← Chapters

သူက ဒီမှာဘာလုပ်နေတာလဲ

Vol. 007 Ch. 611

သူက ဒီမှာဘာလုပ်နေတာလဲ

Vol. 007 Ch. 611

ဒီနေ့တွင် အံ့ဖွယ်တောင်ကြားသခင်သည် တည်ဆောက်မှုများအကြောင်း စမ်းသပ်မှုလုပ်နေစဉ်တွင် တပည့်တစ်ယောက်သည် ဝူလာလီနောက်တစ်ကြိမ်ရောက်လာကြောင်း အကြောင်းကြားလေသည်။ သူသည် ပြုလုပ်ထားသော တည်ဆောက်မှုအသစ်ကို သိမ်းလိုက်လေသည်။

ဝူလာလီသည် သူ့ပစ္စည်းများကို ဖျက်ဆီးခဲ့သည်ကို ပြန်တွေးမိသဖြင့် အစောင့်များသည် ချက်ချင်းပင် တောင်ကြားသခင်အား သတင်းလာပို့ခြင်းဖြစ်သည်။

“ဝူလာလီ လာတာလား၊ သူက ဒုတောင်ကြားသခင်ကိုလာရှာလာတာလား၊ ဒုတောင်ကြားသခင် ဒီမှာ မရှိဘူးလို့ပြောလိုက်” အံ့ဖွယ်တောင်ကြားသခင် ပြောလိုက်သည်။

“သူ့ကိုပြောပြီးပါပြီ ဒါပေမဲ့ သူက နတ်ဆိုးတောင်ကြားသခင်ကို လာရှာတာမဟုတ်ဘူးတဲ့” တပည့်သည် ပြန်ဖြေလေသည်။

“သူက ဒုတောင်ကြားသခင်ဆီလာတာမဟုတ်ဘူးလား ဒါဆို သူဘယ်သူ့ကိုလာရှာတာတဲ့လဲ”

“ဆရာကြီးကိုလာရှာတာတဲ့”

“ငါ့ကိုလား” အံ့ဖွယ်တောင်ကြားသခင်သည် စာအုပ်ကိုချလိုက်ပြီး “သူဘာအတွက်လာတာလဲ သိချင် တယ်၊ သူ့ကို ဧည့်ခန်းဆောင်ကိုခေါ်လာခဲ့လိုက် ငါအဲဒီကို အခုပဲသွားမယ်”

“ဟုတ်ကဲ့ပါ တောင်ကြားသခင်”

တပည့်သည် နောက်ဆုတ်သွားသည်နှင့် အံ့ဖွယ်တောင်ကြားသခင်သည် ပစ္စည်းများသိမ်းပြီး တောင်ကြား အပြင်ပိုင်းသို့ ဖြေးညင်းစွာလျှောက်သွားလိုက်သည်။

ဝူလာလီသည် အပြင်ဘက်ရှိတည်ဆောက်မှုကို ဖြတ်ကျော်လာပြီး ဧည့်ခန်းဆောင်သို့ဝင်လာသည်။ ထို့နောက်တွင် သူသည် လက်ဖက်ရည်သောက်ရင်း စောင့်နေလေသည်။

ခဏအကြာတွင် အံ့ဖွယ်တောင်ကြားသခင်ဝင်လာသည်။

“မင်းသား အံ့ဖွယ်နတ်ဆိုးတောင်ကြားကို ဘာလို့လာတာလဲသိချင်ပါတယ်”

ဝူလာလီသည် မတ်တပ်ရပ်ပြီးပြောလေသည် “ကျွန်တော် လီက ဒီတစ်ခါကို တောင်းဆိုဖို့လာတာပါ”

“မင်းသားမှာဘာတွေဖြစ်ခဲ့တာလဲ သိချင်ပါတယ်၊ ကျွန်တော်တို့ဘာတွေကူညီဖို့လိုနေတာလဲ” အံ့ဖွယ် တောင်ကြားသခင်သည် ဝူလာလီမှာ ယဉ်ကျေးနေသည်ကိုတွေ့ပြီးနောက် သူဖျက်ဆီးခဲ့သမျှကို မေ့လျော့သွား သလိုပင်။

