← Chapters

နတ်ဆိုးအိုကြီးဖြစ်နေတာကိုး

Vol. 007 Ch. 627

နတ်ဆိုးအိုကြီးဖြစ်နေတာကိုး

Vol. 007 Ch. 627

“အတွင်းဂိုဏ်းက အစည်းအဝေးတွေရဲ့အဆင့်က ပုံစံမျိုးစုံလုပ်တယ်၊ ဝိဉာဉ်သခင်တွေရဲ့ အစည်းအဝေး အဆင့်က အဆင့်မှီဆုံးပဲ” ဟော်လန်ရှင်းပြလေသည်။

“ဒါဆို ညီလာခံ၃ခုက ဘာအသုံးဝင်လဲ” ရှီမာယူယူ မေးလိုက်သည်။

“ဒါက အနာဂတ်ရဲ့ ကျင့်စဉ်အရင်းအမြစ်နဲ့ပတ်သတ်တယ်၊ အခုချိန်မှာ အတွင်းဂိုဏ်းရဲ့ မတည်ငြိမ်တဲ့ အခြေအနေတွေကိုလည်း မင်းသိလောက်မှာပါ” ဟော်လန်မေးလိုက်သည်။

“ကျွန်တော်သိပါတယ် ဖက်တီးတို့က မနေ့ကပြောပြကြတယ်” ရှီမာယူယူ ပြောလိုက်သည်။

“အတွင်းဂိုဏ်းက ကျင့်စဉ်အရင်းအမြစ်က ပထမအနေနဲ့ အရည်အချင်းပေါ်မှာမူတည်ပြီး ဒုတိယအနေ နဲ့ လူတစ်ယောက်ရဲ့အင်အားပေါ်မှာ မူတည်တယ်၊ အရည်အချင်းရှိလေလေ၊ အင်အားရှိလေလေ သူက ကျင့်စဉ် အရင်းအမြစ်တွေရလေပဲ” ဟော်လန်ပြောလေသည် “မင်းက အဂ္ဂိရတ်ဌာနကိုရွေးလိုက်ပေမယ့် မင်းရဲ့ အဓိက ဖွံ့ဖြိုးမှုက ဝိဉာဉ်ကျင့်ကြံခြင်းဆိုတာ သိတယ်၊ အဲဒါကြောင့် မင်းအတွင်းဂိုဏ်းမှာ ကျင့်စဉ်အရင်းအမြစ်တွေ ပိုယူ နိုင်တယ်”

“ကျွန်တော်နားလည်ပါပြီ” ရှီမာယူယူ ပြောလိုက်သည် “ကျွန်တော် ညီလာခံ ၃ခုကိုတက်ပါမယ်”

“သွားပြင်လိုက်တော့ ငါအဘိုးကြီးရှုံကို ဆက်သွယ်လိုက်မယ် သူပြန်လာတာနဲ့ မင်းကိုအတွင်းဂိုဏ်းကို ခေါ်သွားလိမ့်မယ်” ဟော်လန်ပြောလေသည်။

“ဆရာဟော် ဆရာရှုံကအတွင်းဂိုဏ်းမှာ အရမ်းအရေးပါတာလား” သူသည် သူမခရီးထွက်နိုင်ရန် ခွင့်ပြု ချက်ပေးလောက်အောင် အာဏာရှိသည်။ သူမ၏ ဆရာဖြစ်လာမည့်သူကို လေ့လာရန်လိုကြောင်း ရှီမာယူယူ ခံစားမိသည်။

“အထင်မမှားနဲ့ သူကငယ်တဲ့ပုံပေါက်နေပေမယ့် မင်းဆရာထက် နည်းနည်းပဲငယ်တာ၊ သူ့အဂ္ဂိရတ်ပညာ ကလည်း ဆရာဒဏ်ရာမရခင်ကို မင်းဆရာထက်နောက်ကောက်မကျဘူး” ဟော်လန် ပြန်ဖြေလေသည်။

“ဟင်” ရှီမာယူယူသည် အံ့သြသဖြင့် ပါးစပ်အဟောင်းသားဖြစ်နေလသည်။ ဒီဖြတ်လတ်တဲ့လူကြီးက သူမ ဆရာနဲ့ အသက်အတူတူပဲလား။

“မအံ့သြနဲ့၊ ဒီမှာ သူ့အသက်အရွယ်နဲ့ စွမ်းအားကကောင်းပေမယ့် မရင့်ကျက်သေးတဲ့ကလေးလိုပဲ သူက တခြား သူတွေအတွက် စံပြမဟုတ်သေးဘူး” ဟော်လန်ပြောလေသည်။

