နာကျင်သောခရီး
Vol. 007 Ch. 617
သူတို့သည် လူသားကို သွေးအနှစ်ပေးဖူးခြင်းမရှိပေ။ ဒီတစ်ကြိမ်သည် ပထမဆုံးအကြိမ်ဖြစ်ရာ ရလာ မည့်ရလဒ်ကို သိရန်နည်းလမ်းမရှိပေ။
“သူမ ကြည့်ရတာ အရမ်းနာနေတဲ့ပုံပဲ၊ ကျွန်မတို့လုပ်တာမှန်လားမမှန်လား မသိတော့ဘူး” ရွှမ်ရှင်းမန် သည် ရှီမာယူယူနာကျင်နေသည်ကိုကြည့်ကာ စိုးရိမ်နေလေသည်။
“သူမ ဒါကိုဖြတ်ကျော်နိုင်မယ်လို့ယုံတယ်” ဝူလာမိုင် ပြောလေသည် “သူမသာ ဖြတ်ကျော်နိုင်ရင် ပိုပြီး အားကောင်းလာမှာ၊ သူမခန္ဓာကိုယ်လည်း ကြံ့ကြံ့ခံနိုင်လာမယ်၊ အဲဒါက သူမအတွက် အရမ်းကောင်းပါတယ်၊ သူမက သန်မာတဲ့သူဖြစ်သွားရင် နာကျင်မှုလည်းမဖြစ်တော့ပဲ သူမရဲ့စွမ်းရည်ကိုတွန်းပို့သလိုဖြစ်သွားမယ်”
“အဲလိုမျှော်လင့်ရတာပဲ” ရွှမ်ရှင်းမန်သည် သူ့လက်ကိုကိုင်ကာ ပြောလေသည် “သူမက အခုအရမ်း အားနည်းနေတယ်၊ ဒါပေမဲ့လုပ်ရမယ့် ကိစ္စတွေကလည်းအများကြီးပဲ၊ အခုချိန်အားသန်လာရင် သူမအတွက် ပို ကောင်းတယ်၊ ဒါပေမဲ့ ဒီလောက်နာလိမ့်မယ်လို့လည်း မထင်ထားဘူး”
“မင်းက သူမအတွက် အများကြီးတွေးပေးတာပဲ သူမနားလည်မှာပါ” ဝူလာမိုင် ပြောလိုက်သည်။
“အင်း ကျွန်မနားတော့မယ် သွားရအောင်” ရွှမ်ရှင်းမန် ပြောလိုက်သည်။
“ကောင်းပါပြီ”
ဝေဒနာခံစားနေရသော ရှီမာယူယူကိုထားသွားကာ သူတို့နှစ်ယောက်ထွက်သွားလေသည်။
ဝူလာမိုင်၏ သွေးအနှစ်သည် သူမ၏ လည်ပတ်မှုတွင် ရောနှောကာ သွေးအနှစ်စီးဆင်းသည်နှင့် သွေးကြောများသည် မီးတောက်ကဲ့သို့ပူလာသည်။ ပြီးနောက်တွင် ရေကျောက်ဖျာသည် အေးစက်မှုကို ထုတ်လွှတ်လေသည်။
သူမ၏ ဝိဉာဉ်စွမ်းရည်အားလုံးသည် သွေးအနှစ်ကိုတိုက်ခိုက်နေသည်ဖြစ်ရာ သူမသည် ထိန်းချုပ် သော်လည်း အချည်းအနှီးပင်။
သူမ၏ စိတ်စွမ်းအင်သည် ဖြည်းညင်းစွာ လျော့နည်းလာသည်။ သူမသာ မထိန်းချုပ်နိုင်တော့ပါက အထဲ တွင ်ပေါက်ကွဲမည်ဖြစ်သည်။ ထိုသည်မှာ သူမအတွက် ကြောက်စရာကောင်းသည်ထက်ပိုသည်။
သူမသည် သွေးအနှစ်ကို အဆုံးထိ ဖိနှိပ်နိုင်၍သာ တော်သေးသည်၊ သူမသည် သွေးအနှစ်ပတ်ပတ် လည်တွင် ဝိဉာဉ်စွမ်းအင်ကိုအသုံးပြုကာ စတင်စုပ်ယူလေသည်။
သွေးအနှစ်တစ်စက်သာဆိုသည် ဒေါသမီးတောက်စွမ်းအင်ကဲ့သို့ပင်။ အနည်းဆုံးတော့ သူမအတွက် ထို ကဲ့သို့ခံစားရသည်။
