← Chapters

သနားစရာကောင်းသောဓားပြများ

Vol. 007 Ch. 618

သနားစရာကောင်းသောဓားပြများ

Vol. 007 Ch. 618

ထိုအချိန်တွင် နှစ်မျိုးစပ်သံချပ်ကာအင်္ကျိဝတ်ထားသော လူတစ်ပိုင်းငါးစတ်ပိုင်းတစ်စုသည် ကျွန်း၏ တစ်ဖက်မှ ဝင်လာသည်။

“အစ်ကိုကြီး မိုးအကြီးအကျယ်ရွာမယ့်ပုံပဲ”

အလယ်တွင်လျှောက်လာသော တစ်ယောက်သည် မိုးပေါ်သို့မော့ကြည့်ပြီး ပြောလေသည် “ရုတ်တရက် ကြီးဘာလို့ မိုးကြိုးတိမ်တိုက်တွေ ရောက်လာတာလဲ”

“အစ်ကိုကြီး ဟိုမှာ လူသားတစ်ယောက်”

“ဟုတ်သားပဲ ကြယ်ကိုးပွင့်သမုဒ္ဒရာအနက်ကြီးထဲမှာ လူသားကဘာလာလုပ်တာလဲ”

“သူမ ကျင့်ကြံနေတာထင်တယ် ငါတို့ကို သတိမထားမိလောက်ဘူး”

“ခရမ်းရောင်ရေမျိုးနွယ်ရဲ့ မိဖုရားက သူသားသမီးတော် မွေးစားတယ်လို့ကြားတယ် အဲလူတော့ မဟုတ် လောက်ပါဘူးနော်”

“ဖြစ်နိုင်တယ် ဒါပေမဲ့ ဒီမှာ လာကျင့်ကြံတဲ့သူက ဘယ်သူလဲ”

“အစ်ကိုကြီး ငါတို့်က ခရမ်းရောင်ရေမျိုးနွယ်ရဲ့ သတင်းစုံစမ်းဖို့ ဒီကိုလာတာလေ၊ မင်းသမီးကို ဖမ်းသွား လိုက်ရင် ဘုရင်ကြီးက ငါတို့ကို ဆုပေးမှာပဲ”

“ဟုတ်တယ် အစ်ကိုကြီး ငါတို့ပြန်သွားရင် သူတို့နှိပ်စက်တာမခံရတော့ဘူး”

ခေါင်းဆောင်ဖြစ်သူသည် အစပိုင်းတွင်တွေဝေနေသည်။ သို့သော် သူတို့ပြောသည်များကို ကြားသော အခါ ပြောလိုက်သည် “သွားကြမယ် အဲမိန်းကလေးကို ငါတို့နဲ့ခေါ်သွားမယ်”

“အစ်ကိုကြီး သူမက အဆင့်တက်မယ့်ပုံပဲ သူမက အခုမှ အံ့ဖွယ်ဘုရင်အဆင့်ပဲရှိသေးတယ်၊ အားနည်း လွန်းတယ် ခရမ်းရောင်ရေမိဖုရားက သူမကိုဘာလို့စိတ်ဝင်စားတာလဲ”

“သူမ အားနည်းတော့ကောင်းတာပေါ့၊ အဲလိုဆိုရင် သူမကိုဖမ်းဖို့ပိုလွယ်သွားတယ်” ခေါင်းဆောင်သည် သွားဖြဲပြီးပြုံးလိုက်သည် “မင်းတို့၂ယောက် ဒီနားမှာ ခရမ်းရောင်ရေမျိုးနွယ်ရှိလားမရှိလား ကြည့်ပြီး သူမကိုဖမ်း လိုက်”

“ဟုတ်ကဲ့”

သူတို့သည် ကျွန်းပတ်ပတ်လည်ကို ကြည့်သော်လည်း မည်သူမှမတွေ့ရပေ။ သည်လိုနှင့် သူတို့သည် ရှီမာယူယူဆီသို့ လျှောက်သွားလေသည်။

“သူမကိုဖမ်းလိုက်” ခေါင်းဆောင်အမိန့်ပေးလေသည်။

သူတို့သည် ရှီမာယူယူဆီသို့ နီးအောင်သွားသော်လည်း သူမဆီသို့ မရောက်နိုင်ပေ။ တည်ဆောက်မှု သည် သူတို့အား အပြင်သို့ ပြန်ရောက်အောင်လုပ်လေသည်။

“ငါတို့လမ်းကိုပိတ်ထားတဲ့ဟာ တစ်ခုခုရှိနေတယ်”

