← Chapters

သူမက မိန်းကလေးပဲ

Vol. 007 Ch. 610

သူမက မိန်းကလေးပဲ

Vol. 007 Ch. 610

“ငါက ဘယ်လိုလုပ်သူမကို မချစ်ရမှာလဲ၊ ငါ့ဘဝမှာ အချစ်ဆုံးလူက မင်းမယ်တော်ပဲ၊ သူမ အသက်ပြန် ဝင်လာဖို့အတွက် ငါ့အသက်သွေးတွေဘယ်လောက် သုံးလိုက်ရလဲ မင်းသိလား၊ မင်းက စကားလုံးတွေနဲ့ ငါ့ကို ဒေါသထွက်သေစေချင်နေတာလား” ဝူလာမိုင်သည် ဝူလာလီအား ကြည့်လိုက်သည်။

“ခမည်းတော်မှားနေပြီ တကယ့်အချစ်စစ်ဆိုတာ မယ်မယ့်ရဲကဆန္ဒကို ဂရုမစိုက်ပဲ လုပ်ချင်ရာလုပ်တဲ့ တစ်ကိုယ်ကောင်းဆန်တာမဟုတ်ဘူး” ဝူလာလီသည် မျက်လုံးချင်းဆုံသွားသော်အခါ “ခမည်းတော် စဉ်းစား ကြည့်ပါ မယ်မယ့်ကို တစ်သက်လုံးအိပ်ရာပေါ်မှာပဲလှဲပြီးနေသွားစေချင်တာလား၊ မဟုတ်ရင် အပြင်က လူသား ကို စမ်းကြည့်ခိုင်းမလား”

ထိုစကားပြောပြီးနောက်တွင် ၂ယောက်လုံးတိတ်ဆိတ်သွားလေသည်။

“မယ်မယ်…” ဝူလာလီသည် ရုတ်တရက် ရေဖန်ကျောက်အိပ်ရာသို့ ပြေးသွားကာ စိုးရိမ်စွာ ငိုလေသည် “ခမည်းတော် မယ်မယ်ကသိနေတယ် သူမ ငိုနေတယ်”

ဝူလာမိုင်သည် လှည့်လာရာ ပါးပြင်ပေါ်မှ မျက်ရည်များသည် ပင်လယ်ရေများဘက်သို့ စီးသွားသည်ကို တွေ့လိုက်ရသည်။ သူသည် ခေတ္တမျှအာရုံစိုက်ရာမှ ပြောလေသည် “အဲလူကိုဝင်ခိုင်းလိုက်”

ဝူလာလီ၏ မျက်လုံးသည် ပျော်ရွှင်မှုများလက်သွားပြီး အပြေးထွက်သွားလေသည်။

“ယူယူ ကျွန်တော်စကားပြောပြီးသွားပြီ မယ်မယ့်ကိုသွားစမ်းသပ်လိုက်တော့”

“ခင်ဗျားဒဏ်ရာရသွားတာတော့မဟုတ်ဘူးမလား” ရှီမာယူယူ မေးလိုက်သည်။

“ဟင်”

“ကျွန်တော်တို့အားလုံးကြားလိုက်တယ် တိုက်ခိုက်သံလည်းကြားတယ်” ရှီမာယူယူ ပြောလိုက်သည်။

“ကျွန်တော်အဆင်ပြေပါတယ် မယ်မယ့်ကိုသာသွားကြည့်လိုက်ပါ၊ သူမ စိတ်လှုပ်ရှားသွားတယ်နဲ့တူ တယ် အခုငိုတောင်ငိုနေပြီ၊ သူမ စိတ်ခံစားချက်ကို ပြတာ ဒါပထမဆုံးအကြိမ်ပဲ” ဝူလာလီသည် သူမအား ဆွဲခေါ် ကာ အထဲသို့ သွားလေသည်။

ရှီမာယူယူ ဝင်လိုက်ချိန်တွင် ပထမဆုံးလုပ်လိုက်မိသည်မှာ ခရမ်းရောင်ဝတ်စုံဝတ်ထားသော ရန်လို နေသော အမျိုးသားတစ်ယောက်ကိုကြည့်မိခြင်းဖြစ်သည်။ စဉ်းစားစရာမလိုအောင်ပင် ထိုလူသည် ခရမ်းရောင် ရေဘုရင်ဖြစ်ကြောင်းကို သေချာသွားသည်။

သူ့ရှေ့ရှိ ရေကျောက်ဖျာပေါ်တွင် လှပသော အမျိုးသမီးတစ်ယောက်လှဲလျောင်းနေသည်။ လက်နှစ်ဖက် သည် ဝမ်းဗိုက်ပေါ်တွင် တင်ထားကာ သူမသည် အိပ်နေသည့်အတိုင်းပင်။

