ခုလုံး ဝန်းရံခံရသလိုခံစားရပြီး ကြီးမားသော ဖိအားတစ်ခုသည် သူမကို ဖိအားပေးသလိုဖြစ်နေသော်လည်း သူမခန္ဓာကိုယ်နားရောက်သောအခါ ရပ်သွားသည်။
သူမ မျက်လုံးဖွင့်လိုက်ရာ ခန္ဓာကိုယ်အား ပါးလွှာသော အထပ်တစ်ခုသည် ကာထားသည်။ ထို့ကြောင့် ပင် အပြင်မှရေများမှဝေးကာ သန်မာသောဖိအား၏ ဖိနှိပ်ခြင်းမရှိပဲ ချောမွေ့နေသည်။
“ဒါက ရေအောက်ပုလဲရဲ့လုပ်ဆောင်ချက်လား” သူမသည် နှစ်သက်အားရစွာ မေးလိုက်သည်။
“ဟုတ်တယ်” ဝူလာလီ ပြန်ဖြေလေသည် “ကျွန်တော်တို့က ရေအောက်မှာ လွတ်လွတ်လပ်လပ် အသက်ရှုလို့ရတယ်လေ ဒါပေမဲ့ လူသားတွေကမရဘူး၊ အဲဒါနဲ့ဆိုရင် ရေအောက်မှာရော ကုန်းပေါ်မှာရော အတူတူပဲ”
“ကျေးဇူးတင်ပါတယ်” ရှီမာယူယူသည် ကျေးဇူးတရာကိုခံစားမိလိုက်သည်။
ထိုအရာသည် အလွန်တန်ဖိုးရှိသော်လည်း သူမကိုပေးခဲ့သည်။
“သွားကြမယ်၊ ကျွန်တော်တို့သွားရင်းနဲ့ ပြဿနာတချို့တွေ့နိုင်တယ်၊ ကျွန်တော်တို့နေရာကို မြန်မြန် သွားဖို့ဆို ခံနိုင်ရည်ရှိမှဖြစ်မယ်” ဝူလာလီ ပြောပြီးနောက်တွင် သူမတုန့်ပြန်မှုကိုမစောင့်တော့ပဲ သူသည် ရှည်လျားသောခရမ်းရောင်နဂါးအဖြစ် ပြောင်းလိုက်သည်။
ထိုနဂါးသည် အရင်ဘဝကမြင်ဖူးသော နဂါးလောက်တော့ စွမ်းအားမကောင်းပေ။ သို့သော် ရှီမာယူယူ အတွက် အထူးတဆန်းဖြစ်နေတုန်းပင်။ အစပိုင်းတွင် တစ်ဖက်လူမှ သူ့ကိုစီးခိုင်းမည်ဟုထင်ထားမိသည်။ သို့သော် အမှန်တကယ်မှာ သူမဆန္ဒပင်ဖြစ်သည်။ ကြီးမားသော လက်သည်းများနှင့် ဝူလာလီသည် သူမအား ဆုပ်ကိုင်ပြီး အလင်း၏ အရှိန်နှင့်ကူးခတ်သွားလေသည်။
“အမလေး ခရီးသွားသင်္ဘောထက်တောင် မြန်သေးတယ်” သူမ လက်နှစ်ဖက်လုံးဖြင့် ဝူလာလီ၏ လက်သည်းများကို ဆုပ်ကိုင်ထားသည်။ သူမသည် ရေအောက်ကမ္ဘာကို စိတ်လှုပ်ရှားစွာ ကြည့်လေသည်။
ဝူလာလီသည် ခေါင်းငုံ့ကြည့်ရာ သူမ၏ စိတ်လှုပ်ရှားနေသော မျက်နှာလေးကိုတွေ့လေသည်။ သူ သည် အမြီးကိုလှုပ်ယမ်းကာ အရှိန်ကိုမြင့်လိုက်သည်။
