← Chapters

ကျေနပ်မှုမရှိခြင်း

Vol. 007 Ch. 619

ကျေနပ်မှုမရှိခြင်း

Vol. 007 Ch. 619

ရွှမ်ရှင်းမန်ထွက်သွားသည်နှင့် ဝူလာမိုင်သည် သူမနောက်လိုက်သွားရာ ဝူလာလူသည် သူတို့နောက်မှ စိုးရိမ်စွာလိုက်သွားလေသည်။

“ခမည်းတော်နဲ့ မယ်မယ်တို့ ဒီလူသားကို အရမ်းဂရုစိုက်တာကိုကြည့်ရတာ သူမ တကယ်ပဲ အရည်အချင်းရှိလို့ထင်တယ်”

“အစတုန်းက ငါတို့က သူမ တံခါးပိတ်လေ့ကျင့်နေတာကိုပဲတွေ့ရတာ၊ လှတာကလွဲပီး တခြားဘာရှိလဲ ဆိုတာ မပြောတတ်ဘူးလေ၊ သူမထွက်လာပြီဆိုတော့ ငါတို့လည်းသွားကြည့်ကြတာပေါ့”

“ကောင်းတယ်၊ သူမ ဒီမိုးကြိုးဘေးသင့်တာကနေ ဘယ်လိုရှင်သန်မလဲဆိုတာ ငါလည်းကြည့်ချင်တယ်”

ညီအစ်ကိုများသည် လျင်မြန်စွာပင် ဆုံးဖြတ်ချက်ချကာ ကမ်းခြေသို့လိုက်သွားလေသည်။ ချောင်ရှန်း တစ်ယောက်သာ စိုးရိမ်နေသာ မျိုးနွယ်များကို စောင့်ကြည့်ရန်နေခဲ့လေသည်။

တိမ်မည်းများပိုများလာသည်နှင့် ဝူလာလီနှင့် ဝူလာရှုံတို့သည် စိုးရိမ်မှုများပိုမြင့်တက်လာသည်။ ရွှမ်ရှင်းမန်နှင့် ဝူလာမိုင်တို့သည်လည်း ရေပြင်သို့ရောက်သွားလေသည်။

“ခမည်းတော် မယ်မယ်” သူတို့နှစ်ယောက်လုံး နှုတ်ဆက်လိုက်ကြသည်။

“ယူယူ အဆင့်တက်တာလား” ရွှမ်ရှင်းမန်သည် ချက်ချင်းပင် မေးလေသည်။

“ညီမလေးဟုတ်ပါတယ် ဒါပေမဲ့ မစသေးဘူး တိမ်တိုက်တွေစုနေတုန်းပဲရှိသေးတယ်” ဝူလာလီ ပြော လေသည်။

“ဘာ” အနောက်မှ လိုက်လာသော ဝူလာလူသည် အော်လိုက်လေသည် “မိုးကြိုးဘေးသင့်မှုက စုနေ တုန်းပဲရှိသေးတာလား၊ မိုးကြိုးဘေးသင့်တာကဘယ်လောက်တောင် ကြီးတာလဲ”

“ငါတို့ အသွင်ပြောင်းတုန်းကကြုံရတာထက် ပိုကြီးတယ်” ဝူလာရှုံ ပြောလေသည်။ သူတို့သည် တိမ်တိုက်များကိုမြင်လိုက်သည်နှင့် စိတ်ထဲတွင် အကြောက်တရားများပြန်ဖြစ်လာသည်။

ကျန်သော ညီအစ်ကိုများလည်း အမြန်ပြေးလာသည်။ သူတို့ကမ်းခြေသို့ရောက်သည်နှင့် မိုးကြိုး ဘေးသင့်မှုသည် ပိုအားကောင်းလာသည်ကို ခံစားမိလေသည်။ သူတို့အသွင်ပြောင်းစဉ်ကပင် ဒီလောက် မတင်း မာခဲ့ပေ။

“အခုဘာလုပ်ကြမလဲ သူမ ဒီလောက်ကြီးတဲ့ မိုးကြိုးဘေးသင့်တာကနေ ရှင်သန်နိုင်ပါ့မလား” ရွှမ်ရှင်းမန် သည် ဝူလာမိုင်၏ လက်ကိုဆုပ်ကိုင်ကာ ကျွန်းပေါ်မှ လူသားကိုစိုးရိမ်စွာ ကြည့်နေလေသည်။

“မယ်မယ် မစိုးရိမ်ပါနဲ့ ညီမလေးက အရင်ကလည်း မိုးကြိုးဘေးသင့်တာကိုဖြတ်ကျော်လာတာပဲ ဒီ တစ်ခေါက်လည်း အဆင်ပြေမှာပါ” ဝူလာရှုံ ပြောလေသည် “ကျွန်တော်တို့လည်း သူမ ကြိုပြင်ဆင်ထားတာကို တွေ့ခဲ့ရတာပဲ”

