နှစ်ကြိမ်ကျရှုံးခြင်း
Vol. 007 Ch. 612
“ယူယူဒါက ငါ့ဆရာလေ” ရှီမာယူယူ လုံခြုံသည်ကိုမြင်သည်နှင့် ရင်ဘိုင်ချွန်းသည် အရင်ကလောက် မစိုးရိမ်တော့ပေ။ သူသည် အံ့ဖွယ်တောင်ကြားသခင်ကိုမိတ်ဆက်ပေးလေသည်။
“တောင်ကြားသခင်ကိုနှုတ်ဆက်ပါတယ်” ရှီမာယူူယူသည် သူ့အားအရိုအသေပေးလိုက်သည်။
“ငါ့ကို ဦးလေးလို့ခေါ်သင့်တယ် မဟုတ်ဘူးလား” အံ့ဖွယ်တောင်ကြားသခင်သည် ပြုံးပြီးပြောလေသည်။
အဘိုးနတ်ဆိုးနှင့် အံ့ဖွယ်တောင်ကြားသခင်တို့သည် ညီအစ်ကိုဖြစ်ကြောင်းကို ဝူလင်းယူပြောဖူးသည် ကို ရှီမာယူယူကြားဖူးသည်။ ထိုအကြောင်းကိုစဉ်းစားလျှင် သူမသည် ဦးလေးဟုခေါ်သင့်သည်။
“ကျွန်တော်ယူယူက ဦးလေးကိုနှုတ်ဆက်ပါတယ်” သူမသည် ထပ်ပြီးနှုတ်ဆက်ပြန်သည်။
ထိုနှုတ်ဆက်ခြင်းမှတစ်ဆင့် သူတို့သည် ပထမဆုံးတွေ့သည့်နေရာတွင်ပင် ရင်းနှီးသွားလေသည်။
“ဦးလေး စီနီယာရင် ဒီကိုဘာလာလုပ်ကြတာလဲ” ရှီမာယူယူ မေးလိုက်သည်။
“ဒီကစည်းမျဉ်းစည်းကမ်းတွေကို မင်းသေချာမသိရင် သူတို့ဒေါသထွက်မှာစိုးလို့ မင်းကိုကြည့်ပေးဖို့ လာကြတာ” ရင်ဘိုင်ချွန်းပြောလိုက်သည်။
ရှီမာယူယူသည် နွေးထွေးမှုကိုခံစားလိုက်ရသည်။ သူတို့သည် သူမဘေးကင်းရန်အတွက် ယူလာလီနှင့် အတူဒီအထိ လိုက်လာပေးသည်။
“ယူယူ ခင်ဗျားလိုတာတွေကိုအကုန်ပြင်လာပေးတယ် ဘယ်တော့လိုမှာလဲ” ဝူလာလီမေးလိုက်သည်။
“မြန်လေကောင်းလေပဲ၊ ဖြစ်နိုင်ရင် ကျွန်တော်အခုပဲသွားလိုက်တော့မယ်” ရှီမာယူယူ ပြောလိုက်သည်။
“အစ်ကိုကြီး ဧည့်သည်တွေကိုဧည့်ခံလိုက်ပါ၊ ကျွန်တော်သူ့ကို ဆေးဖော်တဲ့နေရာကိုခေါ်သွားလိုက်မယ်” ဝူလာလူပြောလေသည်။
“အိုခေ”
“ယူယူ သွားရအောင်” ဝူလာလူသည် ရှီမာယူယူအား ပြောလိုက်သည်။
ဝူလာလူသည် ခရမ်းရောင်ရေမျိုးနွယ်၏ ဒုမင်းသားဖြစ်ပြီး အလုပ်အများစုကို တာဝန်ယူရသူဖြစ်သည်။ သူမ ထိုနေရာတွင် ၃လရှိနေစဉ်အတွင်း သူ၏ မုန်းတီးမှုနှင့် စက်ဆုပ်မှုတို့မှာ လေးစားမှုအဖြစ်ပြောင်းသွားပြီး မိတ်ဆွေများဖြစ်သွားကြလေသည်။
ရှီမာယူယူသည် အံ့ဖွယ်တောင်ကြားသခင်နှင့် ရင်ဘိုင်ချွန်းတို့ကိုနှုတ်ဆက်ပြီး ဝူလာလူနှင့် ထွက်လာခဲ့ လေသည်။
“တောင်ကြားသခင်၊ သခင်လေး၊ ဒီတစ်ခေါက်က ကျွန်တော်တို့ခရမ်းရောင်ရေမျိုးနွယ်ကို ပထမဆုံး ရောက်ဖူးတာမလား၊ ကျွန်တော်က လိုက်ပြပေးချင်ပေမယ့် အမေ့အခြေအနေနဲ့ဆိုတော့ လျစ်လျူရှုသလိုဖြစ်မှာ စိုးမိပါတယ်” ဝူလာလီပြောလိုက်သည်။
