ဖယ်ရှားလိုက်မှု
Vol. 007 Ch. 630
ရှဲရုန်သည်လည်း သူ့အကြည့်ကိုခံစားမိသည်။ သူသည် ခြေတစ်လှမ်းတိုးကာ ရှီမာယူယူကို သူ့အကြည့် မှကွယ်လိုက်သည်။
“အဲဒီမျက်စိတ်တစ်ဖတ်လှပ်က ယောက်ျားလေးလည်း အလွတ်မပေးဘူး၊ အတွင်းဂိုဏ်းကိုဝင်တဲ့ ကျောင်းသားတစ်အများစုက သူ့ကိုပစ္စည်းတွေပေးပြီး ကစားခံရတယ်” သူသည် ရှီမာယူယူအား တိုးညင်းစွာ သတိပေးလိုက်သည်။
“မင်းတို့ထဲမှာ ကျောင်းသားအသစ်ပါမယ်လို့ မထင်ထားဘူးပဲ” မျက်လုံးတစ်ဖက်လှပ်သည် အားရပါးရ ပြုံးလိုက်သည် “သူက ဆွဲဆောင်မှုရှိသားပဲ၊ ဒါပေမဲ့ မင်းတို့အဖွဲ့က ဒီတစ်ခေါက်ကို ကျောင်းသားအသစ် မခေါ် ဘူးလို့ကြားတယ်၊ အဲကောင်လေးက ဘယ်ကလာတာလဲ”
“မင်းနဲ့မဆိုင်ဘူး” ရှဲရုန်သည် သူ့အား ရှုံ့ချစွာ ကြည့်လိုက်သည် “သူ့ကို မယဉ်မကျေးကြည့်နေတာ တော်တော့ မဟုတ်ရင် ငါမင်းမျက်လုံးကိုဖောက်ထုတ်ပစ်တော့မယ်”
“ဟား ရှဲရုန်မင်းကို ငါစိတ်မဝင်စားတာနဲ့ သဝန်တိုပြီး သူ့ရှေ့မှာရပ်နေတာလား၊ မင်းဒီလိုတွေလုပ်လို့ ငါ စိတ်မဝင်စားတာပဲ၊ ဒီကောင်လေးက ပိုဆွဲဆောင်မှုရှိတယ်” မျက်လုံးတစ်ဖက်လှပ်သည် သွားဖြဲလိုက်သည်။
“တကယ်ပဲ ကောင်လေးပဲ သူ့ကြည့်ရတာ တော်တော်ငယ်သေးတယ်၊ သူနဲ့ ငါတို့ကစားရင် သူကြိုက် လောက်တယ်” တစ်စုံတစ်ယောက်သည် ပိုပြီးပွင့်လင်းစွာ ပြောလေသည်။
“ဟားဟားဟား”
“ကောင်လေး မင်း ဒီလိုအသုံးမဝင်တဲ့အဖွဲ့ထဲမှာ ဘာလုပ်နေတာလဲ၊ ငါတို့လိုအဖွဲ့ထဲဝင်လိုက်ရင် မင်း အနာဂတ်လှသွားမှာ ဘယ်လိုလဲ မင်းအခုလာရင် ထိခိုက်မှုရှိမှာမဟုတ်ဘူး” ကျားရှန်ပြောလိုက်သည်။
ထိုနည်းလမ်းဖြင့် ခေါ်လျှင်ရောက်လာသော လူတချို့ရှိတတ်သည်ကို သူသိသည်။ သူမျက်စိတ်ကျသော လူတစ်ချို့ကိုအမှန်တကယ်ပင် ခေါ်ယူခဲ့သည်။ သူသည် ထိုနည်းအတိုင်းပင် သူတို့အဖွဲ့ထဲဆွဲသွင်းမည်။
“ကျားရှန် မင်းလူတွေကို ရွံစရာအကြည့်တွေကိုထိန်းချုပ်ပြီး ခေါ်သွားလိုက်တော့” မာဘိုကျား အော် လိုက်လေသည်။
ရှီမာယူယူသည် ရှဲရုန်နောက်မှထွက်လာပြီး သူတို့ကိုကြည့်လိုက်သည် “အတွင်းဂိုဏ်းမှာရော လူသတ် ဖို့ခွင့်ပြုထားလား”
“အခြေအနေအများစုမှာတော့ ခွင့်မပြုဘူး” ရှဲရုန်ပြောလိုက်သည်။
“အပြင်ဂိုဏ်းမှာတောင် ရတာ ဘာလို့အတွင်းဂိုဏ်းမှာမရတာလဲ” ရှီမာယူယူသည် နားမလည်ပေ။
