အလှည့်အပြောင်း
Vol. 007 Ch. 620
“သူမဘာလို့အတင်းဖိနှိပ်လိုက်တာလဲ လူသားတွေက မြန်မြန်အင်အားကြီးလာချင်ကြတာမလား” မင်းသား၇ ဝူလာကပြောလေသည်။
“ကောင်းတာတွေအများကြီးရှိတာက မကောင်းတာကိုဖြစ်စေတယ်၊ သူမသာ မြန်မြန်ကြီးသန်မာလာရင် မတည်မငြိမ်ဖြစ်ပြီး စိတ်ပိုင်းအရမလိုက်နိုင်မှာကို သူမသိနေတယ်၊ အဲဒါကပဲ သူမကျင့်ကြံမှုကို အကျိုးဆက်ဖြစ် စေလိမ့်မယ်” ဝူလာမိုင် ပြောလိုက်သည် “အဆင့်၃ဆင့်တက်တာကလည်း သူမမှာ စွမ်းအင်အစိမ်းသက်သက် တွေရှိနေလို့ မထိန်းချုပ်နိုင်တာပဲ၊ ဒါပေမဲ့ သူမ အံ့ဖွယ်နယ်ရှင်အဆင့်မြင့်ကိုရောက်တာနဲ့ စွမ်းအင်ကိုထိန်းချုပ်နိုင် တဲ့ အရည်အချင်းကလည်းမြင့်လာမှာပဲ၊ အဲဒါကြောင့် သူမ ဒီအဆင့်ကိုရွေးပြီး ဒီနေရာတင်ရပ်လိုက်တာပဲ၊ သူမ လက်ရှိအားနဲ့ချိန်ပြီး သုံးလိုက်တာ၊ ဒီလိုစိတ်ရှိတာရှားတယ်”
“ဒီကလေးကတော့ အမြဲတမ်းစိတ်ထားမှန်ပါတယ်” ရွှမ်ရှင်းမန်သည် ထောက်ခံသည့်အနေနှင့်ပြောလေ သည်။
ဝူလာညီအစ်ကိုများသည် ညီမဖြစ်သူ၏ ပုံစံအသစ်ကိုတွေ့လိုက်ရသည်။ စာချုပ်မိစ္ဆာအများအပြားရှိ သည့်အပြင် ကြိုးစားအားထုတ်ပြီး ရိုးသားသည်။ သူတို့သာဆိုလျှင် ထိုရွေးချယ်မှုအတိုင်း အဆင့်တက်မှုကို တား မိမလား မသေချာပေ။
ရှီမာယူယူသည် အောင်မြင်စွာအဆင့်တက်ကာ သူမ၏ ဝိဉာဉ်မိစ္ဆာများလည်းအဆင့်တက်သည်ကို တွေ့ သောအခါ သူတို့ကိုပြုံးပြလိုက်သည်။ သူမသည် မည်းနက်နေသောတိမ်တိုက်များကို မော့ကြည့်လိုက်သည်။
မိုးကြိုးဘေးသင့်မှုသည် ပြီးခဲ့သည့်တစ်ခေါက်ကထက်ပင် ပိုအားကောင်းလာခဲ့သည်။ ဒီတစ်ခေါက်ကို သူမ ဘေးကင်းစွာ ရှင်သန်နိုင်ပါ့မလားဟု သိချင်မိသည်။
“သခင် ငါတို့လည်း အတူရင်ဆိုင်မယ်” ငှက်လေး ပြောလေသည်။
“ဟုတ်တယ် သခင် ငါတို့လည်းရင်ဆိုင်မယ်” ရာဟွောင် သဘောတူလေသည် “ငါတို့ကို ပြန်မထည့်ပါနဲ့”
ရှီမာယူယူ ခေါင်းညိမ့်လိုက်သည်။ ဒီတစ်ကြိမ်တွင် မိုးကြိုးဘေးသင့်မှုကို သူမ ဘာသာပြီးအောင် ရင်ဆိုင် နိုင်ပါ့မလားဟု မသေချာပေ။ ငှက်လေးနှင့် တခြားသူများ သူမနှင့်အတူရှိပါက မျှော်လင့်ချက်အနည်းငယ်ရှိသည်။
“မင်းတို့ မခံနိုင်တော့ရင် ငါပြန်သိမ်းမယ်” သူမ ပြောလိုက်သည် “ပန်းလေး မင်းက အပင်ဆိုတော့ ငါတို့ နဲ့အပြင်မှာမနေနဲ့”
ပန်းလေးကဲ့သို့မျိုးအစားများသည် မိုးကြိုးဘေးသင့်မှုတွင် ရှင်သန်ရန်မဖြစ်နိုင်ပေ။ သူသည် မိုးကြိုးတစ် ချက်နှင့်ပင် ကြေမွသွားနိုင်သည်။
