သေလုနီးပါး
Vol. 007 Ch. 621
သူမ၏ ဝိဉာဉ်မိစ္ဆာများသည် သူမအတွက် မိုးကြိုးအပစ်ခံပေးရသောကြောင့် အားလုံး ခြေကုန်လက်ပန်း ကျကုန်ကြသည်။ တစ်ယောက်ချင်းစီ သတိမေ့သွားကြလေသည်။
သူမသည် သူတို့အား ဝိဉာဉ်စေတီအတွင်းပြည့်ထည့်လိုက်ရာ ဝိဉာဉ်လေးသည် သူတို့ရောက်သည်နှင့် ဒဏ်ရာများကို ကုသပေးလေသည်။
သူမ ဘေးသင့်မှုတိမ်တိုက်များကို တွက်ချက်မှုအရ မိုးကြိုးအချက်ရေ ၇ချက်ကျန်သေးသည့်ပုံပေါ်သည်။ အားလုံးပေါင်းလိုက်လျှင် အချက်ပေါင်း ၄၆ချက်ဖြစ်သည်။ ဆိုလိုသည်မှာ နောက်ဆုံး ၃ချက်ကို သူမကိုယ်တိုင် ရင်ဆိုင်ရမည်ဖြစ်သည်။
ထိုအချိန်တွင် သူမသည် ဒဏ်ရာများပြန်သက်သာလာပြီဖြစ်သည်။
“ကျန်တဲ့ မိုးကြိုးတွေကို အတတ်နိုင်ဆုံးဆုပ်ယူပါ၊ ငါ မင်းနှလုံး၊ သွေးလည်ပတ်မှုနဲ့ ပင်မသွေးကြောတွေ ကို ကာကွယ်ပေးထားမယ်” သူမ ဒီနေရာတွင် သေတော့မည်ဟု တွေးလိုက်ချိန်တွင် ကြက်သွေးရောင်မီးတောက် ၏အသံသည် သူမစိတ်ထဲတွင် ပေါ်လာသည်။
ကျန်တဲ့ မိုးကြိုးတွေကို စုပ်ယူရမယ်ဟုတ်လား။ ရှီမာယူယူသည် နားမလည်ပေ။ သူမသာ ထိုအတိုင်း လုပ်လိုက်ပါက ကျန်ရှိနေသေးသည့် သူမ၏ ဝိဉာဉ်စွမ်းအင်ကို လျှပ်စီးကို လမ်းညွှန်ပြီး ထိန်းချုပ်ရန် သုံးရမည် ဖြစ်သည်။ သူမသည် သူမဘာသာ ကာကွယ်ရန်မဖြစ်နိုင်ပေ။ သို့သော် ကြက်သွေးရောင်မီးတောက်သည် ကာကွယ်ပေးမည်ဟု ပြောသဖြင့် သူမရွေးချယ်ရန်မရှိတော့ပေ။ သူ သူမကို ထိခိုက်အောင်လုပ်မည်မဟုတ်ဟု ယုံကြည်လိုက်သည်။
သည်လိုနှင့် သူမသည် သူမခန္ဓာကိုယ်မှ ဝိဉာဉ်စွမ်းအင်များကို ပြန်ဆုတ်လိုက်သည်။ တစ်ချိန်တည်းမှာ ပင် သူမသည် ကြက်သွေးရောင်မီးတောက်၏ မီးတောက်သည် သူမ၏ သွေးကြောနှင့် အတွင်းပိုင်းကို နွေးထွေး စေသည်ကို ခံစားလိုက်ရသည်။
သူမဝိဉာဉ်စွမ်းအင် ပြန်ဆုပ်လိုက်သည်နှင့် ပင်လယ်ပြင်မှ သူမအားကြည့်နေသော သူများသည် မှင်တက်သွားကြသည်။
“သူမက ဘာလို့ဝိဉာဉ်စွမ်းအင်ကို ပြန်သိမ်းလိုက်တာလဲ၊ ကျန်တဲ့ မိုးကြိုးကပိုအားပြင်းမှာကို၊ သူမ ပြန် မတိုက်ဘူးဆိုရင် အကင်ခံရလို့ကျွတ်သွားမှာပဲ” ဝူလာရှုံသည် စိုးရိမ်စွာ အော်လေသည်။