“တကယ်လား” ရွှမ်ရှင်မန်သည် ဝူလာလီဘက်လှည့်ကာ မေးလေသည်။

ဝူလာလီ ခေါင်းညိမ့်လေသည်။ သူမသည် ကြိုတင်ပြီး ပြင်ဆင်ထားသည်။ သို့သော် သူ့အမြင်တွင်တော့ မလုံလောက်ပေ။

“မယ်မယ်က အရင်က လူသားတွေကိုစိတ်ဝင်စားတာမဟုတ်ဘူး၊ ပြီးတော့ မယ်မယ်မွေးစားထားတဲ့ သမီးက သာမန်လူမဟုတ်ဘူး၊ စိတ်ချပါ သူမက သာမန်မဟုတ်မှတော့ မိုးကြိုးဘေးသင့်တာကလည်း သူမကို ဒုက္ခရောက်အောင်လုပ်နိုင်မှာမဟုတ်ပါဘူး” တစ်စုံတစ်ယောက်သည် သူမကိုနှစ်သိမ့်လေသည်။

“ဟုတ်တယ် စိတ်ချပါ သူမမှာ ငါ့ရဲ့ သွေးအနှစ်လည်းရှိနေတာပဲ သူမကို နည်းနည်းတောက် အထောက် အကူဖြစ်မှာပါ” ဝူလာမိုင် ဇနီးဖြစ်သူကို နှစ်သိမ့်လေသည်။

“ဘာ ခမည်းတောက တကယ်ပဲ သူမကို သွေးအနှစ်ပေးခဲ့တာလား”

“ဟါုတယ် သူက သွေးအနှစ်ရဲ့စွမ်းအင်ကိုစုပ်ပြီးတော့ အဆင့်တက်သွားတာပဲ၊ သူမ အဆင့်ဘယ် လောက်တက်သွားမလဲမသိဘူး” ဝူလာမိုင်သည် ပြုံးပြီးပြောလေသည်။

ညီအစ်ကိုများသည် ငြိမ်ကျသွားသည်။ ရုတ်တရက်ပေါ်လာသော ညီမတစ်ယောက်သည် သူတို့မိဘများ ၏ နှစ်သက်မှုကိုခံရလိမ့်မည်ဟု ထင်မထားပေ။ သူတို့အဖေသည် သူမအား သွေးအနှစ်ပေးပြီး သူတို့အမေသည် သူတို့အားလျစ်လျူရှုကာ သူမအား စိုးရိမ်နေသည်။

ဝူလာလီနှင့် ဝူလာလီတို့ ထိုသတင်းကြားပြီးတာတောင် မအံ့သြသည်ကို တတိယမင်းသားဖြစ်သော ဝူလာအာ တွေ့လိုက်သည်။ သူ ပြောလိုက်သည် “အစ်ကို ၁ အစ်ကို၂ တို့ဒီအကြောင်းကို သိပြီးသားလား”

“ခမည်းတော် ပေးပြီးမှ ငါတို့လည်းသိတာ” ဝူလာလီ ပြောလိုက်သည်။

ထိုအချိန်က ဝူလာမိုင်သည် ရှီမာယူယူအား သွေးအနှစ်ပေးပြီးဖြစ်သဖြင့် ပြန်ထုတ်ရန် နောက်ကျသွားခဲ့ လေပြီ။ မဟုတ်လျှင် ရှီမာယယူသည် နာကျင်စွာခံစားရကာ သေဆုံးနိုင်သည်။

“အဲဒါကြောင့် ခမည်းတော်ပြန်လာတုန်းက အသားအရေမကောင်းတာကိုး” ဝူလာအာသည် မပျော်ရွှင် စွာ ပြောလေသည်။

မိခင်ဖြစ်သူအား ကယ်ပြီးနောက်တွင် သူတို့သည် သူမအား ကောင်းမွန်စွာဆက်ဆံခဲ့သည်။ သို့သော် သူ တို့အဖေကို ထိခိုက်စေလောက်အောင် ချစ်ခင်သည်ကိုတော့ သူတို့လက်မခံနိုင်ပေ။

“ဒါက ခမည်းတော်ကိုထိခိုက်စေတယ်ဆိုတာ သူမသိလား” မင်းသား ၄ ဝူလာဘိုက မေးလိုက်သည်။

“သူမက လူသားပဲ ဘယ်လိုလုပ်သိမှာလဲ” ဝူလာမိုင် ပြောလိုက်သည် “ပြီးတော့ သူမက အစက မလိုချင် ဘူး၊ ငါတို့က ပေးချင်တာပါ၊ လနည်းနည်းလောက်နားလိုက်ရင် ကောင်းလာမှာလို့ပဲပြောလိုက်တာ”