“သခင် ငါ့ကိုနောက်မှာ နေခွင့်ပြုပါ” ပန်းလေးပြောလေသည် “ငါ့ဝိဉာဉ်စွမ်းအင်က သာမန်မဟုတ်ဘူး ငါ သာမန်မိုးကြိုးလောက်ကိုမကြောက်ဘူး၊ သခင် ငါ့မူလခန္ဓာကိုယ်က ဝိဉာဉ်စေတီထဲမှာရှိတယ်လေ မေ့နေပြီလား ငါအဆင်ပြေပါတယ်”
“ဒါပေမဲ့…” ရှီမာယူယူသည် အနည်းငယ်တွေဝေတုန်းပင်။
“သခင် ငါနောက်ကို အသွင်ပြောင်းတဲ့အချိန်ကျရင်လည်း မိုးကြိုးဘေးသင့်တာကိုခံရမှာပဲ” ပန်းလေး ပြောလေသည် “အခုကို စမ်းသပ်မှုလို့သဘောထားလို့ရတယ်လေ”
“ကောင်းပြီလေ မင်းမခံနိုင်ရင် ကြိတ်မှိတ်ပြီးခံမနေနဲ့” ရှီမာယူယူ ပြောလေသည် “မင်းတို့လည်းအဲလိုပဲ မခံနိုင်ရင် ပြန်သွားရမယ်”
“နားလည်ပါတယ်” သူမ၏ ဝိဉာဉ်မိစ္တာများသည် မတ်တပ်ရပ်ကာ ပြောလေသည်။
သူမ၏ ဝိဉာဉ်မိစ္ဆာများနှင့် စကားပြောပြီးသောအခါ ရှီမာယူယူသည် ဝိဉာဉ်စေတီအားထပ်ကြည့်လိုက် သည်။ သူမသည် ဖက်တီးကျူပေးလိုက်သော မိုးကြိုးခုခံမှုနှင့်ပတ်သတ်သော အရာများကိုထုတ်လိုက်သည်။ မိုး ကြိုးဘေးသင့်မှုသည် ကြောက်စရာကောင်းသည်ဟု ထင်သဖြင့် ပို၍ သက်ရောက်မှုရှိသည်များကို ထုတ်လိုက် သည်။ အခု သူမသည် ရှိသမျှကိုအကုန်ထုတ်လိုက်သည်။ အသုံးဝင်သည် မဝင်သည်ကို ဂရုမစိုက်ပဲ အကုန်ထုတ် လိုက်သည်။
သူမ အဆင့်တက်တိုင်း မိုးကြိုးဘေးသင့်မှုကိုရင်ဆိုင်ရမည်ကို ဖက်တီးကျူသိသောကြောင့် ဝိဉာဉ်စေတီ အတွင်းတွင် အများအပြားထားထား၍သာတော်သေးသည်။ ပြီးလျှင် သူမသည် ထိုပစ္စည်းများကို ပစ်ရန် မတွေးခဲ့ ပေ။ မဟုတ်လျှင် သူမတွင် ထိုပစ္စည်းများရှိနေတော့မည်မဟုတ်ပေ။
ပင်လယ်ပြင်တွင်ရပ်နေကြသူများသည် လူတစ်ရပ်စာရှိသော ပစ္စည်းများကိုမြင်သောအခါ ရယ်မိကြလေ သည်။ အဲပစ္စည်းတွေက ဘာလို့အမှိုက်နဲ့တူနေရတာလဲ။
မိုးကြိုးဘေးသင့်မှုသည် သူမအား ပြင်ဆင်ချိန်အများအစားမပေးပဲ ပထမဆုံးအချက်ပစ်ချလိုက်သည်။ ထိတ်လန့်စရာကောင်းသည်မှာ သူမသည် ကာကွယ်ရေးတည်ဆောက်မှုကို သိမ်းလိုက်ပြီး မိုးကြိုးအပစ်ခံရသည် ကို ရွေးလိုက်ခြင်းပင်။
“ဂျိမ်း”
သူမသည် မိုးကြိုးမှစွမ်းအင်အများစုကို ပြန့်ကျဲစေလိုက်ပြီး ကျန်စွမ်းအင်များကို အတွင်းပိုင်းခန္ဓာကိုယ် အတွင်းသို့ စုပ်ယူလိုက်သည်။
