လူတစ်ယောက်အသက်၏ အကျိုးများ
Vol. 007 Ch. 623
သို့သော် သူမသည် ကြက်သွေးရောင်မီးတောက်ဆီမှ ပြန်ဖြေသံကိုမကြားခဲ့ပေ။ အချိန်အတန်ကြာမှ သူ သည် ပြန်ဖြေလေသည် “အဆင့်မြင့်ခရမ်းရောင် လျှပ်စီးက တစ်ချိန်လုံးဖြစ်တဲ့ဟာမဟုတ်ဘူး၊ စုပ်ယူပြီးရင် မင်း မိုးကြိုးပစ်ခံရလို့ ပျက်စီးသွားတာတွေကို နည်းပါးစေတယ်၊ မင်းနောက်တစ်ခါ သာမန် မိုးကြိုးဘေးသင့်တာ လောက်ကို စိုးရိမ်စရာမလိုတော့ဘူး၊ ဒါက မိုးကြိုးက မင်းကိုပေးတဲ့အကျိုးအမြတ်ပဲ”
ရှီမာယူယူသည် ထိုစကားကိုကြားသောအခါ မျက်လုံးပြူးသွားကာ ပါးစပ်သည် ကြက်ဥဝင်ဥရလောက် အောင် အဟောင်းသားဖြစ်သွားလေသည်။
“အဆင့်မြင့်ခရမ်းရောင်လျှပ်စီးဆိုတာ ဘာလဲ”
“အဲဒါက လျှပ်စီးဘေးသင့်မှုမှာ ဖြစ်ခဲတဲ့ လျှပ်စီးအမျိုးအစားပဲ၊ အခုမင်းခန္ဓာကိုယ်မှာ အဆင့်မြင့် ခရမ်း ရောင်လျှပ်စီးရှိနေပြီဆိုတော့ မင်းသာ သေချာကျင့်ကြံမယ်ဆိုရင် အင်အားပိုယူနိုင်တယ်၊ မင်း အဆင့်တက်ဖို့ လည်း စောင့်စရာမလိုဘူး” ကြက်သွေးရောင်မီးတောက်ရှင်းပြလေသည်။
“အဲတော့ နောက်ကို လျှပ်စီးဘေးသင့်မှုကနေ အထောက်အကူရနိုင်တယ်လို့ ပြောတာလား” ရှီမာယူယူ သည် နှုတ်ခမ်းတွန့်လိုက်သည်။ ဒါက အရမ်းထူးဆန်းလွန်းတယ်မလား။
“လျှပ်စီးက မင်းခန္ဓာကိုယ်ထဲဝင်နိုင်တယ်ဆိုရင် မင်းရဲ့လက်ရှိ ကျင့်ကြံခြင်းနည်းလမ်းနဲ့ဆိုရင် အသုံးဝင် နိုင်တယ်” ကြက်သွေးရောင်မီးတောက် ပြောလိုက်သည် “ပြီးတော့ မင်းကို မူးဝေအောင်လုပ်ရင်တောင် မင်း မရှုံး နိုင်ဘူး…”
ကြက်သွေးရောင်မီးတောက်သည် စကားဆုံးအောင် မပြောသော်လည်း ဆိုလိုရင်းကို ရှီမာယူယူ နားလည်သည်။ သူမသာ လျှပ်စီးကိုခံနိုင်ရည်ရှိသွားပါက ထိုအရာကိုပင် အချိန်ယူကာ ရောစပ်အသုံးပြုနိုင်သည်။ သူမသည် လိုအပ်လျှင် ပြိုင်ဘက်ကိုလည်း လျှပ်စီးဘေးသင့်မှုနှင့် သတ်နိုင်သည်။ မည်သို့ပင်ဖြစ်စေကာမှု သူမ၏ ဘေးသင့်မှုအကြားတွင်လည်း အနားရှိလူများကို ဆွဲသွင်းနိုင်သည် မဟုတ်ပါလား။
အဆင့်မြင့်ခရမ်းရောင်လျှပ်စီး၏ အသုံးဝင်မှုကို သူမ သိသည်နှင့် အိပ်ရာကပင် သွားဖြဲမိလေသည်။
“ကြက်သွေးရောင်မီးတောက် ငါအရင်က ကြုံဖူးတဲ့ မိုးကြိုးဘေးသင့်မှုနဲ့ ဒီတစ်ခေါက်က ဘာလို့ ကွာတာ လဲ ဘာလို့အဆင့်မြင့်ခရမ်းရောင်လျှပ်စီးပေါ်လာတာလဲ” သူမသည် ပြုံးပြီးမှပင် ထိုမေးခွန်းကို စဉ်းစားမိလေ သည်။
