သူတို့ရဲ့အသွင်ပြောင်းမှု
Vol. 007 Ch. 626
သူတို့စားသောက်နေစဉ်တွင် ဖက်တီးကျူသည် သူတို့စာမေးပွဲတွင် ဖြစ်ပျက်ခဲ့သမျှကို ပြောပြလေသည်။ အထူးသဖြင့် ဝိဉာဉ်သခင်ရွေးချယ်ပွဲအကြောင်းကိုပြောပြသည်။ သူပြောပြသည်မှာ မျက်စိရှေ့တွင်ဖြစ်ပျက်နေ သကဲ့သို့ဖြစ်နေသဖြင့် သူမသည် နားထောင်ရင်းနှင့် စိတ်လှုပ်ရှားနေမိလေသည်။
“နင်တို့အားလုံး အဆင့်တစ်ဆင့်စီတက်သွားသလိုပဲ ဘယ်လိုတွေဖြစ်သွားတာလဲ” သူမသည် သိချင် စိတ်ဖြင့်မေးလေသည်။
“အတွင်းဂိုဏ်းက ကျင့်ကြံခြင်းမျှော်စင်မှာ ကျင့်ကြံတဲ့ရလဒ်လေ” ဝေကျိရွှီ ရှင်းပြသည် “အတွင်းဂိုဏ်းကို ဝင်တဲ့သူမှန်သမျှ အဲကျင့်ကြံခြင်းမျှော်စင်ကို အလကားသွားခွင့်ရှိတယ်၊ မျှော်စင်ထဲက ဝိဉာဉ်စွမ်းအင်က အရမ်း ထူတယ်၊ အထူးသဖြင့် အောက်ကဝိဉာဉ်ကန်မှာပိုထူတယ်၊ ငါတို့အဲဒီမှာ လနည်းနည်းလောက် ကျင့်လိုက်တာ အဆင့်တက်လာကြတယ်”
“မဆိုးဘူး ဝိဉာဉ်ကန်အပြင် ငါတို့ခန္ဓာကိုယ်မှာ စွမ်းအင်ရောစပ်ဖို့လည်းအလကားရတယ်၊ လုပ်ငန်းစဉ် ကလည်း လွယ်လွန်းလို့ တခြားသူတွေကြားရင်ငိုချင်သွားမယ်” ဖက်တီးကျူပြောလေသည်။
“နင်တို့ခန္ဓာကိုယ်ကို ရောစပ်တယ်မဟုတ်လား” ရှီမာယူယူသည် ဝူရန်ဖေ၏ခန္ဓာကိုယ်ကို စစ်ဆေးရာ အမှန်တကယ်ပင် သူသည် ပို၍သန်မာလာခဲ့သည် “နင်တို့ ခန္ဓာကိုယ်ကို ဘယ်လိုရောစပ်တာလဲ”
“ငါတို့ အမည်မသိတိရစ္ဆာန်ရဲ့သွေးကိုသုံးခဲ့တယ်၊ ဒါပေမဲ့ အနံ့တော့ရှိတယ်၊ ငါတို့်ဆရာတွေက ငါတို့ကို သွေးကန်ထဲပစ်ထည့်လိုက်တာ၊ အဲဒါသွေးတွေလို့မထင်ဘူးလေ ဒါပေမဲ့ အဲဒါတွေငါတို့ခန္ဓာကိုယ်နဲ့လည်း ထိမိ ရော နာလွန်းလို့သေတော့မယ်ထင်တာ” ဖက်တီးကျူ စောဒကတက်လေသည်။
“ဖက်တီးကျူ ပေါက်တက်ကရပြောပြန်ပြီ၊ ငါတို့အုပ်စုလိုက်သွားကြတာ၊ နင်ကအကုန်လုံးထဲမှာ အပျော် ဆုံးပဲ အဲအထဲမှာ သီချင်းတောင်ဆိုလိုက်သေးတယ်” ဘေဂုံထန်ပြောလေသည်။