ဝူလာလီသည် အသံကျောက်တုံးကိုထုတ်ပြီး အံ့ဖွယ်တောင်ကြားသခင်ဆီသို့ ပေးလိုက်သည် “တောင်ကြားသခင် ဒါကိုနားထောင်ရင်သိမလား”

အံ့ဖွယ်တောင်ကြားသခင်သည် အသံကျောက်တုံးအားယူပြီး ဝိဉာဉ်စွမ်းအင်ထည့်လိုက်သည်။ ရှီမာယူယူ၏ အသံထွက်လာသည်။

“ဆရာ ကျွန်တော်က ခရမ်းရောင်ရေမိစ္ဆာမျိုးနွယ်မှာရောက်နေတယ်၊ သူတို့ မိဖုရားကြီးကို ကူပြီးကုပေး နေတာပါ၊ တောင်ကြားမှာ ဒီပစ္စည်းတွေရှိမလားဆိုတာ ကျေးဇူးပြုပြီး ကြည့်ပေးလို့ရမလား၊ ခရမ်းရောင်သဲ နှလုံးသားအနီသဲ… ကျွန်တော်ဒီမှာ အများဆုံး ၃ ၄ လပဲနေလို့ရမယ်၊ အဲဒါကြောင့် ဒီပစ္စည်းတွေကို ဒီအချိန် အတွင်းကို ပြင်ပေးပါ၊ ဆရာ၊ ကျွန်တော့်ကိုအဲဒါတွေပြင်ပေးပြီး မင်းသားနဲ့ထည့်ပေးလိုက်ပါ၊ သူတို့က ဆရာတို့ကို တန်ရာတန်ကြေးဘယ်လိုပေးမလဲတော့ ကျွန်တော်မသိပါဘူး ဆရာ မြန်နိုင်သလောက် မြန်မြန်လေးပေးပါ”

ရှီမာယူယူ၏ အသံသည် ထိုနေရာတွင်ဆုံးသွားသည်။ သူမလိုအပ်သည့် ပါဝင်ပစ္စည်းစာရင်းကို သူ ရေတွက်မိလေသည်။

ခရမ်းရောင်ရေမျိုးနွယ်မှာ ရတနာတွေအများကြီးလေ

“တောင်ကြားသခင် တောင်ကြားမှာ ယူယူက သူမဆရာမရှိရင်လည်း ဖြစ်တယ်၊ တောင်ကြားသခင်ကိုပဲ ရှာပါလို့ ယူယူပြောလိုက်ပါတယ်” ဝူလာလီပြောလိုက်သည် “ကျွန်တော် တောင်ကြားသခင်ကိုတောင်းဆိုတာပါ တောင်ကြားသခင်ရဲ့ အကူအညီနဲ့ ဒီဆေးဖက်ဝင်ပစ္စည်းတွေကို ပြင်ပေးပါ၊ ယူယူပြောသလိုပဲ ကျွန်တော်တို့က တန်ရာတန်ကြေးပေးမှာပါ”

အံ့ဖွယ်တောင်ကြားသခင်သည် စားပွဲကို လက်ချောင်းဖြင့် ခေါက်နေသည်။ ခေတ္တမျှစဉ်းစားပြီးနောက် ပြောလိုက်သည် “ကျွန်တော်တို့ ပေးချေဖို့ကိစ္စကို နောက်မှပြောလို့ရပါတယ်၊ ကျွန်တော်တို့ ဒီပစ္စည်းတွေပြင်ဖို့ နည်းလမ်းရှာပါမယ်၊ မင်းသား အပြင်မှာ ခဏလောက်စောင့်ပေးဖို့ပြောချင်ပါတယ်”