“ငါတို့ဝင်လို့မရဘူး ဒါဘာကြီးလဲ”

“အစ်ကိုကြီး ငါတို့ဝင်လို့မရဘူး”

“အစ်ကိုကြီး ဒီအလင်းတန်းကထူးဆန်းတယ် သူမကိုကာကွယ်နေသလိုပဲ”

“ထူးဆန်းတယ် ဘေးဖယ် ငါစမ်းကြည့်မယ်” ခေါင်းဆောင်သည် လျှောက်လာရာ အပြင်တွင် တူညီစွာ ပင် အပိတ်ခံထားရလေသည် “မင်းတို့ဖယ်”

ခေါင်းဆောင်သည် တည်ဆောက်မှုကိုတွန်းသော်လည်း တည်ဆောက်မှုသည် ပျောက်ကွယ်မသွား သည့်အပြင် သူတို့လက်ကိုတွန်းကန်လိုက်သဖြင့် နောက်ပြန်လဲသွားလေသည်။

“အစ်ကိုကြီး အစ်ကိုကြီး”

ဓားပြများသည် သူတို့ခေါင်းဆောင်အားဆွဲထူပြီး မေးလေသည် “အစ်ကိုကြီး အဆင်ပြေရဲ့လား”

“ဒီတည်ဆောက်မှုက သာမန်မဟုတ်ဘူး” ခေါင်းဆောင်သည် တွားသွားပြီးထကာ ရှီမာယူယူအား ကြောက်ရွံ့စွာ ကြည့်လေသည်။

“ဘာဖြစ်လို့လဲ အစ်ကိုကြီး”

“မင်း အလင်းတန်းကိုတိုက်လိုက်” ခေါင်းဆောင်သည် လူတစ်ယောက်အားညွှန်ကြားလိုက်သည်။

“ကောင်းပါပြီ” ထိုလူသည် မေးခွန်းမမေးတော့ပဲ တည်ဆောက်မှုဆီသို့ ပါးစပ်ဟက ရေပန်းများ ပန်းထွက်လိုက်သည်။

ခေါင်းဆောင်ကဲ့သို့ပင် ရေများသည် တည်ဆောက်မှုအားဖြတ်သွားပြီး ရှီမာယူယူဆီသို့ မရောက်ပဲ သူ့ဆီ သို့ပြန်လာလေသည်။

“ဗွမ်း”

သူတို့အဖွဲ့သည် နောက်ပြန်လဲသွားကာ အလင်းတန်းအား အံ့သြစွာကြည့်လိုက်ကြသည်။

“အစ်ကိုကြီး ဒါဘာလဲ ငါ့တိုက်ခိုက်မှုကိုတောင် တန်ပြန်တယ်”

“ငါလည်းမသိဘူး ဒါပေမဲ့ ကြောက်ဖို့ကောင်းတယ်”

ဝူလာလီနှင့် ဝူလာရှုံတို့သည် ရေပေါ်မှနေပြီး အဖြစ်အပျက်ကိုကြည့်နေလသည်။ သူတို့သည် အစပိုင်း တွင် ထိုလူများကို သွားရှင်းရန်လုပ်သည်။ သူတို့အားနှောင့်ယှက်ခွင့်မပေးနိုင်ပေ။ သို့သော် သူမ ဘာသာရှင်း လိုက်လိမ့်မည်ဟု ထင်မထားပေ။

ထိုလူတစ်ပိုင်းငါးတစ်ပိုင်းများသည် ကြယ်ကိုးပွင့်သမုဒ္ဒရာမှ ထွက်ခွာဖူးခြင်းမရှိသဖြင့် လူသားများ၏ တည်ဆောက်မှုကိုမမြင်ဖူးကြပေ။ ထို့ကြောင့်ပင် သူတို့သည် ထိုအရာကိုမသိကြပေ။ သူတို့ ထပ်ကြိုးစားကြည့် သော်လည်း ခုနကကဲ့သို့ပင် ဖြစ်လေသည်။ သူတို့သည် ကြောက်လာသဖြင့် ဆက်မလုပ်ရဲတော့ပေ။

“အစ်ကိုကြီး တိမ်တိုက်တွေက ပိုထူလာသလိုပဲ”

“ဟင် မိုးကြိုးမုန်တိုင်းတိုက်မယ်ဆိုမှတော့ တိမ်တွေကပိုထူလာမှာပေါ့ ပါးသွားရမှာလား” သူသည် ထို အကြောင်းအား လျစ်လျူရှုလိုက်သည်။ သူသည် အခုကိုဒုက္ခရောက်နေပြီဖြစ်ရာ ထိုလူသည် အသုံးမဝင်တာကို ပြောနေသည်လေ။