“ခမည်းတော် သူရောက်ပါပြီ” ဝူလာလီ ပြောလိုက်သည်။

ဝူလာမိုင်သည် လှည့်လာပြီး ရှီမာယူယူအား ကြည့်လိုက်သည်။ သူမသည် ဒီလောက်ငယ်လိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။ သူ အစပိုင်းတွင်ထင်ခဲ့သည်မှာ ဝူလာလီသည် အလွန်ဂုဏ်ရှိန်ကြီးမားသော လူဖြစ်မည်ဟု ထင် ထားခဲ့သည်။

“လာကြည့်လိုက်ပါ” သူသည် ဘေးတွင်ရပ်ပြီး ရှီမာယူယူအား စမ်းသပ်ခိုင်းလိုက်သည်။

ရှီမာယူယူ လျှောက်လာပြီး သူမ လူသားအသွင်ဖြစ်နေသည်ကို သက်ပြင်းချမိသည်။ မဟုတ်လျှင် မိစ္ဆာ အတွက်ဆိုလျှင် သွေးကြောစမ်းရန်မဖြစ်နိုင်ပေ။

“ဝိဉာဉ်စွမ်းအင်တွေ ပျောက်နေတယ်၊ သွေးကြောတွေလည်းပျက်စီးနေပြီ၊ အတွင်းပိုင်း အင်္ဂိါအစိတ် အပိုင်းတွေလည်း ကြေမွနေပြီ၊ အဲဒါကြောင့် နိဗ္ဗာန်ဆေးမှမဟုတ်ရင် ကယ်လို့မရဘူးလို့ ဆရာပြောခဲ့တာကိုး” သူမသည် ထိုအမျိုးသမီး၏ အခြေအနေအား စမ်းသပ်ပြီးနောက် သက်ပြင်းချမိလေသည်။

“ဘယ်လိုလဲ မယ်မယ့်ကို ကယ်နိုင်လား” ဝူလာလီသည် စိုးရိမ်စွာ မေးလိုက်သ်ည။

“သူမ အခြေအနေက ခင်ဗျား ကျွန်တော့်ကိုပြောတာထက်တောင် ပိုဆိုးနေတယ်၊ သူမရဲ့ အတွင်းကိုယ် ပိုင်းနဲ့ သွေးကြောပြဿနာအပြင်ကို သူမ အသိစိတ်ကလည်း ပျက်စီးနေပြီ၊ ပြီးတော့ သူမက ဒဏ်ရာရထားတာ အတော်ကြာနေပြီဆိုတော့ ဒဏ်ရာတွေက အတွင်းထဲထိ ပိတ်မိနေပြီ၊ သူမကို အချိန်တစ်ခုထိ ကုပြီးမှ အဖြေပြန် ပေးနိုင်မယ်” ရှီမာယူယူ ပြောလိုက်သည် “အဆင်ပြေတယ်ဆိုရင်တော့ မျှော်လင့်ချင်မရှိတာမဟုတ်ဘူး၊ ဒါပေမဲ့ သူမက ကျွန်တော့်ကုသမှုကို မတုံ့ပြန်နိုင်ရင် ခင်ဗျားတို့လုပ်ရမှာက နိဗ္ဗာန်ဆေးကိုဆက်ရှာရမှာပဲ”

“မယ့်မယ့်ကို ကုသဖို့ကဖြစ်နိုင်ချေရှိတယ်လို့ ပြောတာလား”

“မင်းသား သူမ တုံ့ပြန်ဖို့လိုသေးတယ်ဆိုတာ ပြောပြီးပါပြီ” ရှီမာယူယူ ပြောလိုက်သည်။

“ဒါဆို သူမကို ကုသဖို့ ဘယ်လောက်ကြိုးစားရမလဲ” ဝူလာလီ မေးလိုက်သည်။

“၁၀ရက်” ရှီမာယူယူ ပြန်ဖြေလိုက်သည်။

“ဒါဆို ၁၀ရက်ပေးပါမယ်”

“ဒီကို အစေခံမိန်းကလေးတစ်ယောက်လွှတ်ပေးတာ ကိစ္စတချို့လုပ်ရမှာတွေရှိတယ်” ရှီမာယူယူ ပြော လိုက်သည် “ပြီးတော့ သူမ အဝတ်တွေကိုချွတ်ဖို့လိုလိမ့်မယ်”

