← Chapters

ဆွေမျိုးများအဖြစ်အသိအမှတ်ပြုခြင်း

Vol. 007 Ch. 615

ဆွေမျိုးများအဖြစ်အသိအမှတ်ပြုခြင်း

Vol. 007 Ch. 615

“ဦးလေးက ဆရာနဲ့ ကျောင်းအုပ်ကြီးယွမ်နဲ့ ဆက်ဆံရေးကောင်းတာလား” ရှီမာယူယူ မေးလိုက်သည်။

“ဟုတ်တယ် ငါတို့ငယ်ငယ်တုန်းက မင်းတို့သူငယ်ချင်းတွေလိုပဲ ဒါပေမဲ့ နောက်ထပ် ဆက်ဆံတစ်မျိုးရှိ သေးတယ်၊ ငါတို့က ဂိုဏ်းအတူတူပဲ နောက်တော့ ငါက အံ့ဖွယ်နတ်ဆိုးတောင်ကြားက အံ့ဖွယ်တောင်ကြား သခင်ဖြစ်လာတယ် သူကတော့ ဂိုဏ်းရဲ့ ကျောင်းအုပ်ကြီးပေါ့၊ ဒါနဲ့ စကားမစပ် ငါတို့က သူ့ကိုဦးလေးလို့ ခေါ် တယ်” အံ့ဖွယ်တောင်ကြားသခင်ပြောလေသည်။

“ဒါဆို သူက ကျွန်တော့်ဦးကြီးပေါ့” ရှီမာယူယူသည် မျက်လုံးပြူးလာသည်။ ကျောင်းအုပ်ကြီးသည် သူမ ၏ ဦးကြီးဖြစ်နေသည်။ သူမသည် ကျောထောက်နောက်ခံဖြင့် ဝင်ရန်ဖြစ်နိုင်မလားကို သိချင်မိသည်။

အံ့ဖွယ်တောင်ကြားသခင်သည် ခေါင်းရမ်းကာ “အဲလူက ကျောင်းအုပ်ကြီးရာထူးယူပြီးကတည်းက ဂိုဏ်း ကနေထွက်သွားတာပဲ”

အရင်ကျောင်းအုပ်ကြီးများသည်လည်း အင်အားကြီးများနှင့်ပတ်သတ်မှုမရှိပေ။ ထိုသည်မှာ လက်ဆင့် ကမ်းလာခဲ့သော အမူအကျင့်ပင်ဖြစ်သည်။ ထိုမှသာ ဂိုဏ်းသည် အင်အားကြီးများ၏ လက်ပါးစေအဖြစ်မှ ကာကွယ်နိုင်မည်ဖြစ်သည်။

သို့သော် သူတို့သည် သူတို့ကြားမှ ဆက်ဆံရေးကို မတားနိုင်ပေ။ အဘိုးနတ်ဆိုး၊ အံ့ဖွယ်တောင်ကြား သခင်နှင့် ယွမ်ဟီထျန်တို့သည် ဂိုဏ်းအတွင်းမရှိကြတော့သော်လည်း သူတို့၏ဆက်ဆံရေးမှာ ကောင်းမွန်ကြ သည်။

ထို့နောက်တွင် ရှီမာယူယူသည် ယွမ်ဟီထျန်၏ အခြေအနေ၊ နှစ်သက်မှုများ အမူအကျင့်များကို နားလည်လိုက်ရသည်။

“ဦးလေး ဆရာကတောင်ကြားမှာမရှိဘူးလား” ရှီမာယူယူ မေးလိုက်သည်။

“ပြီးခဲ့တဲ့တစ်ခေါက် သူ သွေးလွှမ်းဂူကနေပြန်လာပြီးတော့ ခရီးရှည်တစ်ခုသွားစရာရှိတယ်ဆိုပြီး ထွက် သွားတာပဲ” အံ့ဖွယ်တောင်ကြားသခင် ပြန်ဖြေလေသည် “သူ့ကိုပြေးသွားအောင် မင်းဘာတွေပြောလိုက်လဲဆို တာမေးချင်နေတာ”

“ကျွန်တော် သူ့ကို အဒေါ်ဖန်အကြောင်းမေးလိုက်တာ” ရှီမာယူယူ ပြောလိုက်သည်။

“အဒေါ်ဖန်ဟုတ်လား ဖန်ရူယန်ကိုပြောတာလား” အံ့ဖွယ်တောင်ကြားသခင်သည် အံ့သြစွာ မေးလေ သည်။

“ဦးလေးကရော အဒေါ်ဖန်အကြောင်းသိလား”