“မဟုတ်ဘူး အစ်ကိုကြီး တိမ်တိုက်မည်းတွေက မိုးကြိုးမုန်တိုင်းနဲ့မတူဘူး” တစ်ယောက်ကအော်လိုက် သည် “ပြီးတော့ အဲဒီ တိမ်တိုက်တွေကိုကြည့်လိုက်၊ သူတို့ကိုကြည့်လိုက်ရင်ကို ဘာလို့ကြေက်စရာကောင်းမှန်း မသိဘူး”

“ငါရောပဲ” တစ်စုံတစ်ယောက်က အတည်ပြုလေသည်။

“အစ်ကိုကြီး ဒီတိမ်တိုက်မည်းတွေက ပုံမှန်မိုးကြိုးမုန်တိုင်းတိမ်တိုက်နဲ့ မတူဘူးလို့ ဘာလို့ခံစား နေမိလဲ မသိဘူး၊ ဘေးသင့်ခြင်းတိမ်တိုက်တွေလိုပဲ”

“ဘေးသင့်ခြင်းတိမ်တိုက်ဟုတ်လား ဒီလူက ဘေးသင့်ခြင်းကိုခံစားရမှာလား”

“သေစမ်း တကယ်ပဲဘေးသင့်ခြင်းတိမ်တိုက်ပဲ၊ အဲဒါကြောင့် ငါ့စိတ်တွေထင့်နေတာ၊ ဒီမှာဘာလုပ်နေ တာလဲ၊ မပြေးကြဘူးလား၊ ဘေးသင့်ခြင်းတိမ်တိုက်က ငါတို့ကိုပါ ဆွဲသွားလိမ့်မယ်”

“ဟုတ်ကဲ့ ဟုတ်ကဲ့”

ထိုလူတစ်စုသည် ထွက်ပြေးရန်ပြေးကြရာ ဝူလာလီနှင့် ဝူလာရှုံတို့သည် သက်ပြင်းချမိကြလေသည်။ သူတို့ ထွက်ပြေးသည်နှင့် ဝူလာလီသည် ဝူလာရှုံအား ကြည့်လိုက်သည်။ သူတို့သည် နားလည်မှုရှိကြကာ ဝူလာရှုံသည် ထိုလူ တစ်စုပြေးသွားသောနေရာသို့ သွားပြီးနောက် ခဏအကြာတွင်ပြန်လာလေသည်။

“ရှင်းပြီးပြီလား” ဝူလာလီ မေးလိုက်သည်။

ဝူလာရှုံ ခေါင်းညိမ့်ပြီး “သူတို့ကို စစ်ဆေးတဲ့နေရာကိုပို့လိုကတယ်၊ အဲကောင်တွေက တကယ်ပဲ ဒီကမ်းခြေမှာ ဘယ်သူမှမရှိဘူးလို့ထင်နေကြတာ”

ဝူလာလီသည် ခေါင်းမော့ပြီး တိမ်တိုက်များကိုကြည့်ကာ ပြောလိုက်သည် “ဒီမိုးကြိုးဘေးသင့်မှုက ငါတို့ ထင်ထားတာထက် ပိုပြီးကြီးလာတယ်လို့ ခံစားရတယ်၊ သတ္တဝါတွေကို အဝေးကိုသွားနေကြဖို့ သတိသွားပေး လိုက်”

“စိတ်ချပါ ကျွန်တော်လုပ်ပြီးပါပြီ” ဝူလာရှုံ ပြောလိုက်သည်။

“ဒါဆို ငါတို့လည်း ပိုဝေးတဲ့နေရာသွားရအောင်”

သူတို့နှစ်ယောက်သည် နောက်ဆုတ်ရာ ရှီမာယူယူအတွက် နေရာပိုကျယ်သွားလေသည်။

တိမ်တိုက်များသည် ပိုထူလာသော်လည်း တည်ဆောက်မှု၏အထူကို မမှီသေးပေ။ နေရာတစ်ခုလုံးသည် မိုးကြိုးတိမ်တိုက်များဖြင့် ဖုံးထားသကဲ့သို့ဖြစ်နေသည်။ ပင်လယ်တစ်ခုလုံးသည် မည်းနက်သော ကောင်းကင်ဖြင့် ဖုံးအုပ်ခံထားရသည်။ ရေသတ္တဝါများသည် ဘက်ပေါင်းစုံမှ ကြောက်ရွံ့မှုကိုခံစားရလေသည်။ ရေအောက်မှ နန်းတော်ပင်လျှင် တစ်စုံတစ်ရာဖြစ်နေသည်ကို အာရုံခံမိကြလေသည်။