“အဟွတ် အဟွတ်” ရှီမာယူယူသည် သူ့အကြောင်းကြားလိုက်သော်အခါ ရယ်ရမလား မရယ်ရမလားဆို သည်ကို မသိတော့ပေ။

သူမသည် သူ့ကို ၂ကြိမ်တွေ့ဖူးသည်။ ရှုံဂျင်၏ အကျင့်သည် မာရေကြောရေရှိကာ လက်ဖွာတတ်သော သားတစ်ယောက်ကဲ့သို့ မြင်သော်လည်း ဟော်လန်ပြောပြသကဲ့သို့ ပုံစံမျိုးတော့မဟုတ်ပေ။

“သူက အတွင်းဂိုဏ်းမှာ အရမ်းအရေးပါတာလား”

“အင်း သူ့အင်အားနဲ့ဆိုရင် သူက အတွင်းဂိုဏ်းအဂ္ဂိရတ်ပညာဌာနရဲ့ အုပ်ချုပ်သူဖြစ်နိုင်တယ် ဒါပေမဲ့ သူ မလုပ်ဘူး၊ သူ့ကိုသာအုပ်ချုပ်သူလုပ်ခိုင်းရင် ဂိုဏ်းကထွက်သွားမှာ၊ အဲလိုမဖြစ်ဘူးလေ ငါတို့ သူ့ကိုမှီခိုရဦးမယ်” ဟော်လန် ပြန်ဖြေလေသည် “သူ့အဂ္ဂိရတ်ပညာကအရမ်းသန်မာတယ်၊ အကျင့်ကလည်းထူးဆန်းတော့ သူ မကြိုက်တဲ့လူကို တပည့်အဖြစ်လက်မခံဘူး၊ သူလက်မခံရင်လည်း အတန်းခေါင်းဆောင်လုပ်လို့မရဘူး၊ ကျောင်းအုပ်ကြီးယွမ်က သူ့ကိုလုပ်ပိုင်ခွင့်ပေးထားတာ၊ သူ့ကို အဂ္ဂိရတ်ပညာဌာနက ထိန်းချုပ်လို့မရဘူး၊ သူကပဲ ကျောင်းသားအရင်ရွေးရတယ်၊ အဲတော့ မင်းကအဂ္ဂိရတ်ပညာဌာနကိုရောက်သွားပေမယ့် မရောက်ဖူးလို့လည်း ပြောလို့ရတယ်”

ရှုဂျင်၏ ရာထူးကို ရှီမာယူယူ နားလည်သွားသည်။ သူ့အကျင့်ကိုစဉ်းစားမိသောအခါ သူမမေးလိုက် သည် “ဒီနှစ်တွေမှာ သူကျောင်းသားဘယ်လောက်လက်ခံခဲ့လဲ”

“များတာပေါ့” ဟော်လန် ပြန်ဖြေလေသည် “ဒါပေမဲ့ မင်းစီနီယာတွေရဲ့ အကျင့်ကတော့ အင်း… မင်း  အတွင်းဂိုဏ်းဝင်ရင်သိမှာပဲ”

ရှုဂျင်း၏ ကျောင်းသားများသည် သူနှင့် တူလိမ့်မည်ဟု သူမသည် မှန်းပြီးသားဖြစ်သည်။ မဟုတ်လျှင် သူ ဘယ်လိုလုပ် သူတို့ကိုစိတ်ဝင်စားပါ့မလဲ။

“ဆရာဟော် ဒါဆိုရင် ကျွန်တော်ပြန်လိုက်ပါဦးမယ်” သူမသည် မတ်တပ်ရပ်လိုက်သည်။

“ကောင်းပြီ အဲလူအတွင်းဂိုဏ်းမှာရှိလားဆိုတာ ငါအရင်သွားကြည့်လိုက်မယ်” ဟော်လန် ပြောလိုက် သည် “ပြန်သွားပြီး စောင့်နေလိုက်”

“သြော် ကျေးဇူးပါပဲ ဆရာဟော်” သူမသည် ဟော်လန်အား အရိုအသေပေးပြီးနောက် ထွက်သွားလိုက် သည်။

သူမသည် ဟော်လန်ကို လေးစားမှုနှင့်အတူ ကျေးဇူးသည်။ သူမ သည် သူမဘာသာပင် ဆေးပညာ ဌာနကိုရွေးချယ်ခဲ့သည်။ ကြီးကြပ်သူမရှိသော်လည်း ဟော်လန်က သင်ကြားပေးခဲ့သည်။ သူသည် သူမကို ဆေး ပညာသင်ကြားပေးရုံသာမက သူမမောင်ကိုကုသရန်အတွက်လည်း နည်းလမ်းရှာပေးခဲ့သည်။ သူ၏ အကူအညီ နှင့် သူမအပေါ်လွှမ်းမိုးနိုင်မှုသည် သာမန်ထက်ကျော်လွန်သည်။

