← Chapters

သွေးတစ်စက်

Vol. 007 Ch. 616

သွေးတစ်စက်

Vol. 007 Ch. 616

ရှီမာယူယူသည် ရွှမ်ရှင်းမန်၏ တောင်းဆိုမှုကိုလက်ခံကာ အနည်းငယ်ထပ်နေပြီး မတွေ့ဖူးသည့် အစ်ကို များကိုတွေ့ရန် ဆုံးဖြတ်လိုက်သည်။

ဝူလာမိုင်သည် ရှီမာယူယူကို မွေးစားသမီးအဖြစ် သတ်မှတ်လိုက်သည်ကို သိသည်နှင့် အံ့ဖွယ် တောင်ကြားသခင်နှင့် ရင်ဘိုင်ချွမ်းတို့သည် ထွက်သွားကြလေသည်။ သူတို့သည် ခရမ်းရောင်ရေမျိုးနွယ်မှ ရှီမာယူယူကို ထိခိုက်အောင်လုပ်မည်စိုးသဖြင့် ကာကွယ်ပေးရန်လာခြင်းဖြစ်သည်။ သူမသည် သူတို့၏ မိသားစု ဝင်ဖြစ်သွားသောအခါ စိုးရိမ်ရန်မလိုတော့ပေ။

ရှီမာယူယူနှင့် ဝူလာလီတို့သည် သူတို့အားရေပေါ်တက်သည်အထိ လိုက်ပါပြီး အံ့ဖွယ်တောင်ကြား သခင် လေဟာပြင်ဖြတ်လမ်းဖွင့်သည်အထိ ကြည့်ပြီးပြန်လာခဲ့ကြသည်။ ပြန်လာသည့်လမ်းတွင် မျိုးနွယ်ဝင်များ သည် သူမကိုမြင်သည်နှင့် အရိုအသေပေးကာ မင်းသမီးဟု တရိုတသေ အမည်တပ်လေသည်။

သူမသည် အစပိုင်းတွင် အသားမကျသေးပေ။ သို့သော် မျိုးနွယ်ဝင်များသည် ထိုသို့ဆက်တိုက်ခေါ်နေ သဖြင့် ရက်အနည်းငယ်ကြာသောအခါ အသားကျလေသည်။

ဒီနေ့တွင် ဝူလာမိုင်သည် သူမကိုခေါ်လေသည်။

“အဖေ အမေ” သူမ ခန်းမတွင်းဝင်သောအခါ ဝူလာမိုင်နှင့် ရွှမ်ရှင်းမန်တို့ စကားစမြည်ပြောနေသည်ကို တွေ့လိုက်ရလေသည်။ သူမ အရိုအသေပေးကာ ခေါ်လိုက်လေသည်။

ရွှမ်ရှင်းမန်၏ တောင်းဆိုမှုနှင့် သမီးတစ်ယောက်နှင့် ပိုတူစေရန် သူမကို မျိုးနွယ် နယ်မြေအတွင်းတွင် မိန်းကလေးအဝတ်အစားဝတ်ထားလေသည်။

လက်ရှိရက်များတွင် သူမသည် ရှည်လျားသော ဝတ်စုံဝတ်ကာ ဆံပင်ရှည်များကို တစ်ဝက်ချကာ တစ်ဝက်ကို ရိုးရှင်းစွာပင် ထုံးဖွဲ့ထားရာ သဘာဝအတိုင်းလှနေလေသည်။

“ယူယူ လာခဲ့” ရွှမ်ရှင်းမန်သည် ရှီမာယူယူအား လက်ယက်ခေါ်လေသည်။

ရှီမာယူယူ လျှောက်သွားပြီး သူမဘေးတွင်ထိုင်လိုက်သည်။

“ပြီးခဲ့တဲ့ရက်တွေက ဘာလုပ်နေလဲ၊ သမီးကိုမတွေ့မိဘူး” ရွှမ်ရှင်းမန်ပြောလေသည်။

“အမေ ခန္ဓာကိုယ် လုံးဝပြန်ကောင်းအောင် ဆေးဖော်နေတာပါ” ရှီမာယူယူသည် ကျောက်စိမ်းပုလင်း ထုတ်လေသည် “မိစ္ဆာမျိုးနွယ်တွေ သောက်လို့ရတဲ့ဆေးတွေကမများဘူးလေ၊ ရတနာသိုလှောင်ခန်းမှာ ဆေး ဖက်ဝင်ပစ္စည်းတွေအများကြီးရှိနေလို့ တော်သေးတယ်၊ သမီး အမေ့အတွက် အသုံးဝင်တာဖော်ထားတယ်၊ ပြီးတော့ မိစ္ဆာမျိုးနွယ်တွေ သောက်လို့ရတဲ့ သာမန်ဆေးလည်းဖော်ထားတယ်၊ ပုံမှန်ဆိုရင် သမီးရဲ့ စာချုပ်မိစ္ဆာ တွေ ဒဏ်ရာရရင် အဲဆေးတွေပဲစားကြတာ၊ သမီးအဝေးရောက်နေလို့ အမေဒဏ်ရာရရင်လည်း စားလို့ရတာပေါ့”