“ဒီတစ်ခေါက်ကို မင်းအဆင့်တွေအများကြီးတက်သွားလို့ဖြစ်သင့်တာ” ကြက်သွေးရောင်မီးတောက် လည်း သူ့ကိုယ်သူ မသေချာပေ “အဆင့်မြင့်ခရမ်းရောင်လျှပ်စီးက တစ်ခါလောက်ပဲပေါ်လာတတ်တယ်၊ မင်း တစ်ခါတည်းနဲ့ အဆင့်အများကြီးတက်သွားလို့လည်း မဟုတ်ဘူး၊ အစပိုင်းကတည်းကပေါ်လာတာလားတော့ ငါလည်းမသိဘူး နောက်ဆုံး၃ချက်ကျန်တော့မှ ငါလည်းသိတာ”
“အဲလိုဆိုရင် ငါက တော်လွန်းလို့ဖြစ်မယ်” ရှီမာယူယူသည် ဘဝင်မြင့်စွာပြောလိုက်သည် “သြော် ဟုတ်သား ကြက်သွေးရောင်မီးတောက် အဲဒီခရမ်းရောင်လျှပ်စီးက မင်းကိုဒဏ်ရာရအောင်လုပ်သေးလား၊ မင်း အသံကပုံမှန်ထက် ပင်ပန်းနေသလိုကြီး”
သူမ နာလန်ထူချိန်တွင် ကြက်သွေးရောင်မီးတောက်သည် စကားမပြောခဲ့ပေ။ သူသည် အိပ်နေပုံရကာ ဒီနေ့မှပင် နိုးသည်။
“မင်းခန္ဓာကိုယ်ကို အဲဒီအဆင့်မြင့်ခရမ်းရောင်လျှပ်စီးကနေ ကာကွယ်ဖို့ ငါလည်းစွမ်းအင် သုံးလိုက်ရ တာတော့အမှန်ပဲ” ကြက်သွေးရောင်မီးတောက်သည် ပြန်ဖြေလေသည် “ဒါပေမဲ့ ငါက ရွှေမြွေသီးစားပြီး ပြန် ကောင်းနေပါပြီ၊ ငါနည်းနည်းပဲပင်ပန်းလို့ ပြန်ကောင်းအောင် နားနေတာ”
ရှီမာယူယူသည် ထိုအကြောင်းအားတွေးမိသောအခါ အသံနိမ့်ပြီး တည်ငြိမ်စွာပြောလိုက်သည် “ကျေးဇူးပဲ ကြက်သွေးရောင်မီးတောက်”
ကြက်သွေးရောင်မီးတောက်သည် တကယ်တော့ အလွန်သန်မာသည်။ ထိုသည်မှာ သူမ သိပြီးသား အကြောင်းဖြစ်သည်။ သို့သော် သူသည် ဒီလောက်ထိခိုက်သွားလိမ့်မည်ဟု ထင်မထားပေ။ သူ့ကြောင့်သာ မဟုတ်လျှင် သူမသည် ထိုအဆင့်မြင့်ခရမ်းရောင်လျှပ်စီးနှင့် တွေ့ပြီးနောက်တွင် အသက်ရှင်နိုင်ပါ့မလား။
“အင်း ငါ နည်းနည်းလောက် အိပ်လိုက်ဦးမယ် မလိုအပ်ပဲနဲ့ ခေါ်မနေနဲ့ဦး” ကြက်သွေးရောင်မီးတောက် သည် သူမ၏ ကျေးဇူးသိတ်မှုကို ခံစားမိကာ နှုတ်ခမ်းကွေးပြီးပြုံးလိုက်သည်။ ထိုစကားပြောပြီးနောက်တွင် သူ အသံတိတ်သွားသည်။
“ကောင်းကောင်းနားလိုက်ဦး” ရှီမာယူယူ ပြောလိုက်သည်။ သူမ ဘေးသင့်မှုအားဖြတ်ကျော်နိုင်ရန် ကြက်သွေးရောင်မီၤးတောက်အပါအဝင် သူမ၏ ဝိဉာဉ်မိစ္ဆာများ ထိခိုက်ဒဏ်ရာရသည်ကိုတွေးမိလျှင် သူမ စိတ် မကောင်းပေ။
“ယူယူ ငါတို့်အကုန်သက်သာနေပြီ” ဟိန်းသံလေးသည် ဝိဉာဉ်စေတီအတွင်းမှ အသံထွက်လာသည်။
“ဟုတ်တယ် သခင် ငါတို့်အားလုံးပြန်ကောင်းနေပြီ” ရာဟွောင် ပြန်ဖြေလေသည်။
“ငါတို့ အသားအသစ်တွေတောင် ရလိုက်သေးတယ်” ဟာစွန်ပြောလိုက်သည်။
သူမ၏ ဝိဉာဉ်မိစ္ဆာများမှ နှစ်သိမ့်ပေးကြသဖြင့် သူမသည် စိတ်လှုပ်ရှားသွားလေသည် “ကျေးဇူးပဲ မင်း တို့ရှိတာကို ငါအရမ်းပျော်တယ်”]