“သူမ ခန္ဓာကိုယ်ကို လက်လျော့ပြီး နှလုံး၊ သွေးလည်ပတ်မှုနဲ့ သွေးကြောတွေကို အာရုံစိုက်ပြီး ကာကွယ် မလို့လား” ဝူလာလီ ခန့်မှန်းလေသည်။
“မဟုတ်ဘူး” ရွှမ်ရှင်းမန် ပြောလေသည် “သူမမှာ စာချုပ်မိစ္ဆာတစ်ကောင်ကျန်သေးတယ်၊ ပြီးတော့ သူတို့ထဲမှာ အားအကောင်းဆုံးပဲ၊ သူမ ကိုယ်တွင်းက အရမ်းအားကောင်းတဲ့စွမ်းအင်တစ်ခုကို ငါခံစားမိနေတယ် အဲစွမ်းအင်ကပဲ သူမသွေးလည်ပတ်မှုကို ကာကွယ်ပေးမှာ”
“ဟုတ်တယ် ငါလည်းခံစားမိတယ်” ဝူလာမိုင်နှင့် ရွှမ်ရှင်းမန်တို့သည် အကြည့်ချင်းဖလှယ်လိုက်ကြ သည်။ သူတို့နှစ်ယောက်လုံးသည် အပြင်သို့ထိုးထွက်လာသော ထိုစွမ်းအင်သည် သူတို့ထက်ပင် အနည်းငယ်မှ အားနည်းခြင်းမရှိသည်ကို ခံစားမိသည်။ ဘယ်လိုစာချုပ်မိစ္ဆာဖြစ်သည်ကို သူတို့သိချင်မိသည်။ ပျောက်ကွယ်နေ တဲ့ အံ့ဖွယ်မိစ္ဆာများဖြစ်နေမလား။
“ဂျုန်း”
မိုးကြိုးသည် ရှီမာယူယူဆီသို့ တိုက်ရိုက်ပစ်လိုက်ရာ သူမတစ်ကိုယ်လုံး နာကျင်မှုကိုခံစားလိုက်ရသည်။ သူမ၏ သွေးကြောများသည် ဆိုးဝါးစွာခြောက်သွေ့သွားကာ နာကျင်လွန်းသဖြင့် မေ့မြောသွားမတတ်ပင်။ နာကျင် လွန်းသဖြင့် သူမ မစဉ်းစားနိုင်ပဲ သတိလွတ်သွားသည်။
“မြန်မြန် စုပ်ယူလိုက်” ကြက်သွေးရောင်မီးတောက်၏ အသံသည် သူမစိတ်ကိုပြန်ဆွဲထားလိုက်သည်။
သူမ မေ့မြောမသွားပေ။ သူမ မေ့မြောသွားပါက သေသွားမလားပင်မသိပါ။
သူမ အံကြိတ်ကာ နာကျင်မှုကိုထိန်းချုပ်ရန် အသက်ရှုသွင်းလိုက်ပြီး လျှပ်စီးကိုလမ်းဖောက်ပေးလိုက် သည်။ သူမသည် ဝိဉာဉ်စွမ်းအင်ကို စီးဆင်းစေပြီး သတိထားကာ လျှပ်စီးကို ထိန်းချုပ်ပြီးသွင်းလိုက်သည်။ ထို လျှပ်စီးသည် အရင်နှင့်မတူဘူးဟု သူမ ရုတ်တရက်ခံစားလိုက်ရသည်။ အဖြူများအကြားတွင် ခရမ်းရောင်လျှပ်စီး ရှိသည်။
သူမကို မိုးကြိုးပစ်လိုက်သည်ကို မြင်သောအခါ ပင်လယ်တွင်ရပ်နေသော သူများသည် မှင်တက်သွား ကြသည်။ သို့သော် သူမသည် မိုးကြိုးကိုစုပ်ယူလိုက်သည်ကို မြင်လိုက်သည်။ သူမ အနည်းငယ်ရူးသွပ်သွားသည် ဟု အားလုံးကရုတ်တရက်ခံစားလိုက်ရသည်။
