← Chapters

မထင်မှတ်ပဲပေါ်လာမှု

Vol. 007 Ch. 628

မထင်မှတ်ပဲပေါ်လာမှု

Vol. 007 Ch. 628

စပါးအုံးမြွှေ၏ တိုက်ခိုက်မှုသည် မအောင်မြင်လိုက်ပေ။ မြွေသည် သူမအား ပြန်တိုက်ခိုက်သော်လည်း ရှီမာယူယူသည် လေထဲတွင် ရှောင်တိမ်းလိုက်သည်။

“ရုပ်ဆိုးလိုက်တာ ငါ့မြွေလေးထက်တောင် ရုပ်ဆိုးသေးတယ်” ရှီမာယူယူ ပြန်ပြောလိုက်လေသည်။

နတ်ဆိုးညွှတ်လက်ကောက်နားတွင် ပတ်နေသော မြွေလေးသည် သဘောတူစွာ ခေါင်းညိမ့်လေသည်။ အဲအကောင်က ရုပ်ဆိုးလိုက်တာ သူ့ထက်တောင် ရုပ်ဆိုးသေးတယ်။ ရုပ်ဆိုးလို့ သူ့ကိုယ်သူသတ်သေသင့်တယ်။

“ပြီးတော့ ငါအမုန်းဆုံးက စပါးအုံးမြွေတွေပဲ” ရှီမာယူယူသည် ထပ်ပြောပြန်သည်။ မြွေလေးသည် ခန္ဓာ ကိုယ်လှည့်ကာ ထိခိုက်နစ်နာသိလိုကြည့်လိုက်သည်။

မြွေလေး၏ အမူအရာကိုမြင်သောအခါ ရှီမာယူယူသည် သူ့ခေါင်းကိုပွတ်ပေးလိုက်ပြီး ပြောလေသည် “မြွေလေးက ရွှေမြွေလေ စပါးအုံးမှမဟုတ်တာ၊ အဲတော့ မင်းကိုငါမမုန်းပါဘူး”

မြွေလေးသည် သူမလက်ချောင်းများကို ပြန်လည်ပွတ်သပ်ကာ နောက်ဆုံးတွင် ပျော်ရွှင်စွာ ခေါင်းညိမ့် လေသည်။

ရှီမာယူယူ၏ စကားလုံးများကို စပါးအုံးမြွေကြားသောအခါ အေးစက်သော အကြည့်များဖြစ်သွားကာ လေပေါ်မြောက်နေသာ သူမကို ရှည်လျားသောအမြီးဖြင့် ရိုက်လိုက်လေသည်။ ရှီမာယူယူသည် သူမ၏ ဝိဉာဉ် စွမ်းအင်ထုတ်လိုက်သည်။ လူသားနှင့် ဝိဉာဉ်မိစ္ဆာအကြားမှ တိုက်ပွဲသည် အသေအကြေပင်။

ရှီမာယူယူ၏ တိုက်ခိုက်မှုအင်အားသည် အခုချိန်တွင် အလွန်သန်မာလာသော်လည်း လက်ရှိ အားကို မကျွမ်းကျင်သေးပေ။ သူမသည် စပါးအုံးနှင့်တိုက်ခိုက်ရင်း လက်ရှိအားနှင့် ရင်းနှီးလာရန်လုပ်နေသည်။

သူတို့တိုက်ခိုက်သောအသံသည် အနားရှိလူများကို ဆွဲဆောင်လေသည်။ သူတို့ထိုအသံကြားသောအခါ အသံလာရာသို့ ပြေးကြည့်ကြလေသည်။ ရှီမာယူယူသည် စပါးအုံးမြွေကို ချွန်ထက်သော ဓားဖြင့် ထိုးဖောက် တော့မည်ကိုတွေ့လိုက်သည်။

“ရပ်လိုက်”

“ညှာတာပေးလိုက်ပါ”

လူအများသည် သူမအားအော်နေချိန်တွင် လူတစ်ယောက်သည် သူမကိုလာတိုက်ခိုက်ရာ သူမသည် ထိုလူအား ဦးတည်ချက်ပြောင်းပြီးတိုက်ခိုက်လေသည်။