အံ့ဖွယ်တောင်ကြားသခင်သည် ခေါင်းရမ်းလေသည် “မင်းဆရာ ငယ်ငယ်တုန်းက သူ့ကို ကူညီခဲ့ဖူးတဲ့ အမျိုးသမီးတစ်ယောက်နဲ့တွေ့ဖူးတယ်လို့တော့ ပြောတာကြားတယ်၊ သူမက သူ့အတွက် အရေးပါတဲ့လူတစ် ယောက်ပဲ အဲဒါပြီးတော့ သူမနဲ့ထပ်မတွေ့တော့တာပဲ၊ ဒါပေမဲ့ သူကလက်မလွှတ်နိုင်သေးဘူး၊ ယူယူ သူမကို ဘယ်လိုသိတာလဲ၊ သူမနဲ့ အထူးတလည်ဆက်ဆံရေးလည်းဖြစ်နေတယ်”

“အဒေါ်ဖန်ရဲ့ ခန္ဓာကိုယ်က အခြေအနေသိပ်မကောင်းဘူး ကျွန်တော် သူမကိုကုဖူးတယ်” ရှီမာယူယူ သည် အခြေအနေကိုရိုးရှင်းစွာပင်ပြန်ဖြေလေသည်။

“သူမက ငယ်ငယ်ကတည်းက အဲလိုပဲဆိုတာ မင်းဆရာပြောတာကြားဖူးတယ်၊ နှစ်တွေအများကြီးကြာ ပြီး အခုချိန်ထိတောင်ဒီလိုဖြစ်နေမယ်လို့ ထင်မထားဘူး” အံ့ဖွယ်တောင်ကြားသခင်သည် မှတ်ချက်ပေးလေ သည်။

“ဦးလေးပြောသလိုဆို ဆရာကလည်း အဒေါ်ဖန်ရဲ့ သရုပ်မှန်ကိုမသိဘူးပေါ့၊ သူမကို ဘယ်သွားရှာတာ လဲ၊ ဂျွန်ချောင်းက အဒေါ်ဖန်ရဲ့ နေရာကို ပြောပြပါ့မလားမသေချာဘူး” ရှီမာယူယူသည် အဘိုးနတ်ဆိုးကို စိတ်ပူ မိလေသည်။

“ဖြစ်နိုင်မယ်မထင်ဘူး” အံ့ဖွယ်တောင်ကြားသခင်ပြောလေသည် “တစ်ဖက်လူဆီက ဘာအကြောင်းမှ မသိရဘူးဆိုတာ သူတို့က အရမ်းလျှို့ဝှက်လို့ပဲ၊ ပြီးတော့ ငါအစိုးရိမ်ဆုံးက သူသတင်းတွေကိုသိနေတယ်”

“ဘာလို့လဲ” ရင်ဘိုင်ချွမ်းမေးလေသည်။

“ယူယူ ပြောသလိုဆိုရင် ဖန်ယူရန်ရဲ့ အားကအရမ်းမြင့်တယ် ဒီကငါတို့ဆီမှာမရှိတတ်တဲ့အားမျိုးပဲ၊ မင်း ဦးလေးက တစ်ယောက်တည်းသူမကိုသွားရှာမယ်ဆိုရင် သူအန္တရာယ်ဖြစ်မှာစိုးတယ်” အံ့ဖွယ်တောင်ကြားသခင် ပြောလေသည်။

“ဆရာနဲ့ ဆက်သွယ်လို့ရလား”

“ပြီးခဲ့တဲ့တစ်ခေါက်က သူငါ့ဆီကို သတင်းပို့တယ်၊ သူ့ကိုမစိုးရိမ်ပါနဲ့တဲ့၊ ဒါပေမဲ့ ငါသတင်းပြန်ပို့တော့ ဘာမှပြန်ပြောမလာဘူး” အံ့ဖွယ်တောင်ကြားသခင်ပြောလေသည် “မင်းကအခု ရွှမ်းယွမ်ဆိုင်နဲ့ အထူးတလည် ဆက်ဆံရေးဖြစ်နေပြီပဲ မင်းတတ်နိုင်ရင် ဖန်ရူယန်ရဲ့ သရုပ်မှန်ကိုမေးကြည့်ပေါ့ အဲလိုဆိုရင် သူ့ကိုရှာဖို့နေရာ တွေ့လာနိုင်တယ်”

“ကောင်းပါပြီ” ရှီမာယူယူသည် ခေါင်းညိမ့်ပြီးပြန်ဖြေလေသည်။

နောက်ရက်များတွင် ရှီမာယူယူသည် မိဖုရားကြီးကို သွားကုသလေသည်။ သူမ၏ ခရမ်းရောင်ရေမျိုးနွယ် သည် နဂါးသွေးသားဖြစ်ခြင်းကြောင့်ဖြစ်မည်။ သူမ ခန္ဓာကိုယ် သွေးလည်ပတ်သည်နှင့် လျင်မြန်စွာ နလန်ထူနိုင် လာသည်။