သူတို့သည် ရက်အနည်းငယ်ခရီးနှင်လာရာ များစွာသောမျိုးနွယ်များ၏ နယ်မြေကိုဖြတ်ကျော်လာပြီး ဖြစ် လေသည်။ ထိုမျိုးနွယ်များသည် ဝူလာလီထုတ်လွှတ်လိုက်သော ရောင်ဝါကိုခံစားမိသဖြင့် သူတို့နှင့်အဝေးတွင် သာနေကြလေသည်။
“ကျွန်တော်တို့ရောက်တော့မယ်” ဝူလာလီပြောလိုက်သည် “ဒီတစ်ခါကို ရန်သူဟောင်းတွေနဲ့မတွေ့တာ ကံကောင်းတယ်”
“ခင်ဗျားမှာ ရန်သူအဟောင်းတွေရှိတာလား” ရှီမာယူယူ မေးလိုက်သည်။
“သက်ရှိသတ္တဝါ ကမ္ဘာမှာတော့ စိတ်တိုင်းကျမဖြစ်ဘူးလေ၊ ဘိုးဘွားစဉ်ဆက်ရန်ငြိုးတွေပေါ့” ဝူလာလီ ရှင်းပြလေသည်။
ရှီမာယူယူလည်း ထိုသို့တွေးသည်။ ဒီကမ္ဘာမှာ ရန်သူမရှိသူ မရှိပေ။
နောက်နေ့တစ်ဝက်ခရီးနှင်ပြီးနောက်တွင် ခရမ်းရောင်မျိုးနွယ်နယ်မြေသို့ရောက်လေသည်။ ဝူလာလီ ရေကူးလာသော အပေါ်စီးမှ ရှီမာယူယူ ကြည့်ကြည့်ရာ ငြိမ်နေခဲ့သော ရေနဂါးများသည် ခေါင်းမော့ကာ သူ့အား အရိုအသေပေးကြလေသည်။
ဝူလာလီသည် ရှီမာယူယူအား ရေအောက်နန်းတော်ဆီသို့ ခေါ်သွားပြီးနောက် ရပ်လိုက်လေသည်။ သူ သည် လက်သည်းများကိုဖြေပြီး ရှီမာယူယူကိုလွှတ်ပေးပြီးနောက် လူသားအသွင်ပြောင်းလိုက်သည်။
“မင်းသား ပြန်လာပြီလား” အစောင့်များသည် ဝူလာလီကို အရိုအသေပေးလေသည်။
“ခမည်းတော်ဘယ်မှာလဲ” ဝူလာလီမေးလေသည်။
“ဘုရင်ကြီးက မိဘုရားကြီးနဲ့ရှိနေပါတယ်” အစောင့်ပြန်ဖြေလေသည်။
ဝူလာလီသည် ခြေလှမ်းများရပ်သွားပြီး တခြားတစ်ဖက်သို့ဦးတည်ကာ “ကျွန်တော်နဲ့လိုက်ခဲ့ပါ လိုက်ပြ ပေးမယ်”
“မင်းသား” လူအိုကြီးတစ်ယောက်သည်နန်းတော်မှ လျှောက်ထွက်လာလေသည်။ သူ့တွင် မုတ်ဆိတ် မရှိပဲ နှုတ်ခမ်းမွေး၂ခုသာရှိလေသည်။
“ဝန်ကြီးချုပ်” မင်းသားသည် အဘိုးအိုများကို အလွန်လေးစားမှုရှိသဖြင့် လေသံတစ်မျိုးဖြင့်ပြောလေ့ရှိ သည်။
“မင်းသားက မိဖုရားကိုသွာကြည့်မလို့လား” ဝန်ကြီးချုပ်သည် မေးလေသည်။
“ဟုတ်တယ် ကျွန်တော် သမားတော်ရှာတွေ့လာတယ်၊ ဖြတ်သွားရင်းနဲ့ ခမည်းတော်နဲ့ မယ်မယ်ကို သွားပြမလို့” ဝူလာလီပြန်ဖြေလိုက်သည်။