“ထင်ထားတဲ့အတိုင်း သာမန်မဟုတ်တဲ့ မိုးကြိုးဘေးသင့်မှုပဲ၊ အဆုံးသတ်မိုးကြိုးတွေက မတူတတ်ဘူး၊ ဒါပေမဲ့ သူမကိုတိုက်ရိုက်ပစ်တာကတော့.. တော်တော်ဒုက္ခရောက်တာပဲ…” ရွှမ်ရှင်းမန်သည် သူမ လုပ်သည့် အရာကိုနားလည်သော်လည်း သူမအတွက် စိတ်မကောင်းဖြစ်မိသည်။
သူမသည် အသက် ၂၀ကျော်အရွယ်သာရှိသေးသော မိန်းကလေးဖြစ်သည်။ သူမမှ သန်မာဖို့ ဘာလို့ ဒီလောက်ခက်ရတာလဲ။
သူမ အဆင်ပြေသေးသည်ကို မြင်သောအခါ သူမကို ကန့်ကွက်သော ဝူလာအစ်ကို ၃နှင့် ၄တို့သည် လည်း သူမအတွက် စိတ်လှုပ်ရှားမိသည်။ သူတို့်သည် ဒီလိုညီမလေးမျိုးရှိသည်ကို ဂုဏ်ယူမိသည်။
ရှီမာယူယူသည် နောက်မိုးကြိုးတစ်ခုမလာခင်တွင် တတိယတစ်ခုကို စုပ်ယူပြီးလေသည်။ သူမသည် အတွင်းရောအပြင်ပါ လောင်ကျွမ်းသဖြင့် ကျွတ်နေပြီဖြစ်သည်ကို ခံစားရသည်။ သူမ အရိုးများပင် လောင်ကျွမ်း သကဲ့သို့ပင်… သူမ၏ အတွင်းအင်္ဂါများကို ကြက်သွေးရောင်မီးတောက် ကာကွယ်ပေးထားခြင်းကြောင့်သာ မဟုတ်လျှင် သူမသည် အခုချိန်ဆို သေလောက်ပြီဖြစ်သည်။
စုပ်ယူပြီးရင်း စုပ်ယူသည်။ စုပ်ယူခြင်းကို အာရုံစိုက်သည်မှလွဲ၍ သူမသည် တခြားအရာများကို ဂရုမစိုက် ပေ။ သူမသည် စုပ်ယူလိုက်သော လျှပ်စီးများအသုံးဝင်စေပါသည်ဟုသာ မျှော်လင့်ထားသည်။ သူမသည် သွေး ကြောထဲထိ မနာလိုပေ။
နောက်ဆုံးမိုးကြိုးပစ်လိုက်ချိန်တွင် သူမ ထပ်မခံနိုင်တော့သည့်အတိုင်း သတိမေ့လုနီးပါးဖြစ်လေသည်။ သူမ ခြေလက်များသည် ပျက်စီးနေကာ ခန္ဓာကိုယ်တစ်ခုလုံးသည် လောင်ကျွမ်းနေလေပြီ။ သူမသည် ကြောက် စရာကောင်းလှသည်။
ဘေးသင့်တိမ်တိုက်သည် နောက်ဆုံးအချက်ပစ်ပြီးနောက် ဖြေးညင်းစွာထွက်ခွာသွားခြင်းကြောင့်သာ တော်သေးသည်။ ရှီမာယူယူ ကြည့်လိုက်သည်နှင့် လှပပြီးကျက်သရေရှိသော အမျိုးသမီးတစ်ယောက် သူမဆီ ပြေးလာသည်ဟု ထင်မိသည်။