“မဖြစ်နိုင်ဘူး” သူမ စကားမဆုံးခင်မှာပင် ဝူလာမိုင်သည် စကားဖြတ်ပြောလေသည်။

“ကျွန်တော်အပ်စိုက်ရမယ်လေ” ရှီမာယူယူ ပြောလိုက်သည်။

“ခရမ်းရောင်မျိုးနွယ်ရဲ့ မိဖုရားခေါင်ကြီး ခန္ဓာကိုယ်ကို ဘယ်လိုလုပ် တခြားယောက်ျားလေးကိုပြရမှာလဲ မဖြစ်နိုင်ဘူး” ဝူလာမိုင်သည် ချက်ချင်းငြင်းဆန်လေသည်။

“ခမည်းတော် သူမက မိန်းကလေးပါ” ဝူလာလီသည် ချက်ချင်းပင် ဝူလာမိုင်၏ ဒေါသကို ဆွဲထားပြီး ပြော လေသည်။

ဝူလာမိုသည် သံသယဝင်နေတုန်းပင်။ ရှီမာယူယူသည် အံ့သြသွားသည်။

“ဘယ်လိုသိတာလဲ”

“မင်းငါ့လက်ကို ကိုင်လိုက်တုန်းက ယောက်ျားလေးလက်လို့ မခံစားရဘူး” ဝူလာလီ ရှင်းပြလေသည်။

အာ…

ဒီလိုထူးဆန်းတဲ့နည်းလမ်းလည်းရှိသေးတာလား။ သူမ တခြားသူရဲ့ လက်ကိုတွေ့ကရာမကိုင်တော့မှ ဖြစ်မယ်။

“မင်းက တကယ်ပဲမိန်းကလေးပဲ” ဝူလာမိုင်သည် မယုံနိုင်ပေ။ သူမသာ အမှန်တကယ် မိန်းကလေးဆို ပါက ဘာလို့မပြောနိုင်ရတာလဲ။

ရှီမာယူယူသည် သူမ၏ ထင်ယောင်ထင်မှားလက်စွပ်ကိုလှည့်လိုက်ရာ ချက်ချင်းပင် ဆံပင်မှ အဝတ်များ မှလွဲပြီး မိန်းကလေးအသွင် ပြောင်းသွားလေသည်။ သို့သော် ကြည့်လိုက်သည်နှင့် သူမသည် မိန်းကလေးဖြစ် ကြောင်းသိနိုင်သည်။ အထူးသဖြင့် သူမ၏ ရင်ဘတ်ပင်ဖြစ်သည်။

“ဘုရင်ကြီးသဘောတူပါသလား” သူမ ပြောလိုက်သည် “သူမက လူသားပုံစံဖြစ်နေလို့တော်သေးတယ် အဲဒါမှ အပ်စိုက်လို့ရမှာ မဟုတ်ရင် သူမကိုကုရမှာ လည်နေမှာ၊ ဘုရင်ကြီးသဘောမတူရင်လည်း ကျွန်တော့်မှာ ရှေးဟောင်းနည်းလမ်းတွေရှိသေးတယ်”

“မင်းက မိန်းကလေးဆိုမှတော့ အပ်စိုက်လို့ရပါတယ်” ဝူလာမိုင် ပြောလိုက်သည် “ဒါပေမဲ့ မင်းလုပ်နေတဲ့ အတွင်းမှာ ငါရှိနေမယ်”

ရှီမာယူယူသည် နှုတ်ခမ်းတွန့်မိသည်။ ထိုနေရာသည် သူ့နယ်မြေဖြစ်ကာ ကုသရမည့်သူမှာလည်း သူ့ဇနီးဖြစ်သောကြောင့် သူမသည် ကျိုးနွံစွာနားထောင်ရပေမည်။ အထူးသဖြင့် ထိုအဘိုးကြီးက… လူသားတွေ မြင်တဲ့အမြင်လည်းရှိသေးတယ်လေ။

နောက်ဆုံးတွင် သူမသည် မြင်ကွင်းအားပိတ်ရန် ခန်းဆီးအားထုတ်လိုက်သည်။ မည်သို့ပင်ဖြစ်စေကာမူ ဝေလာမိုင်ကို ဆန့်ကျင်ခြင်းမှာ အသုံးမဝင်နိုင်ပေ။

သူမသည် အစေခံမိန်းကလေးအား ထိုအမျိုးသမီး၏ အဝတ်များကိုချွတ်စေပြီးနောက် ဆေး၂လုံးတိုက် လိုက်သည်။ ထို့နောက်တွင် သူမသည် အပ်စိုက်တော့သည်။ နောက်တွင် သူမသည် တစ်နေ့လုံး ကုသမှုများလုပ် ပေးရာ အားလုံးပေါင်း ၅ကြိမ်ရှိလေသည်။

