← Chapters

ပြဿနာလာရှာသော လူတချို့

Vol. 007 Ch. 629

ပြဿနာလာရှာသော လူတချို့

Vol. 007 Ch. 629

“ငါတို့ဒီရောက်နေတာ ၁နှစ်ပြည့်တော့မယ်” ရှဲရုန်ပြောလိုက်သငည် “ဒီဝင်္ကဘာတောက စည်းမျဉ်းရှိ တယ်၊ မင်း ဘယ်ကနေလာလာ ထွက်သွားလို့မရဘူး၊ အခုက ငါတို့်ထွက်ပေါက်နဲ့နီးနေတော့ ဒီရက်ပိုင်းအတွင်း ထွက်သွားရမယ်”

“အဲလိုစည်းမျဉ်းရှိတာလား” အတွင်းဂိုဏ်းတွင် စည်းမျဉ်းများလွန်းသည်ဟု ရှီမာယူယူထင်မိသည်။

“ဟုတ်သားပဲ ငါတို့်ကိုအစကိုပြန်သွားဖို့ကလည်း တားမြစ်ထားတယ်” ရှဲရုန် ပြောလိုက်သည် “မင်း အစီအစဉ်ကဘယ်လိုလဲ ငါတို့နဲ့ပြန်လိုက်ခဲ့ပါလား”

“ကောင်းပါပြီ” ရှီမာယူယူသည် တက်ကြွစွာပင် သဘောတူလိုက်သည် “ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော် အဖွဲ့ဖွဲ့လို့မရဘူးဆိုတာ ဆရာမှမပြောခဲ့တာ”

“ယူယူ မင်း ခွင့်ယူထားလို့ တကယ်ပဲမလာခဲ့ဘူးလား” အဖြူရောင်ဂါဝန်ဝတ်ထားသော မိန်းကလေး သည် သူမအား စပ်စုစွာ ကြည့်လိုက်သည်။

“ဟုတ်တယ် ကျွန်တော်မလာခဲ့ဘူး၊ အတွင်းဂိုဏ်းကိုသွားတာ ဒါပထပမဆုံးအကြိမ်ပဲ” ရှီမာယူယူ ပြော လိုက်သည် “ဒါပေမဲ့ ဆရာက ညစ်ပြီး ကျွန်တော့်ကိုဒီမှာထားသွားမယ်လို့မထင်မိဘူး၊ ကျွန်တော် အားနည်းလွန်း လို့ သူတော်စင်မိစ္ဆာတွေစားသွားမှာတောင် မစိုးရိမ်ဘူး”

“ဆရာက ယုံကြည်စရာမကောင်းပေမယ့် မင်းကို လက်လွတ်စပယ်ပစ်သွားမှာတော့မဟုတ်ပါဘူး” ရှဲရုန် ပြောလိုက်သည် “သူ့ကျောင်းသားတွေရဲ့ အကျင့်တွေကလည်း နည်းနည်းထူးဆန်းပေမယ့် သန်မာကြတယ်၊ အဟွတ် အဟွတ် ငါတို့လိုပေါ့၊ ငါတို့်က ဆေးဖော်တဲ့နေရာမှာ အားသန်ကြတယ်၊ အမှန်ပြောရရင် အတွင်းဂိုဏ်း ဝင်ရတာတောင် ၁နှစ်ခွင့်တိုင်တဲ့ ကျောင်းသားရှိတာကို ခွင့်ပြုပေးတဲ့သူရှိတာကို အံ့သြနေကြတာ၊ ဘယ်ဆရာလဲ လို့သိချင်နေကြတာ၊ ဒါပေမဲ့ ဆရာရှုဆိုတာလည်းကြားလိုက်ရော မထူးဆန်းတော့ပါဘူး”

“ကျွန်တော်လည်း ထူးဆန်းတယ်လို့ထင်ကြလား” ရှီမာယူယူ ပြောလိုက်သည်။

ရှဲရုန်သည် ပြုံးလိုက်သည်။

“မင်းက ငါ့အတွက်တော့လုံးဝ မထူးဆန်ပါဘူး” အဖြူရောင်ဝတ်ထားသော မိန်းကလေးသည် ပြုံးလိုက် သည် “မင်းက အရမ်းအားကောင်းတာပဲ အထွတ်အထိပ် အဆင့်၃ရှိတဲ့ စပါးအုံးမြွေကိုတောင် သတ်ပစ်မလို့လုပ် နေတာ၊ ငါတို့တောင် မသတ်နိုင်ဘူးလေ”

