← Chapters

ထွက်ခွာခြင်း

Vol. 007 Ch. 624

ထွက်ခွာခြင်း

Vol. 007 Ch. 624

ရွှမ်ရှင်းမန်နှင့် တခြားသူများသည် သူမ၏ ခွင့်တောင်းမှုကို မအံ့သြတော့ပေ။ သူမပြန်ကောင်းသည်နှင့် ထွက်ခွာရန်ပြောမည်ကို သူတို့သိပြီးသားဖြစ်သည်။ ထို့အပြင် သူမသည် သူမဘဝရှိသေးသည်။

“အမေတို့ သမီးသွားမှာကို မတားပါဘူး ဒါပေမဲ့ သမီးအချိန်ရတာနဲ့ အမေ့ဆီကိုလာရမယ်နော် နားလည် လား” ရွှမ်ရှင်းမန်သည် သူမအား ဖက်ပြီးပြောလေသည်။

“လာပါမယ်” ထို၁နှစ်ကုန်ဆုံးပြီးနောက်တွင် ရှီမာယူယူသည် ဟန်ဆောင်မှုကင်းသော မိခင်ကို သံယောဇဉ်တွယ်မိပြီဖြစ်သည်။ သူမလက်ဝေ့လိုက်သည်နှင့် ဆေးတစ်သုတ်လိုက်သည် အားလုံးရှေ့တွင် ပေါ် လာသည် “အမေ ဒီဆေးတွေက ဒီအချိန်တွင်းကို သောက်ဖို့ဖော်ထားတာပါ၊ အရင်ကဖော်ထားတာလောက်ပဲ ဒါပေမဲ့ အရည်သွေးကပိုကောင်းပါတယ်”

“ဟူး ဒဏ်ရာရထားတာတောင် ဘာလို့ဆေးတွေဖော်နေတာလဲ” ရွှမ်ရှင်းမန်သည် သူမ ခေါင်းအား အသာအယာပုတ်လိုက်သည်။

“သမီး ပြန်ကောင်းဖို့ကို အဟန့်အတားမဖြစ်ပါဘူး” ရှီမာယူယူသည် ပြုံးလိုက်သည်။

သူမ ဒဏ်ရာများသည် လွန်ခဲ့သည့်ရက်ပိုင်းကပင် ကောင်းသွားပြီဖြစ်သည်။ သူတို့အား မလန့်စေလို သောကြောင့် ရက်အနည်းငယ်စောင့်ပြီးမှ ပြောခြင်းဖြစ်သည်။ သည်လိုနှင့် သူမသည် ဆေးဖော်ရန် အချိန်ရသွား ခြင်းဖြစ်သည်။

သူမ အင်အားသည် ပိုကောင်းလာရာ အဆင့်၇ ဆေးဖော်ရသည်ပင် လွယ်ကူနေသည်။ ထို့အပြင် သူမ ဝိဉာဉ်စေတီ၏ တတိယအထပ်သည် ပွင့်သွားလေသည်။ ထိုနေရာတွင် အဆင့်မြင့်ဆေးများ၊ ဆေးနည်းများ နှင့် အလွန်တန်ဖိုးကြီးသော ဆေးပစ္စည်းများရှိလေသည်။

သူမ တတိယအထပ်သို့ ပထမဆုံးသွားစဉ်က ထိုနေရာရှိ ပစ္စည်းများကို မြင်လိုက်သောအခါ အလွန် ပျော်မိသည်။ ထိုပစ္စည်းများသည် သူမ တွေးထားသည့်အတိုင်းပင်။ သူမ မြင်ခဲ့ရသောပစ္စည်းများသည် အမှန် တကယ်လိုအပ်သော ပစ္စည်းများဖြစ်သည်။

အဆင့်၇ အဂ္ဂိရတ်ပညာရှင်သည် အဆင့်၈ပညာရှင်နှင့် အနည်းငယ်သာ ကွာခြားသည်။ သို့သော် ထို အဆင့်ကိုဖြတ်သန်းနိုင်ရန် နှစ်ဆယ်ချီရာချီလိုသေးသည်။ လက်ထဲတွင် ထိုအဖိုးတန်ပစ္စည်းများရှိပါက အဆင့်၈ သို့တက်ခြင်းသည် အချိန်တစ်ခုသာလိုသည်။

“ပြီးခဲ့တဲ့တစ်ခေါက်က သမီးလုပ်ပေးတဲ့ဆေးကိုစားခဲ့တယ်၊ အခုသွားတော့မယ်ဆိုတော့ ထပ်လုပ်ပေး သွားတယ်၊ အမေက ဒီနေရာတစ်ခုလုံးမှာ ဆေးအများဆုံးလူဖြစ်နေတော့မှာပဲ” ရွှမ်ရှင်းမန်ပြောလေသည်။