သူတို့သည် ဝူလာမိုင်၏ ရှင်းလက်းချက်ကိုကြားသောအခါ ဝူလာညီအစ်ကိုများသည် အနည်းငယ် စိတ် ပြေသွားလေသည်။ သူမသည် အခြေအနေကိုသိပြီး လိုချင်ပါက မိဘဖြစ်သူတို့ သူမကိုမည်မျှပင် နှစ်သက်ပါက သူတို့ သည်းမခံနိုင်ပေ။

“သူမက ငါတို့ထင်ထားတဲ့ လူသားမဟုတ်ဘူး” ဝူလာလီ ပြောလိုက်သည်။

“အဲလိုမျှော်လင့်ရတာပဲ” ဝူလာအာ ပြောလိုက်သည်။

“ညီမလေး အဆင့်တက်တော့မယ့်ပုံပဲ” ဝူလာရှုံသည် ရှီမာယူယူပတ်ဝန်းကျင်တွင် ဖြစ်လာသော အဖြစ် အပျက်ကိုကြည့်ပြီး မှတ်ချက်ပေးလေသည်။

“ဘေးသင့်ခြင်းတိမ်တိုက်တွေက စုနေတုန်းပဲရှိသေးတယ်” ဝူလာရှုံသည် တိမ်တိုက်များကိုကြည့်ပြီး ပြောလေသည်။

သူတို့သည် စကားမပြောတော့ပဲ ကျွန်းပေါ်မှ လူကိုကြည့်လိုက်ကြသည်။

ရွှမ်ရှင်းမန်နှင့် တခြားသူများရောက်နေသည်ကို ရှီမာယူယူ မသိပေ။ သူမသည် လက်ရှိတွင် အဆင့်တက် ခြင်းကိုအာရုံစိုက်ထားလေသည်။ အတိအကျပြောရလျှင် သူမသည် အတွင်းထဲမှ အင်အားကိုထိန်းချုပ်နေလေ သည်။

သူမသည် သွေးထဲတွင်သိုလှောင်ထားသော စွမ်းအားများကိုထုတ်လိုက်သည်။ သို့သော် သွေးအနှစ် သည် စည်းလွှွှတ်လိုက်သလိုပင် ဒလဟောစီးကျလာလေသည်။ သူမသည် ဝမ်းဗိုက်အတွင်းထည့်ရန် အားသုံး ရသည်။ ထို့နောက်တွင် သူမအင်အားသည် နဂါးတစ်ကောင်ကဲ့သို့ ပျံတက်ပြီး အတားအဆီးအား လွယ်ကူစွာပင် ချိုးဖောက်လိုက်သည်။ နောက်တစ်ဆင့်ပြီး တစ်ဆင့်ချိုးဖျက်လေသည်။

သူမသည် အစပိုင်းတွင် အံ့ဖွယ်ဘုရင်အဆင့်တက်ရမည်။ သို့သော် စွမ်းအင်များလွှတ်လိုက်ပြီးနောက် တွင် သူမသည်  အံ့ဖွယ်နယ်ရှင်အဆင့်အစပိုင်း၊ အလယ်အလတ်အဆင့်၊ အဆင့်မြင့် အံ့ဖွယ်နယ်ရှင် အဆင့်သို့ ချက်ချင်း တက်သွားလေသည်။ သူမသည် အံ့ဖွယ်သူတော်စင်အဆင့်မရောက်ခင်တွင် ရပ်သွားလေသည်။

သူမသည် အဆင့်တစ်ဆင့်လုံးပင် တက်သွားခဲ့သည်။

တောက်ပသော အလင်းတန်းများသည် ရှီမာယူယူ၏ ဝိဉာဉ်မိစ္ဆာများမှ (ကြက်သွေးရောင်မီးတောက်နှင့် အိမ်မက်လေးမှလွဲ၍) ထွက်လာလေသည်။ သူမအဆင့်တက်သည်နှင့် သူတို့လည်း အဆင့်တက်ကြသည်။

ဟာစွန်နှင့် ငှက်လေးသည် အဆင့်၅ အထွတ်အထိပ်အဆင့်၊ ဟိန်းသံထောင်ချီသည် အဆင့်၄ အထွတ် အထိတ်မိစ္ဆာ၊ နီရဲနျင့် ရာဟွောင်တို့သည် အဆင့်၃ အထွတ်အထိပ်အဆင့်ဝင်ကြကာ ဟိန်းသံလေးသည် အဆင့် တက်သည်ဟု မပြောလောက်ပေ။ သို့သော် သူတို့လည်းသန်မာလာသည်ကို အားလုံးခံစားမိကြသည်။ အသား စားပန်းပင်လျှင် ကြီးထွားလာသည်။ သူ၏ သွေးသည် ပို၍များလာသည်။