အစပိုင်းတွင် မိုးကြိုးသည် အားနည်းကာ အရင်ကပစ်ခဲ့ဖူးသော မိုးကြိုးများသည် ပိုအားကောင်းခဲ့သည်။ ကျန်သောပစ်ချက်များသည် သူမအား မနာကျင်စေပေ။ သူမသည် ကြိတ်ပျော်မိသည်။ သူမသည် မိုးကြိုးပစ်ချက် များကို ကျင့်သားရနေပြီနှင့်တူသည်။
“အဲမိုးကြိုးတွေက ငါအသွင်ပြောင်းတုန်းက အပစ်ခံခဲ့ရတာလောက်ကို အားကောင်းတယ်၊ ဒါပေမဲ့ သူမ က လုံးဝကိုအဆင်ပြေနေတယ်” ဝူလာရှုံသည် အံ့အားသင့်စွာ အော်လေသည်။
“သူမ ကျင့်သားရနေလို့နေမှာပေါ့” ဝူလာလူ ရှင်းပြလေသည် “ဒါပေမဲ့ ငါတို့သူမ ခန္ဓာကိုယ်ကို စစ်ဆေး ပြီးပြီ၊ သူမကိုကူညီတဲ့လူတစ်ယောက်ယောက်ရှိတဲ့ပုံပဲ၊ သူမက ငါတို့လောက်မသန်မာသေမယ့် ဝိဉာဉ်မိစ္ဆာတချို့ လောက်နဲ့ ယှဉ်လို့ရတယ်”
“အခုသူမမှာ ခမည်းတော်ရဲ့ သွေးသားအနှစ်ရှိပြီး မိုးကြိုးကိုလည်းစုပ်ယူလိုက်ရင် ငါတို့လောက် သန်မာ သွားနိုင်တယ်” ဝူလာဘိုမှတ်ချက်ပေးလေသည်။
“ညီမလေးမှာ လျှို့ဝှက်ချက်တွေများတယ်လို့ခံစားရတယ်၊ သူမ ဘာကိုဖုံးကွယ်ထားလဲဆိုတာ ငါ တကယ်သိချင်တယ်” မင်းသား၆ဝူလာသည် တက်ကြွစွာ ပြောလေသည်။
“သူမအခုလက်ရှိ ခံနိုင်တဲ့အခြေအနေနဲ့ဆိုရင် မိုးကြိုးဘေးသင့်မှုကခက်ခဲတယ်ဆိုပေမယ့် သူမ အသက် အန္တရာယ်မရှိလောက်ဘူး” ဝူလာမိုင် ပြောလိုက်သည်။
“အဲလိုပဲမျှော်လင့်ရတာပဲ” ရွှမ်ရှင်းမန် ပြောလေသည်။
သူမသည် မိုးကြိုးပစ်ချက် ၁၀ချက်ကို ဖြိုခွဲပြီးဖြစ်ကာ မိုးကြိုးစွမ်းအင်ကိုလည်း တစ်ခါတည်းစုပ်ယူပြီးဖြစ် လေသည်။ ဘေးသင့်တိမ်တိုက်များ၏ အရောင်အရ ပထမဆုံး ၁၀ချက်သည် ကနဦးပစ်ချက်ဖြစ်သည့်ပုံပေါ် သည်။
နောက်ပိုင်း မိုးကြိုးပစ်ချက်များသည် ပိုအားကောင်းလာကာ သမုဒ္ဒရာအတွင်းရှိ ရေသတ္တဝါများကို ကြောက်ရွံ့မှုဖြစ်စေလေသည်။ ပိုသန်မာသော ပစ်ချက်များသည် ရင်ထဲထိအောင် တုန်ခါသွားစေသည်။
ဝူလာညီအစ်ကိုများသည် နောက်ဆုံးတွင် ကြောက်ရွံ့မှုကိုခံစားလာရသည်။ အားအနည်းဆုံးဖြစ်သော ဝူလာမင်းသား ၈သည် ချက်ချင်းပင် ရွှမ်ရှင်းမန်၏ လက်ကိုဆွဲကိုင်လိုက်သည်။
ရှီမာယူယူသာ မိုးကြိုးဘေးသင့်မှုမှ ရှင်သန်နိုင်ပါက အစ်ကိုများသည် သူမအား အမှန်အကန်လက်ခံမည် ဖြစ်သည်။ သူတို့စိတ်ထဲတွင် သူမသည် သူတို့အား ဖိနှိပ်ထားသလိုခံစားရကာ ထိုမျှလောက် အားကောင်းသော မိုးကြိုးမှ လွတ်မြောက်ရန် နည်းမရှိဟု တွေးထားကြသည်။
ရှီမာယူယူသည် ဆေးတစ်လုံးကိုယူကာ ပါးစပ်ထဲထည့်လိုက်ပြီး တည်ဆောက်မှုကို အသက်သွင်းလိုက် သည်။ သူတို့ဘေးတွင် တည်ဆောက်မှုပေါ်လာသည်။
