← Chapters

မှားယွင်းသောအချက်ပေးမှု

Vol. 007 Ch. 625

မှားယွင်းသောအချက်ပေးမှု

Vol. 007 Ch. 625

သူမသည် အပြင်ခြံဝန်းမှ အတွင်းခန်းသို့ပြေးသွားသော်လည်း အထဲတွင် မည်သူမှရှိမနေပေ။

“အဘိုး အဘိုး”

“အဒေါ်လန်”

“အဒေါ်ယု ရှိကြလား”

သူမသည် တစ်အိမ်လုံးကိုပြေးလွှားသော်လည်း တစ်ယောက်မှရှိမနေပေ။

သူမ တစ်နေရာမှ တစ်နေရာပြေးလွှားနေသည်ကို မြင်သောအခါ ဝူလာလီသည် သူမအား ဆုပ်ကိုင်ပြီး ပြောလိုက်သည် “ဘယ်သူမှမရှိဘူး၊ ဆက်မရှာနဲ့တော့”

“အဘိုးတို့က ဘယ်လိုလုပ်ဒီမှာမရှိရတာလဲ” ရှီမာယူယူသည် စိုးရိမ်စွာ အော်လိုက်သည် “အဘိုးက အပြင်သွားတယ်ဆိုရင်တောင် အဒေါ်လန်နဲ့ အဒေါ်ယုတို့က သွားလေ့မှမရှိတာ၊ ဒီအိမ်လွတ်နေတာ တစ်ခါမှ မမြင်ဖူးဘူး၊ တစ်ခုခုများဖြစ်လို့လား”

“စိတ်အေးအေးထားပါ သူတို့လမ်းလျှောက်ထွက်တာလည်းဖြစ်နိုင်တယ်” ဝူလာလီ ပြောလိုက်သည် “သူတို့ရှိနိုင်မယ့်နေရာကို သွားရှာရအောင် မဟုတ်ရင် သူတို့ရှိမယ့်နေရာကို သိနိုင်မယ့်သူကိုသွားမေးရအောင်”

“ဟုတ်တယ် အစ်ကိုတွေကိုသွားရှာရမယ် ဒါပေမဲ့သူတို့က အတွင်းဂိုဏ်းမှာရောက်နေကြမှာ သူတို့ကို ဘယ်မှာတွေ့ရမယ်မှန်း ကျွန်တော်မသိဘူး” ရှီမာယူယူ ပြောလိုက်သည် “သူတို့ အမှတ်တရစားသောက်ဆိုင်မှာ လည်းရှိနိုင်တယ်၊ ကျွန်တော်အဲကိုသွားပြီးမေးလိုက်မယ်၊ အဘိုးက အခုအဲဆိုင်ကိုတာဝန်ယူထားတာ၊ သူတို့ တစ်ခုခုဖြစ်ရင် အမှတ်တရစားသောက်ဆိုင်ကသိမှာလဲ၊ ကျွန်တော်အခုပဲသွားမေးလိုက်မယ်”

ရှီမာယူယူသည် ဝူလာလီအား ဆွြပြီး ပြေးထွက်လာရာ အပြင်ခြံဝန်းသို့ရောက်သည်နှင့် လူတစ်စုကိုမြင် လိုက်ရလေသည်။

“အဘိုး” သူမ ချက်ချင်းပင် အပြေးရပ်သွားကာ သူ့အားကြည့်လိုက်သည်။

“ယူယူ ပြန်လာပြီလား” ဖက်တီးကျူသည် သူမဆီသို့လာပြီး ဆွဲဖက်ကာ အားရပါးရသွားဖြဲလေသည်။

“အဘိုး အဒေါ်လန် အဆင်ပြေကြရဲ့လား” ရှီမာယူယူသည် နားမလည်စွာ မျက်တောင်ခတ်လိုက်သည်။

“ပြေတာပေါ့” ရှီမာလိုင်သည် လျှောက်လာပြီး ဖက်တီးကျူအား ဆွဲခွာလိုက်ပြီး ပြောလေသည် “ဘယ် တုန်းကပြန်ရောက်တာလဲ”

“အခုပဲ ကျွန်တော်ပြန်လာတော့ ဘယ်သူမှမရှိလို့ တစ်ခုခုဖြစ်နေပြီထင်သွားတာ၊ အဲလိုအထင်လွဲစေ မယ်လို့ ထင်မထားဘူးလေ” ရှီမာယူယူ ပြောလိုက်သည် “အားလုံးဘယ်တွေသွားနေကြတာလဲ ဒီအိမ်လွတ်နေ တာ တစ်ခါမှ မမြင်ဖူးတာ”