“ငါပျော်တော့ ပျော်တယ်လေ ဒါပေမဲ့ နာတယ်ဟ” ဖက်တီးကျူ ပြောလိုက်သည်။
“ဖက်တီး နင်က အကုန်လုံးထဲမှာ အရေအထူဆုံးပဲ နင်တောင်နာရင် တခြားသူတွေပိုနာမှာပေါ့” ရှီမာယူယူ စနောက်လိုက်သည်။
“မဟုတ်ပါဘူး၊ နာလွန်းလို့မေ့လဲသွားတဲ့သူတောင်ရှိတယ် ဒါပေမဲ့အဲဒါက ကျင့်ကြံတဲ့အဆင့်ပေါ်မှာ မူတည်တာထင်တယ်” ဖက်တီးကျူ ပြောလိုက်သည် “နင်အဲတုန်းကမရှိတာနာတယ် မဟုတ်ရင် ငါတို့နဲ့အတူ အဲ အတွေ့အကြုံကိုခံစားရမှာ”
“သွေးကန်က အမြဲတမ်းဖွင့်ထားတာမဟုတ်ဘူးလား” ရှီမာယူယူ မေးလိုက်သည်။
“မဟုတ်ဘူး” ရှီမာယူလင်း ပြောလေသည် “သွေးကန်က ၁၀နှစ်တစ်ကြိမ်ပဲဖွင့်တာ၊ အတွင်းဂိုဏ်းကို လူသစ်တွေဝင်လာတဲ့အချိန်ကိုဖွင့်တယ်၊ တခြားအချိန်တွေဆိုပိတ်ထားတာ၊ အဲဒါကကျောင်းသားအသစ်တွေ အတွက်ပဲ”
သူပြောသလိုဆိုရင် အခွင့်အရေးသည် ကျော်လွန်သွားပြီဖြစ်ရာ ထပ်မရနိုင်တော့ပေ။
“မင်းက အခုခန္ဓာကိုယ်မှာ လျှပ်စီးတွေရောစပ်ထားတာပဲ ဘာလို့အဲအကြောင်းကိုတွေးနေသေးလဲ” ရှီမာယူရန် ရယ်မောလေသည်။
“ဟီးဟီး ဟုတ်သားပဲ” ရှီမာယူယူ သွားဖြဲလေသည်။
ကြက်သွေးရောင်မီးတောက် ရောစပ်ပေးသော ကြောက်မက်ဖွယ်မိုးကြိုးဘေးသင့်မှုကို ကြုံတွေ့ရ ပြီးနောက်တွင် သူမသည် ပိုသန်မာလာသည်ကို ခံစားမိသည်။ သူမကြောက်သည်မှာ သာမန်ရောစပ်မှုသည် သူမ အတွက် အသုံးဝင်ခြင်းမရှိတော့မှာကိုပင်။
“ယူယူ နင်တကယ်ပဲ အခုမိုးကြိုးဘေးသင့်တာကို အမိန့်ပေးနိုင်ပြီလား” သူမခန္ဓာကိုယ်ထဲသို့ ခရမ်းရောင်အဆင့်မြင့်လျှပ်စီး ဝင်သွားသည်ကို ဖက်တီးကျူတွေးပြီးမယုံနိုင်ဖြစ်နေလေသည်။
ရှီမာယူယူသည် မျက်ခုံးပင့်လိုက်သည် “နင်စမ်းကြည့်ချင်လို့လား”
“မလုပ်ပါနဲ့ မလုပ်ပါနဲ့” ဖက်တီးကျူသည် အလျင်အမြန်ပင် လက်ရမ်းလိုက်သည်။ သူ၏ခန္ဓာကိုယ် သေး သေးလေးသည် မိုးကြိုးတစ်ချက်လောက်နှင့် ပြာဖြစ်သွားလိမ့်မည်။
“ညီလေး ၅ မင်းဘယ်တော့ ဂိုဏ်းကိုပြန်လာမှာလဲ” ရှီမာယူရန်မေးလေသည်။