သို့သော် တည်ဆောက်မှုသည် မိုးကြိုး၁၀ချက်ကိုသာ ကာကွယ်နိုင်ပြီး နောက်ဆုံးတစ်ချက်တွင် ပြိုကွဲ သွားသည်။ သို့သော် ထိုအချက်သည် ရှီမာယူယူကို အချိန်ခေတ္တပေးလိုက်သလိုပင်။
မိုးကြိုးများသည် ဆက်တိုက်ကျလာရာ ရှီမာယူယူသည် အကင်ခံရသလိုခံစားရလေသည်။ သူမ ဆီမှ တူးခြစ်သောအနံ့ကိုပင် ရလေသည်။
“နောက်တစ်ခုကို ငါခံမယ်” ငှက်လေးသည် ပြောပြီးသည်နှင့် မိုးကြိုးသည် သူ့အပေါ်ပစ်ချလေသည်။ ချက်ချင်းပင် သူ့အမွေးများ လောင်ကျွမ်းသွားလေသည်။
သူ မြေပေါ်သို့ကျသွားသည်နှင့် ချက်ချင်းပင် ဆေးစားပြီး ကုသလေသည်။
“နောက်တစ်ခုက ငါပဲ” ဟာစွန်သည် ဒုတိယအကြိမ်တက်သွားရာ ငှက်လေးလိုပင် ပြန်ကျလာသည်။ လျှပ်စီးများသည် သူ့ငှက်မွေးများအကြားတွင် လူးလွန့်နေသည်။
သူသည်လည်း ဒဏ်ရာများကုသရန် ဆေးစားလိုက်သည်။
ဟိန်းသံထောင်ချီ၊ ဟိန်းသံလေး၊ ယောင်ဟွာ နှင့် ပန်းလေးတို့သည် ဝင်ခံကြရာ မိုးကြိုးသည် တစ်ယောက်ပြီးတစ်ယောက်ကို ပစ်လေသည်။ သို့သော် သူတို့အလှည့်ကျသွားသောအခါ မိုးကြိုး၁၀ချက်လွတ် သွားလေသည်။
ရှီမာယူယူသည် အနည်းငယ်ပြန်သက်သာလာသောအခါ သူမအလှည့်ယူလိုက်သည်။ အစပိုင်းတွင် ကြောက်ဖို့ကောင်းသော မိုးကြိုးဘေးသင့်မှုကို သူတို့၏ စည်းလုံးမှုဖြင့် ခွဲယူလိုက်ကြသည်။ ထိုသည်မှာ သိသာ ထင်ရှားစွာသင်ခန်းစာသင်ယူလိုက်ရသလိုပင်။
“မိုးကြိုးဘေးသင့်မှုကို ဒီလိုရင်ဆိုင်လို့ရမယ်ဆိုတာ ထင်မထားဘူး” ဝူလာညီအစ်ကိုများသည် မိစ္ဆာ ၆ ကောင်နှင့် လူသားတစ်ယောက်တို့ မိုးကြိုးကိုအလှည့်ကျရင်ဆိုင်နေသည်ကို ကြည့်နေခဲ့ကြသည်။
“သူတို့ဒီလိုသာ ဆက်ပြီးရင်ဆိုင်သွားမယ်ဆိုရင် နောက်လာမယ့် မိုးကြိုးဘေးသင့်မှုက ခက်တော့မှာ မဟုတ်ဘူး” ဝူလာရှုံ၏ မျက်လုံးသည် အရောင်တောက်လာသည်။
“ဒါက လူတိုင်းဖြစ်နိုင်တဲ့အရာမဟုတ်ဘူး” ဝူလာလီသည် ဝူလာရှုံ၏ စကားကိုဖြတ်ပြောလိုက်သည် “သူမ လုပ်သလို မင်းလုပ်ချင်ရင် အရင်ဆုံးမင်းမှာ မင်းအတွက်တိုက်ပေးမယ့် မိစ္ဆာတွေရှိရမယ်၊ တကယ်တော့ သူမလို မင်းရဲ့ဝိဉာဉ်မိစ္ဆာတွေအတွက် ဆေးလည်းဖော်ပေးနိုင်ရမယ်၊ သြော် ဟုတ်သား မင်း တည်ဆောက်မှု လည်းလုပ်နိုင်ရမယ်၊ ငါခုနကပြောခဲ့သလိုပဲ မင်းမှာ ဝိဉာဉ်မိစ္ဆာအပြည့်ရှိရင်တောင် သူမလုပ်သလိုလုပ်နိုင်မှာ မဟုတ်ဘူး”
***