← Chapters

တိုက်ခိုက်ခြင်း

Vol. 007 Ch. 613

တိုက်ခိုက်ခြင်း

Vol. 007 Ch. 613

“ဆရာ” ရင်ဘိုင်ချွန်းသည် ခေါင်းမော့ပြီး အံ့ဖွယ်တောင်ကြားသခင်ကိုကြည့်လိုက်သည်။ အံ့ဖွယ် တောင်ကြားသခင်သည်လည်း သူနှင့်တူသော မျက်နှာထားဖြစ်နေသည်ကိုတွေ့လိုက်ရသဖြင့် တူညီသော အရာကို စဉ်းစားနေကြောင်းကို သိလိုက်သည်။

“မဆိုးဘူး မဆိုးဘူး ဒုတောင်ကြားသခင်သာ သိရင် ဝမ်းသားမှာပဲ” အံ့ဖွယ်တောင်ကြားသခင်သည် ပျော်ရွှင်စွာ ပြောလေသည်။

ဝူလာလီနှင့် ဝူလာလူတို့သည် မျက်မှောင်များကြုတ်နေကြသည်။ သို့သော် ကျန်နှစ်ယောက် စိတ် လှုပ်ရှားနေသည်ကို တွေကသောအခါ မျှော်လင့်ချက်ရောင်ခြည်သန်းလာသည်။

“တောင်ကြားသခင် အဲဆေးက မကျရှုံးဘူးလို့ပြောနေတာလား” ဝူလာလူ မေးလိုက်သည်။

“ကျရှုံးတယ် ဟုတ်လား မဟုတ်ဘူး သူအောင်မြင်တယ် ဒါတောင်မှ တော်တော်လေးအောင်မြင်တာ” အံ့ဖွယ်တောင်ကြားသခင်သည် ပြောလိုက်သည်။

“အောင်မြင်တယ်ဟုတ်လား ဒါပေမဲ့ အသံလည်းထွက်မလာဘူး” ဝူလာလူသည် နားမလည်ပေ။ သူတို့ ကြားလိုက်သောအသံမှာ သေချာပေါက် ကျရှုံးသောအသံဖြစ်ရာ အောင်မြင်သည်မှာမဖြစ်နိုင်ပေ။

“ဆေးဘေးသင့်ခြင်း” ဝူလာလီသည် စိတ်လှုပ်ရှားသွားသည်။ သူသည် ကုန်းမြေရှိတိုင်းပြည်များတွင် အချိန်အတော်ကြာလှည့်လာသွားလာခဲ့သည်ဖြစ်ရာ ဆေးဘေးသင့်ခြင်းအသံကိုကြားဖူးပြီးဖြစ်သည်။ ဆေး ဘေးသင့်ခြင်းအသံထွက်ပေါ်လာသည်နှင့် ဆေးသည် သူ့အဆင့်ကိုဖော်ပြနေသည်။ “ဒါပေမဲ့ ဆေးဘေးသင့်တာ ကိုကျွန်တော်တို့ ဘာမှမပြင်ဆင်ထားဘူးလေ၊ သူ့ကိုမိုးကြိုးပစ်ရင်ဘယ်လိုလုပ်မှာလဲ”

“သူတစ်ယောက်ပဲ ဒါကိုဖြတ်ကျော်နိုင်မှာ” အံ့ဖွယ်တောင်ကြားသခင် ပြောလိုက်သည်။

“ကျွန်တော်တို့ သွားမကူညီရဘူးလား” ဝူလာလီသည် စိုးရိမ်စွာ မေးလိုက်သည်။

“ကျွန်တော်တို့သွားလည်း အသုံးမဝင်ဘူး၊ ဆေးဘေးသင့်တာက ဖော်စပ်သူတစ်ယောက်ကိုပဲ အသိ အမှတ်ပြုတာ” ရင်ဘိုင်ချွန်းပြောလိုက်သည်။

ရှီမာယူယူသည် ဆေးဖိုအဖုံးကိုဖွင့်လိုက်သည်။ သူမ ဖွင့်လိုက်သည်နှင့် ပျံထွက်သွားရန် ကြိုးစားနေ သော ဆေးကိုဆုပ်ကိုင်လိုက်သည်။

“လိမ္မာစမ်းပါ ပျံမသွားနဲ့၊ မဟုတ်ရင် ငါ့အားထုတ်မှုတွေအလဟသဖြစ်သွားလိမ့်မယ် ဟုတ်ပြီလား” သူမ သည် ဆေးကိုဆုပ်ကိုင်ကာ တခြားပစ္စည်းများနှင့်အတူ ဝိဉာဉ်စေတီအတွင်းသို့ထည့်လိုက်သည်။ ထို့နောက်တွင် သူမသည် ဝူလာလီဘက်လှည့်ကာ ပြောလိုက်သည် “ကျွန်တော့်ကို မြေပြင်ပေါ်ကိုချက်ချင်းပဲပို့ပေး”

