← Chapters

မိဖုရားကြီးနိုးထလာခြင်း

Vol. 007 Ch. 614

မိဖုရားကြီးနိုးထလာခြင်း

Vol. 007 Ch. 614

ရှီမာယူယူသည် ဝူလာမိုင်နှင့် တွေ့ဆုံပြီးနောက်တွင် မိဖုရားကြီးရှိရာ ဘေးဘက်နန်းတော်ကိုလာလိုက် သည်။ ဝူလာမိုင်၊ ဝူလာလီနှင့် ညီဖြစ်သူတို့လည်း လိုက်လာသည်။ အံ့ဖွယ်တောင်ကြားသခင်နှင့် ရင်ဘိုင်ချွန်းတို့ သည် နန်းတော်အပြင်ဘက်တွင် စောင့်နေကြသည်။

ရှီမာယူယူသည် မိဖုရားကြီးဘေးသို့လာပြီး ဆေးတိုက်လိုက်သည်။ ထို့နောက်တွင် သူမသည် ဝိဉာဉ် အရည်ကိုထုတ်ပြီး သူမကို ၂စက်တိုက်လိုက်သည်။ ထို့နောက်တွင် သူမသည် ရွှေမြွှေအသီးမှ အဆီအနှစ်များ ထုတ်ပြီး တိုက်သည်။

နာရီဝက်အကြာတွင် ခရမ်းရောင်ရေမိဖုရားကြီး၏ ပိတ်နေသော မျက်လုံးများသည် လှုပ်ရှားလာသည်။ ထိုသည်မှာ သူမ မျက်လုံးများ ပြန်ပြီး လှည့်နိုင်လာသည်ကို ပြသနေသည်။

“ရှင်းမန် ရှင်းမန်” ဝူလာမိုင်သည် သူမ တုံ့ပြန်မှုကိုမြင်သောအခါ သူမ နာမည်ကို ဝမ်းသာစွာ အော်လေ သည်။

အိပ်ရာပေါ်တွင် လှဲလျောင်းနေသော သူမသည် အသိစိတ်ပြန်ဝင်လာသော်လည်း သူမအကြည့်များ သည် စူးစိုက်မှုရှိမနေပေ။

“ရှင်းမန် နိုးလာပြီလား” ဝူလာမိုင်သည် နှစ်ပေါင်းများစွာ သတိမေ့နေရာမှ နိုးထလာသော ဇနီးဖြစ်သူ အားမြင်သောအခါ မျက်ရည်များစီးကျလာသည်။

“ဘုရင်ကြီး…” ခရမ်းရောင်ရေမိဖုရားကြီးသည် ရင်းနှီးသောအသံကိုကြားသောအခါ ချက်ချင်းပင် သူ့အား ကြည့်လိုက်သည်။ သူမ မျက်လုံးများသည် အာရုံစိုက်လာကာ ပိုပြီး သက်ဝင်လာသည်။

“မယ်မယ်” ဝူလာလီနှင့် ဝူလာလူတို့လည်း ပြေးလာကြသည်။ သူမ မျက်လုံးအတွင်းမှ အချစ်များကို မြင် သောအခါ ထိုနှစ်အတွင်း ပေးဆပ်ခဲ့ရသည်မှာ တန်သည်ဟု တွေးမိကြသည်။

“လီလေး လူလေး…” ခရမ်းရောင်ရေမိဖုရားကြီးသည် လက်ဆန့်ထုတ်ပြီး သူတို့အား ထိတွေ့ချင်သော် လည်း သူမ ခန္ဓာကိုယ်အား မထိန်းချုပ်နိုင်သည်ကို သိလိုက်ရသည်။

“မိဖုရားကြီး မိဖုရားကြီးက သတိပြန်ဝင်လာပေမယ့် အားနည်းနေသေးတယ်၊ သူမကို စကားမပြောခိုင်း ပါနဲ့ဦး၊ ပြီးတော့ သူမကိုမလှုပ်ရှားစေနဲ့ဦး” ရှီမာယူယူ ညွှန်ကြားလေသည် “မိဖုရားကြီးက နှစ်တွေအများကြီး သတိမေ့နေပြီး အခုမှသတိပြန်ရတာပါ ခဏတော့ ခန္ဓာကိုယ်ကိုထိန်းချုပ်ဖို့ ခက်ဦးမယ်၊ ဒါက ဖြစ်နေကျပါပဲ၊ နားလိုက်ရင် အဆင်ပြေသွားမှာပါ”

ခရမ်းရောင်ရေမိဖုရားကြီးသည် ရှီမာယူယူအား ကြည့်ပြီး ပြုံးကာ ပြောလေသည် “မင်းက ငါ့ကိုကုပေးတဲ့ ကလေးမလား ငါမင်းအသံကို မှတ်မိတယ်”