ရှီမာယူယူသည် မာဘိုကျင်းကိုပြုံးပြပြီး “ကျွန်တော် မမှားဘူးဆိုရင် အစ်ကိုက ထိပ်တန်း အဆင့် ၂၀၀ ထဲက မာဘိုကျင်းဖြစ်မယ်”

ရှဲရုန် သူ့ကိုအမည်တပ်ခေါ်လိုက်သည်ကို သူမ ရင်းနှီးနေခဲ့သည်။ ထိုမှသာ ဖက်တီးကျူတို့ လွန်ခဲ့သည့် ၂ရက်က ပြောပြခဲ့သည့် သူ့နာမည်ကို ပြန်အမှတ်ရသွားသည်။

“ယူယူ မင်းက အတွင်းဂိုဏ်းတောင်မဝင်ရသေးဘူး ဘိုကျင်းကိုသိပြီးသားလား”

“ကျွန်တော့် အစ်ကိုတွေနဲ့ သူငယ်ချင်းတွေလည်း ဝင်ကြတယ်လေ၊ သူတို့ပြန်လာတော့ ပြောပြကြတာ ပါ” ရှီမာယူယူ ပြောလိုက်သည်။

မာဘိုကျင်းသည် ရှီမာယူယူအား ကြည့်ပြီးပြောလိုက်သည် “မင်းက ငါ့ထက်အားမနည်းပါဘူး”

သူပြောလိုက်သည့်အခိုက်အတန့်တွင် အားလုံးသည် မှင်တက်သွားလေသည်။

“ဘိုကျင်း ယူယူက နင့်ထက် အားမနည်းဘူးလို့ပြောလိုက်တာလား” အဖြူရောင်ဝတ် မိန်းကလေးသည် ဘိုကျင်းနှင့် ရှီမာယူယူူကို တလှည့်စီကြည့်လိုက်သည်။ သူမ အကြည့်သည် အံ့သြသော အကြည့်ဖြစ်လေသည်။

မာဘိုကျင်း ခေါင်းညိမ့်လိုက်သည်။ သူသည် ရှီမာယူယူ၏ တိုက်ခိုက်ရည်ကိုမြင်ကာ သူ့ထက် အား မနည်းဟု တပ်အပ်ပြောနိုင်သည်။ သူမသည် ပိုပြီးတောင် သန်မာနိုင်သည်။

သို့သော် သူမက အဂ္ဂိရတ်ပညာရှင်မဟုတ်လား။ ဘာလို့အဲလောက် သန်မာနေတာလဲ။

အားလုံးသည် ရှီမာယူယူအား မတူညီသောအကြည့်ဖြင့်ကြည့်လိုက်သည်။ သူတို့အစကထင်ထားသည် မှာ သူမသည် အဂ္ဂိရတ်ပညာသာ အားသာသည်ဟုဖြစ်သည်။ သူမသည် အမှန်တကယ်ပင် သန်မာနေမည်ဟု မထင်ခဲ့ပေ။ သို့သော် သူမ၏ ဆေးအသုံးပြုပုံကိုကြည့်ပြီး သူမ၏ အင်အားရှိမှုကို သေချာသွားသည်။ ထို့အပြင် အဂ္ဂိရတ်ပညာရှင်တစ်ယောက်သည် မည်သည့်အခါမှ ဆေးပြတ်လတ်ခြင်းမရှိပေ။ ဆေးတချို့ကို သူတို့ကိုယ် သူတို့သန်မာအောင်ပင် အသုံးပြုကြသည်။

“ဒါဆို ယူယူ မင်းက နောက်လာမယ့် အစည်းအဝေး ၃ခုကိုတက်မှာပေါ့၊ မင်း သာမန်ရလဒ်လောက်နဲ့ အဆုံးမသတ်သွားနဲ့” ရှဲရုန်ပြောလိုက်သည်။

“ယူယူ အစည်းအဝေါ် ၃ခုအကြောင်းကိုသိလား”

“သိပါတယ် ဒီကိုမလာခင် ဆရာဟော်က အစည်းအဝေးမှာဝင်ပါဖို့ပြောပါတယ်၊ ဒါပေမဲ့ ကျွန်တော် အတွင်းဂိုဏ်းကိုဝင်ဝင်ချင်းကို နားလည်ပါ့မလားမပြောတတ်ဘူး”

“ဝင်ပါမယ်ဆိုရင် မင်းကိုအားပေးဖို့ ငါတို့လာခဲ့မယ်” ရှဲရုန်သည် ပြုံးပြီးပြောလိုက်သည်။