ဂိုဏ်းမှထွက်လာပြီးနောက်တွင် သူမသည် အိမ်ပြန်လာသည်။ သူမသည် ကြယ်ကိုးပွင်းသမုဒ္ဒရာမှ ရလာ သော ပစ္စည်းများကို ရှီမာလိုင်နှင့် ခွဲယူသည်။ ထိုပစ္စည်းများသည် ခရမ်းရောင်ရေမျိုးနွယ်၏ သိုလှောင်ရုံကို ဖြည့် ထားရုံမျှဖြစ်သော်လည်း ကုန်းမြေပေါ်တွင်တော့ အလွန်တန်ဖိုးရှိသည်။

ရှီမာယူယူသည် ရှီမာလိုင်တို့ကို ပိုကြီးမားသော ခြံဝန်းသို့ပြောင်းစေချင်ပြီး သူတို့ကိုစောင့်ရှောက်ပေးရန် လူများခန့်လိုသည်။ သို့သော် သူတို့သည် အခုလက်ရှိဘဝတွင် အသားကျနေပြီဖြစ်ကာ ဒုက္ခမရှာလိုတော့ဟု ပြောလေသည်။ ထို့အပြင် အမှတ်တရစားသောက်ဆိုင်နှင့် ရွှမ်ယွမ်ဆိုင်တို့၏ အကူအညီနှင့် ကောင်းကင် မြို့တော်တွင် သူတို့ကိုနှောင့်ယှက်ရဲသည့်သူမရှိပေ။

သူတို့ငြင်းဆန်နေသဖြင့် သူမသည် မတိုက်တွန်းတော့ပေ။ ထိုရက်များတွင် ဟော်လန်သည် သူမအား သတင်းမပို့လာပေ။ ရှုဂျင်ပြန်မလာခြင်းကြောင့်ဖြစ်နိုင်သည်။ သူမသည် ထိုအခွင့်အရေးတွင် အနားယူသည်။ သူမသည် ရှီမာလိုင်နှင့် မိသားစုအတွက် နေ့စဉ်ချက်ပြုတ်ခြင်း၊ စကားပြောခြင်း၊ ဈေးဝယ်ထွက်ခြင်းနှင့် အမှတ် တရစားသောက်ဆိုင်သို့ သွားခြင်းတို့ပြုလုပ်သည်။ သူမသည် မပြီးစီးသော လုပ်ငန်းများ နာကျဉ်းစရာကောင်း သော အတိတ်များကို မတွေးပေ။ ဘဝသည် အိမ်မက်လိုပင်လွယ်ကူခဲ့သည်။

နှမြောစရာကောင်းလောက်အောင်ပင် သက်တောင့်သက်သာဖြစ်သော ဘဝသည် မကြာရှည်ပေ။ မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားသည်။

ခုံကိုပန်းလျစွာမှီကာ ရှီမာလိုင်တို့နှင့်စကားပြောနေသော ရှုဂျင်းကို ရှီမာယူယူမြင်လိုက်ရသည်။ သူမ သည် မျက်လုံးလှန်ကာ ရှုဂျင်အား အရိုအသေပေးရန် သွားလိုက်သည်။

“ဆရာရှု ဘာလို့လူကိုယ်တိုင်လာရတာလဲ”

ရှီမာယူယူ၏ ရောင်ဝါပိုသန်မာလာသည်ကို ရှုဂျင်တွေ့သည်။ သူပြုံးပြီးပြောလိုက်သည် “မင်း ကြယ် ကိုးပွင့်သမုဒ္ဒရာမှာ ကောင်းကောင်းဖြစ်ထွန်းလာတယ်ထင်တယ်၊ ဒီ၁နှစ် ခရီးထွက်ခိုင်းတဲ့အတွက် ငါ့ကို ကျေးဇူး မတင်ဘူးလား”

“ကူညီပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် ဆရာရှု” ရှီမာယူယူ ကျေးဇူးတင်စကားပြောလေသည်။

“ငါ ဒီရက်ပိုင်းကို မြို့အပြင်သွားနေတာ၊ ဒီနေ့ပဲပြန်ရောက်တယ် မင်းပြန်ရောက်ပြီလို့ အဘိုးကြီးဟော် ပြောလို့ ငါလာခဲ့တာ” ရှုဂျင်ပြောလေသည် “အခု ငါအတွင်းဂိုဏ်းကိုသွားတော့မယ် မင်းငါနဲ့လိုက်ခဲ့လေ”