“မယ်မယ် သားတို့ပြောတာကိုကြားတယ်ပေါ့” ဝူလာလူသည် အံ့သြစွာ မေးလေသည်။

“အင်း” ခရမ်းရောင်ရေမိဖုရားကြီးသည် ဖျော့တော့စွာပြုံးပြီး ပြောလေသည် “ငါ ဒဏ်ရာရပြီးတော့ ဘာတွေဖြစ်ခဲ့လဲဆိုတာတော့ မမှတ်မိတော့ဘူး၊ ဒါပေမဲ့ ငါတစ်ချိန်လုံး အမှောင်ထဲမှာရှိနေခဲ့တယ်၊ တစ်ရက်တော့ စူးစူးရှရှနာကျင်ပြီး အပြင်ကအသံတွေကြားရလာတယ်၊ မင်းတို့ ပြောတာတွေကို နားထောင်ခဲ့တယ်၊ မင်း ငါ့ကို အပ်စိုက်ပြီးတာနဲ့ ကြားရမယ်လို့ ပြောခဲ့တယ်၊ နောက်တော့ မင်းစကားပြောတာကို အသားကျလာတာပဲ၊ ငါ့ကို ကယ်ပေးတဲ့အတွက် ကျေးဇူးပဲ”

“ကြင်နာလွန်းနေပါပြီ” ရှီမာယူယူ ပြောလိုက်သည် “မိဖုရားကြီးလို လှတဲ့လူကိုကယ်ရတာက ကျွန်တော့် အတွက် ဂုဏ်ယူစရာပါ ကျွန်တော်အခု စစ်ကြည့်မယ်နော်”

“မင်းကို ဒုက္ခပေးရတော့မှာပဲ” ခရမ်းရောင်ရေမိဖုရားကြီးပြောလေသည်။

ရှီမာယူယူသည် လျှောက်လာကာ သူမ လက်ကိုကိုင်ပြီး စမ်းသပ်ပြီးနောက် ပြောလိုက်သည် “အရင်က ထက်တော့ ကောင်းလာပါတယ် နောက်ကို ကျွန်တော် ဆေးဖော်ပေးပါမယ် နောက်ထပ် အပ်စိုက်တာ နည်းနည်း လောက်လုပ်လိုက်ရင် အဆင်ပြေသွားမှာပါ”

“ကျေးဇူးပဲ မိတ်ဆွေလေးယူယူ မင်းလိုတာရှိရင် သူတို့၂ယောက်ကိုသာ တိုက်ရိုက်ပြောလိုက်ပါ” ဝူလာမိုင်သည် ရှင်းမန်၏ လက်ကိုကိုင်ရင်း ပြောလေသည်။

“ပြောပါမယ်” ရှီမာယူယူသည်လည်း သူမအား ကုသပေးရသည့်အတွက် ပျော်ရွှင်မိသည် “နားကြပါ ကျွန်တော်မနှောင့်ယှက်တော့ပါဘူး သတိထားပါ မိဖုရားကြီးကို မောပန်းအောင်မလုပ်ပါနဲ့”

“ကျွန်တော် ခင်ဗျားကိုလိုက်ပို့ပေးမယ်” ဝူလာလီ ပြောလေသည်။

“ကျွန်တော်လည်း ရှင်းစရာကိစ္စလေးတွေရှိသေးတယ် မယ်မယ် နောက်မှပဲပြန်လာတော့မယ်” ဝူလာလူ ပြောလေသည်။

ညီအစ်ကို ၂ယောက်သည် နားလည်မှုရှိစွာဖြင့် သူတို့နှစ်ယောက်အား ထားခဲ့လေသည်။

သူတို့ထွက်သွားသောအခါ အပြင်တွင် စိုးရိမ်စွာစောင့်နေကြသော လူနှစ်ယောက်ကိုတွေ့ရလေသည်။

“ဦးလေး စီနီယာရင်”

“ဘယ်လိုလဲ”

“မိဖုရားကြီးက သတိပြန်ရလာပြီ ကျွန်တော် နောက်ပိုင်း ကုသစရာရှိတာပဲလုပ်ပေးရင်ရပြီ” ရှီမာယူယူ ပြောလိုက်သည်။

“မင်းတကယ်ပဲ မိဖုရားကြီးကိုကုပေးလိုက်တာလား” သူမ အဖြေမှာမျှော်လင့်ထားသည့်အတိုင်းဖြစ် သော်လည်း အံ့ဖွယ်တောင်ကြားသခင်သည် မယုံနိုင်သေးပေ။ “မင်းဆရာသာသိရင် ဝမ်းသာမှာပဲ၊ သူက နှစ်တွေ ကြာတာတောင် မိဖုရားကြီးကိုကုဖို့ နည်းလမ်းရှာတာကို လက်မလျော့ခဲ့ဘူး”