သမုဒ္ဒရာပေါ်တွင်ရပ်နေသောလူများသည် သူမနှင့်အတူရှိသော ဝိဉာဉ်မိစ္ဆာများကိုတွေ့သောအခါ မျက်လုံးပြူးကြလေသည်။

“သေစမ်း ညီမလေးမှာ စာချုပ်မိစ္ဆာတွေဒီလောက်များတာ သူမက သရဲကြီးလား” ဝူလာရှုံသည် အားလုံး ၏ ကိုယ်စားအော်လိုက်သလိုပင်။

သူတို့သည် တိုင်းပြည်အနှံ့သွားလာခဲ့ရာ အသင့်အတင့်ပညာရှိသော အားကောင်းသောလူများကိုတွေ့ခဲ့ ရသည်။ အားကောင်းသောလူတွင်ပင် ဒီလောက် စာချုပ်မိစ္ဆာအများအပြားမရှိပေ။

“ပြီးတော့ သူမ ဘယ်လိုစာချုပ်ချုပ်ထားတာလဲ၊ သူမအဆင့်တက်တာနဲ့ သူတို့လည်း အဆင့်လိုက်တက် တယ်” ဝူလာလီ ပြောလေသည်။

“တကယ်ပဲထူးဆန်းတယ် ဒါပေမဲ့ ကိုယ့်လူတို့ ထိုရွှေရောင်ငှက်ကြီးကိုကြည့်လိုက်၊ ဒဏ္ဍာရီလာ ဂဠုန် ငှက်နဲ့တူတယ်” ဝူလာအာ ပြောလေသည်။

“အဲဒါ ဒဏ္ဍာရီလာဂဠုန်ငှက်မဟုတ်ဘူးလား” ဝူလာရှုံသည် ငှက်လေးအား သံသယဖြင့်ကြည့်လိုက်လေ သည်။ သူအပြင်သွားနေစဉ်အတွင်းတွင် ဒဏ္ဍာရီလာဂဠုန်အကြောင်းကိုကြားခဲ့ရသည်။ သို့သော် ငှက်မျိုးနွယ် သည် သူနှင့်မပတ်သတ်သဖြင့် ဂရုမထားခဲ့ပေ။ ထိုငှက်၏ စာချုပ်သခင်သည် သူ၏ ညီမဖြစ်နေမည်ဟု မထင် ထားပေ။

“ဟုတ်တယ် သူမက ဂဠုန်တွေရဲ့ဘုရင်နဲ့ စာချုပ်ချုပ်ထားတာ” ဝူလာလီ ပြောလေသည်။

“သူမက ဒီလိုလူဖြစ်မယ်လို့မထင်ထားဘူး” ဝူလာဘို ပြောလေသည်။

သူမသည် ခရမ်းရောင်ရေမျိုးနွယ်၏ လူသားမင်းသမီးဆိုသည့်ဂုဏ်ပုဒ်ကို လှေကားထစ်အနေနှင့် အသုံး ပြုသည်ဟု သူတို့အမြဲတွေးခဲ့သည်။ ဒီရာထူးမရှိလျှင်တောင် သူမမည်သို့လူမျိုးဖြစ်သည်မှာ ထင်ရှားနေသည်။

ဝူလာမိုင်သည် ဝိဉာဉ်မိစ္ဆာများကို အာရုံမစိုက်မိပေ။ သူသည် ကျယ်လောင်စွာ ၃ခါရယ်ပြီးနောက် ပြော လေသည် “သွေးအနှစ်မှာ စွမ်းအင်ဘယ်လောက်ပါလဲဆိုတာ ငါအသိဆုံးပဲ၊ လူအများစုက အဆင့်သေး ၂ဆင့် လောက်ပဲ အများဆုံးတက်တာ၊ သူမက အဆင့်၁ဆင့်လုံးတက်သွားမယ်လို့ ဘယ်သူထင်မိမှာလဲ၊ ပြီးတော့ သူမ က အံ့ဖွယ်သူတော်စင်ဖြစ်နေပြီဆိုတာ အာရုံခံမိတယ်၊ ဒါပေမဲ့ သူမ ရပ်ပြစ်လိုက်တယ် သူမ သွေးအနှစ်ထဲက စွမ်းအင်တွေကို စုပ်ယူပြီးပြီထင်တယ် နည်းနည်းမှတောင်မချန်ပဲနဲ့လေ ဟားဟားဟား”

***

All Chapters