“ယူရန်တို့က ဒီနေ့နားရက်လေ၊ နှစ်တစ်ဝက်အတွင်းကို အားလုံး လူစုံတာ ပထမဆုံးအကြိမ်ပဲ၊ အဲဒါကြောင့် အမှတ်တရစားသောက်ဆိုင်မှာ စားပွဲသောက်ပွဲသွားလုပ်တာ၊ ဝူရန်ဖေနဲ့ ဘေဂုံထန်တို့လည်း လာ ကြတော့ အဒေါ်လန်နဲ့ အဒေါ်ယုတို့လည်း လိုက်ကြတာပေါ့” ရှီမာလိုင် ပြောလိုက်သည်။

“ဘာမှမဖြစ်ဘူးဆိုရင် တော်ပါပြီ” ရှီမာယူယူ ပြောလိုက်သည် “အဲတော့ မင်းတို့အကုန်လုံး အတွင်းဂိုဏ်း ဝင်တယ်ပေါ့”

“ဟုတ်တယ်လေ ငါတို့အဲတုန်းက တကယ်မိုက်ခဲ့တာ၊ မင်းမကြည့်လိုက်ရတာနာတာပဲ” ရှီမာယူလီသည် နှမြောတသစွာ ပြောလေသည်။

“ယူယူ အားလုံးကို ဖြေရှင်းပြီးပြီလား သူက…” ရှီမာယူလင်းသည် သူမနှင့်လိုက်လာသော ဝူလာလီအား မြင်လိုက်သောအခါ စိုးရိမ်သွားသည်။

“ဒါက” ရှီမာလိုင်သည် ဝူလာလီကို မတွေ့ဖူးသဖြင့် ရှီမာယူယူကိုခေါ်လာသူဟု မသိပေ။

“အဘိုး မိတ်ဆက်ပေးရမယ် ဒါက သမီးရဲ့ အစ်ကိုကြီးအသစ်၊ ခရမ်းရောင်ရေမျိုးနွယ်ရဲ့ မင်းသားပါ” ရှီမာယူယူ ပြောလိုက်သည် “အစ်ကိုကြီး ဒါက ကျွန်တော့်အဘိုး အစ်ကိုကြီး အစ်ကိုလေး….”

သူမသည် အိမ်ထဲရှိအားလုံးနှင့် မိတ်ဆက်ပေးရာ ဝူလာလီသည် တစ်ယောက်ချင်းစီကို ခေါင်းညိမ့်ပြ လေသည်။

“ယူယူ သူက လူတစ်ယောက်ကိုကုပေးဖို့ မင်းကိုခေါ်သွားတာမလား၊ ဘယ်လိုလုပ် မင်းရဲ့ အစ်ကိုကြီး ဖြစ်သွားရတာလဲ” ဖက်တီးကျူ မေးလေသည်။

“ငါ သူ့အမေ မိဖုရားကြီးကိုသွားကုတာ၊ အမေပြန်သက်သာလာတာနဲ့ ငါ့ကို သမီးအဖြစ် မွေးစားခဲ့တယ် အဲဒါကြောင့် သူက ငါ့အစ်ကိုကြီးဖြစ်လာတာ” ရှီမာယူယူ ရှင်းပြလေသည် “ဒီမှာ မပြောတော့ဘူး ဧည့်ခန်းကို သွားကြမယ်”

“ကောင်းပြီ”

ရှီမာယူယူသည် ခရမ်းရောင်ရေမျိုးနွယ်တွင်ဖြစ်ပျက်ခဲ့သမျှကို အတိုချုပ်ပြောပြရာ သူမသည် မိုးကြိုး ဘေးသင့်မှု နှစ်ကြိမ်ရင်ဆိုင်ရကာ အသက်ဆုံးရှုံလုနီးပါးဖြစ်ခဲ့သည်ကို အားလုံးသိလိုက်ရသည်။ ထို့ကြောင့်ပင် သူမအင်အားကြီးမားလာကာ အဆင့်များခုန်တက်သွားသည်ကို အလွန်အံ့သြခဲ့ကြသည်။