စုပ်ယူခြင်းနှင့် မိမိဘာသာ သန့်စင်သည်။ ထိုလုပ်ငန်းစဉ်မှာ ၃လကြာသွားသည်။
ထို ၃လအတွင်းတွင် ရွှမ်ဝူရှင်းနှင့် ဝူလာမိုင်တို့ သူမဆီသို့ လာကြသည်။ သူမ အခြေအနေ တည်ငြိမ် သည်ကို မြင်သည်နှင့် စိုးရိမ်မှုမရှိကြတော့ပေ။
ထိုအချိန်တွင် ရွှမ်ရှင်းမန်နှင့်တွေ့ရန် မင်းသား ၇ယောက် ၈ယောက်လောက်ရောက်လာကြသည်။ သူတို့ သည် လူသားကိုတွေ့ရသည်ကိုပင် ထူးဆန်းနေကာ ထိုလူသားသည် သူတို့၏ ညီမဖြစ်နေလေသည်။ သို့သော် သူတို့သည် မိခင်ကိုကယ်ပေးသည့်အတွက် ကျေးဇူးတင်မိကြသည်။
အချိန်သုံးလသည် မျက်စိတစ်မှိတ်အတွင်းကုန်ဆုံးသွားသည်။
ထိုနေ့တွင် ဝူလာလီသည် လူသားလူငယ်တစ်ယောက်နှင့်အတူ ရှီမာယူယူဆီသို့ ရောက်လာလေသည်။ သူမ တံခါးပိတ်ကျင့်ကြံနေဆဲဖြစ်သည်ဟု ထင်ထားသော်လည်း အထဲမှ လက်တစ်ဖက်ကလှမ်းဆွဲလိုက်လေ သည်။
“ယူယူ ထွက်လာပြီလား”
ရှီမာယူယူသည် ဝူလာလီအား ပျော်ရွှင်သောမျက်လုံးများဖြင့် ကြည့်လေသည်။ သူမသည် သူ့လက်အား ဆုပ်ကိုင်ပြီးပြောလေသည် “မြန်မြန် ကျွန်မကိုဟိုတစ်ခါက ကျွန်းပေါ်ခေါ်သွားပေး”
သူမ ထိုမျှလောက်စိတ်လှုပ်ရှားနေသည်ကို ကြည့်ခြင်းအားဖြင့် ရှီမယူယူ တစ်ခုခုဖြစ်နေပြီကို ဝူလာလီ သိလိုက်သည်။ စကားတစ်လုံးမှမပြောပဲ သူသည် မူလအသွင်ပြောင်းကာ သူမကို ကမ်းခြေသို့ခေါ်သွားလေ သည်။
“အစ်ကိုကြီး ကျွန်တော့်ကိုစောင့်” သူနှင့်အတူလာသော ကလေးသည် သူတို့ပျံသွားတော့မည်ကို မြင် သောအခါ အလောတကြီးအော်လေသည်။ သူသည် မူလအသွင်ပြောင်းကာ သူတို့နောက်လိုက်သွားလေသည်။
အစောင့်သည် သူတို့သုံးယောက် လောတကြီးထွက်လသည်ကိုမြင်သောအခါ အော်လိုက်သည် “မင်းသမီး ထွက်လာပြီ မိဖုရားကြီးကို သတင်းပို့လိုက်”
ဝူလာလီသည် ရှီမာယူယူကို အရင်တစ်ခေါက်ကရောက်ခဲ့သော ကျွန်းသို့ခေါ်သွားလေသည်။ သူမသည် လှည့်ပတ်ကြည့်လိုက်ရာ ကျယ်ဝန်းသောကမ်းခြေကို တွေ့သည်နှင့် တည်ဆောက်မှုလုပ်လိုက်သည်။
“အစ်ကိုကြီးက မြန်လိုက်တာ” နောက်မှလိုက်လာသော ကောင်လေးမှီလာသည်။ သူသည် ရှီမာယူယူ မြေပေါ်သို့ ကျောက်တုံးများပစ်နေသည်ကို မြင်သောအခါ စပ်စုစွာဖြင့် မေးလိုက်သည် “မမ ဘာတွေလုပ်နေတာ လဲ”
ညီမလေး… ထိုသည်မှာ သူတို့ သူမကိုအမည်တပ်ခြင်းဖြစ်သည်။
“တည်ဆောက်မှုလုပ်နေတာ” ဝူလာလီ ပြောလိုက်သည်။