“မကြာတော့ပါဘူး” ရှီမာယူယူသည် အသားကင်ကို ဆီသုတ်လိုက်သည်။ အသားက်သည် ဒယ်ပြားနှင့် ထိတွေ့သောအခါ အသံများထွက်လာသည်။
သူမသည် အပြင်တွင်သွားလာခြင်းမဟုတ်လျှင် ဂိုဏ်းအတွင်းနေခြင်းက များခဲ့သည်။ သူမသည် ရှီမာလိုင်အား မပြုစုရသည်မှာ အတော်ကြာနေပြီဖြစ်သည်။
“ဘယ်လိုပဲဖြစ်ဖြစ် ပိတ်ရက်ရောက်နေပြီကို သမီးအိမ်မှာနေပြီး အဘိုးကိုအဖော်ပြုပေးမယ် အဘိုး ဘယ်လိုလဲ” သူမသည် ရှီမာလိုင်အား ပြုံးပြလိုက်သည်။
“သမီးအိမ်မှာနေပြီး အဘိုးကိုအဖော်ပြုပေးမယ်ဆိုရင်တော့ အဘိုးကပျော်တာပေါ့၊ ဒါပေမဲ့ သမီးက မောင်လေးကို ကုဖို့ဘယ်လောက်စိုးရိမ်နေလဲဆိုတာ အဘိုးသိတယ်၊ ဖြစ်နိုင်သလောက် အတွင်းဂိုဏ်ကိုမြန်မြန် ပြန်သင့်တယ်” ရှီမာယူလိုင် ပြောလိုက်သည် “ဘယ်လိုပဲဖြစ်ဖြစ် အဘိုးတို့မှာ အချိန်တွေအများကြီးရှိတယ် ပြီးမှ အဘိုးကိုအဖော်ပြုပေးလည်း အတူတူပဲကို”
ရှီမာယူယူစဉ်းစားကြည့်ရာ အဘိုးပြောသည်မှာမှန်သည်။ ကမ္ဘာဦးနယ်မြေတွင် အဘိုး၏ အသက်သည် အိုမင်းသည့်အထဲတွင်မပါပေ။ သူ့အတွင် အချိန်များကျန်သေးသည်။
“ဒါဆို မနက်ဖြန် သမီး ဒုကျောင်းအုပ်နဲ့ ဆရာဟော်ကိုသွားရှာလိုက်မယ်” ရှီမာယူယူ ပြောလိုက်သည် “သြော် ဟုတ်သား စီနီယာဆီကဘာသတင်းကြားသေးလဲ”
“သူ့သတင်းတော့ ငါတို့မသိဘူး ဒါပေမဲ့ တခြားသူရဲ့သတင်းတော့ကြားတယ်” ဝေကျိရွှီ ပြောလိုက်သည်။
“ဘယ်သူလဲ”
“နာလန်လန်”
ရှီမာယူယူ၏ လက်သည်တုန်သွားသည်။ သူမသည် အသားများကိုဆက်ကင်ပြီးနောက် ပန်းကန်ထဲ ထည့်ပြီးမေးလေသည် “သူမသတင်းဘာကြားတာလဲ”
“ပြီးခဲ့တဲ့တစ်ခေါက်က ပညာရှိစံအိမ်တော်က မြင့်မြတ်တဲ့သားတော်တွေ သမီးတော်တွေကို အကုန်စုပြီး အစည်းအဝေးလုပ်တယ်၊ အပြင်က မြင့်မြတ်တဲ့သားတော်နဲ့ သမီးတော်တွေအကုန်စုတယ်ထင်ပါတယ်၊ အဲအချိန်မှာ အတွင်းပိုင်းဒေသကအများစုလာကြတယ်၊ နာလန်လန်ကလည်း သူတို့အထဲမှာပါတယ်” ဘေဂုံထန် ပြောလိုက်သည်။