“တခြားမရှိတော့ရင် ကျွန်တော်ပြန်လိုက်ပါဦးမယ်” ဝူလာလီ ပြောလေသည်။

“အစ်ကိုကြီး ဒီမှာ ရက်နည်းနည်းလောက်နေပါလား” ရှီမာယူယူ မေးလိုက်သည်။

“အဖေက အမေပြန်ကောင်းကတည်းက အလုပ်တွေပြန်လုပ်နေပြီ၊ ကိစ္စတွေကို အစကနေပြန် စီမံရ တော့မယ်၊ မျိုးနွယ်ထဲမှာလည်း ဖြေရှင်းရမှာတွေ အများကြီးရှိတယ်၊ အဲဒါကြောင့် ငါပြန်ရမယ်” ဝူလာလီ ရှင်းပြ လေသည်။

“ဒါဆို အစ်ကိုကြီး ခဏလေးစောင့်ပါ” ရှီမာယူယူ ပြောလေသည်။ ထို့နောက်တွင် သူမသည် ဘေဂုံထန် နှင့် ဝူရန်ဖေတို့ဘက်လှည့်ကာ “မင်းတို့ ဝိဉာဉ်မိစ္ဆာအတွက် ဖော်ထားတဲ့ဆေးတွေကို ငါ့ကိုအကုန်ပေး”

သူမသည် ဝူလာလီအိမ်ပြန်ယူသွားရန် ဆေးပေးလိုက်မည်ကို ဘေဂုံထန်နှင့် ဝူရန်ဖေတို့ ခန့်မှန်းမိသဖြင့် ဝိဉာဉ်မိစ္ဆာအတွက်ဖော်ထားသော ဆေးများကို အကုန်ထုတ်ပေးလေသည်။ သူတို့တွင်ရှိသော ဆေးများသည် အားလုံးအပေါင်း ပုလင်းရာချီရှိသည်။

ရှီမာယူယူသည် အကြမ်းဖျင်းရေတွက်ကာ ဝူလာလီအား ပေးလိုက်သည် “အစ်ကိုကြီး ဒီဆေးတွေက ကျွန်တော်အရင်ပေးဖူးတာနဲ့ တူတယ်၊ ဒါတွေကိုယူသွားပါ ဆေးတွေလိုရင် စကားသာပါးလိုက်၊ အစ်ကို့ရဲ့ ညီမလေးက တခြားဟာတော့မပေးနိုင်ပေမယ့် ဆေးတော့မနည်းဘူး”

“မင်းမသွားခင်ပေးထားတာကိုက မနည်းပါဘူး” ဝူလာလီ ပြောလိုက်သည်။

“ကျွန်တော်အဆင့်တက်နေတုန်းကို အပြင်ကလူတွေက နှောင့်ယှက်ကြတယ်လို့ အစ်ကို ၉ပြောတယ်၊ ကျွန်တော် အဲနေရာမှာ တည်ဆောက်မှုလုပ်ထားလို့တော်သေးတယ်၊ အဲနေရာက ခရမ်းရောင်ရေမျိုးနွယ်ရဲ့ နေရာကို တခြားပင်လယ်မိစ္ဆာတွေ ပေါ်လာတယ်မလား၊ အဲဒါဆိုရင် ခရမ်းရောင်ရေမျိုးနွယ်သတင်းကို တခြား မျိုးနွယ်က လာထောက်လှမ်းတယ်ဆိုတဲ့ သဘောပဲ” ရှီမာယူယူ ပြောလိုက်သည် “ခရမ်းရောင်ရေမျိုးနွယ်သာ တခြားပင်လယ်မိစ္ဆာတွေနဲ့ တိုက်ခိုက်ရမယ်ဆိုရင် အများအပြားဒဏ်ရာရကြမှာပဲ၊ ဒီဆေးတွေနဲ့ဆို ခံနိုင်ရည်ရှိမှာ ပါ”

ထိုနေရာတွင် သူမနေထိုင်ခဲ့စဉ်အတွင်းတွင် ဘာမှမမေးသော်လည်း မျိုးနွယ်အတွက် များစွာစဉ်းစားပေး လိမ့်မည်ဟု ဝူလာလီ မထင်မိပေ။ သူမသည် ခရမ်းရောင်ရေမျိုးနွယ်၏ ကိစ္စများကို ဂရုတစိုက်ရှိသည်။

