← Chapters

ဆရာကဒီကိုလာဖူးတယ်

Vol. 007 Ch. 609

ဆရာကဒီကိုလာဖူးတယ်

Vol. 007 Ch. 609

ရှီမာယူယူ ပွင့်လင်းစွာ တောင်းဆိုလာမည်ဟု ဝူလာလီ ထင်မထားပေ။ ထိုအကြောင်းအား စဉ်းစားမိ သည်နှင့် သူခေါင်းညိမ့်ကာ “ကောင်းပါပြီ အပြင်မှာစောင့်နေပါ၊ ချန်ရှောင်းက ကျွန်တော်နဲ့လိုက်ခဲပါ”

“ဟုတ်သားပဲ ဘယ်သူဒဏ်ရာရတာလဲ” သူမ မေးလိုက်သည်။

“ကျွန်တော့်အမေပါ” ဝူလာလီ ပြောလိုက်သည် “ကျွန်တော့်အဖေ ဘုရင်ကြီးနဲ့ အမေနဲ့က ဆက်ဆံရေး ကောင်းကြတယ်၊ အဲဒါကြောင့် သူမအသက်ကိုကယ်ရဖို့ သူအကုန်လုံးကိုလျစ်လျူရှုထားတာ၊ ဒါပေမဲ့ အဲလိုလုပ် ပေးတာတောင် ကျွန်တော့်အမေက ရေကျောက်ဖျာပေါ်မှာ လှဲနေရတယ်၊ သူမက စကားလည်းမပြောနိုင်ဘူး မျက်စိ လည်းမဖွင့်နိုင်ဘူး၊ သေလူလိုပါပဲ”

စကားအဆုံးတွင် ဝူလာလီ၏ အသံသည်နိမ့်သွားပြီး ခံစားချက်များပါလာသည်။

“ကျွန်တော်တို့ အမေ့ကိုကယ်ဖို့အတွက် အများကြီးကိုအားထုတ်ခဲ့ပြီးပြီ၊ ဒီလောကအပြင်ဘက်ကိုလည်း ဂရုစိုက်ရသေးတယ်၊ ကျွန်တော်တို့မျိုးနွယ်ဝင်တွေလည်း စိတ်မရှည်တော့ဘူး၊ ဒါပေမဲ့ အဖေကတော့ အဲဒါတွေ ဂရုမစိုက်ဘူး” ဝူလာလီ ဆက်ပြောလေသည် “ပြီးတော့ ကျွန်တော့်အမေကိုကယ်ဖို့အတွက် နည်းလမ်းကို ကျွန်တော်ကိုယ်တိုင် တိုင်းပြည်အနှံ့သွားလာတာလည်း နှစ်ပေါင်းကြာသွားပြီ၊ မျိုးနွယ်အတွင်းဖြစ်ပျက်သမျှကိစ္စ ကို နည်းနည်းပဲဂရုစိုက်နိုင်တယ်၊ ကျွန်တော့်ဒုတိယညီက ခရမ်းရောင်ရေမျိုးနွယ်ကို အကူအညီပေးနိုင်လို့တော် သေးတယ်၊ သူတို့ကပဲ ကျွန်တော်ရှာဖွေရေးထွက်နိုင်အောင် နောက်ကနေကူညီပေးနေတာ”

“ခင်ဗျားတို့က အမေကိုတော်တော်ချစ်ကြတာပဲ” ရှီမာယူယူ ပြောလိုက်သည် “နိဗ္ဗာန်ဆေးအကြောင်းကို ခင်ဗျားတို့ကိုဘယ်သူပြောတာလဲ”

