မကြောက်နဲ့ ... ထပ်ပြောဝံ့ရင် သူ့လျှာကို ဖြတ်ပေးမယ်။
Vol. 9 Ch. 97
သီးသန့်ခန်း တစ်နေရာတွင် မိန်းကလေးစွေ့ယင်မှ အဖိုးအိုတစ်ဦးနှင့် တစ်စုံတစ်ရာကို ဆွေးနွေးနေ၏။
“ ခရမ်းရောင် ကျောက်စိမ်းတံဆိပ်။ ”
အဖိုးအိုက မျက်မှောင်ကြုတ်လိုက်ပြီး၊
“ ဒီအဖိုးကြီးသိသလောက် လန်လင်ရှောင်မိသားစုမှာ အဆင့်မြင့်တံဆိပ်ကို ကိုင်ဆောင်နိုင်တာ သားစဉ်မြေးဆက်တွေနဲ့ ...
... မဟာသခင်တွေပဲ ရှိတယ် ... မဟာသခင်ဆိုလို့ ရှောင်မိသားစုမှာ (၄)ယောက် ရှိတယ် ... တစ်ယောက်က ကျင့်ကြံမှုအမြင့်ဆုံး ရှောင်တျန်ချွယ် ...
... ကျန်တစ်ယောက်က လက်ရှိ မိသားစုခေါင်းဆောင် ရှောင်ပိုယွင် ကျန်နှစ်ဦးက ကာကွယ်သူ နှစ်ယောက်ပဲ ... အဲဒီထဲမှာ ရှောင်တျန်းချွယ်က အသန်မာဆုံး။ ”
“ ဒီလိုဆိုရင် အပြာဝတ် လူငယ်က လန်လင်ရှောင်မိသားစုရဲ့ မျိုးဆက်သစ် လူငယ် တစ်ယောက် ဖြစ်နိုင်မလား။ ”
စွေ့ယွင်က စိတ်ပင်ပန်းသည့် အသွင်ဖြင့် ကျောမှီလိုက်ကာ၊
“ ဒါပေမယ့် ... ငါ နားမလည်နိုင်တာက မိုင်ထောင်ချီဝေးတဲ့ တိမ်မြစ်စီရင်စုမှာ သူတို့ရဲ့ မျိုးနွယ်ဝင်တစ်ယောက် ... ဘာကြောင့် ပေါ်လာရတာလဲ။ ”
-ဟု ညည်းတွားလိုက်သည်။
အဖိုးအိုက အနည်းငယ်ပြုံးပြီး၊
“ မိန်းကလေးယွင် မင်းသိချင်ရင် ငါ့ကိုလူငယ်ဆီ ခေါ်သွားလို့ရတယ် ... လွန်ခဲ့တဲ့ နှစ်အနည်းငယ်က လန်လင်ရှောင် မိသားစုရဲ့ လူအချို့နဲ့ ငါတွေ့ဖူးပါတယ်။ ”
စွေ့ယွင်က ခေါင်းယမ်းလျက်၊
“ လိုက်ပါ၊ ငါက ဒီသင်္ကေတကို အသိအမှတ်ပြုရမဲ့ လူမဟုတ်ဘူး ... ခရမ်းရောင် တံဆိပ် ကိုင်ဆောင်လာတဲ့ ဘယ်သူ့ကိုမဆို ကောင်းကောင်းဧည့်ခံဖို့ပဲလိုတယ်။ ”
-ဟု ပြတ်သားစွာ ငြင်းဆန်လိုက်သည်။
အဖိုးအိုက ခေါင်းညိတ်လျက်၊
“ ဒါက အန္တရာယ်အကင်းဆုံးနဲ့ ပညာအရှိဆုံး နည်းလမ်းပါပဲ။ ”
-ဟု ထောက်ခံပြောကြားလိုက်တော့၏။
“ ဒေါက် ဒေါက် ဒေါက် ... ။ ”
ရုတ်တရက် အလျင်လိုနေသော တံခါးခေါက်သံ ကျယ်လောင်စွာ မြည်ဟည်း လာ၏။
“ စံအိမ်သခင်၊ တောင်မြစ်နန်းတော်မှာ တစ်ခုခု ဖြစ်သွားပြီ။ ”
တာဝန်ခံခေါင်းဆောင်က အခန်းအတွင်း အပြေးဝင်ရောက်လာပြီး အဖြစ်အပျက်များကို ပြန်လည် ရှင်းပြလာ၏။