“ယူယူနဲ့ ရှိရတာ အကောင်းဆုံးပါ” ဟိန်းသံလေးပြောလေသည်။
“မင်းတို့က ဝိဉာဉ်စေတီထဲမှာရှိနေလို့ မတတ်နိုင်သေးဘူး ငါတို့်ပြန်ရောက်ရင် မင်းတို့အားလုံးအတွက် ချက်ပြုတ်ပြီး ပွဲလုပ်ပေးမယ်” ရှီမာယူယူသည် ပြုံးပြီးပြောလေသည်။
“ဟေး ဟေး ယူယူလက်ရာကို မစားရတာအတော်ကြာနေပြီ” အစားအစာအတွက် အရင်ဆုံးရောက်လာ သူမှာ အမြဲတမ်း ဟိန်းသံလေးပင်ဖြစ်သည်။
“သခင် သခင် ငါ ဝက်သားကင်စားချင်တယ်” ရာဟွောင်ပြောလိုက်သည်။
“ငါကတော့ ဘာမဆိုရတယ်” ဟာစွန်သည် အေးစက်စွာ ပြောလေသည်။
ရှီမာယူယူ၏ အပြုံးသည် ပိုလန်းဆန်းလာသည်။ သူမတွင် အစားသောက်မက်သော ဝိဉာဉ်မိစ္ဆာများ ရှိ နေပါလား။
သူမသည် အခန်းတွင်းတွင် နေသည်မှာ မကြာသေးသော်လည်း အစ်ကိုများသည် အုပ်စုလိုက်ဝင်လာ ကြသည်။
“ညီမလေး ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ပေးရဦးမယ်၊ ဒါက အစ်ကို ၃၊ ဒါကေ အစ်ကို ၄ ဒါက…” ဝူလာရှုံ သည် အားလုံးအား သူမနှင့် မိတ်ဆက်ပေးလေသည်။
“ညီမဆီကို လာလည်ပေးကြလို့ အစ်ကိုတို့အားလုံးကို ကျေးဇူးတင်ပါတယ်” ရှီမာယူယူသည် အိပ်ရာပေါ် တွင်လဲကာ အစ်ကိုအုပ်စုလိုက်သည် သူမအား ဝိုင်းနေကြရာ သူမတွင် အစ်ကိုများနှင့် ရေစက်ပါသည်ဟု တွေးမိ သည်။ သူမတွင် ညီအစ်မမရှိသည်မှာတော့ နှမြောစရာကောင်းသည်။
“အခု ဘယ်လိုနေလဲ” ဝူလာဘို မေးလိုက်သည်။
“အများကြီးကောင်းလာပါပြီ ရက်နည်းနည်းလောက်တော့ အိပ်ရာပေါ်မှာ လှဲနေရဦးမယ်” ရှီမာယူယူ ပြန် ဖြေလေသည်။
“ညီမလေး မင်းကအရမ်းအံ့သြဖို့ကောင်းတာပဲ တကယ်ပဲ မိုးကြိုးဘေးသင့်မှုကနေ အသက်ရှင်လာနိုင် တယ်”
“အဲဒါက ညီမရဲ့ ဝိဉာဉ်မိစ္ဆာတွေအားလုံးရဲ့ ကျေးဇူးကြောင့်ပါ” သူမသည် ပြုံးပြီးပြောလိုက်သည်။
မည်သို့ပင်ဖြစ်စေကာမူ သူတို့သည် အဖြစ်အပျက်များကို မြင်ပြီးသားဖြစ်သည်။ သူမ၏ ဝိဉာဉ်မိစ္ဆာများ ကို မြင်ပြီးသည်မှာတော့ ပြောစရာမလိုပေ။
“မင်းမှာ စာချုပ်မိစ္ဆာတွေအများကြီးရှိတာပဲ၊ ငါ တိုင်းပြည်တွေလျှောက်သွားတာတောင် မင်းလို လူမျိုး မတွေ့ခဲ့ဖူးဘူး၊ ဘယ်လိုလုပ် အဲလောက်အများကြီးစာချုပ်ချုပ်နိုင်ရတာလဲ”
“သြော် သူတို့နဲ့တွေ့တော့ သူတို့က ညီမနောက်ကိုလိုက်ချင်ကြတာ၊ အဲလိုနဲ့ သူတို့ကိုစုမိသွားတာ” ရှီမာယူယူ ရှင်းပြလေသည်။ ထိုမိစ္ဆာများသည် သူမ မဟုတ်လျှင် ဟိန်းသံလေး၏ လှည့်ဖျားမှုကို ခံခဲ့ရသော်လည်း အဆုံးသတ်မှာတော့ သူတို့က အလိုရှိခဲ့သည်မဟုတ်ပါလား။ ထို့ကြောင့်ပင် သူမ အတိုချုပ်ပြောလိုက်သည်။