“မင်းက မိဖုရားကြီးကိုကုပြီးပြီဆိုတော့ ဘယ်တော့ပြန်ဖို့ စီစဉ်ထားလဲ” ရင်ဘိုင်ချွန်းမေးလေသည်။

“ကျွန်တော် ဖြစ်နိုင်သလောက် မြန်မြန်ပြန်တာကကောင်းတာပေါ့” ရှီမာယူယူ ပြောလေသည် “ကျွန်တော် ညီကိစ္စကိုမရှင်းရသေးဘူး၊ ပြီးတော့ အတွင်းဂိုဏ်းကိုလည်း သတင်းပို့ရဦးမယ်၊ မိဖုရားကြီး အခြေ အနေငြိမ်သွားပြီဆိုတာနဲ့ ကျွန်တော်တို့ ပြန်ကြမယ်လေ”

“ကောင်းတယ်” အံ့ဖွယ်တောင်ကြားသခင် ပြောလိုက်သည် “မင်းသား ကျွန်တော်တို့ ယူယူနဲ့ ပြောချင် တာလေးတွေရှိလို့ မင်းသား…”

“ရပါတယ် သွားကြပါ ကျွန်တော်လည်း ညီလေးနဲ့ ဆွေးနွေးဏရာတွေရှိနေတာ နန်းတော်ကိုသွားလိုက် ပါဦးမယ်” ဝူလာလီ ပြောလေသည်။

ဝူလာလီနှင့် ဝူလာလူတို့ထွက်သွားရာ အံ့ဖွယ်တောင်ကြားသခင်၏ အမူအရာသည် လေးနက်သွားကာ “ယူယူ မင်း အတွင်းဂိုဏ်းကိုသွားချင်တာက ကမ္ဘာကြီးမျက်လုံးကိုယူချင်လို့ဆို ဟော်လန်ကပြောတယ်”

“ဆရာဟော်ကလား” ဟော်လန် သူတို့ကိုပြောလိမ့်မည်ဟု ရှီမာယူယူ ထင်မထားပေ။

“ဟော်လန်က အံ့ဖွယ်နတ်ဆိုးတောင်ကြားကပဲ” အံ့ဖွယ်တောင်ကြားသခင်ရှင်းပြလေသည်။

“ဟုတ်လား” သူမသည်လည်း အံ့ဖွယ်နတ်ဆိုးတောင်ကြားမှလူဖြစ်သဖြင့် သူမ၏ သရုပ်မှန်ကို သူ သိနေ မည်။ သူ အံ့ဖွယ်နတ်ဆိုးတောင်ကြားကို သတင်းပို့သည်မှာ မထူးဆန်းပေ။

“ဟုတ်ပါတယ် ကျွန်တော် ကမ္ဘာမြေကြီးမျက်လုံးလိုချင်လို့ပါ” ရှီမာယူယူ ပြောလိုက်သည် “ဆရာဟော် က အကြောင်းအရင်းကိုလည်းရှင်းပြမယ်လို့ထင်ပါတယ်၊ ကျွန်တော်က ညီလေးအတွက် ကမ္ဘာကြီးမျက်လုံးလို တာပါ”

“ယူယူ ကမ္ဘာကြီးမျက်လုံးက အတွင်းဂိုဏ်းက ရတနာဆိုတာ သိတယ်မလား” ရင်ဘိုင်ချွန်းပြောလိုက် သည်။

“သိပါတယ် ကမ္ဘာမြေကြီးမျက်လုံးက ရဖို့မလွယ်ဘူးဆိုတာလည်း သိပါတယ်၊ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်ရအောင် ကြိုးစားကြည့်မှာပဲ” ရှီမာယူယူ ပြောလိုက်သည် “ပြီးတော့ ကမ္ဘာမြေကြီးရဲ့မျက်လုံးက ကြီး တယ်လို့ကြားတယ် ကျွန်တော်က သေးသေးလေးပဲလိုတာပါ”

“ကမ္ဘာမြေကြီးမျက်လုံးက ရတနာဖြစ်တဲ့အတွက် လုံခြုံရေးကလည်း အရမ်းတင်းကြပ်တယ်၊ အရမ်း အန္တရာယ်များနိုင်တယ်၊ ငါတို့အခုချိန်ထိ သိသလောက်ကတော့ အဲဒါကိုရဖို့ ကြိုးစားတဲ့လူမှန်သမျှ ပြန်မလာနိုင် ဘူး” အံ့ဖွယ်တောင်ကြားသခင် ပြောလေသည်။