“ကျွန်တော့်အမေအခြေအနေကို လာကြည့်တဲ့ အဂ္ဂိရတ်ပညာရှင်တစ်ယောက်ရှိတယ်၊ နိဗ္ဗာန်ဆေးမရှိ ရင် အမေ့ကိုကယ်ဖို့တခြားနည်းလမ်းမရှိဘူးလို့ပြောတယ်၊ သူမကို သတိပြန်ဝင်လာအောင် တစ်ယောက် ယောက်က ကူညီပေးနိုင်တယ်ဆိုရင်လည်း မသန်မစွမ်းဖြစ်သွားမှာတဲ့” ဝူလာလီ ပြောလေသည် “အစတုန်းက တော့ ကျွန်တော်တို့စိတ်ထဲမထားဘူး၊ ဒါပေမဲ့ ဒီကိုလာတဲ့လူတိုင်းကလက်လျော့သွားကြတယ်၊ ကျွန်တော့်အဖေ က အဲဒီအဂ္ဂိရတ်ပညာရှင်ပြောသွားတဲ့ ဆေးကိုသတိရသွားပြီး လူလွှတ်ပြီးအဲဆေးဖက်ဝင်ပစ္စည်းကိုရှာခိုင်းတော့ တာပဲ”

ထိုလူသည် နိဗ္ဗာန်ဆေး၏ တည်ရှိမှုကို သာမာန်သိရုံမျှမဟုတ်သော လူဖြစ်လောက်သည်။ ထိုလူသည် နိဗ္ဗာန်ဆေး၏ တည်ရှိမှုကိုသိရုံသာမက ဆေးနည်းကိုပါ ထုတ်ပေးနိုင်သည်။ သူသည် တိုင်းပြည်တွင် အင်အား ကြီးမားသော သခင်ဖြစ်ရမည်။

“အဲဒီအဂ္ဂိရတ်ပညာရှင်ရဲ့ နာမည်နဲ့ သရုပ်မှန်ကိုသိလား” ရှီမာယူယူ မေးလိုက်သည်။

“သိတယ် သူက အံ့ဖွယ်နတ်ဆိုးတောင်ကြားရဲ့ နတ်ဆိုးတောင်ကြားသခင်ပဲ၊ ငါ တိုင်းပြည်တွေကို သွား တုန်းက သူ့နာမည်ကိုကြားလိုက်တော့ အံ့ဖွယ်နတ်ဆိုးကြောင်းကိုသွားပြီး သူ့ကိုသွားရှာတယ်၊ အဲအချိန်တုန်းက ကျွန်တော် အံ့ဖွယ်နတ်ဆိုးတောင်ကြားကိုဝင်ဖို့အတွက် သူတို့တံခါးကိုပါ ချိုးလုနီးပါးဖြစ်သွားတယ်၊ နောက်တော့ သူလုပ်ချင်တယ်လို့မပြောခင်ကို ကျွန်တော် သူ့ကိုပစ္စည်းအများကြီးပေးတယ် အစတုန်းက သိပ်မများပါဘူး၊ ဒါပေမဲ့ အဘိုးနတ်ဆိုးက ပစ္စည်းစာရင်းကိုကြည့်ပြီး ထပ်ပေးရင် ကျွန်တော်နဲ့လိုက်မယ်လို့ပြောခဲ့တယ်” ဝူလာလီ ပြောလိုက်သည်။ ထို့နောက်တွင် သူသည် ရှီမာယူယူ၏ မျက်နှာထားမှာ ပိုထူးဆန်းလာသည်ကို တွေ့ပြီးမေး လိုက်သည် “ဘာဖြစ်လို့လဲ”

“အဲအဘိုးနတ်ဆိုးက… တကယ်တော့ ကျွန်တော့်ဆရာပါ” ရှီမာယူယူ ပြောလိုက်သည်။

“သူက ခင်ဗျားဆရာဟုတ်လား၊ ခင်ဗျားက အံ့ဖွယ်နတ်ဆိုးတောင်ကြားကလား၊ ဒါဆိုရင် ကောင်းကင် ဂိုဏ်းကို ဘာသွားလုပ်တာလဲ” ဝူလာလီသည် သိချင်စိတ်ဖြင့် မေးလေသည်။