ရှီမာယူယူသည် ထိုလူနှင့် တိုက်ခိုက်ပြီးနောက် ထိုလူသည် အဝေးသို့ပျံသွားလေသည်။ လူတစ်စုသည် သူမမြင်ကွင်းထဲဝင်လာသည်။ သူမသည် အေးစက်စွာ ပြောလိုက်သည် “အဲဒါ ခင်ဗျားတို့ဝိဉာဉ်မိစ္ဆာလား”

“မဟုတ်ဘူး” မိန်းကလေးတစ်ယောက် ပြောလိုက်သည် “ဝင်္ကဘာတောက ဝိဉာဉ်မိစ္ဆာတွေကို သတ်လို့ မရဘူးဆိုတာ မသိဘူးလား၊ မင်းအခု သူ့ကိုသတ်လိုက်ရင် ဂိုဏ်းရဲ့အပြစ်ပေးခံရမှာပဲ”

“ဒါက ဂိုဏ်းရဲ့ ဝိဉာဉ်မိစ္ဆာလား” ရှီမာယူယူသည် သူမတိုက်ခိုက်ထားသော စပါးအုံးကိုကြည့်ပြီး အံ့သြ စွာ မေးလိုက်သည်။

“မင်းမသိဘူးလား” မိန်းကလေးသည် သူမအား အလွန်အံ့အားသင့်စွာကြည့်လေသည်။

ရှီမာယူယူသည် ခေါင်းရမ်းလိုက်သည် “ဘယ်သူမှ မပြောကြတာ”

“မင်းဒီကိုကိုယ့်ဘာသာလာတာလား” နောက်ထပ် အမျိုးသားတစ်ယောက်သည် လျှောက်လာပြီး မေးလေသည်။

“ဆိုပါတော့” ရှီမာယူယူ ဖြေလိုက်သည်။ “ဆရာက ကျွန်တော့်ကိုခေါ်လာပြီးတော့ ဒီမှာထားပြီးသူ ထွက် သွားတာပဲ”

“ကောင်းပြီ ဘယ်ဆရာကဒီလောက် အတင့်ရဲတာလဲ၊ အဲဒါ ဂိုဏ်းရဲ့ဝိဉာဉ်မိစ္ဆာဆိုတာ မသိဘူးဆိုတော့ မင်းကလူသစ်လား” ပထမဆုံးစကားပြောသော မိန်းကလေးကပြောလိုက်သည် “မဟုတ်ဘူး ကျောင်းသား အသစ်တွေအကုန်ဒီစည်းမျဉ်းကိုသိရမယ်”

“စည်းမျဉ်းဟုတ်လား ဘာစည်းမျဉ်းလဲ၊ ဆရာက ဒီဝင်္ကဘာတောကိုဖြတ်ပြီး ဂိုဏ်းကိုလာခဲ့လို့ပဲပြောတာ တခြားဘာမှပြောမသွားဘူး၊ ဒီကိုတစ်ယောက်တည်းဖြတ်လာခိုင်းတာ သူကဂိုဏ်းမှာစောင့်မယ်တဲ့” ရှီမာယူယူ ရှင်းပြလေသည်။

“မင်းကို ဒီကိုခေါ်လာတဲ့ဆရာကဘယ်သူလဲ”

“ဆရာရှု” ရှီမာယူယူ ပြောလိုက်သည်ှနင့် အားလုံးသည် သူမအား မျက်လုံးပြူးများဖြင့် ကြည့်ကြလေ သည်။

“ဆရာရှုဂျင်း၊ ဆရာရှုလား”

“ဟုတ်တယ် သူပဲ” ရှီမာယူယူပြန်ဖြေလေသည်။ တစ်ချိန်တည်းမှာပင် သူမသည် စိတ်ထဲမှ ကျိန်ဆဲ မိလေသည်။

“မင်းကရှီမာယူယူလား” မိန်းကလေးသည် မေးလိုက်သည်။

“ကျွန်တော့်ကိုသိတာလား” အံ့သြသွားသူမှာ ရှီမာယူယူဖြစ်သည်။

“မင်းက စာမေးပွဲအတွင်းကိုဆရာတွေအများကြီးကို အံ့သြအောင်လုပ်ပြီး အတွင်းဂိုဏ်းဝင်ဖို့ ခွင့် ၁နှစ် တိုင်ပြီး ခရီးထွက်သွားတာလေ၊ မသိတာတော့မဆန်းပါဘူး” မိန်းကလေးသည် ပြုံးပြီးပြောသေလည် “ကျွန်မ နာမည်က ရှဲရုန်ပါ မင်းရဲ့စီနီယာပေါ့၊ သူတို့က မင်းရဲ့စီနီယာအစ်ကိုနဲ့အစ်မတွေ”