“အခု သွားတော့မှာလား” ရှီမာယူယူသည် မှင်တက်သွားသည်။

သူမသည် ကောင်းကင်ကိုမော့ကြည့်လိုက်ရာ ညနေစောင်းနေပြီဖြစ်သည်။

“အခုပဲပေါ့ မဟုတ်ရင် မင်းက ညစာကျွေးမှာလား” ရှုဂျင်သည် သူမကိုကြည့်လိုက်သည်။

“ယူယူ ဆရာကသွားဖို့ပြောမှတော့ သွားလိုက်တော့” ရှီမာလိုင် ပြောလေသည်။

“ဟုတ်ကဲ့ ဒါဆို ကျွန်တော်တို့်သွားမယ်လေ” ရှီမာယူယူသည် သွားမည်ဟု ပြောလိုက်သည်။ ထို့အပြင် သူမ ပစ္စည်းများသည် ဝိဉာဉ်စေတီအတွင်းရှိသောကြောင့် ထုတ်ပိုးရန်မလိုပေ။

ရှုဂျင်သည် ဝင်ပေါက်ကိုဖွင့်ပြီး သူမကိုခေါ်သွားလေသည်။ ရှီမာယူယူသည် လေဟာပြင်အား မိနစ် အနည်းငယ်ဖြတ်ရသည်ကို ခံစားလိုက်ရသည်။ သူမသည် အပြင်ဂိုဏ်းသို့မရောက်ပဲ ထွက်လာချိန်တွင် သူမ သည် တောတောင်များအကြားတွင ်ရောက်နေသည်။

“ဒါက ဝင်္ကဘာသစ်တောပဲ၊ ဒီကနေလျှောက်မယ်ဆိုရင် အတွင်းဂိုဏ်းကိုရောက်မယ်၊ ငါမင်းကို အတွင်း ဂိုဏ်းမှာစောင့်နေမယ်” ပြောပြီးနောက် ရှုဂျင်သည် ပျောက်ကွယ်သွားလေသည်။

ရှီမာယူယူသည် မှောင်မည်းသော တောအတွင်းဝင်ကာ နှုတ်ခမ်းတွန့်ရုံအပြင်မရှိတော့ပေ။ ဒီလူကြီးက သူမကို အတွင်းဂိုဏ်းကို အလောတကြီးခေါ်လာပြီး ညကြီးကိုဒီမှာပစ်ထားခဲ့တယ်။ ဝင်္ကဘာတောက ငရဲလိုပဲ ဆိုတာ သူမ မသိဘူးထင်နေလား။

သူမသည် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရာ မည်သည့်လမ်းမှ သွားရမည်ကို မသိတော့ပေ။ သူမသည် ကျယ်ဝန်းသောနေရာကို ရှာတွေ့ရာ မီးပုံလုပ်လိုက်သည်။ သူမသည် ဝိဉာဉ်မိစ္ဆာများခေါ်ထုတ်ပြီး စကားပြောရင်းနှင့် လမ်းတစ်လျှောက်စားရန် အစားအစာများလုပ်လိုက်သည်။

“ရွှတ် ရွှတ်”

အသံတစ်သံထွက်လာရာ ဟိန်းသံလေး အချက်ပေးလေသည်။ သူသည် ခြုံခိုတိုက်သူမကို ရှင်းလိုက် ချင်သော်လည်း ရှီမာယူယူသည် သူ့ကိုတားလိုက်သည်။

“ဘယ်အဆင့်လဲလို့ကြည့်ရအောင် အားမကောင်းဘူးဆိုရင် အတွေ့အကြုံရှိတာကလွဲပြီး မကောင်းနိုင် ဘူး”

“အဆင့်၃ ဝိဉာဉ်မိစ္ဆာလေးပဲ” ငှက်လေးပြောလေသည်။

“ဒါဆို ငါရှင်းလိုက်မယ်” ငှက်လေးသည် သူတို့ဆီမှပျံသွားပြီးနောက် သူမဆီသို့လာနေသော စပါးအုံး မြွေကို ရှီမာယူယူတွေ့လိုက်သည်။

ရှီမာယူယူသည် နေရာမှ ထခုန်လိုက်ရာ စပါးအုံးမြွေသည် သူမ မှီခဲ့သော သစ်ပင်ပေါ်သို့ တက်သွား လေသည်။

***

All Chapters