“ယူယူ” ဘေးသင့်တိမ်တိုက်များလွှင့်သွားသည်ကို မြင်သည်နှင့် ရွှမ်ရှင်းမန်သည် ချက်ချင်းပင် ပင်လယ် မှထွက်လာသည်။ သူမသည် ရှီမာယူယူဆီသို့ မြန်နိုင်သလောက် မြန်မြန်သွားခဲ့သည်။ သူမ ဘေးသို့ရောက် သောအခါ သူမပုံစံကိုကြည့်ပြီး ရွှမ်ရှင်းမန် မျက်ရည်များစတင်ကျလာသည်။ သူမသည် အဝတ်တချို့ထုတ်ကာ သူမ ခန္ဓာကိုယ်ကိုဖုံးပြီး မေးလိုက်သည် “ယူယူ သမီးဘယ်လိုနေလဲ”
သူမ မျက်လုံးထဲမှ စိုးရိမ်မှုများကို ရှီမာယူယူမြင်သောအခါ အဆင်ပြေသည်ဟု တကယ်ပင် ပြောချင် သည်။ သူမ အသက်ရှင်နေသေးသည်။ သို့သော် သူမသည် စကားပြောရန် အင်အားမရှိတော့ပေ။ သူမသည် လျှပ်စီးစုပ်ယူခြင်းတွင် အားအကုန်သုံးလိုက်သည်ဖြစ်ရာ ခန္ဓာကိုယ်ကို မထိန်းချုပ်နိုင်တော့ပေ။ သူမသည် မျက် တောင်ပင် မခတ်နိုင်တော့ပေ။ အိုခေ သူမ လုပ်နိုင်တယ်။ သို့သော် သူမသည် ဘာမှမသုံးနိုင်တော့ပေ။
ဝူလာမိုင်သည် သားများကို ဦးဆောင်လာသည်။ သူမ လောင်ကျွမ်းထားသည်ကို မြင်သော်လည်း လှောင်ရယ်မည့်သူမရှိပေ။
သူမ၏ ဒီနေ့လုပ်ဆောင်ချက်သည် သူတို့ကို အနိုင်ရသွားလေပြီ။
“မယ်မယ် ညီမလေး အဆင်ပြေလား”
“သူမ အသက်ရှိသေးတယ်” ရွှမ်ရှင်းမန်ပြောလေသည် “သူမ အသက်ရှိနေသးရင်တော်ပြီ”
သူမ အသက်ရှင်နေသေးသ၍ မည်မျှပင် ကုန်ကျပါစေ ပြန်ကျန်းမာအောင်လုပ်ပေးမည်။
“သူမကို အရင်ပြန်ခေါ်သွားရမယ်” တစ်စုံတစ်ယောက်က အကြံပေးလေသည်။
“အဲလိုအလုပ်တာကောင်းမယ်ထင်တယ်၊ ပြီးခဲ့တဲ့တစ်ခေါက်က ယူယူ မယ်မယ့်အတွက် ဆေးဖော်ပေး တုန်းကလည်း ဘေးသင့်မိုးကြိုးအပစ်ခံရတယ်၊ အဲတုန်းက သူမကို မရွေ့ဖို့ပြောခဲ့တယ်၊ သူမ နေသားကျသွားရင် သူ့ဘာသာသူပြန်ကောင်းသွားတာလို့ ပြောဖူးတယ်” ဝူလာလီ ရှင်းပြလေသည်။
“ဒါဆို သူမကိုဒီမှာပဲ နားခိုင်းရမှာပဲ၊ မင်းတို့ သူမအတွက် တဲထိုးပေးလိုက်၊ အဲဒါက သူမကိုကာပေးလိမ့် မယ်” ရွှမ်ရှင်းမန်သည် သူမသားများကို ညွှန်ကြားလေသည်။
သို့သော် ဝူလာလီနှင့် တခြားသူများသည် အပြင်ရောက်ချိန်များတွင် တည်းခိုဆောင်သို့မဟုတ် လဟာ ပြင်တွင် အိပ်နေကျဖြစ်သည်။ သူတို့သည် မည်ကဲ့သို့ တဲထိုးရမည်ကို မသိကြပေ။ ထို့အပြင် သူတို့တွင် လူသား များသုံးလေ့ရှိသော တဲထိုးရန်ပစ္စည်းများမရှိပေ။
