← Chapters

ရုပ်ဆိုးတယ် ဟုတ်လား

Vol. 007 Ch. 622

ရုပ်ဆိုးတယ် ဟုတ်လား

Vol. 007 Ch. 622

ဝူလာမိုင်သည် သားများနှင့်ထွက်သွားကာ ရွှမ်ရှင်းမန်သည် ဝူလာလီနှင့် ဝူလာရှုံတို့နှင့်အတူ ကျန်ခဲ့ လေသည်။

ဝူလာရှုံသည် ရှီမာယူယူဆီပြေးသွားပြီး သူမပါးကိုဆွဲကာ ပြောလေသည် “ညီမလေး မင်းအခုအရမ်း ရုပ်ဆိုးနေတယ်၊ မင်းကိုအခုလိုပုံနဲ့သာမြင်ရတယ်ဆိုရင် အရင်ကလှတယ်ဆိုတာကို ယုံမှာတောင်မဟုတ်ဘူး”

သူက သူမကိုစရဲတာလား။ ရှီမာယူယူသည် သူ့အား မျက်စောင်းထိုးကြည့်ချင်သော်လည်း သူမမျက်လုံး များကို ထိန်းချုပ်၍မရပေ။ သူမသည် သူ့ခေါင်းထပ်ပိုင်းကိုသာကြည့်နိုင်သည်။

သူမသည် ဒီဟာကိုမှတ်ထားရမည်။ သူမကိုရုပ်ဆိုးတယ်လို့ ပြောရဲတယ်ဟုတ်လား။ သူမ နေကောင်း သွားရင် သူ့ကို ပညာပေးရမည်။ အစ်ကို ၉မလား။ ဟင် သူနောက်ဆုံးထိရယ်နိုင်မလား စောင့်ကြည့်ကြတာပေါ့။

“ယူယူက ရန်ငြိုးထားတတ်တဲ့သူနော် မင်းက သူမကို ရုပ်ဆိုးတယ်လို့ပြောရဲသေးတယ်၊ နောက်ကို သူမ မင်းကို ဘယ်လောက်လျစ်လျူရှုမလဲစောင့်ကြည့်ကြတာပေါ့” ဝူလာလီသည် လက်ပိုက်ကာ ပြောလေသည်။

“ဟင် မဟုတ်လောက်ပါဘူး” ဝူလာရှုံသည် ရှီမာယူယူ၏ ပါးကိုထပ်ပြီးဆွဲကာ ခါးသီးစွာပြောလေသည် “ညီမလေး မင်းက ရုပ်ဆိုးပေမယ့် မင်းကိုငါထားမသွားဘူးလေ ဟုတ်တယ်မလား၊ ကြည့် ငါအခုမင်းကို စောင့်ပေး နေတယ်၊ မင်းငါ့ကို လျစ်လျူမရှုဘူးမလား”

ရှီမာယူယူသည် စိတ်ထဲမှ မျက်လုံးလှန်မိသည်။ သူမ ဘေးကင်းပြီဆိုသည်မှာ သေချာသည်နှင့် ဒီနေ့ ကြုံတွေ့ခဲ့ရသမျှကို ကြေညပ်အောင် အာရုံစိုက်ထားသည်။

ထိုခရမ်းရောင်လျှပ်စီးများကို စုပ်ယူပြီးချိန်တွင် သူမခန္ဓာကိုယ်သည် နလန်ထူလာသည်။ သူမ ခုနကစား ထားသော ဆေးများ၏ အကူအညီနှင့် တစ်နေ့တည်းတွင်ပင် သူမခန္ဓာကိုယ်လှုပ်ရှားနိုင်လာသည်။ သူမသည် အင်အားသန်မာလာသည်နှင့် သူမ၏ အံ့ဖွယ်နတ်ဆိုးခန္ဓာကိုယ်ကို ချိပ်ပိတ်ရာတွင်အားနည်းလာပြီး လျင်မြန်စွာ သက်သာလာသည်ကို သတိထားမိလာသည်။ သို့သော် ချိပ်ပိတ်မှုအားနည်းခြင်းသည် သူမခန္ဓာကိုယ်ကို ပေါက်ကွဲစေနိုင်သည့် အလားအလာပိုမြင့်သည်။

သူမ၏ အသိစိတ်သည် ခန္ဓာကိုယ်အခြေအနေကို ဆက်ပြီးအာရုံစိုက်ထားရာ သူမကိုယ်ထဲတွင် ခရမ်းရောင်ရေမိစ္ဆာ သွေးသားအနည်းငယ်ရှိသည်ကို သတိထားမိလိုက်သည်။ ထို့ကြောင့်ပင် သူမ၏ ဆန်းသစ် လိုက်သော ခန္ဓာကိုယ်သည် တခြားသော ဝိဉာဉ်မိစ္ဆာများထက် ပိုသန်မာလာခဲ့သည်။