“ရှီမာယူယူပါ” ရှီမာယူယူသည် မမေးခင်ကို သူမနာမည်ကိုမိတ်ဆက်လေသည် “ဒီမှာဘာလာလုပ်ကြ တာလဲ၊ ဂိုဏ်းရဲ့ ဝိဉာဉ်မိစ္ဆာနဲ့ဘာကိစ္စရှိလို့လဲ”

“ဒါက ဂိုဏ်းရဲ့လေ့ကျင့်ရေးနယ်မြေပဲ၊ ဒီတောထဲမှာ ဝိဉာဉ်မိစ္ဆာအများကြီးရှိတယ်၊ အင်အားများချင်တဲ့ သူတွေက ဒီကိုလာပြီး တိုက်ခိုက်မှုအတွေ့အကြုံကနေ အင်အားတိုးအောင်လုပ်ကြတယ်၊ ဒါပေမဲ့ ဒီက ဝိဉာဉ် မိစ္ဆာတွေကိုတော့ သတ်လို့မရဘူး မဟုတ်ရင် ဂိုဏ်းရဲ့ အပြစ်ပေးတာကိုခံရလိမ့်မယ်” ရှဲရုန် ရှင်းပြလေသည်။

“ဒုက္ခရောက်တော့မလို့” ရှီမာယူယူသည် သူမကိုယ်သူမပြောပြီးနောက် ပြုံးကာ “ကျေးဇူးတင်ပါတယ် အစ်မတို့ကြောင့်သာမဟုတ်ရင် ကျွန်တော်တော့ စည်းကမ်းဖောက်မိတော့မှာ”

အဲဒါကြောင့် ဒီအကောင်လေးက ဘာမှမပြောပဲ တိုက်ခိုက်တာကိုး။ သူက လေ့ကျင့်တယ်လို့သာ ထင်ထားတာ သူမက သတ်ပြီး အသားစွတ်ပြုတ်လုပ်မိတော့မလို့။

သူမ သွားလိုက်ပြီး ဆေးထုတ်ကာ စပါးအုံး၏ပါးစပ်ဟကာ ကျွေးလိုက်သည်။ ထို့နောက်တွင် သူမသည် စပါးအုံး၏ ခေါင်းကိုပုတ်ပြီးပြောလိုက်သည် “တောင်းပန်ပါတယ် ဂျူနီယာလေး”

စပါးအုံးသည် စိတ်ရှုပ်ထွေးသွားကာ မြေပေါ်တွင် အကြောသေနေလေသည်။ သူမ၏ ဆေးစားပြီးနောက် ပိုပြီး သက်တောင့်သက်သာဖြစ်သွားကာ ဒဏ်ရာများလည်း လျင်မြန်စွာ စတင်သက်သာလာသည်။

ဒီတစ်ချိန်တွင် သူ စိတ်မကောင်းဖြစ်မိသည်။ ရှီမာယူယူနှင့် ရှဲရုန်တို့ပြောသော စကားများကိုကြားလိုက် သည်။ သူက ငတုံးတစ်ယောက်နှင့်တွေ့လိုက်ရသလိုပင်။ ကံကောင်းစွာပင် ထိုလူများက ကယ်ခဲ့သည်။

ရှီမာယူယူသည် ခံပြင်းသွားသည်။ သူမသည် ချောင်း၂ခါဟန့်ကာ ပြောလိုက်သည် “ဒါက မဟုတ်ရင် ငါ မင်းကို ဆေးနောက်ထပ် ၂လုံးပေးရမလား”

စပါးအုံးမြွေ၏ မျက်လုံးများတောက်ပလာကာ မေးလိုက်သည် “မင်းပြောတာအမှန်ပဲလား”

“ဒါပေါံ” ရှီမာယူယူသည် ကျောက်စိမ်းပုလင်းထုတ်လိုက်သည်။ “မင်းအတွက် ရှေ့ကို ဒီအကြောင်းကို မင်းနဲ့ ငါအကြားမှာပဲထားပေးပါ”