“ကျွန်တော် ရကိုရရမယ်လို့မဟုတ်ပါဘူး နှစ်တချို့အချိန်ရပါသေးတယ် တခြားနည်းလမ်းရှိမယ်လို့ ထင် ပါတယ်” ရှီမာယူယူ ပြောလိုက်သည် “စီနီယာရင်လည်း ကောင်းကင်ဂိုဏ်းမှာတက်ဖူးလား”

“ငါလည်း ကောင်းကင်ဂိုဏ်းကကျောင်းပြီးတာပဲ” ရင်ဘိုင်ချွန်းပြောလိုက်သည် “ဒါပေမဲ့ ငါအဲမှာ ကြာကြာတော့ မနေခဲ့ဘူး၊ နောက်တော့ ငါ အံ့ဖွယ်နတ်ဆိုးတောင်ကြားကိုဝင်ခဲ့တာပဲ”

“ဒါဆို အစ်ကိုက တားမြစ်နယ်မြေကလွဲပြီး ကမ္ဘာမြေကြီးမျက်လုံးဘယ်မှာရှိလဲဆိုတာ သိမှာပဲ”

“ကမ္ဘာမြေကြီးမျက်လုံးက တားမြစ်နယ်မြေမှာမရှိဘူးလား” ရင်ဘိုင်ချွန်းသည် အံ့အားသင့်စွာ မေးလေ သည်။

“အရင်က အဲဒီကိုသွားဖူးတဲ့လူကပြောတယ် မမြင်ခဲ့ဘူးတဲ့၊ အဲဒါကြောင့် ကမ္ဘာမြေကြီးမျက်လံးက အဲဒီ မှာမရှိဘူးလို့ မှန်းကြတယ်” ရှီမာယူယူ ပြောလိုက်သည်။

“ဒါဆို ငါလည်းမသိဘူး” ရင်ဘိုင်ချွန်းသည် ပြန်ဖြေလေသည် “ငါတို့ အတွင်းဂိုဏ်းမှာရှိတုန်းက ကမ္ဘာ မြေကြီးမျက်လုံး သတင်းထွက်မလာဘူး၊ ငါလည်းမသိဘူး အဲပစ္စည်းကိုအရင်က သတိမထားမိဘူး”

“ငါတို့ အဲအဘိုးကြီးပြန်လာတာကိုစောင့်ပြီးမေးကြတာပေါ့၊ သူမင်းကို နည်းနည်းလောက်ပေးနိုင်မလား လို့လေ” အံ့ဖွယ်တောင်ကြားသခင် ပြောလေသည်။

“ဦးလေးပြောတဲ့ အဘိုးကြီးကဘယ်သူလဲ” ရှီမာယူယူ မေးလိုက်သည်။ အဘိုးမိုသည် ထိုအဘိုးကြီးကို မေးမည်ဟု တစ်ခါပြောဖူးသည်။ အခုဦးလေးသည်လည်း သူ့ကိုရည်ညွှန်းပြန်သည်။ သူဆိုသည်မှာ မည်သူ ဖြစ်နိုင်ချေရှိသည်ကို သူမသိချင်မိသည်။

“ဂိုဏ်းရဲ့ ကျောင်းအုပ်ကြီး ယွမ်ထျန်ဟီပဲ”

“ကျောင်းအုပ်ကြီးလား သူက အပြင်ဘက်မှာပဲရှိတာဆို ပြန်မလာတာကြာပြီတဲ့” ရှီမာယူယူ ပြောလိုက် သည်။

“လာတော့မှာ သူမကြာခင်ပြန်လာမယ်လို့ ထင်တယ်”

“ဦးလေး အဲဒါကိုဘယ်လိုသိတာလဲ”

အံ့ဖွယ်တောင်ကြားသခင်သည် ပြုံးပြီး သူမပခုံးကိုပုတ်ကာ “နှစ် ၁သောင်းလောက်မှ ပေါ်လာတတ်တဲ့ ကောင်းကင်လှေကားကို တက်နိုင်တဲ့လူတစ်ယောက်ရှိတယ်ဆိုတာ သတင်းထွက်လာတယ်၊ အဲဒါက သူပြန်လာ ဖို့အကြောင်းလုံလောက်နေတာပဲ၊ ဒီသတင်းကိုဒုကျောင်းအုပ်က သူ့ကိုပြောပြီးလောက်ပြီလို့ ထင်တယ်၊ သူ ပြန်လာတာနဲ့ ကိစ္စတစ်ခုကိုရှင်းမယ်ထင်တယ်၊ ဒါပေမဲ့ သူ ဘယ်လောက်အားကောင်းတယ်ဆိုတာကို အခြေခံပြီး သူလုပ်စရာရှိတယ်ဆိုရင်တောင် ပြီးအောင်လုပ်မှာပဲ အဲဒါကြောင့် သူပြန်လာတော့မယ်ဆိုတာ ငါပြောနိုင်တာ”

***

All Chapters