“မယ်မယ် သူမ ခန္ဓာကိုယ်ရဲ့ပြန်ကောင်းလာနှုန်းက ဘာလို့သူများတွေထက် သာလွန်နေတာလဲ” ဝူလာရှုံသည် ရှီမာယူယူအား စောင့်ကြည့်ရာတွင် ပျင်းလာသည်။ သူမ၏ ပျက်စီးနေသော ခန္ဓာကိုယ်သည် သာမန်ထက်ကျော်လွန်သော အရှိန်နှုန်းဖြင့် သက်သာလာသည်ကို သူသတိထားမိသည်။ လောင်ကျွမ်းထား သော သူမဆံပင်များပင် ပြန်ပေါက်လာသည်။

“သူမမှာ ထူးခြားတဲ့ခန္ဓာကိုယ်တည်ဆောက်မှုရှိလို့နေမှာပေါ့” ဝူလာလီ ပြောလိုက်သည် “လူသားတွေမှာ ခန္ဓာကိုယ်တည်ဆောက်မှု မတူညီကြဘူးမလား”

“ဖြစ်နိုင်တယ်” ဝူလာရှုံခေါင်းညိမ့်သည် “ဒါပေမဲ့ ညီမလေးရဲ့ သွေးလည်ပတ်မှုအရည်အချင်းက အရမ်း ကောင်းတယ်၊ ငါတို့ထက်တောင်ကောင်းသေးတယ်”

ရွှမ်ရှင်းမန်သည် ရှီမာယူယူ မျက်လုံးပိတ်နိုင်သည်ကို မြင်သောအခါ ပြောလိုက်သည် “ဒီကလေးမှာ လျှို့ ဝှက်ချက်တွေများတယ်၊ သူမသာ ငါတို့ကိုပြောချင်ရင် ပြောမှာပေါ့၊ မပြောချင်ရင်လည်း သူမကိုဖိအားမပေးနဲ့၊ နားလည်ကြလား”

“ဟုတ်ကဲ့ပါ မယ်မယ်” ဝူလာရှုံသည် သူတို့ကိုရည်ရွယ်၍ ပြောသည်ကိုသိသောကြောင့် ပြန်ဖြေလိုက် သည်။

ရက်အနည်းငယ်ကြာသောအခါ နောက်ဆုံးတွင် ရှီမာယူယူသည် ပြန်လှုပ်ရှားနိုင်လာသည်။ သူမ မျက်လုံးဖွင့်သောအခါ ဝူလာရှုံကို ပထမဆုံးပြောလိုက်သည်မှာ “ညီမက အရမ်းရုပ်ဆိုးတယ် စကားလာမပြောနဲ့”

ထိုအချိန်တွင် သူမအားတွဲထားသော ဝူလာရှုံသည် ချက်ချင်းပင် မှင်တက်သွားလေသည်။ သူသည် သူမ ဘက်လှည့်ကာ ချိုသာစွာပြုံးပြီး “ညီမလေး မင်းကအရမ်းလှပါတယ်၊ ဘယ်သူက ရုပ်ဆိုးတယ်လို့ပြောရဲတာလဲ အစ်ကို ၉က သူ့ကိုသွားရှင်းလိုက်မယ်”

“ရွှတ်” သူပြောလိုက်သော စကားကြောင့် ရှီမာယူယူ နှစ်သိမ့်ရာရောက်သွားကာ “အဲလူက အစ်ကို မဟုတ်ဘူးဆိုတာ သေချာလား”

“ဘယ်လိုလုပ်ငါဖြစ်ရမှာလဲ ညီမလေးက ငါမြင်ဖူးတဲ့မိန်းကလေးတွေထဲမှာ အလှဆုံးလို့ အမြဲခံယူထား တယ်၊ မင်းကို ရုပ်ဆိုးတယ်လို့ ပြောစရာအကြောင်းမရှိဘူးလေ ဟုတ်တယ်မလား” ဝူလာရှုံသည် ချက်ချင်းပင် ငြင်းဆန်လေသည်။

“ရှုံလေး ယူယူက သူမဘာသာ မလျှောက်နိုင်သေးဘူး မင်းသူမကို သယ်လာခဲ့” ရွှမ်ရှင်းမန်သည် ပြော လိုက်သည်။

“ဟင်” ဝူလာရှုံသည် မထင်မှတ်ထားပေ။ သူသည် ခရမ်းရောင်ရေမျိုးနွယ်၏ နူးညံ့သော မင်းသားတစ်ပါး ဖြစ်သည်။ သူ့တွင် ရှေးဟောင်းမိစ္ဆာသွေးသား စီးဆင်းနေသည်။ ဘယ်လိုလုပ်သူက တွေ့ကရာလူသားကို သူ့ ကျောပေါ်တင်ရမှာလဲ။