“သူမက ထူးခြားတဲ့ခန္ဓာကိုယ်ရှိလို့ ဒီကိုရောက်လာတာလို့ ပြောတယ်မလား၊ အဲလိုခန္ဓာကိုယ်ရှိတဲ့ လူတွေက သာမန်အရည်အချင်းထက်ပိုတယ်လို့ ပြောကြတယ်မလား၊ ၁၀နှစ်ပဲရှီသေးတာကို ဝိဉာဉ်သူတော်စင် အဆင့်တောင်မရှိခဲ့တဲ့သူမက အံ့ဖွယ်ဘုရင်အဆင့်မြင့်ဖြစ်သွားတယ်၊ သူမက အံ့ဖွယ်နယ်ရှင်အဆင့်ဖြစ်ဖို့ လက် တစ်ကမ်းအလိုလို့ပြောကြတယ်” ဖက်တီးကျူ ပြောလိုက်သည် “ဒါပေမဲ့ သူမလိုလူက အဲလိုခန္ဓာကိုယ်ရှိမယ်လို့ ထင်မထားဘူး အလဟသပဲ”
နာလန်လန်သတင်းကို ရှီမာယူယူကြားလိုက်သည်နှင့် သူတော်စင်မြို့တော်တွင်ရှိစဉ်က သူမသည် နာလန်လန်၏ ထောင်ချောက်ထဲကျလုနီးပါးဖြစ်ကာ အသက်သေလုနီးပါးဖြစ်ခဲ့သည်ကို ပြန်တွေးမိသွားသည်။ ထိုအချိန်က သူမသည် လီမူနှင့် ထိုတည်ဆောက်မှုသခင်ကို ရှင်းထုတ်ခဲ့သည်။ သူမ နဂါးတန်ပြန်တောင်တန်း တွင်ရှိတုန်းပင် နာလန်လန်သည် ကမ္ဘာဦးနယ်မြေရောက်နှင့်နေသည်မှာတော့ နှမြောစရာကောင်းသည်။
“နင်တို့ သူမကိုမြင်မိကြလား ပြီးတော့ နင်တို့ကိုလည်းမြင်သွားလား” သူမ မေးလိုက်သည်။
“မြင်မယ်မထင်ဘူး” ဝေကျိရွှီ ပြောလိုက်သည် “အဲတုန်းက ငါတို့ကအမှတ်တရစားသောက်ဆိုင်ရဲ့ သီးသန့်ခန်းမှာ၊ ပင်မခန်းမကလာတဲ့ သူတို့အသံတွေကြားလို့ ဖွင့်ပြီးသူတို့ကိုကြည့်လိုက်တာ”
“သူတို့ရှိသေးလား”
“သူတို့က အလယ်ပိုင်းဒေသကိုပြန်သွားကြပြီ ပညာရှိစံအိမ်တော်ရဲ့ပွဲကလည်း လွန်ခဲ့တဲ့ ၁လကပြီးသွား ပြီ” ရှီမာယူလီ ရှင်းပြလေသည်။
“နှမြောစရာပဲ” ရှီမာယူယူသည် နှမြောတသစွာပြောလေသည် “သူမရှိနေသေးရင် ဦးလေးရှုံကိုသွားရှာ ပြီး အဲနှစ်ကဘာဖြစ်ခဲ့လဲဆိုတာ မေးရမယ်၊ ဘယ်လိုပဲဖြစ်ဖြစ် ငါတို့က တိုင်းပြည်တစ်ခုတည်းမှာပဲ တစ်ချိန်ချိန် တော့ သူမနဲ့တွေ့မှာပါ”
သူတို့သည် ညဉ့်နက်သည်အထိ စားကြသောက်ကြပြီး နောက်နေ့မနက်တွင် ရှီမာယူမင်နှင့် တခြားသူ များသည် အတွင်းဂိုဏ်းသို့ပြန်ကြလေသည်။