“အတွင်းဂိုဏ်းကိုဝင်နိုင်တဲ့သူတွေက အရည်အချင်းရှိကြလို့လေ၊ သူတို့သေသွားရင် နှမြောဖို့ကောင်းလို့” ရှဲရုန်ရှင်းပြသည
“နှမြောဖို့ကောင်းလိုက်တာ” ရှီမာယူယူသည် နှမြောတသစွာပြောလေသည် “အစတုန်းက သူ့ကို ပေါ့ပေါ့ပါးပါး သေသွားအောင်လုပ်ပေးမလို့၊ ဒီလိုဆိုမှတော့ အသက်ရှင်ပြီး နာကျင်သွားဖို့ပဲရှိတာပေါ့”
“ဟင်”
သူတို့အားလုံး မတုန့်ပြန်ခင်မှာပင် လူတစ်ယောက်၏ အရိပ်သည် ဖြတ်သွားရာ တောထဲတွင် ကျယ်လောင်သောအော်သံတစ်ခုသည် ပဲ့တင်ထပ်သွားလေသည်။
ရှီမာယူယူသည် မူလနေရာတွင်ရပ်နေကာ လက်ထဲတွင် ဓားသွားရှိပြီး ထိုဓားမှ သွေးများစီးကျနေသည် ကို သူတို့တွေ့လိုက်ရသည်။ သူတို့သည် တစ်ယောက်နှင့်တစ်ယောက် မျက်နှာချင်းဆိုင်ရပ်နေချိန်တွင် မျက်လုံး တစ်ဖက်လှပ်သည် ပေါင်းကြားမှ နေရာကိုကိုင်ပြီး ကျယ်လောင်စွာ အော်ကာ မြေပြင်ပေါ်တွင် လူးလှိမ့်နေသည်။ သိပ်မကွာဝေးသောနေရာတွင် အဝတ်အပိုင်းအစသည် မြေပေါ်ကျနေသည်။
အားလုံးသည် မှင်တက်သွားကြသည်။ ရှီမာယူယူတကယ်ပဲလုပ်လိုက်တာပဲ….
ရှီမာယူယူသည်ရေတချို့ထုတ်ကာ ဓားပေါ်ရှိ သွေးများကိုဆေးပြီးနောက် အဝတ်ထုတ်ကာ သုတ်လေ သည်။
“ကျွန်တော်အမုန်းဆုံးက ကျွန်တော့်ကို မယဉ်မကေးကြည့်တာပဲ၊ ကျွန်တော်မကျေနပ်တာနဲ့ လက်က ချော်သွားတတ်တယ်” သူမသည် ဓားသွားလုံးဝ သန့်ရှင်းသွားမှပင် သုတ်ခြင်းကိုရပ်လိုက်သည်။ သူမသည် အဝတ်ကို မြေပေါ်သို့မြှောက်ပစ်လိုက်ပြီး မြေပေါ်ရှိလူကို လူသတ်မည့်အကြည့်ဖြင့် ကြည့်လိုက်သည်။
“မင်းတကယ်ပဲ သူ့ကို ဖြတ်ပစ်လိုက်တာလား” ကျားရှန်အော်လိုက်လေသည်။
“မမြင်ဘူးလား” ရှီမာယူယူ ပြောလိုက်သည် “ကျွန်တော့်ဓားကမြန်တယ် တခြားလူတွေလည်း စမ်းချင် တယ်ဆိုရင် ခင်ဗျားတို့ရဲ့ ၃ခုမြောက်ခြေထောက်ကို ဖြတ်ဖို့ အလကားကူညီပေးပါမယ်၊ အဲဒါကပဲ ခင်ဗျားတို့ အောက်ပိုင်းလွှမ်းမိုးမှုကနေ ကာကွယ်ပေးနိုင်မှာ”
သူမ၏ ရှင်းလင်းပြီး ပြတ်သားကာ အေးစက်သော အသံကိုကြားလိုက်သောအခါ ထိုနေရာရှိ အမျိုးသား များသည် ပေါင်ကိုတင်းကြပ်စွာ ကပ်လိုက်ကြလေသည်။
“မင်းက တကယ်ကိုရူးနေတာပဲ မင်းက တကယ်ကို မိုးကြိုးသွားအဖွဲ့ကလူကို ဒဏ်ရာရအောင်လုပ်ရဲ တယ်၊ မင်းတို့အဖွဲ့ပျောက်ကွယ်သွားချင်တာလား” ကျားရှန်သည် မှင်တက်နေရာမှ ဒေါသဖြစ်သွားပြီး အတွင်း စိတ်ထဲမှ ကြောက်ရွံ့မှုထွက်လာလေသည်။