“ကောင်းပါပြီ ကျွန်တော် ဝင်ပါဖြစ်မယ်ဆိုရင် အစ်မတို့ကိုပြောပါမယ် လာအားပေးကြပါ” ရှီမာယူယူ သည် ပြုံးပြီးပြောလိုက်သည်။

ထိုညတွင် သူတို့သည် ညဉ့်နက်သည်အထိ စကားပြောကြပြီးမှ အနားယူကြလေသည်။ ကျန်သောရက် များတွင် ရှီမာယူယူသည် ရှဲရုန်တို့နှင့် အချိန်ကုန်ဆုံးလေသည်။ သူတို့နှင့် အချိန်ဖြုန်းပြီးနောက် သူတို့သည် မဆိုး လှဟု သိလိုက်သည်။ အပေါ်ယံလည်းဖြစ်ကောင်းဖြစ်နိုင်သည်။ နောက်ဆုံးတော့ သူတို့သည် မိတ်ဆွေကောင်း များဖြစ်သွားလေသည်။

ဒီနေ့တွင် သူတို့သည် တိုက်ပွဲပြီးဆုံးသွားလေသည်။ မာဘိုကျင်းနှင့် ရှဲရုန်တို့သည် အထွတ်အထိပ် မိစ္ဆာ ၃ကောင်ကို ရင်ဆိုင်လိုက်ရသည်။ သို့သော် သူတို့ဒဏ်ရာများရသွားကြသည်။

သူတို့သည် ဆေးတချို့ထုတ်ကာ စားလိုက်သည်။ ထို့နောက်တွင် သူတို့သည် နားရန် နေရာလွတ်ရှာ လိုက်သည်။ သူတို့ဒဏ်ရာရထားသော်လည်း သူတို့စိတ်အခြေအနေကို သက်ရောက်မှုှမရှိပေ။ ရှဲရုန်သည် လူခွဲပြီး တိုက်ရသည်ကို အလွန်စိတ်လှုပ်ရှားနေသည်။

“ဟားဟား အခုတိုက်ပွဲတိုက်တာ သူတို့ဖြစ်မှာပါလို့ ငါပြောတယ်မလား၊ ဘယ်လိုလဲ ငါပြောတာ မှန် တယ်မလား” သူတို့သည် ကျယ်လောင်သော ရယ်သံများကြားလိုက်ရကာ ထိုအသံများကြားသည်နှင့် မာဘိုကျင်းသည် မျက်နှာအမူအရာပြောင်းသွားသည်ကို ရှီမာယူယူ သတိထားမိလိုက်သည်။

ရှဲရုန်သည် မတ်တပ်ရပ်ကာ လျှောက်လာသောလူတစ်စုကိုကြည့်လိုက်သည်။ တစ်ဖက်အဖွဲ့သည် သူတို့ အဖွဲ့၏ ၂ဆရှိသည်။ သူမသည် အေးစက်စွာ မေးလိုက်သည် “မင်းတို့ဒီကို ဘာလို့ရောက်နေတာလဲ”

“ရှဲရုန်လား ငါတို့ အတူကြီးလာကြတာပဲ ငါတို့ဘာလို့ရောက်နေတာလဲဆိုတာ မပြောနိုင်ဘူးလား” ခုနက အသံပိုင်ရှင်သည် ရယ်မောပြီးပြောလေသည် “မင်းက မင်းခြေဖဝါးအောက်မှာ ငါတို့ကိုနင်းခြေပြီး ပျော်နေတာ လား ငါတို့က မင်းတို့နဲ့ စိတ်ရင်းနဲ့ ပြေလည်ချင်လို့ပါ”

သူပြောပြီးနောက်တွင် ရှီမာယူယူသည် ရှုပ်ထွေးသွားသော်လည်း တခြားသူများသည် မျက်နှာတင်းမာ သွားကြသည်။

“ကျားရှန် ဒါကိုဘယ်လိုဖြေရှင်းစေချင်တာလဲ” မာဘိုကျားသည် သူတို့အားအေးစက်စွာ ကြည့်လိုက် သည်။

“ရှင်းပါတယ် မင်းတို့ ငါတို့ဆီကခိုးသွားတဲ့ နယ်မြေကိုပြန်ပေးလိုက်၊ ပြီးရင် ဒူးထောက်ပြီး ငါတို့ကို အစ်ကိုကြီးလို့ အခ ၁၀၀ခေါ်၊ အဲဒါလုပ်ရင်ဖြစ်ပြီ” ကျားရှန် ပြန်ဖြေလေသည်။