“ကျေးဇူးတင်ပါတယ် တောင်ကြားသခင်” ဝူလာလီသည် ကျေးဇူးတင်မိကြောင်း ပြောလေသည်။

အံ့ဖွယ်တောင်ကြားသခင်သည် တစ်စုံတစ်ယောက်အားခေါ်လိုက်သည်။

“တောင်ကြားသခင်”

တောင်ကြားသခင်သည် သူ့အား အသံကျောက်တုံးပေးပြီးနောက် ပြောလိုက်သည် “သူက တောင်ကြား သခင်လေးလိုတဲ့ ပစ္စည်းတွေပဲ၊ မင်းဒီစာရင်းမှာပါတဲ့ ပစ္စည်းတွေကို ပြင်ထားပေး၊ အရင်ဆုံး တောင်ကြားထဲမှာ ရှိလားကြည့်လိုက် မလောက်ရင် အပြင်ထွက်ရှာလိုက်၊ ဒီပစ္စည်းတွေကို သေချာပေါက်ပြင်ဆင်ပေးပါ”

“ဟုတ်ကဲ့ပါတောင်ကြားသခင်” ထိုလူသည် အသံကျောက်တုံးယူပြီး လှည့်ထွက်သွားလေသည်။

“ယူယူက အပြင်ဂိုဏ်းမှာနေနေတာမဟုတ်လား၊ သူက ကြယ်ကိုးပွင့်သမုဒ္ဒရာကို ဘာသွားလုပ်တာလဲ” အံ့ဖွယ်တောင်ကြားသခင် မေးလေသည်။

“ဒီလိုပါ…”

ဝူလာလီသည် သူနှင့် ရှီမာယူယူအပြင်ပိုင်းဒေသတွင်တွေ့ဆုံပြီးနောက် သူတို့၏ သဘောတူညီချက်ကို ပြောပြလေသည်။

“သိပြီ၊ သူ့ဆေးပညာကမဆိုးဘူးလို့ ငါလည်းကြားတယ် ဟော်လန်တောင်မှ သူ့ကိုချီးကျူးလို့မပြီးနိုင်ဘူး” အံ့ဖွယ်တောင်ကြားသခင် ပြောလေသည် “သူက မင်းသားရဲ့အမေကို ကုနိုင်ဖို့မျှော်လင့်ပါတယ်”

“သူကုနိုင်မယ်လို့ယုံပါတယ်” ဝူလာလီသည် ပြုံးပြီးပြောလိုက်သည် “အရင်က အမေ့ကိုကုဖို့လာတဲ့လူ တွေက နည်းလမ်းမရှိတော့ဘူးလို့ပဲပြောခဲ့ကြတာ၊ သူက ၁၀ရက်လောက်ပဲကုရသေးတယ် တိုးတက်မှုမြင်နေရပြီ အဲဒါကြောင့် သူ ကျွန်တော့်အမေကိုကုနိုင်မယ်လို့ယုံတယ်”

“ကျွန်တော်တို့်လည်း ဆေးပါဝင်ပစ္စုည်းတွေကိုဖြစ်နိုင်သလောက် ပြင်ပြီး မင်းသားရဲ့အမေကိုမြန်မြန်ကု နိုင်အောင် ကူညီပေးပါမယ်၊ အခုတော့ မင်းသားနားဖို့ခေါ်သွားခိုင်းလိုက်မယ်”

“တောင်ကြားသခင် ဒုက္ခခံပေးတဲ့အတွက်ကျေးဇူးပါ”

“သြော်ဟုတ်သားပဲ ကျွန်တော်တို့ တောင်ကြားမှာတည်ဆောက်မှုတွေ နေရာအနှံ့ရှိတယ်ဆိုတာ သိထား ရမယ်၊ မင်းသား လျှောက်ကြည့်ချင်ရင်တော့ လူတစ်ယောက်ကိုအတူခေါ်သွားပါ မဟုတ်ရင် တစ်ခုခုတွေ့ရင် ပြဿနာတက်နေဦးမယ်” အံ့ဖွယ်တောင်ကြားသခင်သည် သတိပေးလေသည်။