“ကောင်းပြီ” စပါးအုံးမြွေသည် ဆေးပုလင်းယူကာ လျင်မြန်စွာ ထွက်သွားလေသည်။

“ယူယူ အဲဒါ ဘာဆေးလဲ” ရှဲရုန်သည် လျှောက်လာကာ မေးလေသည်။

“ဝိဉာဉ်မိစ္ဆာတွေစားတဲ့ ပြန်နလန်ထူတဲ့ဆေးပါ” ရှီမာယူယူ ပြန်ဖြေလိုက်သည်။

“ဝိဉာဉ်မိစ္ဆာတွေစားလို့ရတဲ့ဆေး မင်းမှာရှိတာလား” ရှဲရုန်သည် အနည်းငယ်အံ့သြသွားသည်။ သူမပြုံးပြီး “ဟုတ်သားပဲ မင်းက အဂ္ဂိရတ်ပညာရှင်ပဲ၊ မင်းမှာ အဲဆေးတွေရှိတာ မထူးဆန်းပါဘူး”

“ရုန်လေး၊ ဘာမှလုပ်စရာမရှိတော့ရင် ငါတို့် စခန်းချတဲ့နေရာကို ပြန်ကြမယ်” ရှီမာယူယူကို ရပ်ရန် တားလိုက်သော မာဘိုကျင်းက အကြံပေးလေသည်။

“ယူယူ မင်းတစ်ယောက်တည်းဆို အန္တရာယ်များတယ် ငါတို့်နဲ့လိုက်ခဲ့ပါလား” ရှဲရုန် ကမ်းလှမ်းလေသည်။

“ဒီနေရာကတကယ်ပဲ အန္တရာယ်များတာလား” ရှီမာယူယူ မေးလိုက်သည်။

“ဒီမှာ ဝိဉာဉ်မိစ္ဆာတွေများတယ် အရမ်းလည်းအားကောင်းကြတယ်” ရှဲရုန်ပြောလိုက်သည် “ဝိဉာဉ်မိစ္ဆာ တွေက ငါတို့်ကိုမသတ်ပေမယ့် ကိုယ်လက်တွေ မသန်စွမ်းတောင် မတော်တဆလုပ်မိနိုင်တယ်၊ သူတို့ကြောင့် ကျောင်းက ကျောင်းသားတော်တော်များများ မသန်စွမ်းဖြစ်တာဖြစ်ဖြစ် သေတာဖြစ်ဖြစ် ခဏခဏဖြစ်ဘူးတယ်၊ အဲဒါကြောင့် ဂိုဏ်းကကျောင်းသားတွေက ပုံမှန်ကိုဒီကိုတစ်ယောက်တည်းမလာဘူး”

သူမတစ်ယောက်တည်းရှိလျှင်လည်း ဘာမှမဖြစ်ဘူးဆိုသည်မှာ သေချာသော်လည်း သူမသည် ရှဲရုန်၏ ကမ်းလှမ်းမှုကိုလက်ခံကာ သူတို့စခန်းချရာသို့ လိုက်လာလိုက်သည်။

သူတို့စခန်းသည် ထိုနေရာမှ သိပ်မဝေးသောကြောင့် အချိန်တိုအတွင်းရောက်သွားသည်။ ရှီမာယူယူ သည် သူတို့နောက်လိုက်ခဲ့ရာ ထိုနေရာသို့ရောက်လေသည်။

“ယူယူ ဘယ်တုန်းကရောက်တာလဲ” ရှဲရုန်မေးလေသည်။

“ခုနကပဲ ဂျူနီယာလေးပေါ်လာလို့ ကျွန်တော် ဟင်းတောင်မချက်လိုက်ရဘူး” ရှီမာယူယူ ပခုံးတွန့်လေ သည်။

“မင်းက စားသေးတာလား မင်းကဝိဉာဉ်သခင်မဟုတ်ဘူးလား” မိန်းကလေးတစ်ယောက်သည် ရှီမာယူယူအား လှောင်သလိုကြည့်လေသည်။

“အကျင့်ကြောင့်ပါ” ရှီမာယူယူပြောလိုက်သည် “ကျွန်တော်က ငယ်ငယ်ကတည်းက စားရတာကိုကြိုက် တယ်၊ အခုချိန်မှာ စားဖို့မလိုတော့ပေမယ့် စားဖို့အချိန်ပေးတယ် အစ်မတို့်ကဒီကိုရောက်နေတာ ဘယ်လောက် ကြာပြီလဲ”

***

All Chapters