“မိဖုရားကြီး ခန္ဓာကိုယ်က အကုန်ကောင်းလုနီးပါးဖြစ်နေပြီ၊ အားလည်း ပြန်ပွင့်သွားပြီ ထပ်ပြီး ကျင့်ကြံ လို့ရပါပြီ” ရှီမာယူယူသည် ရွှမ်ရှင်းမန်၏ ခန္ဓာကိုယ်အား စမ်းသပ်လေသည်။

“အခုကိုကောင်းနေပါပြီ မင်းသာမရှိရင် ငါကသေလူပါပဲ” ရွှမ်ရှင်းမန် ပြောလေသည် “အားအတွက်က တော့ ငါထင်ထားတာထက် အဆင့် ၂ဆင့်ပိုများလာတယ် ကျေးဇူးပဲကလေး”

ရှီမာယူယူပြုံးပြီး ဝူလာမိုင်ကိုပြောလိုက်သည် “ဘုရင်ကြီး မိဖုရားကြီးရောဂါက သက်သာလာပြီဆိုတော့ ကျွန်တော်ပြန်တော့မယ်”

“ခဏလေးစောင့်ပါ မင်းအတွက်လက်ဆောင်ရှိတယ်” ဝူလာမိုသည် ရှီမာယူယူအား အလွန်ကျေနပ်မိ သည်။ မိဖုရားကြီး၏ တောင်းဆိုမှုနှင့်အတူ သူလည်းအဆင်ပြေသည်ဟုထင်သည်။

“ဘုရင်ကြီးကယဉ်ကျေးလွန်းနေပါပြီ ကျွန်တော်က မင်းသားနဲ့ သဘောတူညီချက်လုပ်ထားလို့ မိဖုရား ကြီးကိုလာကုပေးတာပါ၊ သူက ကျွန်တော့်ကိုပင်လယ်သခွားပေးလို့ ကျွန်တော်ကမိဖုရားကြီးကိုကုပေးတာပါ ဘယ်လိုလုပ် တခြားပစ္စည်းတွေလက်ခံရမှာလဲ” ရှီမာယူယူသည် လက်ရမ်းပြလေသည်။

သူမသည် ပစ္စည်းများစုဆောင်းရာတွင် တက်မက်မှုရှိသော်လည်း သူတို့သည် သဘောတူညီမှုပြုလုပ် ထားသဖြင့် သူမ လိုက်နာရန်လိုသည်။

ရွှမ်ရှင်းမန်သည် နွေးထွေးစွာပြုံးပြီး “ကလေး မင်းက မိန်းကလေးဆိုတာသိတယ်၊ ငါက အမြဲတမ်း သမီး လေးလိုချင်နေတာ ဒါပေမဲ့ လီလေးနဲ့ သူ့ညီလေးက ယောက်ျားလေးတွေလေ၊ သမီးလိုချင်တဲ့ဆန္ဒက ဘယ်တော့မှာ မပြည့်ခဲဘူး၊ ငါ ဘုရင်ကြီးနဲ့ ဆွေးနွေးပြီးပြီ မင်းကို ငါတို့သမီးအဖြစ်လုပ်ချင်တယ်၊ မင်းရဲ့ ဝိဉာဉ် မိစ္ဆာတွေကို မွေးစား အဖေနဲ့အမေအဖြစ် အသိအမှတ်ပြုနိုင်ရဲ့လား”

မွေးစားအဖေနဲ့ အမေဟုတ်လား။ ရှီမာယူယူသည် မှင်တက်သွားသည်။ သူမသည် ထိုအကြောင်းအား အရင်ကတစ်ခါမှမစဉ်းစားဖူးပေ။ ထို့ကြောင့် ခေတ္တမျှ တုန့်ပြန်မှုမလုပ်နိုင်ပေ။

ရှီမာယူယူ ဆွံ့အသွားသည်ကို ရွှမ်ရှင်းမန် တွေ့လိုက်သည်။ သူမ မျက်နှာပေါ်မှ အပြုံးသည် ရပ်တန့်နေ သည်။ သူမသည် ရှက်ရွံ့စွာပြန်ပြောလေသည် “အင်းလေ လူသားတွေက မိစ္ဆာမျိုးနွယ်ကို ဘယ်လိုလုပ် ဆွေမျိုး အဖြစ်သတ်မှတ်ချင်မှာလဲ၊ အဲဒါ ငါတို့လောဘပါ မင်း…”