“ ဘာလဲ ... လူသတ်လိုက်တာလား။ ”
“ ဟမ့် ... ဒီနေရာက စည်းစိမ်ချမ်းသာ စံအိမ်မှန်း သိတာတောင် လူသတ်မှု ကျူးလွန်ဖို့ သတ္တိရှိနေတုန်းလား ... လန်လင်ရှောင်ရဲ့ အမာခံတပည့် ဖြစ်နေရင်တောင် မာနကြီးလွန်းတယ်။ ”
အဖိုးအိုက မကျေမနပ်ဖြစ်သွားသည်။
“ မာနကြီးနေရင်တောင် ငါတို့ ဘာလုပ်နိုင်မှာလဲ။ ”
စွေ့ယွင်မှ အစောပိုင်း ဒေါသထွက်သွားသော်လည်း သက်ပြင်းချကာ ညည်းတွားလိုက်သည်။
“ အခြေအနေကို အရင်ဆုံး သွားကြည့်ရအောင် နောက်မှ ဆုံးဖြတ်ချက်ချဖို့ အရမ်းနောက်မကျပါဘူး။ ”
“ ကောင်းတယ်၊ မာနကြီး ဒီလူငယ်ကို တွေ့ချင်မိပါတယ်။ ”
“ အဖိုးကြီးလီ ... မင်းဘာကိုမှ အရူးအမူးမလုပ်မိစေဖို့ ငါ့ကို ကတိပေးပါ ... မဟုတ်ရင် မင်းကို ငါမျက်နှာသာပေးနိုင်မှာ မဟုတ်ဘူး။ ”
စွေ့ယွင်က အဖိုးကြီးလီအကြောင်း သိရှိထားသဖြင့် တင်းကြပ်စွာ သတိပေးစကား ပြောကြားလိုက်ရသည်။
များမကြာမီ နှစ်ယောက်သား ကိုးလွှာရှိ တောင်မြစ်နန်းတော်တံခါးဝသို့ အလျင်အမြန် ရောက်ရှိလာကြ၏။
“ ကျွီ ... ။ ”
စွေ့ယွင်က အသက်ပြင်းပြင်းရှူလျက် တံခါးကိုဖွင့်ချလိုက်ရာ သွေးညှီနံ့များ ဦးစွာပျံ့နှံ့ လာသည်။
ကြမ်းပြင်၌ အလောင်းနှစ်လောင်းနှင့် ဒူးထောက်တုန်ယင်နေသည့် လူငယ်နှစ်ယောက် ရှိနေ၏။ အခန်းထောင့်တွင် ပြိုလဲနေသော အမျိုးသမီးငယ်တစ်ဦးလည်း ရှိသည်။
လူငယ်နှစ်ယောက်အနက် တစ်ယောက်သည် ချန်တခုံ၏ သားချန်ကျင်းလုံ ပေပင်။ ထို့ကြောင့် စွေ့ယွင်တစ်ယောက် စိတ်ဓာတ်ကျသွားတော့သည်။
တစ်ဖက်တွင် စွေ့ယွင်ကို မြင်ချိန်၌ ချန်ကျင်းလုံမှာ စိတ်လှုပ်ရှားလာသည်။ သို့တိုင် အကူအညီမတောင်း ဝံ့ကြသေးချေ။
“ သခင်ငယ် ... မင်းငါ့ကိုစောင့်နေတာလား။ ”
စွေ့ယွင်က ထိုင်ခုံပေါ်ရှိ တည်ငြိမ်လွန်းသော လူငယ်ထံ လှမ်းကြည့်ကာ စိတ်မသက်မသာဖြင့် မေးမြန်းလိုက်သည်။ စုရီမှ ခေါင်းညိတ်ပြကာ၊
“ မှန်တယ် ... ။ ”
-ဟု ပြန်လည် ဖြေကြားလိုက်၏။
“ ငါတို့စည်းစိမ်ချမ်းသာ စံအိမ်မှာ လူတစ်ယောက်ကို သတ်ရင် ... ပြဿနာရှိတယ် ဒါပေမယ့် သခင်ငယ်က သာမန်လူမဟုတ်တော့ တကယ့်ကို ကိုင်တွယ်ရခက်စေပါတယ်။ ”