ဝူလာမိုင်သည် ထွက်မသွားပဲ အိမ်ထဲတွင် တစ်ချိန်လုံးရှိနေကာ ရှီမာယူယူ အပ်စိုက်သည်ကို စောင့် ကြည့်နေခဲ့သည်။ သူသည် မိဖုရားကြီး၏ အခြေအနေတိုးတက်လာမည်ကို စောင့်ကြည့်နေလေသည်။

ဝူလာလီအား သားတစ်ယောက်အနေနှင့် မျက်နှာလိုက်ခြင်းမရှိပေ။ သူ့ကို ၁၀ရက်မြောက်နေ့မှပင် လာ စေသည်။ သူနှင့်လိုက်လာသော နောက်တစ်ယောက်သည် သူနှင့် ရုပ်ချင်းဆင်သည်။

“ယူယူ မယ်မယ် ဘယ်လိုနေလဲ” ဝူလာလီသည် ရောက်သည်နှင့် ချက်ချင်းပင် မေးလေသည်။

“သူမက မဆိုးတော့ဘူး၊ အနည်းဆုံးတော့ သူမရဲ့ အရင်အခြေအနေဆိုးထက်တော့ ကောင်းလာတယ်” ရှီမာယူယူ ပြန်ဖြေလေသည်။

“ဒါဆိုရင် မယ်မယ့်အတွက် မျှော်လင့်ချက်ရှိသေးတယ်ပေါ့”

“သူမ သတိပြန်ဝင်လာအောင် အကောင်းဆုံးကြိုးစားပေးပါမယ်” ရှီမာယူယူ ပြောလိုက်သည် “ဒါပေမဲ့ ဆေးပါဝင်ပစ္စည်းတချို့လိုမယ်၊ နောက်ကျရင် ဆေးဖော်ဖို့နေရာလည်းလိုမယ်၊ မဟုတ်ရင် ဆေးဖော်ဖို့အတွက် ကျွန်တော်တို့တိုင်းပြည်အထိ ပြန်သွားရမလိမ့်မယ်”

“ဆေးဖော်ဖို့နေရာဟုတ်လား ဒီနေရာမှာမရဘူးလား”

“မလုပ်နိုင်တာတော့မဟုတ်ဘူး၊ ရေမရှိတဲ့နေရာလိုမယ်၊ မဟတု်ရင် ဆေးကောင်းရမှာမဟုတ်ဘူး” ရှီမာယူယူ ရှင်းပြလေသည်။ “ကျွန်တော် ဒီရက်ပိုင်းအတွင်းကို အပ်စိုက်တာဆက်လုပ်ဦးမယ်၊ အဲအချိန်အတွင်း ကိုတတ်နိုင်သလောက် ဆေးပစ္စည်းတွေပို့ပေးပါ”

“လိုတာပြောပါ ကျွန်တော်သွားရှာလိုက်ပါမယ်” ဝူလာလီပြောလေသည်။

ရေအောက်တွင် စာရွက်မှာ အသုံးမဝင်ပေ။ သူမသည် အသံကျောက်တုံးထုတ်ပြီးနောက် လိုအပ်သည့် ပစ္စည်းစာရင်းကို ပြောလိုက်သည်။ ထို့နောက်တွင် သူမသည် အသံကျောက်တုံးအား ဝူလာလီကိုပေးပြီး “ဒါကို ယူပြီး အံ့ဖွယ်တောင်ကြားမှာ ကျွန်တော့်ဆရာကိုသွားရှာလိုက်ပါ၊ သြော် သူမရှိတာလည်းဖြစ်နိုင်တယ်၊ အဲလို ဆိုရင် တခြားလူကိုရှာလိုက်ပါ၊ အံ့ဖွယ်နတ်ဆိုးတောင်ကြားမှာ ဒီပစ္စည်းတွေမရှိရင် တခြားနေရာမှာသွားရှာရလိမ့် မယ်”

“ကောင်းပါပြီ” ဝူလာလီသည် အသံကျောက်တုံးအားသိမ်းလိုက်သည်။

“ဟုတ်သားပဲ အဲဆေးပစ္စည်းတွေကို ၃လတွင်းရှာရင် အကောင်းဆုံးပဲ” ရှီမာယူယူ ပြောလိုက်သည် “အနည်းဆုံးတော့ ၄လပေါ့ မဟုတ်ရင် ဒီလအတွင်းလုပ်လာတာတွေက အလဟသဖြစ်သွားလိမ့်မယ်”

“လူတွေခေါ်သွားပါ၊ ပစ္စည်းတွေကို သေချာယူခဲ့ အချိန်မဖြုန်းမိစေနဲ့” ဝူလာမိုင်သည် အမိန့်ပေးလိုက် သည် “ဘယ်လိုပဲဖြစ်ဖြစ် ၃လအတွင်းကို အကုန်ယူခဲ့ရမယ်”

***

All Chapters