“မင်းသား အဲဒါကိုမစိုးရိမ်ပါနဲ့ ကျွန်တော်တို့ ယူယူ ဆေးဖော်တဲ့နေရာကိုသွားလို့ရတာပဲ”
“ကောင်းပါပြီ အချိန်ကျရင်တော့ ကျွန်တော်တို့ နယ်မြေကိုလှည့်ပတ်ပြပေးပါမယ်” ဝူလာလီ ပြောလိုက် သည် “ကျွန်တော့်နောက်လိုက်ခဲ့ပါ”
ရှီမာယူယူသည် ဝူလာလူနောက်လိုက်ကာ ပင်လယ်တောင်ထိပ်သို့သွားလိုက်သည်။ တောင်ထိပ်တွင် ဂူ တစ်ဂူရှိကာ ထိုဂူသည် တခြားဂူများနှင့် ကွဲပြားလေသည်။ ဂူအများစုမှာ အောက်ဖက်တွင်ရှိကြကာ ထိုဂူသည် အပေါ်သို့တက်ရသေလည်။
သူတို့သည် ဂူထိပ်ဝင်ပေါက်သို့ မရောက်မချင်းရေကူးသွားကြသည်။
“ရောက်ပြီ” ဝူလာလူသည် ဂူဆီသို့ရှေ့မှသွားရာ ရှီမာယူယူသည် သူ့နောက်မှလိုက်ခဲ့လေသည်။
“ဒီနေရာမှာ တကယ်ပဲရေမရှိဘူးပဲ” ရှီမာယူယူသည်ခြောက်သွေ့နေသော ဂူကိုကြည့်ပြီး ရေအောက် တွင် ဒီလိုနေရာရှိသည်ဟု တွေးဖို့ပင်ခက်သည်။
“ဒီနေရာက ကျွန်တော်ငယ်ငယ်တုန်းက အချိန်ရရင်လာခဲ့တဲ့နေရာပါ၊ ဘာလို့လဲတော့မသိဘူး ဒီနေရာ ကို ပင်လယ်ရေမဝင်ဘူး” ဝူလာလူ ပြောလေသည် “ဒီနေရာမှာ ဆေးဖော်ရင် ဘယ်လိုလဲ”
“ဖြစ်မှာပါ” ရှီမာယူယူ ပြောလိုက်သည် “ဒီနေရာက ဖိအားများတယ်ဆိုပေမယ့် ဆေးဖော်ဖို့ကို ဖိအား မရှိလောက်ပါဘူး”
“ရွှတ်”
ဝင်ပေါက်မှ အသံများထွက်လာသည်။ သူလှည့်ကြည့်ရာ ဝူလာလီ၊ ရင်ဘိုင်ချွန်းနှင့် အံ့ဖွယ်တောင်ကြား သခင်တို့ဝင်လာသည်ကိုသာ တွေ့ရလေသည်။
“အစ်ကို ဘယ်လိုဖြစ်လို့ဒီကိုလာကြတာလဲ”
“ငါတို့လာကြည့်ကြတာ ဒီနေရာကဘယ်လိုလဲ” ဝူလာလီ မေးလိုက်သည်။
“မဆိုးဘူး ယူယူက ဆေးဖော်ဖို့ပြင်နေပြီ” ဝူလာလီ ပြောလိုက်သည် “အခုကစပြီး သူ့ကိုစောင့်ရတော့မှာ ပဲ”
ရှီမာယူယူသည် ကြီးမားသော စားပွဲတစ်လုံးထုတ်ပြီး ဆေးဖက်ဝင်ပစ္စည်းများတင်လိုက်သည်။ တောင် လိုပုံနေသော ဆေးပစ္စည်းများကို တွေ့သောအခါ ဝူလာလီနှင့် ညီဖြစ်သူတို့သည် အံ့သြနေကြလေသည်။
“လူသားဆေးတွေက ဒီလောက်ပစ္စုည်းအများကြီးလိုတာလား” ဝူလာလီ မေးလိုက်သည်။
“ပုံမှန်ဆေးတွေကတော့ ဒီလောက်အများကြီးမလိုပါဘူး၊ ယူယူဖော်မယ့်ဆေးက အဆင့်မြင့်တယ်၊ အဲဒါ ကြောင့် ဆေးဖက်ဝင်ပစ္စည်းတွေ အများကြီးလိုနေတာ” ရင်ဘိုင်ချွန်းရှင်းပြလေသည်။