ထိုကဲ့သို့ အမျိုးသမီးကြီးတစ်ယောက် ဝမ်းနည်းသွားသည်ကို ရှီမာယူယူ မမြင်ချင်ပေ။ ရှီမာယူယူသည် သူမ၏ လက်ကိုယူပြီး ပြုံးကာ ပြောလေသည် “မိဖုရားကြီး ကျွန်တော် မလိုချင်တာမဟုတ်ပါဘူး၊ ရုတ်တရက်ကြီး ဖြစ်နေတော့ ပျော်ပြီး ခဏလောက် မတုန့်ပြန်နိုင်ဖြစ်သွားတာပါ၊ ကျွန်တော်ကအခုအချိန်ထိ မိဘတွေကို ရှာ မတွေ့သေးပါဘူး၊ ကျွန်တော်လည်း အမေလိုချင်ပါတယ်၊ ကျွန်တော့်ကိုကောင်းကောင်းဆက်ဆံပြီး သမီးအဖြစ် သတ်မှတ်တာကိုက ဂုဏ်ယူစရာကောင်းနေပါပြီ”

“မင်းက ငါတို့မိစ္ဆာမျိုးနွယ်ကိုအထင်မသေးဘူးလား” ရွှမ်ရှင်းမန် မေးလေသည်။

“လူသားနဲ့ မိစ္ဆာမျိုးနွယ်တွေကြားမှာ ဘာကွာလို့လဲ၊ အကုန်လုံးတစ်ကမ္ဘာထဲမှာနေနေကြတာပဲလေ” ရှီမာယူယူ ပြန်ဖြေလေသည်။

ရွှမ်ရှင်းမန်နိုးလာပြီးနောက်တွင် ရှီမာယူယူသည် မကြာခဏ သူမနှင့် စကားပြောလေ့ရှိသည်။ သည်လို နှင့် သူတို့၏ သံယောဇဉ်သည် တစ်နေ့ထက်တစ်နေ့ကြီးမားလာခဲ့သောကြောင့်ပင် သူမ၏ ကမ်းလှမ်းချက်ကို မငြင်းဆန်နိုင်ပေ။

“မယ်မယ် ကျွန်တော်ပြောသလိုပဲ ယူယူက အဲလိုမျိုးတွေ အထင်မသေးတတ်ပါဘူး” ဝူလာလူသည် အပြင်မှ ဝင်လာပြီး ပြောလေသည်။

“ခင်ဗျားကသိပြီးသားလား” ရှီမာယူယူသည် ညီအစ်ကို၂ယောက်ကိုကြည့်လိုက်သည်။

“သိတာပေါ့ ငါတို့က မယ်မယ်ရဲ့ အကြံကိုသိလိုက်တော့ ပျော်သွားတာပဲ” ဝူလာလူသည် အားရပါးရပြုံး ကာ “ငါတို့မှာ လူသားညီမလေးရှိလာမယ်လို့ ထင်မထားမိဘူး”

“ငါလည်းမထင်ထားဘူးပဲ” ဝူလာလီ ခေါင်းညိမ့်လေသည်။

“ကုန်လေးတို့ရော ပြန်မလာသေးဘူးလား” ဝူလာမိုင် မေးလေသည်။

“မယ်မယ်နိုးလာပြီ်ဆိုတာ သူတို့ကိုပြောပြီးပါပြီ” ဝူလာလူဖြေလေသည် “သူတို့လာနေကြပြီ”

ဝူလာလီတွင် ညီအစ်ကိုများစွာရှီကာ သူတို့သည်မိဖုရားကြီးကို ကုသရန်အတွက် တိုင်းပြည်များသို့ နည်းလမ်းသွားရှာသည်ကို ရှီမာယူယူသိပြီးဖြစ်လေသည်။ သူတို့မိသားစုသည် မိစ္ဆာမျိုးနွယ်များအကြားတွင် ရှားပါးသော ဆက်ဆံရေးုဖြစ်သည်။

ရွှမ်ရှင်းမန်သည် ရှီမာယူယူ၏ လက်ကိုပုတ်ပြီး “သမီး မြန်မြန်ပြန်ချင်နေတယ်ဆိုတာသိပါတယ်၊ ဒါပေမဲ့ သမီးက အမေတို့မျိုးနွယ်ရဲ့ မင်းသမီးလေးဖြစ်သွားပြီဆိုတာ မျိုးနွယ်ဝင်တွေကိုပြောရဦးမယ်၊ ပြီးတော့ အစ်ကို တွေကိုလည်းတွေ့ရဦးမယ်၊ အဲတော့ ဒီမှာနည်းနည်းလောက်နေပြီးမှ ပြန်ပါလား”

***

All Chapters