ထိုလူသားသည် သူအချစ်ဆုံးထဲက အချစ်ဆုံးဖြစ်သော ညီမလေးဖြစ်သည်။

“ညီမနားလည်ပါတယ် အစ်ကို၉ ကညီမရုပ်ဆိုးလို့ မုန်းနေတာကို..” ရှီမာယူယူသည် နှုတ်ခမ်းဆူပြီး ပြော လေသည်။

ဝူလာရှုံသည် သူမအပြုအမူကိုမြင်သောအခါ တမင်လုပ်သည်မှန်းသိသည်။ သို့သော် သူမခံနိုင်ပဲ “ကောင်းပြီ မင်းကိုသယ်သွားပေးမယ် ဟုတ်ပြီလား”

“ကျေးဇူးပါ အစ်ကို ၉” ရှီမာယူယူသည် သူ့ကိုသွားဖြဲပြလေသည်။

“……”

ဝူလာရှုံသည် ရှီမာယူယူကိုကျောပေါ်တင်ကာ သူမအခန်းသို့ တိုက်ရိုက်ပို့လိုက်သည်။ သူသည် သူမအား အိပ်ရာပေါ်သို့ ညင်သာစွာချလိုက်သည်။

“အမေ သမီးအခုအဆင်ပြေပါပြီ ရက်နည်းနည်းကြာရင် သမီးဒဏ်ရာတွေသက်သာသွားမှာပါ၊ အမေတို့ မနားရတာကြာပြီ၊ အမေမနားရင် အဖေက စိတ်ကောင်းမှာမဟုတ်ဘူး” ရှီမာယူယူသည် ပြုံးပြီးပြောလေသည်။

“မယ်မယ် သားတို့ယူယူနဲ့ ရှိနေပေးလိုက်ပါမယ်၊ အရင်ဆုံးနားဖို့ပြန်သွားလိုက်ပါ” ဝူလာလီ ပြောလိုက် သည်။

“ကောင်းပြီ ယူယူ ငါ မကြာခင်ပြန်လာခဲ့မယ်” ရွှမ်ရှင်းမန်သည် ရှီမာယူယူအား ပြောလိုက်သည်။

“ဂရုစိုက်ပါ အမေ” ရှီမာယူယူသည် ပြုံးပြီး ရွှမ်ရှင်းမန်ထွက်သွားသည်ကို ကြည့်နေလေသည်။ ထို့နောက် တွင် သူမသည် ကျန်နှစ်ယောက်ကို ပြောလိုက်သည် “အစ်ကိုကြီး အစ်ကို၉တို့လည်း ပြန်နားလိုက်ပါ”

“မစိုးရိမ်ပါနဲ့ ငါတို့မပင်ပန်းဘူး၊ မင်းကို ဂရုစိုက်ပေးချင်တယ်” ဝူလာရှုံ ပြောလိုက်သည်။

ရှီမာယူယူသည် သူ့အားတစ်ချက်ကြည့်လိုက်သည်။ အခု သူမသည် မျက်လုံးကိုထိန်းချုပ်နိုင်ပြီဖြစ်ရာ သူမ အလိုရှိသည့်အတိုင်း ကြည့်နိုင်ပြီဖြစ်သည်။

“အစ်ကို၉ ညီမကမိန်းကလေးနော်၊ အစ်ကိုတို့ရှိရင် နေရခက်တယ်” ရှီမာယူယူ ပြောလိုက်သည်။

“အင်း ကောင်းပြီလေ ငါတို့လည်းပြန်လာခဲ့မယ်” ဝူလာလီသည် ပြောပြီးနောက် မလိုက်ချင်သော ဝူလာရှုံအား ဆွဲခေါ်ပြီးထွက်သွားလေသည်။

သူတို့ထွက်သွားပြီးနောက်တွင် ရှီမာယူယူသည် သက်ပြင်းရှည်ချလိုက်သည်။ သူမသည် ခြေလက်များ ကို ခါရမ်းလိုက်သည်။ ခြေလက်များသည် အနည်းငယ်ထုံနေသောလည်း အရင်ကထက်စာလျှင် ပိုသက်သာ လာ သည်။ တခြားသူများ သံသယဝင်ခြင်းမှရှောင်ရှားရန် သူမသည် ခြေလက်များကို မလှုပ်မရှားနေခဲ့သည်။ အခု တော့လုံးဝအဆင်ပြေသွားလေပြီ။