“ဟိုတစ်ခေါက် ကောင်းကင်ဂိုဏ်းမှာတုန်းက သူ့အရည်အချင်းကို အာလုံးက အံ့သြနေကြတာ၊ အဲဒါ ကြောင့်ပဲ သူ့အရည်အချင်းကိုကျွန်တော်ယုံသွားတာ” ဝူလာလီသည် ထိုအချိန်ကအကြောင်းကိုတွေးမိလျှင်စိတ် လှုပ်ရှားမိလေသည်။
အံ့ဖွယ်တောင်ကြားသခင်သည် အလွန်ဝမ်းမောက်လေသည်။ ဒီလိုလူတစ်ယောက်သည် အံ့ဖွယ် နတ်ဆိုး တောင်ကြားကဖြစ်သည်။ တခြားအင်အားကြီးများသည် သေချာပေါက်အားကျကြမည်ဖြစ်သည်။
ရှီမာယူယူသည် သူတို့အကြည့်ကိုဂရုမစိုက်ပဲ ပါဝင်ပစ္စည်းများကို ဆက်ပြီး အမျိုးအစားအလိုက်ခွဲခြားနေ သည်။ ဖိအားအနိမ့်အမြင့် မတူညီကြသဖြင့် ထိုနေရာတွင် စွမ်းအားမည်မျှထည့်ရမည်ကို မသေချာသဖြင့် ကျရှုံး နိုင်ချေလည်းရှိသည်။
ထို့အပြင် ကျရှုံးမှုမဖြစ်စေရန် သူမသည် ပတ်ဝန်းကျင်နှင့် အသားကျရန် တခြားသော ဆေးများကို အရင်ဖော်ကြည့်ရန်ရွေးလိုက်သည်။
ထို့နောက်တွင် သူမသည် လိုအပ်သည့် အခြေခံဆေးတစ်မျိုးကိုစတင်ဖော်လေသည်။
အခြေခံဆေးမှာ နိဗ္ဗာန်ဆေးနှင့် ဆင်တူသည်။ ထိုဆေးသည် နိဗ္ဗာန်ဆေးကဲ့သို့ ကောင်းကင်အား ဆန့်ကျင်သည့်ဆေးမဟုတ်သည်သာရှိသည်။ ခရမ်းရောင်ရေမိဖုရားကြီးသည် ပြန်ကောင်းရန် အခြေခံဆေးလို သေးသည်။
သူမသည် ပါဝင်ပစ္စည်းများကို ခွဲပြီးနောက် အံ့ဖွယ်တောင်ကြားသခင်သည် ထိုဆေးအဖုံ ၃မျိုးကိုကြည့်ပြီး သူမ ကျရှုံးမည်ကို စိုးရိမ်နေမိသည်။
ဆေးဖော်ခြင်း လုပ်ငန်းစဉ်မှာ ချောမွေ့သည်။ သို့သော် သူမ ပေါင်းစပ်လိုက်သောအခါ သေးငယ်သော အမှားလေးတစ်ခုကြောင့် ဆေးတစ်ဖုံလုံး အလဟသတ်ဖြစ်သွားလေသည်။
ရှီမာယူယူသည် ရလဒ်ကို စိတ်ခဲမထားပေ။ သူမသည် ပျက်စီးသွားသော ပါဝင်ပစ္စည်းများကို သိမ်းပြီး အိုးကိုထပ်ရှင်းလင်းလိုက်သည်။ ထို့နောက်တွင် သူမသည် ဆေး၂လုံးစားကာ စိတ်စွမ်းအင်ပြန်ကောင်းလာစေ ရန် တင်ပျင်ခွေထိုင်လိုက်သည်။ လုံလောက်သည်နှင့် သူမသည် ဒုတိယအကြိမ်စမ်းသပ်လေသည်။
ဒီတစ်ကြိမ်တွင် သူမသည် ပို၍ဂရုစိုက်ပြီး ဆေးဖော်လေသည်။ သို့သော် သူမသည် ပထမတစ်ဆင့် ပြီး သည်နှင့် ကျရှုံးပြန်သည်။ ဆေးဖိုထဲမှ မီးလောင်သည့်အသံကြားသည်နှင့် ပါဝင်ပစ္စည်းများထပ်ပြီး အလဟသ ဖြစ်သွားပြီဟု ချက်ချင်းပင်သိလိုက်သည်။
သူမသည် ထပ်ပြီး အလေးအနက်စဉ်းစားပြန်သည်။ သူမသည် နောက်ဆုံးတစ်သုတ်ရှေ့တွင်ရပ်လိုက် သည်။ ဒီတစ်ကြိမ်တွင် သူမသည် အလောမကြီးတော့ပဲ ပြီးခဲ့သည့် ၂ခေါက်မှ အမှားကို ဂရုတစိုက်ကိုင်တွယ် သည်။