“သူမက အဂ္ဂိရတ်ပညာရှင်မဟုတ်ဘူးလား၊ တည်ဆောက်မှုဘယ်လိုလုပ်ရလဲဆိုတာ ဘယ်လိုသိတာ လဲ” ဝူလာရှုံမေးလိုက်သည်။
“သူမက အဂ္ဂိရတ်ပညာရှင်ရော တည်ဆောက်မှုပညာရှင်ရောဖြစ်လို့နေမှာပေါ့” ဝူလာလီသည် ရှီမာယူယူအားကြည့်ရင်းနှင့် သူမသည် လျှို့ဝှက်ချက်များလွန်းသည်ဟု ခံစားမိလိုက်သည်။
ရှီမာယူယူ တည်ဆောက်မှုဆောက်ပြီးသည်နှင့် လျှောက်လာသည်။
“ညီမလေး ငါက အစ်ကို၉ ဝူလာရှုံပါ” ဝူလာရှုံ မိတ်ဆက်လိုက်သည်။
“မင်္ဂလာပါ အစ်ကို၉” ရှီမာယူယူ သူ့အားပြုံးပြပြီးနောက် သူတို့အားပြောလိုက်သည် “ဒီနေရာကနေ အမြန်ထွက်သွားပါ”
“ဒီကိုဘာလို့လာတာလဲ၊ တည်ဆောက်မှုတောင်လုပ်ပြီးတော့…. မင်းကတည်ဆောက်မှုပညာရှင်လား” ဝူလာလီသည် ဒီလူသားမွေးစားညီမလေးအကြောင်းကို များစွာသိချင်မိသဖြင့် မေးခွန်းများ တသီတတန်းမေးမိ လေသည်။
“ကျွန်မတို့ ပြန်ရောက်တာနဲ့ ဖြေပါမယ် အခုတော့သွားလိုက်ပါ” ရှီမာယူယူ ပြောလိုက်သည်။
“ဘာလို့လဲ” ဝူလာလီမေးလိုက်သည်။ သူမ မဖြေမချင်း သူထွက်မသွားမည့်ပုံပင်။
“ကျွန်မအဆင့်တက်တော့မလို့” ရှီမာယူယူ ပြောလိုက်သည်။
“အဆင့်တက်တာ မင်းအတွက်ကောင်းတာပေါ့၊ ဒါပေမဲ့ မင်းအဆင့်တက်တဲ့အချိန်မှာ အနှောင့်အယှက် မရှိတာ မကောင်းဘူးလား၊ အခုငါတို့ မင်းနဲ့ရှိနေတာ့ တခြားသူတွေ မနှောင့်ယှက်အောင် ကာကွယ်ပေး လို့ရတယ်” ဝူလာရှုံပြောလိုက်သည် “ဒါက ငါတို့ကမ်းခြေဆိုပေမယ့် တခြားမျိုးနွယ်က လူတွေက ဒီကိုလျှို့ဝှက် ထောက်လှမ်း ဖို့လာကြတယ်၊ ပြီးခဲ့တဲ့၂ရက်ကလည်း ကျွန်တော်တို့ လူတွေဒုက္ခရောက် သွားလို့ လူ လွှတ်လိုက်ရသေးတယ်လို့ အစ်ကို၂ပြော တယ်၊ မင်း သူတို့နဲ့တွေ့ရင် ဒုက္ခရောက်လိမ့်မယ်”
“စဉ်းစားပေးတဲ့အတွက်ကျေးဇူးပဲ အစ်ကို၉ ဒါပေမဲ့ ကျွန်မအဆင့်တက်တာက တခြားသူတွေနဲ့မတူဘူး၊ အနှောင့်ယှက်ခံရမှာမကြောက်ပါဘူး” ရှီမာယူယူပြန်ဖြေလေသည်။
“ဘာမတူတာလဲ”
သူ့အား ရှင်းလင်းအောင်ပြောရမည်ကို ရှီမာယူယူမြင်သောအခါ သူသည် ကလေးငယ်တစ်ယောက်ဖြစ် သည်ဟုသာ တွေးလိုက်သည်။
“ကျွန်မအဆင့်တက်တိုင်း မိုးကြိုးအပစ်ခံရတယ်” သူမ ရှင်းပြလေသည် “မင်းဒီကိုရောက်လာရင် မိုးကြိုးက ကျွန်မကိုကူညီဖို့လာတဲ့လူတွေဆိုတာ သိသွားပြီး မင်းပါပါသွားလိမ့်မယ်၊ အဲလိုဆိုရင် မိုးကြိုး ဘေးသင့်တာက ပိုပြီး ခက်ခဲတဲ့အဆင့်ရောက်သွားမယ်”