သူမလက်ဝေ့လိုက်သည်နှင့် ကျောက်စိမ်းပုလင်းများသည် သူတို့ရှေ့တွင်ပေါ်လာလေသည်။

အခုချိန်တွင် သူမသည် အဆင့်တက်လာခဲ့သည်။ အဆင့် ၆ဆေးဖော်ရာတွင်လည်း မြန်လာကာ ဆေး၏ အဆင့်မှာလည်း တက်လာသည်။ ထို့ကြောင့် ဆေးအများအပြားထုတ်လုပ်သော်လည်း အချိန်မယူပေ။

အထူးသဖြင့် သူမ တစ်ယောက်တည်းရှိနေချိန်တွင် ဝိဉာဉ်စေတီအတွင်းတွင် ဖော်သဖြင့် အချိန်ပေါများ သည်။

ဝူလာမိုင်နှင့် ရွှမ်ရှင်းမန်တို့သည် ထိုဆေးများကိုကြည့်ပြီးအလွန်အံ့သြနေလေသည်။ သူတို့သည် ထိုမျှ လောက်များသော ဆေးများကိုမမြင်ဖူးကြပေ။

မိစ္ဆာမျိုးနွယ်များသည် သန်မာသော ခန္ဓာကိုယ်များရှိကာ ပြန်ကောင်းနိုင်မှု စွမ်းအင်မြင့်မားကြသည်။ ကောင်းကင်သည် သူတို့ကို ကြင်နာခဲ့သည်။ သို့သော် မိစ္ဆာများ မည်မျှပင် အားကောင်းပါစေ ဆေးဖော်နည်းများ လက်နက်များလုပ်ခြင်းများကို သင်သည့်သူမရှိပေ။ ထိုအရာများကို လူသားများသာလုပ်နိုင်သည်။ ထို့ကြောင့် သူတို့သည် ထိုမျှများသော ဆေးများကိုအရင်ကမမြင်ဖူးခဲ့ပေ။

“အဲဒါတွေက အမေတို့စားဖို့လား” ရွှမ်ရှင်းမန်သည် စိတ်လှုပ်ရှားစွာ မေးလေသည်။

“ဟုတ်ပါတယ် မိစ္ဆာတွေနဲ့ လူသားတွေက လိုအပ်တဲ့ဆေးတွေမတူပါဘူး၊ အဲဒါတွေက အမေတို့အတွက် အထူးတည်လုပ်ပေးတာပါ” ရှီမာယူယူ ပြန်ဖြေလေသည် “အမေ့ခန္ဓာကိုယ်က သန်မာပေမယ့် ဆေးသောက်တာ က ပိုအထောက်အကူဖြစ်မှာပါ၊ တချို့မျိုးနွယ်တွေက သမီးတို့ကို လောဘတက်နေတယ်လို့ အစ်ကို ၂ပြောတာ ကြားတယ်၊ ဒီဆေးတွေက အထောက်အကူဖြစ်မှာပါ၊ နောက်ကျရင် ထပ်ဖော်ပေးမယ်၊ ပုံမှန်အချိန်မှာ မသုံးလည်း ကိစ္စမရှိပါဘူး လိုအပ်မှသုံးလို့ရပါတယ်”

“သမီးတွေက နွေးထွေးတဲ့အနွေးထည်လိုပဲလို့ တခြားသူတွေပြောတာမှန်တာပဲ ကြည့်လေ မင်းသမီးဖြစ် တာမှမကြာသေးဘူး ကျွန်မတို့အတွက် စဉ်းစားပေးနေပြီ” ရွှမ်ရှင်းမန်သည် ရှီမာယူယူ၏ ဆံပင်ကို မြတ်နိုးစွာ ပွတ် ပြီး ပြောလေသည် “ဒါပေမဲ့ ကိုယ့်ကိုယ်ကို အပင်ပန်းမခံပါနဲ့”

“ဟုတ်ကဲ့ပါ” ရှီမာယူယူ ပြုံးလေသည် “ဟုတ်သားပဲ အဖေ သမီးကိုဘာလို့ခေါ်တာလဲ”