“မြေပြင်ပေါ်ဟုတ်လား”

“ဟုတ်တယ် မြန်မြန်လေး”

ဆေးဘေးသင့်ခြင်းသာ ဆေးနှင့်မတွေ့ရပါက ကောင်းကင်တွင် ကြီးကြီးလာမည်။ ရိုးရှင်းသော ဆေး ဘေးသင့်ခြင်းမှ စတင်လာသော်လည်း နောက်ဆုံးတွင် မိုးကြိုးဘေးသင့်ခြင်းနှင့် အဆုံးသတ်မည်။ ထို့အပြင် သူမ သည် ရေအောက်တွင်ရှိနေကာ ဘေးသင့်ခြင်းတိမ်တိုက်များသည် ဆေးတည်ရှိမှုကို အာရုံခံမိမည်။ သူတို့သည် ရေထဲတွင် အစပျိုးနေပြီဖြစ်သည်။ သူတို့သည် ပစ်မှတ်ကိုရှာမတွေ့ပါက ပင်လယ်ပြင်အပြည့်ဖြစ်သွားသည်နှင့် ရေနှင့် လျှပ်စီးတို့ဓာတ်ပြုသွားပါက ရေထဲရှိ ဝိဉာဉ်မိစ္ဆာများ ဒုက္ခရောက်ကုန်မည်ဖြစ်သည်။

ရှီမာယူယူ အလွန်စိုးရိမ်နေသည်ကို တွေ့သောအခါ ဝူလာလီသည် ထပ်ပြီးဖိအားမပေးတော့ပေ။ သူသည် သူမကိုဂူအပြင်ခေါ်သွားပြီး ပင်လယ်မျက်နှာပြင်ပေါ်သို့ ကူးခတ်သွားလိုက်သည်။ သူတို့ ကမ်းခြေသို့ ရောက်သည့်အချိန်တွင် မည်းနက်နေသော တိမ်တိုက်များသည် ထူနေပြီဖြစ်သည်။

“ဟိုမှာ ကျွန်းလေးရှိသားပဲ အဲဒီကိုသွားရအောင်” ရှီမာယူယူသည် အနီးနားရှိကျွန်းကိုမြင်လိုက်ရာ သူမ ကံကောင်းမှုအတွက် တိတ်တဆိတ်ပျော်နေမိသည်။

သူမသည် ကမ်းခြေသို့တက်လာပြီး ဆေးထုတ်လိုက်သည်။ ဘေးသင့်မှုသည် ဆေးနေရာကိုအာရုံခံမိ သည်နှင့် ချက်ချင်းပင် မုန်တိုင်းကျလာသည်။

“ရွှမ်း…”

မိုးကြိုးတစ်စင်းသည် သူမအား တိုက်ရိုက်ပင်ပစ်လိုက်သည်။ သူမ ဒိုင်းကာကျိုးပဲ့သွားသည်။

“ဘုတ်….” ရှီမာယူယူသည် မြေပေါ်သို့ဒူးထောက်လိုက်ပြီး ဆေးကိုမှော်ဝင်လက်စွပ်အတွင်းသိမ်းလိုက် သည်။ ထိုအချိန်တွင် သူမသည် ဆေးဘေးသင့်ခြင်း ပြီးသွားပြီဖြစ်သည်။

“ရင်းနှီးနေတဲ့နာကျင်မှုပဲ” သူမသည် အံကြိတ်ရင်း ပြောလေသည်။

ထိုအချိန်တွင် သူမသည် အံ့ဖွယ်အဆင့်တက်သွားကာ ပစ်ပေါက်ခြင်းခံလိုက်ရလေသည်။ ငှက်လေး အဆင့်မြင့်တက်သည်နှင့် သူမသည် အလယ်အလတ်အဆင့်တက်ခဲ့စဉ်ကလည်း ပစ်ပေါက်ခြင်းခံရသည်။ သူမ ဂိုဏ်းအတွင်းရှိစဉ်က အဆင့်မြင့်တက်ချိန်တွင်လည်း သူမသည် တောနက်အတွင်းပြေးပြီး တောင်များအကြား တွင် ပစ်ပေါက်ခံခဲ့ရသည်။ ဒီလိုရိုးရှင်းသော ဆေးဘေးသင့်မှုကလည်း ကြီးမားသော မိုးကြိုးအပစ်ခံရမည်ဟု မည်သူထင်မိမှာနည်း။