သူမသည် ဆေးအားလုံးကို သိမ်းပြီး မှော်ဝင်လက်စွပ်ထုတ်ကာ ပြောလိုက်သည် “သမီး သက်သာလာ တာနဲ့ ပြန်မယ်ဆိုတာ အကုန်သိပြီးသားပါ အဲဒါကြောင့် အစ်ကိုတွေက သမီးအတွက် ပစ္စည်းတွေပြင်ပေးထား ကြတယ်၊ သူတို့က တိုင်းပြည်တွေကိုလှည့်ပတ်သွားနေတာဆိုတော့ လူသားတွေလိုတတ်တဲ့ဟာတွေကို သိကြ တယ်၊ သမီး လိုတဲ့ပစ္စည်းတွေဒီမှာရှိတယ် တစ်ခုခုလိုတာရှိရင် ဒီကိုလာပြီးသာယူလိုက်၊ မဟုတ်ရင် အစ်ကိုတွေ ကို ဆင်းပေး ခိုင်းလို့လည်းရတယ်”

ရှီမာယူယူသည် မှော်ဝင်လက်စွပ်ယူကာ အထဲကိုကြည့်လိုက်သည်။ သူမသည် အံ့သြသဖြင့် လက်စွပ် ပင် ကျလုမတတ်ဖြစ်သွားသည်။

မှော်ဝင်လက်စွပ်သည် ဘောလုံးကွင်း ၂ကွင်းစာလောက်ကျယ်ကာ ပစ္စည်းအပြည့်ဖြစ်နေသည်။ အထဲရှိ ပစ္စည်းများသည် ကျောက် ၁သောင်းတန်ဖိုးရှိသော ရတနာများဖြစ်ကြသည်။

“အမေ ပစ္စည်းတွေအများကြီးပဲ သမီးဘယ်လိုလုပ်လက်ခံရမှာလဲ”

ရွှမ်ရှင်းမန်သည် ရှီမာယူယူ၏ မျက်နှာမှ အံ့သြမှုကိုမြင်သောအခါ ပြုံးပြီးပြောလိုက်သည် “အဲဒါတွေက သမီးအတွက် အသုံးဝင်တယ်လား၊ အမေက အဲဒါတွေကိုကြည့်ပြီး အသုံးမဝင်တာတွေ ရွေးထားလို့ နောက်လိုက် တွေကိုတောင် ဆူထားတာ၊ ဒါပေမဲ့ အဲဒါတွေကတိုင်းပြည်တွေမှာ အသုံးဝင်တယ်လို့ပြောလို့ ထည့်ပေးထားတာ မဟုတ်ရင် သမီးသိုလှောင်ခန်းမှာ လိုမယ့်ပစ္စည်းတွေယူတာပိုကောင်းမယ်”

“ပြီးခဲ့တဲ့တစ်ခေါက်က ငါမင်းကို ရတနာသိုလှောင်ခန်းကိုပြတယ်မလား၊ ဒါပေမဲ့ အဲဒါက သေးသေးလေး ပဲရှိသေးတာ၊ အဲပစ္စည်းတွေက ငါတို့မှာရှိတာထက် ၁၀ပုံ ၁ပုံပဲရှိသေးတာ” ဝူလာလီ ပြောလိုက်သည်။

ရှီမာယူယူ နှုတ်ခမ်းတွန့်လိုက်သည်။ ပြီးခဲ့သည့်တစ်ခေါက် သူမသည် ခရမ်းရောင်ရေမျိုးနွယ်၏ ရတနာ များ သိုလှောင်ရာနေရာသို့ရောက်ခဲ့သည်။ ထိုပစ္စည်းများသည် သူတို့ပိုင်ဆိုင်မှု၏ ၁၀ရာခိုင်နှုန်းသာရှိလိမ့်မည်ဟု ဘယ်သူထင်မိမှာလဲ။

နဂါးမျိုးနွယ်များသည် ရတနာများစုဆောင်းရာတွင် နှစ်ခြိုက်သည်ဆိုသော စကားများသည် အမှန်ဖြစ် မည်ထင်သည်။

“သမီးက ခရမ်းရောင်ရေမျိုးနွယ်ရဲ့ မင်းသမီးပဲ သမီးထွက်သွားမှာကို ဒီပစ္စည်းတွေလောက်တော့ ပေးရ မှာပေါ့” ရွှမ်ရှင်းမန်သည် လက်စွပ်ကိုသူမလက်ထဲထည့်ကာ “အဖေ့ကိုသွားနှုတ်ဆက်လိုက်ဦး၊ ပြီးရင် လီလေးကို သမီးကိုလိုက်ပို့ခိုင်းမယ်”