“မင်းက မိုးကြိုးဘေးသင့်မှ အဆင့်တက်တာလား၊ ဘာလို့အဲလောက်ထူးဆန်းရတာလဲ” ဝူလာရှုံမေး လိုက်သည်။
“ကျွန်မလည်းမသိဘူး၊ ကျွန်မ အံ့ဖွယ်အဆင့်ရောက်ပြီးကတည်းက မိုးကြိုးဘေးသင့်တာခံရတာပဲ အချိန်တိုင်း အဲလိုပဲ” ရှီမာယူယူ ပြန်ဖြေလိုက်သည် “အဲဒါကြောင့် အဆင့်တက်ဖို့ ကျွန်မဒီကိုလာတာ၊ ဘယ်သူမှ လာလို့မရအောင် ကာကွယ်ရေးတည်ဆောက်မှုလုပ်လိုက်တာ၊ မင်းတို့အရင်သွားနှင့်လိုက်”
“ငါတို့အဝေးမှာ ရပ်စောင့်နေမယ်” ဝူလာလီ ပြောလိုက်သည် “ငါတို့မိုးကြိုးဘေးသင့်တာနဲ့ လွတ်တဲ့ အပြင်မှာ စောင့်နေမယ်”
သူ သူမအတွက် စိုးရိမ်နေသေးသည်ကို သူမ သိသည်။ သို့သော် အနီးအနားတွင် ရှိရန်မဖြစ်သဖြင့် သူမ သူ့ကိုသွားခိုင်းလိုက်သည်။
သူမသည် တည်ဆောက်မှုကို နောက်ဆုံးအကြိမ်စစ်ဆေးလိုက်သည်။ တည်ဆောက်မှုခိုင်ခံံသည်ဟု သေချာသည်နှင့် ဖက်တီးကျူပေးလိုက်သော မိုးကြိုးကာကွယ်ရေးဝတ်စုံကို ဝတ်ဆင်လိုက်သည်။ ထိုဝတ်စုံသည် အသုံးဝင်လှသည်မဟုတ်သော်လည်း မရှိသည်ထက်စာလျှင်တော်သေးသည်။ ထို့နောက်တွင် သူမသည် ဆေး ပုလင်းနှစ်လုံးထုတ်ကာ သူမဘေးထားပြီး တင်ပျင်ခွေထိုင်လိုက်သည်။
သူမသည် သွေးအနှစ်ကိုစုပ်ယူပြီးကာ သန့်စင်ပြီးဖြစ်လေသည်။ အခု သူမသည် သွေးအနှစ်မှ စွမ်းအင် ထုတ်လွှတ်ကာ သူမ ပင်မသွေးကြောဆီသို့ပို့ရမည်ဖြစ်သည်။
ရှီမာယူယူ ကျင့်ကြံခြင်းလုပ်ငန်းစဉ်လုပ်ဆောင်နေသည်ကို တွေ့သည်နှင့် ဝူလာလီသည် ဝူလာရှုံကို ဆွဲကာကျွန်းမှထွက်သွားလေသည်။ သူတို့သည် သိပ်မဝေးသော ရေထဲတစ်နေရာသို့သွားပြီး သူမကို စောင့် ကြည့်နေလေသည်။
“အစ်ကိုကြီး ဟိုမှာတစ်ခုခုဖြစ်နေပြီ” ဝူလာရှုံ ရုတ်တရက်ပြောလေသည်။
ဝူလာလီသည်လည်း ကျွန်းပေါ်မှ အသံများကိုကြားရလေသည်။ သူမျက်မှောင်ကြုတ်သွားကာ ထို အသုံးမဝင်သော တပ်သားများကို သွားရှင်းရန်ဟန်ပြင်လေသည်။ သို့သော် ကောင်းကင်ပေါ်တွင် အနက်ရောက် တိမ်တိုက်များလာနေသည်ကို မြင်လိုက်ရသည်။
“ငါတို့အဲဒီကိုသွားလို့မရဘူး” သူသည် ဝူလာရှုံ၏ လက်ကိုဆွဲကာ “မိုးကြိုးက စလာနေပြီ၊ အခု အဲဒီကို သွားရင် ငါတို့လည်း သူမနဲ့အတူမိုးကြိုးအပစ်ခံရမယ်၊ အဲဒါက သူမအတွက်ပိုဒုက္ခရောက်လိမ့်မယ်”
“ဒါဆို သူတို့ကို ဘယ်လိုလုပ်ကြမလဲ” ဝူလာရှုံသည် စိုးရိမ်စွာဖြင့် အော်လေသည်။
***