“ကောင်းပြီ ညီမလေး သူ့ဘာသာနေပြီး နားပါစေ ငါတို့ သူမကို မနှောင့်ယှက်သင့်တော့ဘူး” ဝူလာလီ သည် ရှီမာယူယူ ပင်ပန်းနေသည်ကို သတိထားမိကာ ချက်ချင်းပင် အားလုံးကိုနှင်ထုတ်လေသည်။
“ညီမလေး ကောင်းကောင်းနား မင်းပြန်ကောင်းလာတာနဲ့ အဲပွဲအကြောင်းကိုပြန်ပြောကြမယ်”
“ကောင်းပါပြီ” သူမသည် ဝူလာလီအား ကျေးဇူးတင်စွာ ကြည့်လိုက်သည်။
သူမသည် အစ်ကိုများကို ဆိုးဝါးစွာမဆက်ဆံသော်လည်း သူမသည် လုံးဝပြန်ကောင်းရန်လိုသေးကာ သူမအနားတွင် လူအများမရှိစေချင်ပေ။
“အစ်ကိုကြီး အာ… ငါ့အစ်ကိုတွေရော ဘာတွေလုပ်နေကြလဲမသိဘူး” ရှီမာယူယူသည် ရှီမာယူမင်နှင့် တခြားသူများကို လွမ်းကာ ဖန်နန်းတော်ကိုကြည့်လိုက်သည်။
သူမ ဂိုဏ်းအတွင်းဝင်လိုက်သော်လည်း သူမသည် ရှီမန်ဖန်အတွက် ဆေးပစ္စည်းများရှာဖွေခြင်းမဟုတ် လျှင် အပြင်တွင်သာ အလုပ်များနေခဲ့သည်။ သူမသည် ထို၂နှစ်အတွင်းတွင် သူတို့နှင့် တွေ့ချိန် သိပ်မရှိခဲ့ပေ။ အခုစဉ်းစားကြည့်လိုက်သောအခါ သူတို့ကိုလွမ်းမိသည်။
ဆေးစားခြင်းနှင့် သူမ၏ ထူးခြားသော အံ့ဖွယ်နတ်ဆိုးခန္ဓာကိုယ်ဖြစ်ခြင်းကိုအခြေခံလိုက်လျှင် သူမသည် လဝက်အတွင်းတွင် ပြန်ကောင်းလာသည်။ ခရမ်းရောင်ရေမျိုးနွယ်မှ အားလုံးသည် သူ၏ ပြန်ကောင်းမှုအမြန်နှုန်း ကို အံ့သြနေကြသည်။
ထိုအချိန်အတွင်းတွင် သူမအစ်ကိုများသည် အလည်လာခဲ့ကြသည်။ ထိုအချိန်တိုင်းတွင် သူမသည် ကျေးဇူးတင်မိလေသည်။
ထိုနေ့တွင် သူမသည် ယောကျ်ားလေးအသွင်ပြောင်းကာ ရွှမ်ရှင်းမန်အားသွားရှာလေသည်။ ထိုနေရာ တွင် အချိန်အတော်ကြာနေပြီးဖြစ်၍ ပြန်ရမည့်အချိန်ရောက်လာသည်။
“ညီမလေး ဘာလို့ယောက်ျားားလေးလို့ ဝတ်ထားတာလဲ” ဝူလာရှုံသည် သူမဝတ်ပုံစားပုံကို မြင်သောအခါ သိချင်စိတ်ဖြင့် မေးလေသည်။
သူမ ယောက်ျားလေးလို့ ဝတ်ဆင်ရသည်ဖြစ်ကြောင်းကို ရှီမာယူယူ သူတို့ကိုပြောပြလေသည်။ သူမသည် ယောက်ျားလေး အဝတ်အစားဝတ်ရသည်ကို နှစ်သက်သည်ဟုသာ ရွှမ်းရှင်းမန် ထင်ခဲ့သည်။ သို့သော် အကြောင်းအရင်းကို သိသောအခါ သူမကို အမည်ပြောင်းလွှဲခေါ်ရန် ညွှန်ကြားလေသည်။ သူမသည် လူအများ ကြားတွင် မင်းသား ၁၀အဖြစ်၊ ဝူလာလီနှင့် တခြားသူများကို ညီလေး ၁၀ဟု ခေါ်စေလေသည်။
“အမေ သမီးဒီမှာ ၇လ ၈လနေပြီးပြီ သမီး ခွင့်၁နှစ်ယူခဲ့လို့ ပြန်ရတော့မယ်”