သို့သော် သူမ မသိသည်မှာ သူမခန္ဓာကိုယ်သည် တခြားသာမန်လူသားများနှင့် ကွာခြားမှု ရှိသည်ကို သူတို့သည် သိပြီးဖြစ်လေသည်။

သူမသည် အိပ်ရာပေါ်လှဲကာ လက်ရှိတွင်မည်မျှ သန်မာသည်ကို စမ်းစစ်ကြည့်နေသည်။ သူမသည် အံ့ဖွယ်နယ်ရှင်အဆင့်မြင့်ဖြစ်ကာ အံ့ဖွယ်သူတော်စင်အဆင့်ရောက်ရန် ခြေတစ်လှမ်းအလိုဖြစ်သည်။ သူမသည် အဆင့်တစ်ဆင့်လုံးတက်သွားရာ ပျော်ရွှင်မိသည်။ သူမသည် ဝူလာမိုင်အား အလွန်ကျေးဇူးတင်မိလေသည်။ သူသာ သူမကိုသွေးအနှစ်မပေးခဲ့လျှင် လက်ရှိအဆင့်ထိတက်ရန် ဖြစ်နိုင်ချေရှိမည်မဟုတ်ပေ။

အစပိုင်းတွင် သူမသည် သူတို့ပြောသမျှကို တုန့်ပြန်မှုမရှိသဖြင့် အပြင်လောကကို နားလည်ခြင်းမရှိဟု ဝူလာမိုင်တို့ ထင်ခဲ့ကြသည်။ ထို့ကြောင့်ပင် ဝူလာမိုင်သည် သူ၏ သွေးအနှစ်ကိုပေးခဲ့သည်။ ထိုအချိန်မှပင် သူမ ကိုသွေးအနှစ်ပေးခြင်းကြောင့် ဝူလာမိုင် ထိခိုက်နိုင်ကြောင်းကိုသိခဲ့သည်။ သူသာ ဂရုမစိုက်ခဲ့ပါက အားပိုနည်း သွားနိုင်သည်။

သို့သော် သူသည် ထိုအတွက်နောင်တရခြင်းမရှိပေ။ အဓိကအကြောင်းမှာတော့ သူသည် ရွှမ်ရှင်းမန်ကို သူမ၏ သွေးအနှစ်မပေးစေလိုခြင်းကြောင့်ဖြစ်သော်လည်း သူနောင်တမရပေ။

“ငါ အံ့ဖွယ်သူတော်စင်အဆင့်နားနီးနေပြီ၊ ငါအားကောင်းသင့်သလောက် ကောင်းနေပြီ ငါအဆင့်မြင့် ဖြစ်နိုင်တယ်” သူမသည် ယုံကြည်ချက်ရှိစွာပြောလေသည် “ဒါပေမဲ့ ငါကဒီလောက်အင်အားကြီးလာတာ အံ့ဖွယ် သူတော်စင်အဆင့်ရောက်ဖို့ လောဖို့မလိုဘူး၊ ဒီတစ်ခေါက် လျှပ်စီးဘေးသင့်မှုက အရမ်းအားကောင်းပေမယ့် ငါ့ လက်ရှိအင်အားကိုလည်း တိုးစေတယ်၊ ငါ့အရည်အချင်းကို အခြေခိုင်အောင်လည်း ကူညီပေးတယ်”

“အဖေက သူ့သွေးအနှစ်ပေးလိုက်တော့ သူရဲ့ ခန္ဓာကိုယ်က ပိုအားနည်းတဲ့ပုံပဲ၊ ငါ နောက်ထပ် ၂ရက် လောက်နားပြီး ခန္ဓာကိုယ်တည်ငြိမ်တာနဲ့ သူ့ကို အားပြန်ကောင်းအောင်လုပ်ပေးမယ့် နည်းလမ်းကိုစဉ်းစားရ မယ်”

သူမ ပင်မသွေးကြောများကို အာရုံပြုလိုက်သောအခါ သူမ၏ လျှပ်စီးစွမ်းအင်သိုလှောင်ထားသော နေရာ သည် ခြားနားမှုရှိသည်ကို သိလိုက်ရသည်။ လုံးဝပင် ခရမ်းရောင်ဖြစ်နေလေသည်။

သူမသည် ထိုအရာအားစုပ်ယူရန် ကြက်သွေးရောင်မီးတောက် ပြောခဲ့သည်ကို သတိရသွားကာ သူ သည် ဘာအတွက်စုပ်ယူခိုင်းသည်ကိုတော့ ပြောမသွားပေ။

“ကြက်သွေးရောင်မီးတောက် ဘာလို့ငါ့ကိုလျှပ်စီးကို စုပ်ယူခိုင်းတာလဲ” သူမသည် သူ့ကို တိုက်ရိုက်ပင် မေးလိုက်သည်။

***

All Chapters