ဝူလာလီနှင့် တခြားသူများသည် သူမဘေးတွင် တစ်နေ့လုံးကြည့်နေခဲ့သည်။ ဆေး ၃ဖုံတွင် ၂ဖုံမှာ အလဟသဖြစ်သွားသည်ကို သူတို့မြင်လိုက်သည်။ သူမသာ ထပ်ပြီးကျရုံးပါက သူတို့မျှော်လင့်ချက်မှာ ရေစုန် မြောပြီဖြစ်သည်။
“ဆရာ ယူယူဖော်နေတဲ့ဆေးက အဆင့်၇ဆေးမလား” ရင်ဘိုင်ချွန်းသည် မသေချာစွာ ပြောလေသည်။
“ဖြစ်လောက်တယ်” အံ့ဖွယ်တောင်ကြားသခင်သည် သူမ ဆေးစတင်ဖော်သည့်အချိန်မှစပြီး ဝူလာ ညီအစ်ကိုထက်ပင် ပိုစိုးရိမ်ခဲ့သည်။ သူမသာ အောင်မြင်ခဲ့ပါက သူမသည် အဆင့်၇ အဂ္ဂိရတ်ပညာရှင်ဖြစ်ရမည်။ ဒီလောက်ငယ်သော အဆင့်၇ အဂ္ဂိရတ်ပညာရှင်သာ သတင်းပျံ့သွားပါ အားကျမည့်သူများပြားလှမည်။
ရှီမာယူယူသည် မျက်လုံးမှိတ်ကာ အလေးအနက်စဉ်းစားလိုက်သည်။ သူမ တစ်ကိုယ်လုံးသည် တရား ထိုင်သည့်အတိုင်း နစ်မြောသွားသည်။ သူမ၏ သန့်စင်ခြင်း၊ ပေါင်းစပ်ခြင်း၊ နောက်ဆုံးအဆင့်ဖြစ်သော ချည်နှောင်ခြင်းတို့မှာ နည်းနည်းချင်းစီပေါ်လာသည်။ သူမခေါင်းထဲတွင် တစ်စုံတစ်ယောက်က လာရေးပေး သကဲ့သို့ပင်။
အချိန်ကြာသောအခါ သူမမျက်လုံးသည် တောက်ပရှင်းလင်းစွာပြန်ပွင့်လာသည်။ သူမသည် စားပွဲရှေ့ လျှောက်သွားကာ ပြန်ကြိုးစားလေသည်။
သူမ၏ တည်ငြိမ်ကာ အလောမကြီးသော အကျင့်ကိုတွေ့သောအခါ အံ့ဖွယ်တောင်ကြားသခင်သည် ကျေနပ်စွာ ခေါင်းညိမ့်လေသည်။ သူမသည် ဖိအားမတူသောနေရာတွင်ပင်လျှင် တည်ငြိမ်နိုင်သည်မှာ ယုံကြည် မှု သာမန်အဆင့်ထက် သာလွန်သောကြောင့်ဖြစ်မည်။ ဒီလိုအလေးအနက်ရှိသော အကျင့်ရှိသော လူငယ်မှာ ရှားပါးသည်။
ရှီမာယူယူသည် ဆေးကိုတစ်ဆင့်ချင်း ဖော်ပြီးနောက် စိတ်မပြန့်အောင် စိတ်နှစ်ထားသည်။ သူမ ဦးနှောက်သည် ဆေးဖော်ခြင်းလုပ်ငန်းစဉ်နှင့်ပြည့်နေသည်။ သန့်စင်ခြင်း၊ ပေါင်းစပ်ခြင်းနှင့် ချည်နှောင်ခြင်း.. အဆင့်တိုင်းအား တည်ငြိမ်စွာပြုလုပ်သည်။ မီးအပူချိန် မီးတောက်အရွယ်အစား… အဆင့်တိုင်းကို သေချာ ထိန်းချုပ်သည်။
“ဘုန်း ဘုန်း”
ဆေးဖော်မှုအောင်မြင်တော့မည်ဟု တွေးလိုက်ချိနတွင် ဆေးဖိုဘေးတွင် အသံတစ်သံထွက်လာသည်။ ဝူလာလီနှင့် ဝူလာလူတို့ မျက်နှာပျက်သွားကြသည်။ သူတို့သည် အော်လိုက်ကြသည် “ဒီတစ်ခါလည်း မအောင် မြင်တာလား”
သူတို့ညီအစ်ကို စိတ်ပျက်သွားရုံတင်မဟုတ်ပေ။ အံ့ဖွယ်တောင်ကြားသခင်နှင့် ရင်ဘိုင်ချွန်းတို့သည် လည်း ထူးဆန်းသောအမူအရာဖြစ်နေသည်။
***