“ငါတို့ ကျွန်းပေါ်က သစ်ကိုင်းတွေ သစ်ရွက်တွေနဲ့ တဲလုပ်ပေးလိုက်မယ်လေ” ဝူလာဘို အကြံပေးလေ သည်။
“ရွေးစရာမရှိဘူးပဲ”
သည်လိုနှင့် သူတို့သည် ကျွန်းပေါ်သွားကာ သစ်ပင်ကြီးများကိုရှာလေသည်။ သူတို့သည် အကိုင်းများကို ခုတ်ကာ အရိုးများကို တိုင်များအဖြစ်သုံးလိုက်သည်။ ထို့နောက်တွင် အပေါ်တွင် သစ်ရွက်များနှင့် သစ်ကိုင်းများ ကို အပေါ်သို့ပစ်တင်လိုက်ကြသည်။
သူတို့အဖွဲ့လိုက် အကောင်းဆုံးကြိုးစားသဖြင့် တစ်နာရီအတွင်း တဲထိုးပြီးလေသည်။
ရှီမာယူယူသည် ကိုယ်ပိုင်ကမ္ဘာထဲတွင် နစ်မြောနေသော်လည်း ပတ်ဝန်းကျင်တွင်ဖြစ်နေသမျှကို သိနေ သည်။ မင်းသားများသည် သူမအတွက် တဲလုပ်ပေးနေသည်ကို စဉ်းစားမိလျှင် ရယ်မိမည်ဖြစ်သည်။
သူမတွင် မျက်နှာကြွက်သားများမရှိတော့သကဲ့သို့ ဖြစ်နေသဖြင့် မရယ်နိုင်သည်မှာတော့ နှမြောစရာပင် ဖြစ်သည်။ သူမသည် အခုလက်ရှိဖြစ်နေပုံကို တကယ်ပင်မတွေးရဲပေ။ တွေးလိုက်လျှင် သူမ အန်ချင်စိတ်တောင် ဖြစ်လာနိုင်သည်။
“ဘုရင်ကြီး လှုပ်လှုပ်ရှားရှားဖြစ်ထားတာ့ အကုန်လုံးက ကြောက်နေကြမှာပဲ ကလေးတွေကိုခေါ်ပြီး ပြဿနာတွေသွားဖြေရှင်းလိုက်ပါ” ရွှမ်ရှင်းမန်ပြောလိုက်သည်။
မျိုးနွယ်အတွင်းမှလူများ ထိတ်လန့်နေမည်ကို ဝူလာမိုင်လည်း သိသည်။ သူတို့၏ ပတ်ဝန်းကျင်မှလူများ ပင် အခြေအနေကို စုံစမ်းရန် လူလွှတ်ကြသည်။ ဖြစ်ပျက်နေသော အခြေအနေများကို ကိုင်တွယ်ရန် သား၂ကို ခေါ်သွားလျှင် အကောင်းဆုံးဖြစ်သည်။
“ကောင်းပြီ ငါ သူတို့နဲ့ပြန်လိုက်မယ် သူမ လှုပ်ရှားနိုင်ရင် ပြန်ခေါ်လိုက်တော့၊ လီလေးက နေခဲ့လိမ့်မယ်” ဝူလာမိုင် ပြောလိုက်သည်။
ဝူလာလီသည် သူ့သားများတွင် အားအကောင်းဆုံးဖြစ်သည်။ သူ ကျန်ခဲ့သည်မှာ စိတ်အချရဆုံးဖြစ် မည်။
“မယ်မယ် သားလည်းနေခဲ့မယ်” ဝူလာရှုံသည် ရွှမ်ရှင်းမန်၏ လက်ကိုဆွဲရင်းပြောလေသည် “ကျွန်တော် လည်း ညီမလေးကို စောင့်ပေးမယ်”
***