ဆေးများကို သမီးဖြစ်သူမှ ဖော်ပေးသဖြင့် ဝူလာမိုင်သည် ဆေးများကို သိမ်းလိုက်သည်။

“ဟုတ်သားပဲ သမီးယူလာတဲ့ဆေးတွေကို အာရုံရောက်နေတာနဲ့ မေ့တော့မလို့” သူသည် သူ၏ လူသား သမီးလေးကို ပိုပိုပြီးနှစ်သက်လာသည်။ သူမသည် အမူအကျင့်ယဉ်ကျေးသည်၊ အရည်အချင်းရှိသည်၊ စဉ်းစား နိုင်စွမ်းရှိသည်။ သူ့သမီးသည် တော်လွန်းသဖြင့် နောက်တစ်သမီးတစ်ယောက်ကိုပင်လိုချင်စိတ်ဖြစ်မိသည်။

ရှီမာယူယူသာ သူ့အတွေးကိုသိပါက သူတို့နှင့်တွေ့ခဲသည်ကို ဝမ်းသာပေမည်။ သူမ အရင်ဘဝက သူမ မိသားစုကို ချေမှုန်းခံရသည့် အတွေ့အကြုံမရှိပါက သူမ၏ လက်ရှိအမူအကျင့်သည် အရင်ကကဲ့သို့ပင် ရိုင်းကာ ပြေပြစ်မှုရှိမည်မဟုတ်ပေ။ ပြီးခဲ့သည့်အကြောင်းများကို တွေးရင်းနှင့် သူမသည် များစွာပြောင်းလဲခဲ့သည်။ သူမ၏ အမူအကျင့်သည် နူးညံ့စွာပြောင်းလဲပြီး ပိုပြီးခိုင်မြဲလာသည်။

ဝူလာမိုင်သည် သူမရှေ့တွင်ပင် ခရမ်းရောင်နဂါးအဖြစ်ပြောင်းသွားလေသည်။

သူက ကိစ္စရှိလို့ သူမကိုရှာတာမလား။ ဘာလို့ပြောင်းလိုက်တာလဲ။ သူမသည် ရွှမ်ရှင်းမန်အား သံသယ ဖြင့် ကြည့်လိုက်သည်။

“မစိုးရိမ်ပါနဲ့” ရွှမ်ရှင်းမန် နှစ်သိမ့်လေသည်။

ရှီမာယူယူသည် စိတ်ထဲမှ သိချင်စိတ်ကိုဖိနှိပ်ကာ ဝူလာမိုင်အား ကြည့်လိုက်သည်။

ဝူလာမိုင်သည် နန်းတော်ကိုပတ်ကာ ရေကူးပြီးနောက် ရှီမာယူယူရှေ့ရောက်လာသည်။ ရေထဲတွင် ရှည် ထားသော ရေပူပေါင်းများထသွားရာ သူမသည် လက်ကိုဆန့်ပြီးထိကြည့်မိလေသည်။

ထိုအချိန်တွင် ဝူလာမိုင်၏ မျက်ခုံးများအကြားတွင် သွေးစက်စုလာသည်။ ထိုအနီရောင်သွေးသည် ခရမ်း ရောင်အနည်းငယ်ပါလေသည်။

ထိုသွေးစက်သည် ရေထဲတွင် သွားပေါလောပေါ်နေသည်။ ရှီမာယူယူသည် အနံ့သင်းသင်းကိုရလိုက် သည်။

“ယူယူ သွားလိုက်” ရွှမ်ရှင်းမန်ပြောလေသည်။

“အမေ သမီးကဘယ်လိုလုပ် အဲလိုလုပ်လို့ဖြစ်မှာလဲ” ရှီမာယူယူသည် သူတို့၏ ဆိုလိုချက်ကိုနားလည် သဖြင့် ကျယ်လောင်စွာအော်လိုက်သည်။

“ဘာမဖြစ်နိုင်စရာရှိလဲ” ရွှမ်ရှင်းမန်ပြောလေသည် “သမီးက အမေတို့ကလေးပဲလေ၊ သွေးအနှစ် တစ်စက်ပဲလေ၊ အမေ့ခန္ဓာကိုယ်လုံးဝပြန်မကောင်းသေးလို့ မဟုတ်ရင် သမီးကိုတစ်စက်ပေးတယ်”

“ဒါပေမဲ့ အဲဒါက မွေးစားအဖေကိုအရမ်းနာသွားစေမှာ” ရှီမာယူယူသည် ခေါင်းရမ်းလေသည်။

သွေးအနှစ်သည် ဝိဉာဉ်မိစ္ဆာများ၏ စွမ်းအင်ကိုစုစည်းထားခြင်းဖြစ်သည်။ အစက်လေးတစ်စက်သာ ဖြစ် သော်လည်း အံ့ဖွယ်ဝိဉာဉ်မိစ္ဆာအဆင့်ရှိသော ဝူလာမိုင်လုပ်သော သွေးစက်မှာ အင်အားများစွာပါဝင်လေသည်။