“ကျေးဇူးတင်ပါတယ် အမေ၊ ဒါဆိုရင် သမီး အဖေ့ကိုသွားနှုတ်ဆက်လိုက်ပါဦးမယ်” ရှီမာယူယူသည် လက်စွပ်ယူကာ ပြုံးပြီးထွက်သွားလေသည်။

“နှုတ်ဆက်ပါတယ် မင်းသား၁၀” ချောင်းရှန်းသည် အပြင်မှပြန်လာရာမှ သူမနှင့်တွေ့လေသည်။

“ချောင်းရှန်း ဖြေးဖြေး” ရှီမာယူယူသည် ချောင်းရှန်းအား တွဲထူလိုက်သည် “အမေနဲ့ အစ်ကိုတွေဒီမှာ ရှိတယ်၊ သူတို့ကိုလာရှာတာလား”

“ဟုတ်ပါတယ်”

“ဒါဆိုရင် သွားလိုက်ပါ” ရှီမာယူယူသည် သူ့ကိုလွှတ်ပေးလိုက်ပြီး ဝူလာမိုင်ကို သွားရှာလေသည်။

ချောင်းရှန်းသည် ရှီမာယူယူထွက်သွားသည်ကို ကြည့်ပြီး စိတ်ထဲမှ အားရပါးရပြုံးမိလေသည်။ သူတို့က လူသားနှင့် ဒီလောက်ထိ ပတ်သတ်ရမယ်လို့ ဘယ်သူထင်မိမှာလဲ။

ရှီမာယူယူသည် ဝူလာလူနှင့် ဆွေးနွေးနေသော ဝူလာမိုင်အား သွားရှာလေသည်။ ရွှမ်ရှင်းမန်သည် ပြန်ကောင်းလာပြီဖြစ်၍ ဝူလာမိုင်သည် မျိုးနွယ်၏ ကိစ္စများကို ပြန်လည် စီမံသည်။ အထူးသဖြင့် ရွှမ်ရှင်းမန်အား ထိခိုက်အောင်လုပ်သော မျိုးနွယ်များနှင့် ရှီမာယူယူအဆင့်တက်ရာတွင် နှောင့်ယှက်ရန်လာသော မျိုးနွယ်များကို ပိုအာရုံစိုက်ထားသည်။ သူသည် တစ်ခါအာရုံစိုက်မိသည်နှင့် လက်မလွတ်တော့ပေ။

ရှီမာယူယူထွက်သွားတော့မည်ဟု သိသည်နှင့် သူသည် လုပ်လက်စကိုရပ်ပြီး သူမကိုလိုက်ပို့မည်ဟု ပြောသည်။ သူတို့သည် ရွှမ်ရှင်းမန်တို့ရှိရာကိုသွားပြီး အစ်ကိုတစ်စုသည် သူမကို ကမ်းခြေအထိလိုက်ပို့လေ သည်။

“ညီလေး ၁၀၊ မင်းပြန်သွားတာနဲ့ ငါတို့ကိုမေ့မပစ်နဲ့ဦး” ဝူလာရှုံ ပြောလေသည်။

“သတိရနေမှာပါ” ရှီမာယူယူသည်လည်း ဝူလာရှုံနှင့် ခွဲခွာရန်တွန့်ဆုတ်နေခဲ့သည်။ သူသည်သာ သူမ အားတရင်းတနှီးပြောခဲ့သော တစ်ဦးတည်းသောသူဖြစ်သည်။ “ဟုတ်သားပဲ ကြယ်ကိုးပွင့်ပင်လယ်ကိုလာတဲ့ ကျွန်တော့်သူငယ်ချင်းတစ်ယောက်ရှိတယ်၊ သူက မိုဒိဆန်းလို့ခေါ်တယ် ဒီလိုရုပ်မျိုး သူ့ကိုတွေ့လို့ ဒုက္ခရောက် နေတယ်ဆိုရင် ကူညီပေးကြပါ”

ပြောပြီးနောက်တွင် သူမသည် ပုံထုတ်ကာ ဝူလာရှုံအား ပေးလိုက်သည်။

“မင်းသူငယ်ချင်းလား” ဝူလာရှုံသည် ပုံကိုယူပြီး ကြည့်လိုက်သည် “သူနဲ့တွေ့ရင် ဂရုစိုက်ပေးလိုက်ပါ မယ်”