“ကျွန်တော်က အံ့ဖွယ်နတ်ဆိုးတောင်ကြားကလူပါ၊ ဒါပေမဲ့ ဆရာက ကျွန်တော် အပြင်မှာရှိတုန်းက လက်ခံထားတာ၊ အဲနေရာကို သွားတောင်မသွားဖူးသေးဘူး” ရှီမာယူယူ ပြောလိုက်သည်။

“အဲဒီနတ်ဆိုးတောင်ကြားကသခင်က သူတို့ထဲမှာတော့ အားအကောင်းဆုံးပဲ ဒါပေမဲ့ သူတောင်မှ ကျွန်တော့်အမေ ရောဂါကိုမကုနိုင်ဘူး၊ သူကလည်း အမေ့ကိုနိုးအောင်မလုပ်နိုင်ဘူး ပြီးတော့ သူကြိုးစားခဲ့သမျှ တွေက နောက်ဆုံးအဂ္ဂိရတ်ပညာရှင်ကြောင့် ပျက်စီးသွားသေးတယ်” ဝူလာလီသည် အဘိုးနတ်ဆိုးအား အကောင်းမြင်စိတ်ရှိသည်။ “တပည့်က ဆရာထက် လက်စောင်းထက်မယ်လို့မျှော်လင့်ပါတယ်”

“ကျွန်တော့်ဆရာက ဆေးပညာမှာ တော်တယ်ဆိုတာ မညာပါဘူး အဂ္ဂိရတ်ပညာမှာလည်း အရမ်း ထူးချွန်ပါတယ်” ရှီမာယူယူ ရှင်းပြလေသည် “သူ့ကိုဆေးဖော်ခိုင်းရင်လည်း ပြဿနာမရှိပါဘူး၊ ဒါပေမဲ့ ဆေးပညာ ကိုတော့ ကျွန်တော်မပြောတတ်ပါဘူး၊ ပြီးတော့ ကျွန်တော်က ဆေးပညာမှာ ဗဟုသုတရှိတာပဲ ရှိတာပါ၊ ကျွန်တော်က ခင်ဗျားအမေကို ကုနိုင်ရင်တောင် ဆရာ့ကို နိုင်တယ်လို့ပြောလို့မရပါဘူး”

ဝူလာလီသည် တည်ငြိမ်နေသော သူမမျက်နှာကို စိုက်ကြည့်ပြီးပြောလေသည် “ခင်ဗျားဆရာက တပည့် ကောင်းရထားတာပဲ”

“မင်းသားက ချီးကျူးလွန်းနေပါပြီ” ရှီမာယူယူသည် ပြုံးပြီးပြောလိုက်သည်။

သူတို့ စကားပြောရင်းနှင့် နန်းတော်အပြင်ဘက်သို့ ရောက်လေသည်။ ထိုနေရာတွင် လူအနည်းငယ်သာ ရှိသော်လည်း ပိုပြီး တင်းမာနေသည်ဟု ရှီမာယူယူ ခံစားရသည်။

“ဒီနေရာပဲ” ဝူလာလီ ပြောလိုက်သည် “ကျွန်တော် ဖခမည်းတော်ကို အရင်သွားပြောလိုက်ဦးမယ်၊ ချန်းရှင်း ဒီမှာနေပြီး သူ့ကိုစောင့်ပေးလိုက်ပါ”

“မင်းသား ကျွန်တော်လိုက်ခဲ့တာပိုကောင်းမယ်” ချန်းရှင်းသည် ဘုရင်ကြီး ဒေါသထွက်လျှင် မင်းသား အပေါ်သက်ရောက်မှုရှိမည်ကို စိုးရိမ်သည်။ နောက်ပိုင်းတွင် ဘုရင်ကြီးသည် ပိုပြီး ဆိုးလာရာ မိဖုရားခေါင်ကြီး ကွယ်လွန်သွားမည့်အကြောင်းကို မည်သူမှမတွေးရဲကြပေ။