“အဲဒါ သွေးအနှစ်၁စက်ပဲကို၊ သမီးစုပ်ယူပြီးရင် သူ့အတွက်ဆေးဖော်ပေးလိုက်ပေါ့” ရွှမ်ရှင်းမန်သည် ပြောလေသည်။ “သမီးက အမေတို့ကလေးဖြစ်သွားမှတော့ အမေတို့သွေးစီးဆင်းနေမှဖြစ်မှာလေ၊ ရပါတယ် သွားလိုက်”

ရွှမ်ရှင်းမန်သည် သူမပခုံးကိုပုတ်ပြီး သွားရန်အချက်ပြလိုက်သည်။

ရှီမာယူယူသည် ဝူလာမိုင်ကိုလှည့်ကြည့်လေသည်။ သူ၏ ကြီးမားသော မျက်လုံးများသည် နက်ရှိုင်း သော အဓိပ္ပာယ်များစွာပါလေသည်။ သူမသည် အသက်ရှုသွင်းလိုက်ပြီးနောက် သွေးစက်ရှိရာသို့ သွားလိုက် သည်။

ဝူလာမိုင်သည် သွေးအနှစ်ကိုထိန်းချုပ်ပြီး ရှီမာယူယူ၏ မျက်ခုံးကြားသို့ ဖြေးညင်းစွာကပ်သွားပြီး ဝင် သွားစေလေသည်။ သွေးအနှစ်ဝင်သွားသည်နှင့် ရှီမာယူယူသည် သူမ၏ မျက်ခုံးများအကြားတွင် လှောင်ကျွမ်း ခြင်းကိုခံစားရပြီး အလွန်နာကျင်မိလေသည်။

“အမေတို့ သမီးကိုစမ်းသပ်ပြီးပြီ သမီးခန္ဓာကိုယ်က သာမန်လူတွေထက် ပိုသန်မာတယ်၊ သွေးအနှစ်ရဲ့ စွမ်းအင်က သမီးကိုပိုနာစေလိမ့်မယ် ဒါပေမဲ့အဲဒါကိုကျော်ဖြတ်နိုင်ရင် အကျိုးရှိလိမ့်မယ်” ရွှမ်ရှင်းမန်ပြောလေ သည်။

“နားလည်ပါတယ် အမေ” ရှီမာယူယူသည် နာကျင်မှုကို တောင့်ခံသော်လည်း သူမ၏ အသားအရေမှာ ဖျော့တော့လာသည်။

“သမီးဒီမှာ သွေးအနှစ်ကိုစုပ်ယူလို့ရတယ် ဘယ်သူမှမနှောင့်ယှက်ဘူး၊ ဖန်ကျောက်ဖျာပေါ်မှာ စုပ်ယူလို့ ရတယ်၊ တက်သွားလိုက်” ရွှမ်ရှင်းမန်၏ ညွှန်ပြမှုနှင့် ရှီမာယူယူသည် ဖန်ကျောက်ဖျာပေါ်တက်လိုက်သည်။

ထိုအချိန်တွင် သူမသည် ဘာမှမပြောနိုင်ပေ။ သူမသည် ခြေထောက်ချိတ်ကာ သွေးအနှစ်၏ စွမ်းအား များကိုစုပ်ယူလေသည်။

ဝူလာမိုင်သည် လူသားအသွင်ပြောင်းလေသည်။ ရွှမ်ရှင်းမန်သည် သူ၏ ဖြူဖျော့သော မျက်နှာကိုတွေ့ သောအခါ အားနာစွာပြောလေသည် “ကျွန်မတောင်းပန်ပါတယ် ဘုရင်ကြီး မခံနိုင်ရင် မလုပ်ရင်…”

“ဘာတွေပြောနေတာလဲ မင်းက သူမကိုအရမ်းချစ်တာလေ သူမက အခုငါတို့ရဲ့ မွေးစားသမီးဖြစ်နေပြီ၊ သွေးအနှစ်တစ်စက်တည်းပါ ခဏနေ ပြန်ကောင်းလာမှာပါ” ဝူလာမိုင်သည် ပြောလေသည် “သူမ အပြည့်အဝ စုပ်ယူ ဖို့အချိန်ဘယ်လောက်ကြာမလဲ အင်အားဘယ်လောက်တိုးလာမလဲသိချင်မိတယ်”

All Chapters