“အဲဒါက အစကတည်းက ငါတို့နယ်မြေပဲ၊ မင်းတို့်ကသာ ငါတို့ဟာကိုခိုးသွားတာ၊ ငါတို့ကပြန်ယူတာပဲ ရှိတာ” အဖြူရောင်ဝတ်ထားသော မိန်းကလေး ရှုယွမ်ယမ်ကပြောလေသည်။

“ငါတို့်လုယူရင်တောင် ငါတို့ဟာပဲ၊ မင်းတို့က ငါတို့်ဆီကယူတော့ ငါတို့ပစ္စည်းကိုခိုးတာပဲမဟုတ်လား” ကျားရှန်ဘေးမှ မျက်လုံးကွဲအက်နေသော အမျိုးသားက အော်လိုက်သည်။

“မင်းတို့…” ရှုယွမ်ယွမ်သည် ဒေါသထွက်သွားလေသည်။ သူမသည် ပြေးသွားကာ သူတို့်နှင့် တိုက်ရန် ဟန်ပြင်သော်လည်း ရှဲရုန်က သူမကိုဆွဲထားလေသည်။

“ယွမ်ယွမ် မလောနဲ့”

တခြားသူများသည်လည်း ဒေါသထွက်သော်လည်း ထိန်းချုပ်ထားလေသည်။

“ကျားရှန် ငါတို့်က အဲလိုဆုံးဖြတ်ချက်ချလို့မရဘူးဆိုတာ မင်းသိမှာပါ” မာဘိုးကျင်း ပြောလိုက်သည်။

“မင်းက မင်းအဖွဲ့မှာ ဒုတိယတာဝန်ရှိတဲ့လူပဲ မင်းဆုံးဖြတ်ချက်မချရင် ဘယ်သူချမှာလဲ” ကျားရှန် ပြန်လည်ချေပလေသည် “မင်းသဘောတူတယ်ဆိုရင် တခြားသူတွေကဘာပြောရဲမှာလဲ”

“ငါသဘောတူတယ်ဆိုရင်တောင် ငါ့အဖွဲ့ထဲက ညီအစ်ကိုတွေက သဘောတူမှာမဟုတ်ဘူး၊ ဟောက လည်း သဘောတူမှာမဟုတ်ဘူး” မာဘိုကျားပြောလေသည်။

“မင်းတို့်သဘောတူတာနဲ့ ငါတို့နည်းနည်းငါတို့ သူ့ကိုဖျောင်းဖြမယ်” ကျားရှန်ပြောလေသည်။

“အစ်ကိုကြီး သူတို့နဲ့ စကားပြောမနေနဲ့တော့၊ အမိန့်ပေးလိုက်တာနဲ့ သူတို့ကို ရိုက်လိုက်မယ်၊ သူတို့ သဘောမတူတာကို ကျွန်တော်တို့က ကြောက်နေရမှာလား” မျက်လုံးတစ်ဖက်ကွဲအက်ထားသောလူက ပြော လိုက်သည်။ သူသည် ရှဲရုန်အား ကြောက်မက်ဖွယ်အကြည့်ဖြင့် ကြည့်လိုက်သည်။ အရင်တစ်ခေါက်က သူတို့ သည် သူ့ကိုရိုက်ကာ နင်းသွားခဲ့သည်။

သူကပင် ရှဲရုန်၏ ဝိဉာဉ်တိုက်ခိုက်ပုံကိုမှတ်မိပြီး ထိုနေရာတွင်ရှိသည်ကို ခန့်မှန်းခဲ့သူဖြစ်သည်။ သူတို့ သည် ဒီနေ့တွင် လူအင်အားများသဖြင့် ထိုအချိန်ကအကြွေးကိုပြန်ပေးဆပ်ခိုင်းရမည်။

အခုချိန်တွင် ရှီမာယူယူသည် အားလုံးကိုဇာတ်ရည်လည်သွားလေပြီ။ သူတို့သည် အတွင်းဂိုဏ်းမှ ပြိုင်ဘက်၂ဖွဲ့ဖြစ်နိုင်သည်။ တစ်ဖက်လူသည် သူတို့အားကြည့်လိုက်ရုံနှင့် အထင်သေးသည်။ အထူးသဖြင့် မျက်လုံးတစ်ဖက်လှပ်နှင့်လူဖြစ်သည်။ သူအကြည့်သည် ယဉ်ကျေးမှုမရှိသဖြင့် သူမ သက်တောင့်သက်သာမဖြစ် လှပေ။

***

All Chapters