“ဒီမှာပဲနေပြီး ယူယူကိုစောင့်ပေးလိုက်ပါ” ဝူလာလီပြောလိုက်သည် “ကျွန်တော် အဖေနဲ့ စကားသွားပြော လိုက်ဦးမယ် ဘာမှမဖြစ်ပါဘူး၊ ဒါပေမဲ့ လူသားဖြစ်ပြီး ဒီမှာတစ်ယောက်တည်းကျန်နေခဲ့ရမယ့် ယူယူ့ကိုစိတ်ပူ တာ”

“ကျွန်တော်.. ကောင်းပါပြီ” ချန်းရှင်းသည် ပြောလိုက်သည် “ဘုရင်ကြီးက မင်းသားထွက်သွားပြီးနောက် ပိုင်းကို ပိုပြီးဒေါသကြီးလာတယ်၊ သူ့ကို စကားမမှားတာကောင်းပါမယ်”

“သိပါပြီ” ဝူလာလီသည် လှည့်ထွက်သွားလေသည်။

ရှီမာယူယူသည် ချန်းရှင်းနှင့် စောင့်ကျန်နေခဲ့လေသည်။ ထိုနေရာရှိ ထူးဆန်းသောကျောက်များကိုတွေ့ သောအခါ ထူးဆန်းသည်ဟု ခံစားမိပြီး ထိတွေ့ချင်မိသည်။

“မင်းအဲဒီကိုမသွားတာ ကောင်းလိမ့်မယ်” ချန်းရှင်း ပြောလေသည်။

“ဘာလို့လဲ”

“ဒီမှာနေရာတိုင်းမှာ ထောင်ချောက်တွေရှိတယ် အဲဒါအပြင် အားသန်တဲ့အစောင့်တွေလည်းရှိတယ်၊ မင်း လှည့်ပတ်ကြည့်ရင်းကနေ အထင်လွဲခံရပြီး အသတ်ခံရရင် ကံဆိုးလွန်းတယ်လေ” ချန်းရှင်းသည် ရှင်းပြလေ သည်။

ရှီမာယူယူသည် သူ့အကြည့်နောက်လိုက်ကြည့်ရာ ကျောက်ပေါ်တွင် ရွှေမြွေလေးအရွယ်ရှိသော မြွေ အနည်းငယ်ရှိသည်ကို တွေ့လိုက်ရသည်။ သူမသည် မြွေအရောင်အား တွေ့သောအခါ ခရမ်းရောင်ရေနဂါးများ သည် အသွင်ပြောင်းထားသည်ဟု ခန့်မှန်းလိုက်သည်။

“ချန်းရှင်း ဦးလေးတို့ မျိုးနွယ်တွေအကုန်လုံးက ဘာလို့လူသားတွေကိုမုန်းကြတာပဲလား”

“အင်း သူတို့က မိဖုရားကြီးရောဂါကိုမကုနိုင်ကြဘူးလေ၊ ပိုဆိုးအောင်တောင်လုပ်လိုက်ကြသေးတယ်” ထိုစကားပြောလိုက်ချိန်တွင် ချန်းရှင်း၏ မျက်နှာသည် အလွန်ပျက်နေသည်။ သူသည်လည်း လူသားများအပေါ် တွင် အမြင်မကြည်လှပေ။ သူမကိုမသတ်ရသည့်အကြောင်းအရင်းမှာလည်း ဝူလာလီမှ ကိုယ်တိုင်ခေါ်လာခြင်း ကြောင့်ဖြစ်သည်။

ထိုအချိန်တွင် နန်းတော်ထဲတွင် ဝူလာလီသည် သူ့ဖခမည်းတော်နှင့် မျက်နှာချင်းဆိုင်ထားရာ ဝူလာမိုင် သည် အေးစက်သော အမူအရာဖြစ်နေသည်။

“ဒီကို ဘယ်လူသားမှခေါ်မလာရဘူးလို့ပြောထားပြီးသားလေ မင်းက ငါ့စကားကို လျစ်လျူရှုတာလား” ဝူလာမိုင် ဝူလာလီအား ညွှန်ပြနေသော လက်သည် တုန်ယင်လောက်အောင် ဒေါသထွက်နေလေသည်။