“ဘာဖြစ်တာလဲ” ဝူလာမိုင်သည် ရွှမ်ရှင်းမန်နှင့်အတူ နန်းတော်မှထွက်လာရင်း မေးလေသည်။

“ဘုရင်ကြီး တစ်ယောက်ယောက်တော့ အဆင့်တက်ပြီထင်တယ်” ချန်ရှောင်းသည် လျှောက်လာရင်းနှင့် ပြောလေသည်။

“အဆင့်တက်တယ်ဟုတ်လား အဆင့်တက်တာကို ဘာလို့ဒီလောက်ကြီး လှုပ်လှုပ်ရှားရှားဖြစ်တာလဲ”

လူသားအသွင်ပြောင်းသူများလည်း မိုးကြိုးဘေးသင့်မှုကိုခံရသည်။ ပုံမှန်ဖြစ်နေကျဖြစ်သည်ကို သူတို့သိ သည်။ သို့သော် ဒီလောက်ကြီးမားသောအဖြစ်အပျက်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။

“ခမည်းတော် မယ်မယ်” ၇ယောက်မြောက်သား လျှောက်လာသည်။ သူသည်လည်း လက်ရှိအခြေအနေ ကိုလန့်နေသည်။

“ခမည်းတော် ဘာတွေဖြစ်နေတာလဲ ဘာလို့သမုဒ္ဒရာထဲက ငါးတွေထွက်ပြေးကြတာလဲ”

“တစ်ယောက်ယောက်တော့ အဆင့်တက်နေပြီ” ဝူလာမိုင်ပြောလိုက်သည်။

“အဆင့်တက်တယ်ဟုတ်လား အစ်ကို၂ ငါတို့မျိုးနွယ်လူက အသွင်ပြောင်းတာလား”

ဝူလာလီ ခေါင်းရမ်းကာ “မဟုတ်ဘူး”

သူတို့မျိုးနွယ်ဝင်များသည် အသွင်ပြောင်းမည်ဆိုပါက တော်ဝင်မျိုးနွယ်ကို သတင်းပို့ရသည်။ တော်ဝင် မျိုးနွယ်သည် သူတို့အောင်မြင်ရန်အတွက် အဆင့်တက်ရာတွင် ကူညီပြီးပြင်ဆင်ပေးရသည်။ သို့သော် သူတို့ သည် လက်တလောတွင် သတင်းကြားထားမှုမရှိပေ။ သူတို့မျိုးနွယ်ဝင်မှ လူမဟုတ်ခြင်းဖြစ်နိုင်သည်။

“တခြားမျိုးနွယ်က လူကဒီကိုလာပြီး အဆင့်တက်တာလား”

“မဟုတ်သေးဘူး” ရွှမ်ရှင်းမန် အော်လိုက်ရာ တခြားသူများသည် လန့်သွားကြလေသည်။

“ရှင်းမန်ဘာဖြစ်တာလဲ” ဝူလာမိုင်သည် ရွှမ်ရှင်းမန်၏ လက်ကိုကိုင်ကာ မေးလေသည်။

“ယူယူ အရင်ကပြောဖူးတယ် သူမ အံ့ဖွယ်အဆင့်တက်ပြီးကတည်းက အမြဲတမ်း မိုးကြိုးဘေးသင့်တာ ခံရတယ်တဲ့၊ အစောင့်ကလည်း ခုနကလာပြောတယ် လီလေးနဲ့ ရှုံလေးနဲ့ သူမကိုခေါ်ပြီး ကမ်းခြေကိုသွားတယ် တဲ့၊ အခုက သူမများဖြစ်နေမလား” ရွှမ်ရှင်းမန် ယူဆလေသည်။

“ဘာကြီး” အားလုံးသည် အံ့သြသွားကြလေသည်။ လူတစ်ယောက်က ဒီလိုအဆင့်တက်တာလား။

“မဖြစ်သေးဘူး ငါသွားကြည့်မှရမယ်” ရွှမ်ရှင်းမန်သည် ဝူလာမိုင်၏ လက်ကိုဖယ်ထုတ်ကာ သူမ၏ မူလ အသွင်ပြောင်းကာ ရေပြင်ဆီသို့ အရှိန်ဖြင့်လာလေသည်။

***

All Chapters