ဝူလာလီသည် ပြီးခဲ့သည့်တစ်ခေါက်က သူတို့၏ တည်ဆောက်မှုအတွင်း မိသွားသည်ကို ပြန်တွေးကာ အနည်းငယ် ရှက်ရွံ့မိသည်။ သူသည် ခေါင်းညိမ့်ကာ ပြောလိုက်သည် “သိပါပြီ”

အံ့ဖွယ်တောင်ကြားသခင်သည် သူ့လူများကို ခေါ်လိုက်ရာ တပည့်တစ်ယောက်သည် ယူလာလီအား လမ်းပြပေးလေသည်။

“ဆရာ” ရင်ဘိုင်ချွန်းဝင်လာသည်။

“ဘိုင်ချွန်းပြန်လာပြီလား၊ မင်းသွားစစ်ဆေးတာ ဘယ်လိုတွေဖြစ်သွားပြီလဲ” အံ့ဖွယ်တောင်ကြားသခင် မေးလိုက်သည်။

“ကျွန်တော် ခေါင်းဆောင်ကိုတွေ့ခဲ့ပြီ၊ တိမ်တိုက်ဂူက အတွင်းပိုင်းဒေသကလူတွေနဲ့ အဆက်အသွယ်ရှိ တယ်၊ သူတို့က အရမ်းသတိရှိနေတော့ ဘယ်သူလဲဆိုတာ မသိရသေးဘူး” ရင်ဘိုင်ချွန်းပြောလိုက်သည် “ဆက် ရှာဖို့ သူတို့ကိုထားခဲ့တယ်”

“ပင်ပန်းသွားပြီ”

“ဆရာ့ရဲ့ တပည့်တစ်ယောက်အနေနဲ့ လုပ်ရမှာပဲ” ရင်ဘိုင်ချွန်းပြောလိုက်သည် “ဆရာ ကျွန်တော် ပြန်လာတဲ့လမ်းမှာ တောင်ကြားကလူက ဆေးပစ္စည်းတွေ ရှာနေတာတွေ့တယ် ဆရာပြန်လာတာလား”

“မဟုတ်ဘူး အဲဒါယူယူပါ” အံ့ဖွယ်တောင်ကြားသခင်ပြောလိုက်သည် “သူက လူလွှတ်ပြီး ဆေးပစ္စည်း တချို့ပြင်ခိုင်းတာ အရေးကြီးတယ်ပြောတယ်”

“ယူယူက တောင်ကြားကိုလာပြီလား” ရင်ဘိုင်ချွန်းသည် ထိုကောင်လေးကိုလွမ်းနေခဲ့သည်။ နှစ်မည်မျှ ကြာမည်ကိုလည်း မသိခဲ့ပေ။ သူ ဘယ်လိုနေသလဲဆိုသည်ကို သူသိချင်မိသည်။

“သူဒီမှာမရှိပါဘူး ခရမ်းရောင်ရေမျိုးနွယ်က မင်းသားကလာတာပါ၊ သူက အသံကျောက်တုံးယူလာခဲ့ တယ်၊ ယူယူက ခရမ်းရောင်ရေမျိုးနွယ်ရဲ့ မိဖုရားကြီးကို ကုပေးနေတာတဲ့၊ သူ ဆေးပစ္စည်းတချို့လိုလို့ သူတို့ကို ပြင်ပေးတာ” အံ့ဖွယ်တောင်ကြားသခင် ပြန်ဖြေလိုက်သည် “အဲကောင်စုတ်လေး မပြောပဲနဲ့ ကြယ်ကိုးပွင့်သမုဒ္ဒရာ ကိုလိုက်သွားတယ် တကယ့်ကို ခေါင်းမာတာပဲ မဟုတ်ဘူးလား”