သူမသည် အားစိုက်ကာ လှန်ပြီး မြေပပေါ်တွင်လှဲလိုက်သည်။ သူမသည် ကောင်းကင်မှ တိမ်တိုက်ကို အော်လိုက်သည် “ဒီမှာ အစ်ကိုကြီး၊ ဘာလို့ ငါ့ကိုပဲ ပစ်ပစ်နေတာလဲ၊ မင်းတို့က ငါ့ရဲ့ လျှပ်စီးစွမ်းအင်ကို သဘော ကျတယ်ဆိုရင်တောင်မှ နားချိန်လေးတော့ပေးဦးလေ”

ဆေးဘေးသင့်မှုသည် ဒီအချိန်ဖြစ်လိမ့်မည်ဟု သူမ ထင်မထားပေ။ ထို့ကြောင့်ပင် သူမသည် ပြင်ဆင် ထားခြင်းမရှိသဖြင့် မိုးကြိုးပစ်လိုက်သောအခါ အလွန်နာကျင်သည်။

သူမ ချက်ချင်းပင်ဝတ်လိုက်သော ဒိုင်းကာမှာလည်း ပျက်စီးသွားကာ တည်ဆောက်မှုဆောက်ရန် အား ပင် မရှိတော့ပေ။ သူမသည် ဖက်တီးကျူး တစ်ခါကပေးဖူးသော သံချပ်ကာနှင့် လျှပ်စီးလက်နက်ကို သုံးရန်အပြင် ရွေးချယ်စရာမရှိခဲ့ပေ။ သူမသည် ခါတိုင်းလိုဝတ်ဆင်လိုက်သည်။

မိုးကြိုးအချိန်များစွာ အပစ်ခံရပြီးနောက်တွင် သူမသည် အဓိကအချက်ကိုနားလည်သွားသည်။ ဒီအဆင့် သည် မဆိုးလှပေ။ အများစုကြုံခဲ့ရသည်မှာ သူမသည် သေလုနီးပါးဖြစ်သည်။ သူမ အသက်ရှင်ရန်အတွက် ပြန်ကောင်း ရန်လုပ်ခဲ့ရသည်။

ထို့အပြင် ထိုဘေးသင့်မှုသည် သူမစကားအား နားထောင်သည့်အတိုင်းပင်… ဒုတိယအချက်မှာ မကြာမြင့်ပဲ သူမကိုအသက်ရှုချိန်ပေးသည်။ ထို့အပြင် တိမ်တိုက်သည် ပျောက်ကွယ်တော့မည့်ပုံပင်။

ရှီမာယူယူသည် အံ့သြစွာဖြင့် မျက်တောင်ခတ်လိုက်သည်။ သူမသည် ဘေးသင့်တိမ်တိုက်ကို မယုံကြည် စွာကြည့်လိုက်သည်။ ဒီလူက သူမပြောတာကို နားလည်သွားတာလား။

သို့သော် ပစ်ခတ်မှုကျတော့ရန်လိုနေသေးသဖြင့် သူမ ဆေး၂လုံးသောက်ရန် အခွင့်အရေးရလိုက်သည်။

“ရွှမ်း…”

ဒုတိယပစ်ခတ်မှု ကျရောက်လာကာ သူမကိုလျှပ်စီးသွားသည်။

ထို့နောက်တွင် ဘေးသင့်မှုတိမ်တိုက်သည် လှုပ်ခါသွားကာ အောင်နိုင်သူ စစ်သားများကဲ့သို့ ထွက်ခွာ သွားလေသည်။

ဘေးသင့်မှုတိမ်တိုက် ထွက်ခွာသွားသည်နှင့် ဝူလာလီသည် ကျွန်းပေါ်သို့ ပျံလာသည်။ သူမသည် ထို အဖြစ်အပျက်အားကြုံတွေ့ခဲ့ရသည်ကို မြင်သော်လည်း သူမ တိမ်တိုက်အားပြောခဲ့သည့်စကားကို ပြန်တွေး လိုက်သောအခါ သူ မရယ်မိအောင် ထိန်းထားရသည်။

ရှီမာယူယူသည် လောင်ကျွမ်းမှုဖြင့် ပြည့်နေသည်။ သူမ အစောပိုင်းကစားလိုက်သော ဆေးကြောင့်ပင် အတွင်းပိုင်းအင်္ဂါများ မပျက်စီးသည်မှာတော်သေးသည်။ သူမသည် ဝူလာလီ၏ အကြည့်ကိုမြင်သောအခါ ပြုံးပြ လိုက်သော်လည်း ဘာမှမလုပ်နိုင်ပေ။ သူမသည် မျက်ဖြူသာလှန်နိုင်တော့သည်။

“လှုပ်လို့ရသေးလား” ဝူလာလီ မေးလိုက်သည် “ရတယ်ဆိုရင် တစ်ခါမျက်တောင်ခတ်ပြ မရရင် ၂ခါ ခတ်”