“ခမည်းတော် လူသားတစ်ယောက်ရဲ့ အမှားကြောင့်နဲ့ လူသားမျိုးနွယ်အကုန်လုံးကို အပြစ်မတင်သင့် ဘူး” ဝူလာလီ ပြောလိုက်သည် “လူသားတွေကြားမှာလည်း လူကောင်းနဲ့ လူဆိုးဆိုတာရှိပါတယ်၊ သမားတော် အတုတွေရှိသလို ကျွမ်းကျင်သူတွေလည်းရှိပါတယ်၊ ဒါပေမဲ့ လူသားအကုန်လုံး တူတယ်လို့တော့ မဆိုလိုပါဘူး၊ ခမည်းတော် မယ်မယ်ဘက်ကို ကြည့်ပေးပါ၊ သူမက အဲဒီမှာလှဲနေရတာ ဆယ်စုနှစ်များစွာရှိပြီ ပြီးတော့ သူမ အခြေအနေက ပိုဆိုးလာနေပြီ၊ သူမ ရေဖန်ကျောက်အိပ်ရာပေါ်မှာလှဲနေတာတောင် ဘယ်လောက်ကြာအောင် တောင့်ခံနိုင်မလဲဆိုတာ မသိနိုင်ဘူးလေ”

“အဲလိုဖြစ်ရင်တောင် လူသားကို မကုခိုင်းနိုင်ဘူး” ဝူလာမိုင် ဟိန်းဟောက်လိုက်သည် “မင်း မယ်တော် ပိုပြီးအခြေနေဆိုးလာရတာလဲ မင်းတွေ့ကရာလူသားကိုဆွဲခေါ်သွင်းလာလို့လေ”

“ဒါပေမဲ့ ခမည်းတော် မယ်မယ့်ကို တစ်သက်လုံးအဲမှာပဲ လှဲနေစေချင်တာတော့မဟုတ်ဘူးမလား၊ စကား လည်းပြောနိုင် ပြုံးလည်းမပြုံးနိုင်၊ သေတာနဲ့ဘာကွာလို့လဲ၊ မယ်မယ်က အပြင်မှာဆော့ကစားရတာကိုကြိုက်တဲ့ နွေးထွေးတဲ့သူပါ၊ သူမက ရယ်ရတာကြိုက်တယ် တခြားလူတွေနဲ့ စကားပြောရတာကြိုက်တယ်၊ အခု ဒီလိုဖြစ် သွားတော့ သူမသည် ဝေဒနာခံစားရမှာပဲ သေဖို့ပဲမျှော်လင့်နေမှာပဲ”

“မင်းကများ” ဝူလာမိုင်သည် ဝူလာလီအား ထိုးလိုက်ရာ လွင့်ထွက်သွားလေသည်။ သူသည် နန်းတော်၏ နံရံအားတိုက်ပြီးနောက် ကြမ်းပေါ်သို့ကျသွားလေသည်။

“ဒေါသထွက်နေပြီလား” ဝူလာလီသည် ကြမ်းပေါ်မှ ကုန်းထကာ ပြောလိုက်သည် “ခမည်းတော်က တကယ်ပဲ တစ်ကိုယ်ကောင်းဆန်တာပဲ၊ မယ်မယ်က ဒီလိုဖြစ်နေတာကို ပျော်မှာမဟုတ်တာကိုသိတယ်၊ ဒါပေမဲ့ ဒီအတိုင်းပဲထားထားတယ်၊ ခမည်းတော်က သူမကိုကယ်ချင်တယ်၊ ကျွန်တော်တို့လည်းကယ်ချင်ကြတယ်၊ ဒါပေမဲ့ ဒီမှာအခွင့်အရေးရောက်လာပြီလေ ဒါပေမဲ့ ကိုယ့်ဘက်မှာဆုံးရှုံးတာကို ကြောက်တာနဲ့ ခေါင်းမာပြီး ငြင်း နေတယ်၊ ခမည်းတော် မယ်မယ့်ကိုရောတကယ်ချစ်ရဲ့လား”

***

All Chapters