“သူက ကြယ်ကိုးပွင့်သမုဒ္ဒရာမှာလား” ရင်ဘိုင်ချွန်းသည် စိုးရိမ်သွားသည် “အဲနေရာက အရမ်းအန္တရာယ် များတယ် သူကအဲဒီမှာဘာလုပ်နေတာလဲ၊ ဦးလေးတောင် မသွားနိုင်တာကို သူကမိဖုရားကြီးကိုကုဖို့ ခရမ်းရောင် ရေမျိုးနွယ်ကိုသွားလိုက်သေးတယ်၊ သူက ဘာဝင်ရှုပ်တာလဲ”

“မင်းလည်းမသိချင်ဘူးလား” အံ့ဖွယ်တောင်ကြားသခင်သည် ပြုံးပြီးပြောလေသည် “အဲကောင်စုတ်လေး က ဇွဲကြီးတယ်၊ ဝူလာလီကိုတောင်မှ ဘယ်အခြေအနေမှာ ဘယ်လိုအပေးအယူလုပ်ရမလဲဆိုတာ သိတယ်၊ ဒါပေမဲ့ သူ့ဆေးပညာကမဆိုးဘူးလို့ ဟော်လန် ပြောတယ်၊ သူ တကယ်ပဲခရမ်းရောင်ရေမိဖုရားကြီးကို တကယ်ပဲ ကုနိုင်မလား မသိနိုင်ဘူးလေ၊ ခရမ်းရောင်ရေမျိုးနွယ်က ကြယ်ကိုးပွင့်သမုဒ္ဒရာမှာ အကြီးဆုံးမျိုးနွယ်ပဲ၊ ငါတို့သာ ဘုရင်ကြီး ဖိဖုရားကြီးတို့နဲ့ ဆက်ဆံရေးကောင်းသွားရင် သူတို့မျိုးနွယ်ဝင်တွေကြည်သွားရင် အံ့ဖွယ်နတ်ဆိုး တောင်ကြားအတွက်လည်း ကောင်းတာပဲလေ”

“ဒါပေမဲ့ မကုနိုင်ရင်ရော” ရင်ဘိုင်ချွန်းသည် မနားပဲ “ဦးလေး ပြန်လာတုန်းက မိဖုရားကြီးက အရမ်းကို ထိခိုက်ထားတာ၊ ရေကျောက်ဖျာက သူမအသက်ကိုဆွဲဆန့်ထားပေမယ့် သတိမြောနေတဲ့အခြေအနေ ရောက် နေပြီတဲ့ ယူယူကငယ်သေးတယ်၊ အဆင်မပြေရင် သူဘယ်တော့မှ ခရမ်းရောင်ရေမျိုးနွယ်က ထွက်လာ နိုင်မှာ မဟုတ်ဘူး”

“သူ့တပည့်က အဲနေရာမှာသေသွားတယ်ဆိုတာကို ဒုတောင်ကြားသခင်သိလို့ကတော့ ပေါက်ကွဲမှာပဲ” အံ့ဖွယ်တောင်ကြားသခင်လည်း စိုးရိမ်သွားသည်။

“ဆရာ ကျွန်တော်အကြံရပြီ…”

၃လအကြာတွင် ရှီမာယူယူသည် မိဖုရားကြီးအား အပ်စိုက်ခြင်းလုပ်ငန်းပြီးစီးသွားလေသည်။ အစေခံ မိန်းကလေးသည် သူမအား ဝတ်ပေးပြီးသည်နှင့် တခြားမိန်းကလေးတစ်ယောက်ဝင်လာကာ ဘုရင်ကြီးသူမကို အခေါ်ရှိကြောင်းပြောသေလည်။

သူမသည် ဘေးရှိခန်းမဆီသို့သွားရာ နန်းတော်ရှိလူနှစ်ယောက်ကိုပါတွေ့လိုက်ရသည်။ သူမသည် အံ့သြစွာ ပြောလိုက်သည် “စီနီယာရင်လား ဒီကိုဘာလာလုပ်တာလဲ ဒါကရောဘာလဲ”

***

All Chapters