ရှီမာယူယူသည် ချက်ချင်းပင် ၂ခါခတ်ပြလိုက်သည်။

“ကျွန်တော် ပြန်ခေါ်သွားပေးရမလား”

မျက်တောင်၂ခါ ခတ်ပြသည်။

“ကျွန်တော် မရွေ့ပေးရဘူးလား”

မျက်တောင်ထပ်ခတ်ပြန်သည်။

“ကောင်းပါပြီ ဒါဆို ဒီမှာပဲဆက်လှဲနေပါ” ဝူလာလီ ပြောလိုက်သည်။

သူ သူမကို မရွေ့တော့ဘူးဟု တွေ့သောအခါ ရှီမာယူယူ စိတ်အေးသွားသည်။ သူမသည် လျှပ်စီးစွမ်း အင်ကို သူမ ဝမ်းဗိုက်အတွင်း သိမ်းနေချိန်တွင် ဝူလာလီသည် သူမအား ဘေးမှ စောင့်ကြည့်နေခဲ့သည်။

သူမ အားလုံးကိုစုပ်ယူပြီးသောအခါ လှုပ်ရှားနိုင်လာသည်။ တိမ်တိုက်မည်းဆီမှလာသော စူးရှသော နာကျင်မှုလည်း ပျောက်ကွယ်သွားသည်။ သူမသည် ခြောက်သွေ့ကာလောင်ကျွမ်းနေသော အသားအရည်ကို ကြည့်ပြီး သူမ၏ အံ့ဖွယ်နတ်ဆိုးခန္ဓာကိုယ်ကို တန်ဖိုးထားရန် မဖြစ်နိုင်တော့ပေ။ သူမသည် အနာရွတ်မကျန်စေ ရန် အားစိုက်ထုတ်မှုကို မဖြုန်းတီးတော့ပေ။

ရှီမာယူယူ ပြန်ကောင်းလာလုနီးပါးဖြစ်သည်ကို မြင်သောအခါ ဝူလာလီသည် အံ့သြသွားလေသည်။ နတ်ဆိုးမိစ္ဆာများသည် နလန်ထူနိုင်သော စွမ်းရည်ကောင်းမွန်လျှင်တောင် သူမလောက် ဟုတ်မည်မထင်ပေ။

“သွားရအောင် ကျွန်တော်တို့ပြန်ကြမယ်” ရှီမာယူယူ ပြောလိုက်သည်။

ဝူလာလီသည် သူ၏ မူလပုံစံသို့ပြောင်းပြီး သူမကို ခရမ်းရောင်ရေမျိုးနွယ်သို့ပြန်ခေါ်သွားသည်။

“နောက်ဆုံးတော့ပြန်လာပြီပဲ” ဝူလာလူသည် သူတို့အားမြင်သောအခါ သူတို့ရှေ့သို့ရောက်လာသည်။ “ခမည်းတော်က ခဏခဏမေးနေတာ၊ မင်းတို့ထပ်ကြာနေရင် ရှာဖို့လူလွှတ်တော့မလို့”

“ရှီမာယူယူက မိုးကြိုးကြောင့်ဒဏ်ရာရသွားတော့ ကုသဖိုပ ၂ရက်လောက်လိုသေးတယ်လေ” ဝူလာလီ ရှင်းပြသည် “ခမည်းတော် ဘယ်မှာလဲ”

“မယ်မယ်နဲ့ရှိတယ် ငါတို့မြန်မြန်သွားရအာင်”

ရှီမာယူယူသည် ဘေးဘက်ရှိ နန်းဆောင်သို့လာလိုက်သည်။ သူမသည် ထိုနေရာတွင် နေထိုင်သည်မှာ ၃လရှိပြီဖြစ်သဖြင့် နေသားကျနေပြီဖြစ်သည်။ သူမ နန်းဆောင်သို့ဝင်သွားသည်နှင့် အံ့ဖွယ်တောင်ကြားသခင်နှင့် ရင်ဘိုင်ချွန်းတို့သည် ခရမ်းရောင်ရေဘုရင်နှင့် စကားပြောနေသည်ကို တွေ့လိုက်ရသည်။

“ယူယူ ပြန်လာပြီလား ဆေးဖော်လို့ပြီးပြီလို့ကြားတယ်” ဝူလာမိုင်သည် သူမအား စိတ်စောသည့်အကြည့် နှင့် ကြည့်လေသည်။

သူသည် အစပိုင်းတွင် သူမအား မယုံကြည်ခဲ့ပေ။ သို့သော် ၃လအတွင်း ကုသရာတွင် ဖိဖုရားကြီးသည် နိုးမလာသေးသော်လည်း အသိစိတ်ပြန်ဝင်လာသည်။

***

All Chapters