ရှီမာယူယူအတွက် အိပ်ရသည့်အခွင့်အရေးမှာ ရှားပါးသည်။ သူမသည် ဂိုဏ်းသို့သွားပြီး ရှီမာလိုင်နှင့် နေကာ အချိန်ဖြုန်းပေးသည်။ သူမသည် ဒုကျောင်းအုပ်အားသွားတွေ့ပြီး သူမဘေးကင်းစွာ ပြန်လာကြောင်း ပြောပြီးနောက် ဆရာဟော်လန်အား သွားရှာလေသည်။
ဟော်လန်သည် သူမပေါ်လာသည်ကိုမြင်သောအခါ အလွန်အံ့သြသော်လည်း အံ့သြမှုသည် ပျော်ရွှင်မှု အဖြစ်ပြောင်းသွားပြီး “နောက်ဆုံးတော့ ပြန်လာပြီပေါ့၊ မင်းထပ်နေဦးမယ်ဆိုရင် အဲလူက ကြယ်ကိုးပွင့် သမုဒ္ဒရာ ကို သတ်ဖို့လာတော့မလို့”
သူပြောသည့်သူကို ရှီမာယူယူသိသည်။ သူသည် သေချာပေါက် ရှုဂျင်းကိုပြောခြင်းဖြစ်သည်။ ဟော်လန် ထိုကဲ့သို့ပြောသည်မှာ သူတစ်ယောက်တည်းသာရှိသည်။
“ကျွန်တော့်ကို အချိန် ၁နှစ်ပေးထားတာမလား ဘာတွေစိုးရိမ်နေတာလဲ” ရှီမာယူယူသည် ခါတိုင်းလိုပင် မေးလိုက်သည်။
“ကြယ်ကိုးပွင့်သမုဒ္ဒရာက ခုနောက်ပိုင်းကို အရမ်းအန္တရာယ်များလာတယ်မလား၊ မင်းတစ်ခုခုဖြစ်မှာ သူ စိုးရိမ်နေတာ” ဟော်လန်ပြောလိုက်သည် “ဘာပဲဖြစ်ဖြစ် ငါတို့စိတ်ပူတာက အလကားဖြစ်သွားပြီထင်ပါတယ်”
ရှီမာယူယူသည် မသိမသာပြုံးလိုက်သည်။
“အတွင်းဂိုဏ်းကိုဘယ်တော့သွားမယ်လုပ်ထားလဲ” ဟော်လန်မေးလိုက်သည်။
“နောက် ၂ရက်အတွင်းပါ” ရှီမာယူယူ ပြောလိုက်သည် “မဟုတ်လည်း ကျွန်တော်လုပ်စရာမှမရှိတာ အတွင်းဂိုဏ်းကိုမြန်မြန်သွားတာပဲကောင်းပါတယ်”
“ဒါပေါ့ သူနဲ့ဆက်သွယ်ဖို့ မင်းကိုငါဒါပေးမယ်” ဟော်လန်ပြောလေသည် “မင်း သူတို့နဲ့အတူ အတွင်း ဂိုဏ်းကိုအတူမဝင်လိုက်ရလို့ လွတ်သွားတဲ့ အခွင့်အရေးတွေရှိတယ်၊ ဒါပေမဲ့ အခုမင်းကိုကြည့်ရတာ သူတို့ထက် နောက်ကောက်ကျတာမရှိပါဘူး၊ အဲဒါတွေရှိရှိ မရှိရှိ ကိစ္စမရှိဘူးမလား၊ ဒါပေမဲ့ မကြာခင်ကို ညီလာခံ ၃ခုရှိလိမ့် မယ်၊ မင်းအဲဒီကို ဝင်ပါလို့ရတယ်”
“ညီလာခံ၃ခုဟုတ်လား အဲဒါတွေက ဘာတွေလဲ”
***