“ခင်ဗျားမှားသွားပြီ ကျွန်တော်က သူတို့အဖွဲ့ကမဟုတ်ဘူး” ရှီမာယူယူ ပြောလိုက်သည် “ကျွန်တော်က သူတို့်နဲ့ အခုမှတွေ့တာ၊ ခင်ဗျားတို့ အဖွဲ့၂ခုကြားကိုလည်း ဝင်ဖို့စိတ်ကူးမရှိဘူး၊ ဒါပေမဲ့ ခင်ဗျားတို့လူက ကျွန်တော့်ကို ရွံစရာကောင်းအောင်လုပ်တာကိုး၊ ခင်ဗျားက ကျွန်တော့်ကိုတောင် အကြံအဖန်လုပ်လိုက်သေး တယ် သူ့လိုမဖြစ်ချင်ရင် ကျွန်တော့်မြင်ကွင်းရှေ့ကထွက်သွားလိုက်”
“ဟားဟား အကြောက်နည်းလိုက်တာ၊ ငါတို့မိုးကြိုးသွားက ဘယ်တော့မှ ဘယ်သူ့ကိုမကြောက်ဘူးကွ မင်းက ဘယ်အဖွဲ့ကမှမဟုတ်ရင် ရှင်းဖို့ပိုတောင်လွယ်သေးတယ်၊ မင်းကများ ငါ့အဖွဲ့ကလူကို ဒဏ်ရာရအောင် လုပ်ရဲတယ်၊ ကိုယ့်လူတို့ သူ့ကိုခေါ်သွားလိုက်ကြ သူ့ကိုကိုင်တွယ်ဖို့ ခေါင်းဆောင်ဆီခေါ်သွားလိုက်ကြ” ကျားရန် အမိန့်ပေးလေသည်။
“ဘယ်သူလုပ်ရဲလဲလုပ်လေ” မာမိုကျားသည် ရှေ့တိုးကာ ရှီမာယူယူကို ကာလိုက်သည်။
“မာဘိုကျား မင်းက မင်းအဖွဲ့ထဲကလူမဟုတ်တဲ့ လူတစ်ယောက်အတွက်နဲ့ ငါတို့ကို ရန်သူဖြစ်အောင် လုပ်တော့မှာလား” ကျားရှန်သည် ဖိအားပေးကာ မေးလေသည်။
သူ့လူတစ်ယောက်ကို သူ့ရှေ့တွင်ပင် သင်းကွပ်လိုက်သည်။ ရှေ့လျှောက်ကို သူဘယ်လိုမျက်နှာပြရ တော့မှာလဲ။ ထို့ကြောင့်ပင် သူသည် အဖွဲ့၂ဖွဲ့ကြားမှ ဆက်ဆံရေးကို ဂရုမစိုက်တော့ပေ။ သူ့အမြင်တွင် သူသည် ရှီမာယူယူကို သေချာပေါက်ခေါ်သွားပြီး အပြစ်ပေးရမည်။
“ကျားရှန် ငါ့ကိုဒူးထောက်လောက်အောင်ထိ ရိုက်နိုင်ရင် သူ့ကိုခေါ်သွားခွင့်ပေးမယ်” မာဘိုကျားသည် လက်နက်ထုတ်ကာ ရှီမာယူယူရှေ့တွင် မားမားရပ်လိုက်သည်။
“မင်းပြောတာနော် သူတို့ ဒူးထောက်အောင်ထိရိုက်ကြ သူတို့ဘယ်လိုပဲဖြစ်ဖြစ် မသန်မစွမ်းဖြစ်လောက် ထိ မရပ်နိုင်ရင်ပြီးရော” ကျားရန် အမိန့်ပေးလေသည်။
“သူတို့ မသန်မစွမ်းမဖြစ်ဘူးဆိုရင်ရော” ရှီမာယူယူပြန်ပြောလိုက်ရာ အားလုံးသည် ရောက်နေရာတွင် ရပ်သွားကြလေသည်။
သူမသည် မာဘိုကျား၏ ပခုံးကိုပုတ်ပြီးပြောလေသည် “အစ်ကိုမာ၊ လက်နက်ကိုသိမ်းလိုက်ပါ ကျွန်တော် ဒါကိုရှင်းနိုင်ပါတယ် အစ်ကိုတို့အဖွဲ့ကိုဆွဲမသွင်းချင်ဘူး”
“ယူယူ ကိုယ့်ကိုယ်ကို ဖိအားမပေးပါနဲ့၊ အဲလူတွေက အမြဲကြမ်းတမ်းတာ၊ သူတို့ကလူလည်းများတယ်၊ သူတို့နဲ့ ပြိုင်လို့မရဘူး” ရှဲရုန်ပြောလိုက်သည်။