“နန်းတော်ထဲကို လူသားတွေဝင်ခွင့်မရှိဘူးလို့ ပြီးခဲ့တဲ့တစ်ခေါက်က ဘုရင်ကြီးကမိန့်ကြားခဲ့ပါတယ်၊ အခု သူမကိုခေါ်လာတော့ ဘုရင်ကြီးကို မခန့်လေးစားဖြစ်ရာရောက်မှာ စိုးပါတယ်” ဝန်ကြီးချုပ်သည် သတိပေးလေ သည်။
“ကျွန်တော် ခမည်းတော်ကို ဖြောင်းဖြမှာပါ၊ ဝန်ကြီးချုပ်လည်း ကျွန်တော်တို့်နဲ့လိုက်မှာလား” ဝူလာလီ သည် ထိုပြဿနာအားလုံးဝမစိုးရိမ်ပေ။
“လိုက်မှာပါ ဘုရင်ကြီးဒေါသဖြစ်ရင် ဝန်ကြီးချုပ်က ကာကွယ်ပေးရမှာပေါ့” ဝန်ကြီးချုပ်သည် လေးလံစွာ ပြောလေသည်။
“ရွှတ်” သူ၏ ပုံစံကိုမြင်သောအခါ ရှီမာယူယူသည် ရယ်မောလိုက်လေသည်။ ထို့နောက်တွင် သူမသည် ဝူလာလီကို ပြောလိုက်သည် “ခင်ဗျားရဲ့ ခမည်းတော်က လူသားတွေကို မုန်းတီးတယ်လို့ ပြောခဲ့တယ်မလား”
“အရင်တုန်းက ငါတို့ လူသားအဂ္ဂိရတ်ပညာရှင်တွေ သမားတော်တွေခေါ်လာဖူးတယ် ဒါပေမဲ့ သူတို့က သူမကို မကုနိုင်ခဲ့ဘူး အခြေအနေတောင်ပိုဆိုးသွားတယ် ပြီးခဲ့တဲ့တစ်ခေါက် ငါတို့ခေါ်တာတော့ သေလုနီးပါးဖြစ် သွားတာ အဲဒါကြောင့် ခမည်းတော်က လူသားတွေကိုခေါ်မလာဖို့ တင်းကြပ်လိုက်တာ” ဝူလာလီသည် ရှင်းပြ လေသည် “ဘာလို့လဲ ကြောက်လို့လား”
“ကြောက်လည်းအသုံးမဝင်ဘူးလေ ပြန်ဖို့နည်းလမ်းမှမရှိတာ၊ ပြီးတော့ ခင်ဗျားကခေါ်လာတာဆိုတော့ ဒီမှာ သေအောင်ပစ်ထားမှာမဟုတ်ဘူးလို့ယုံတယ်” ရှီမာယူယူ ပြန်ဖြေလိုက်သည်။
“မင်းက ယုံကြည်ချက်ရှိတုန်းပါပဲလား” ဝူလာလီ အားရပါးရပြုံးလိုက်သည်။
ယုံကြည်ချက်အပြည့်ရှိသောလူကိုတွေ့ဖူးသည်မှာ ပထမဆုံးအကြိမ်တော့်မဟုတ်ပေ။ သို့သော် ထို ယုံကြည်ချက်အပြည့်ရှိသော လူတချို့သည် သူ့အား စိတ်ပျက်အောင်လုပ်ခဲ့သည်။
“ခဏနေရင် ခင်ဗျားအရင်သွားလိုက် ကျွန်တော်အပြင်မှာစောင့်နေမယ်” ရှီမာယူယူ အကြံပေးလေ သည်။
“ဘာလို့လဲ”
“ခင်ဗျားအဖေကိုအရင်ကြိုပြောနှင့်ထားလိုက် မဟုတ်ရင် ကျွန်တော့်ကိုမြင်တာနဲ့ သတ်လိုက်မှာစိုးရ တယ်၊ အဲလိုဖြစ်ရင် သူ့ကို မတားနိုင်ဘူးမလား” ရှီမာယူယူ ပြန်ဖြေလေသည်။
ထို အင်အားက ကြောက်စရာကောင်းလောက်အောင် သန်မာသော သတ္တဝါအိုဆိုရင်တော့ သူမ အသက်အတွက် အပြင်မှာစောင့်တာပိုကောင်းပါတယ်။
***