ရှီမာယူယူသည် ထိုနေရာတွင် ၁နှစ်နေသွားကာ ဘာမှမတောင်းဆိုဖူးပေ။ အခုတော့ တစ်စုံတစ်ခုကို တောင်းဆိုလာသည်ဖြစ်၍ သူဂရုစိုက်ရမည်။

“ကျေးဇူးပဲ” ရှီမာယူယူ ပြုံးလိုက်သည် “သွားရအောင်”

ဝူလာလီသည် ဝင်ပေါက်ဖွင့်ပြီး ရှီမာယူယူကိုခေါ်သွားလေသည်။ ဝင်ပေါက်ပိတ်သွားမှပင် သူတို့သည် အကြည့်ရုတ်သိမ်းလိုက်လေသည်။

“ကောင်းပြီ မင်း သူမကို လွမ်းရင် သူမကိုသွားရှာလို့ရတာပဲ” ဝူလာမိုင်သည် ရွှမ်ရှင်းမန်၏ ပခုံးကိုပုတ်ပြီး နှစ်သိမ့်ပေးလေသည်။

“ဘယ်သူလာတာလဲ” ဝူလာလူသည် ရုတ်တရက်အော်ပြီး မိုးပေါ်သို့ပျံသွားလေသည်။ ဝူလာဘိုနှင့် ဝူလာအာတို့သည် သူ့နောက်လိုက်သွားလေသည်။

ခဏအကြာတွင် သူတို့သည် လူတစ်ပိုင်း ငါးတစ်ပိုင်း သတ္တဝါကိုဖမ်းပြီး ပြန်လာလေသည်။

“ငါးရှဉ့်မျိုးနွယ်ကပဲ လာပြန်ပြီ၊ သူတို့အသက်ကိုလွယ်လွယ်နဲ့ ရွက်လွှင့်နေကြတာပဲ၊ အသက်က ဘယ်လောက် အရေးကြီးတယ်ဆိုတာ မေ့နေကြပြီထင်တယ်” ဝူလာမိုင် ဒေါသထွက်လေသည် “သမုဒ္ဒရာရဲ့ တကယ့်ဘုရင်က ဘယ်သူလဲဆိုတာ ငါတို့ ခရမ်းရောင်ရေမျိုးနွယ်က ပြောပြရတော့မယ်ထင်တယ်၊ သူ့ကို မေးရ အောင်ပြန်ခေါ်လာခဲ့”

“ဟုတ်ကဲ့ပါ ခမည်းတော်”

ဝူလာမိုင် အရင်ကကဲ့သို့ ပြန်ကြံ့ခိုင်လာသည်ကို ဝူလာညီအစ်ကိုများတွေ့သောအခါ အားလုံးသည် ပျော်ရွှင်ကြသည်။

သူတို့မျိုးနွယ်သည် လွန်ခဲ့သည့်နှစ်များတွင် ရွှမ်ရှင်းမန်ကိုကုသရန်သာ အာရုံစိုက်ထားကြပြီး သမုဒ္ဒရာ အတွင်းမှ ကိစ္စများကို လျစ်လျူရှုထားခဲ့ကြသည်။ ထို့ကြောင့်ပင် တခြားမျိုးနွယ်များသည် သူတို့ကို ဂရုမစိုက်ကြ တော့ပေ။ သူတို့ကို အသားတုံးတစ်တုံးကဲ့သို့သာ စိတ်ဝင်စားကြတော့သည်။

အခု သူတို့ခမည်းတော် ပြန်လည်အားပြည့်လာသည်ကို တွေ့ရသဖြင့် ခရမ်းရောင်ရေမျိုးနွယ်သည် နေရာမှန်ကို ပြန်သွားရန် အဆင်သင့်ဖြစ်နေလေပြီ။

တစ်ဖက်တွင် ဝူလာလီသည် ရှီမာယူယူကို ကောင်းကင်ဂိုဏ်းသို့ တိုက်ရိုက်ပို့လိုက်သည်။ သူသည် သူမကို ရှီမာအိမ်တော်အထိ လိုက်ပို့လေသည်။

“အစ်ကိုကြီး တစ်ခါတည်းဝင်လာပါလား” ရှီမာယူယူ ပြောလိုက်သည် “အဘိုးနဲ့ တွေ့ပေးချင်လို့”

ဝူလာလီသည် အစပိုင်းတွင် လူသားများနှင့် ပတ်သတ်ရန်အစီအစဉ်မရှိသော်လည်း သူမ၏ အဘိုးဖြစ် နေခြင်းကြောင့် သူနှုတ်ဆက်ရမည်ဟု ထင်သည်။ သည်လိုနှင့် သူသဘောတူသဖြင့် ခေါင်းညိမ့်လိုက်သည်။

***

All Chapters