“အစ်တို့နှစ်ယောက်က ပြန်ကောင်းသေးတာမဟုတ်ဘူး၊ သူတို့လာရိုက်ရင် ဘယ်လိုလုပ်မှာလဲ” ရှီမာယူယူ ပြောလိုက်သည် “အဲလိုဆိုရင် ဒီမှာရပ်ပြီး ကျွန်တော် သူတို့ကိုရိုက်တာကိုကြည့်နေလေ”
ပြောပြီးနောက်တွင် သူမသည် ပြိုင်ဘက်ရှေ့ဖြတ်လတ်စွာ ပြေးသွားပြီးနောက် လက်သီးများဖြင့် ထိုး လေသည်။ သူမသည် ဝိဉာဉ်မိစ္ဆာတစ်ကောင်ကဲ့သို့ ကြံ့ခိုင်ပြီး သူမတိုက်ခိုက်ရေးသည် မြန်ဆန်ပြီး လူများကို ရိုက်ရာတွင် ဖက်တီးကျူထက်ပင် ပိုအားကောင်းလေသည်။ တစ်ချက်ပြီးတစ်ချက်ထိုးရာ အချိန်ခဏအတွင်းမှာ ပင် သူတို့သည် မြေပေါ်တွင် လဲသွားကြလေသည်။ ကျန်သူမှာ တခြားသူများကဲ့သို့ အလောမကြီးသော ကျားရှန် တစ်ယောက်သာဖြစ်လေသည်။
ရှီမာယူယူသည် အဖွဲ့၏ အလယ်တွင်ရပ်ကာ ကျားရှန်အားကြည့်လိုက်သည်။ သူသည် ကြောက်သဖြင့် ခြေထောက်များခွေချကာ မြေပေါ်သို့ထိုင်လိုက်လေသည်။
“မင်း မင်းဘယ်သူလဲ” ကျားရှန်သည် ကြောက်သဖြင့် တုန်ယင်လာသည်။
သူတစ်ယောက်တည်းသာမဟုတ်ပေ။ ရှုယွမ်ယွမ်နှင့် တခြားသူများလည်း သူမအား ပါးစပ်အဟောင်း သား၊ မျက်လုံးအပြူးသားဖြင့်ကြည့်နေကြလေသည်။
“ကျွန်တော်လား ကျွန်တော်ဘယ်သူလဲဆိုတာ ဘာလို့ပြောပြရမှာလဲ၊ ဒီသခင်ကြီးရဲ့ နာမည်ကိုသိဖို့ကို အခွင့်အရေးရှိလို့လား” ရှီမာယူယူသည် သူမဘေးမှလူကို ကန်ထုတ်ကာ “ဒီတစ်ခါကို ခင်ဗျားတို့ ခြေတွေလက် တွေပဲ ချိုးလိုက်ပေမယ့် နောက်တစ်ခါ ကျွန်တော့်ကိုပြဿနာလာရှာမယ်ဆိုရင် ဒီနေ့လိုသက်ညှာပေးမှာ မဟုတ် ဘူး၊ သွားကြတော့”
ဒီတစ်ခေါက်တွင် ဘယ်သူမှ သူမကို မငြင်းဆန်ကြပေ။ လက်ကျိုးသွားသူများသည် ခြေကျိုးသူများကို တွဲသွားကြလေသည်။ သူတို့သည် ဝိဉာဉ်မိစ္ဆာများခေါ်ပြီး တွယ်တက်ကာ ထိုနေရာမှထွက်သွားကြလေသည်။
ရှီမာယူယူသည် လက်ခုတ်တီးကာ မှင်တက်နေသော လူတစ်စုဘက်သို့လှည့်ပြီး ပြောလိုက်သည် “ဒီနေ့ ကျွန်တော်က အစ်ကိုတို့အဖွဲ့ကို ပြဿနာဖြစ်သွားစေလား”
ပထမဆုံးတုန့်ပြန်သူမှာ မာဘိုကျားဖြစ်ကာ သူသည် လက်နက်သိမ်းပြီးနောက် “မိုးကြိုးသွားအဖွဲ့က အမြဲတမ်းငါတို့်ကို ရှင်းဖို့လုပ်နေခဲ့တယ်၊ ဒါပေမဲ့ သူတို့အကြိမ်တိုင်းမအောင်မြင်ဘူး၊ ငါတို့အဖွဲ့က ရေနဲ့မီးလိုပဲ၊ မင်းမရှိရင်တောင် သူတို့က ရောင့်ရဲမှာမဟုတ်ဘူး၊ ဒါပေမဲ့ မင်းမရှိရင် ငါတို့်တော့ ဒီနေ့သူတို့ရိုက်တာခံရမှာ ကျေးဇူးပဲ”
***