“အဲလိုဆိုမှတော့ ငါမငြင်းတော့ဘူး” ဝူလာလီ ပြောလိုက်သည်။

သူတို့သာ တိုက်ပွဲဖြစ်ပွားပါက ဆေးသည် အရေးကြီးဆုံးဖြစ်လာမည်။ ဝိဉာဉ်မိစ္ဆာများအတွက် အသုံးဝင် သောဆေးများမှာ အလွန်နည်းပါးသည်။

သူ ဆေးများကိုလက်ခံလိုက်သည်ကို ရှီမာယူယူမြင်သောအခါ ပြုံးလိုက်ပြီး “ဒါက အစ်ကိုတို့ ကျွန်တော့် ကိုပေးတာထက်စာရင် မပြောပလောက်ပါဘူး၊ နောက်ကို တစ်ခုခုလိုတာရှိရင် စကားသာပါးလိုက်၊ ကျွန်တော် ပြောသလိုပဲ တခြားမပေးနိုင်ရင်တောင် အဲဆေးတွေဖော်တို့ ဆေးဖက်ဝင်ပစ္စည်းလုံလုံလောက်လောက်ရှိတယ် ဖော်ဖို့ကလည်း အလွယ်လေးပဲ”

ဝူလာလီသည် သူမ ဆံပင်ကို ဖွလိုက်ကာ ညင်သာစွာ ပြောလေသည် “သိပါပြီ ငါတို့ဆေးလိုရင် မင်းကို ပြောလိုက်မယ်”

“အစ်ကိုပြောတာပဲနော်”

“ဟုတ်ပါတယ် ငါပြောတာပါ” ဝူလာလီ ပြောလိုက်သည် “ငါ့ကို ဘယ်လိုဆက်သွယ်ရမလဲဆိုတာ ပြော ထားတာမှတ်မိတယ်မလား”

ရှီမာယူယူ ခေါင်းညိမ့်လိုက်သည် “မှတ်မိတယ်”

“ကောင်းပြီ ငါပြန်တော့မယ်” ဝူလာလီသည် လက်ကိုမြော်ကလိုက်ရာ ဝင်ပေါက်ပွင့်သွားပြီး ကြယ်ကိုးပွင့် သမုဒ္ဒရာကိုပြန်သွားလေသည်။

ဝူလာလီပြန်သွားသည်နှင့် ဖက်တီးကျူတို့ စိတ်အေးသွားရသည်။ သူတို့သည် ရှီမာယူယူနားဝိုင်းပြီး မေးခွန်းများ အဆက်မပြတ်မေးတော့သည်။ ရှီမာယူယူသည် သူမ၏ ဝိဉာဉ်မိစ္ဆာများကို ခေါ်ထုတ်လိုက်ပြီး ပြော လိုက်သည် “ငါ သူတို့ကို ချက်ကျွေးမယ်လို့ ကတိပေးထားတယ် စားရင်းပြောကြတာပေါ့၊ သြော် မေ့သွားတယ် မင်းတို့စားပြီးကြပြီပဲ…”

“ကိစ္စမရှိဘူး ငါတို့ထပ်စားနိုင်သေးတယ်” ဖက်တီးကျူ ပြောလိုက်သည် “မင်းလုပ်တဲ့ ဟင်းတွေဆို အကုန်စားနိုင်တယ်”

“ဟုတ်ပါပြီ”

“သမီးလက်ရာကို မစားရတာကြာပြီပဲ” ရှီမာလီပါ ဝင်ပြောလေသည်။

သူတို့အပြုအမူကိုကြည့်ပြီး ရှီမာယူယူ ရယ်မောလိုက်သည် “ကောင်းပါပြီ သွားရအောင် ဒီနေ့တော့ ပွဲတော်ပဲပေါ့၊ ဒီနှစ်ဝက်အတွင်းကို ဘာတွေလုပ်ခဲ့လဲဆိုတာ ငါ့ကိုပြန်ပြောပြကြဦး”

သူမ ထွက်သွားခဲ့သည်မှာ ၇လ ၈လ ရှိပြီဖြစ်၍ ထိုအချိန်အတွင်းတွင် အင်အားကြီးလာခဲ့ကြသည်။ တခြားသူများလည်း အင်အားများလာကြသည်။ သူမသည် အတွင်းဂိုဏ်းအကြောင်းကို အလွန်သိချင်မိသည်။ အတွင်းဂိုဏ်းသည် သူတို့အင်အားကြီးလာအောင် ဘယ်လောက် အထောက်အပံပေးသလဲဟု….

***

All Chapters