ဤစကားက ချန်ကျင်းလုံကို အကူအညီမဲ့သွားစေသည်။ စုရီနောက်ကွယ်၌ အလွန် ကြောက်စရာကောင်းသော တည်ရှိမှုတစ်ခု ရှိနေနိုင်သည်လော။
“ မင်းပြောချင်တာက ဒီတံဆိပ်ပြားက အလုပ်မလုပ်ဘူးပေါ့။ ”
စုရီက ပြုံးကာ ရေရွတ်လိုက်သည်။ ထိုမှတ်ချက်ကြောင့် စွေ့ယွင်ခမျာ ထိတ်လန့် သွားစဉ် အဘိုးအိုက၊
“ မင်းနာမည် သိခွင့်ရှိမလား သခင်လေး။ ”
-ဟု ဝင်ရောက် မေးမြန်းလိုက်၏။
( ဘာလဲ ... သူတို့က စုရီနာမည်ကိုတောင် မသိဘဲ တောင်မြစ်နန်းတော်မှာ အထူးဧည့်သည် အဖြစ် ခံနေတာလား။)
ချန်ကျင်းလုံဘေးတွင် ဒူးထောက်နေသော လူငယ်အမည်မှာ စန်းချွီဖြစ်ပြီး အဖိုးကြီးလီ မေးခွန်းကြောင့် ဝမ်းသာအားရဖြင့်၊
“ အကြီးအကဲ ... သူက ငါတို့ဂိုဏ်းရဲ့ တပည့်ဟောင်းစုရီပါ ... သူ့ကို မင်းသိသင့်တယ် မဟုတ်လား ... ။ ”
-ဟု မိတ်ဆက်ပေးလိုက်၏။
သူ့မျက်ဝန်းများအတွင်း မျှော်လင့်ချက်များစွာ တောက်လောင်လာ ခဲ့သည်။ အဖိုးကြီးလီနှင့် စွေ့ယွင်သည် ၎င်းတို့၏ ကနဦးထင်ကြေးများ မှားယွင်းနေကြောင်း သတိပေးလိုက်ခြင်းဖြစ်၏။
အဖိုးအိုက အနည်းငယ် အတွေးနက်သွားပြီး၊
“ ဒါဆို ... လွန်ခဲ့တဲ့ တစ်နှစ်က မြစ်ပြာဓားစံအိမ်ရဲ့ ပြင်ပတပည့်ကြီး စုရီပေါ့၊ အိုး ... ဟား ဟား ဟား။ ”
-ဟု အော်ဟစ်ရယ်မောတော့၏။
အသုံးမဝင်သူ တစ်ယောက်ကို ဂုဏ်ပြုထိုက်သော ဧည့်သည်တော်အဖြစ် မိန်းကလေးယွင်မှ ဆက်ဆံမိနေချေပြီ။
“ လောကြကြီးမှာ ... အသက်ကြီး လာတာနဲ့အမျှ အကြောက်တရားက ပိုပိုလာ သလိုပဲ ... ဒီလို အသုံးမကျတဲ့ လူငယ်လေး တစ်ယောက်ရဲ့ လှည့်စားခံရလုနီးပါးပါပဲ။ ”
အဖိုးကြီးလီက ညည်းတွား ရေရွတ်လိုက်သည်။ ထိုစကားကို စွေ့ယွင်မှ ဘဝင်မကျ ဖြစ်သွားပြီး စုရီထံသိမ်မွေ့သော အကြည့်ဖြင့်၊
“ ဒါဆို သခင်လေးစုပေါ့ ... သခင်လေးစု ဒီခရမ်းရောင်တံဆိပ်ပြားကို မင်းဘယ်ကနေ ရလာတာလဲ သိခွင့်ရှိမလား။ ”
-ဟု သတိကြီးစွာ မေးမြန်းလိုက်၏။
“ ရှောင်တျန်းချွယ် ... ။ ”
စုရီက တည်တည်ငြိမ်ငြိမ်ပင် ပြန်ဖြေသည်။
“ ဟမ့် ... အကြီးအကဲရှောင်ဆိုတာ တစ်ချိန်က မင်းညီမင်းသားတွေ ကြားမှာတောင် ဩဇာကြီးမားတဲ့ သူရဲကောင်းတစ်ပါးပဲ ... သူ့ အဆင့်အတန်းက အရမ်း မြင့်မားတယ် ...
... သူ့လိုလူက မြစ်ပြာဓားစံအိမ်ရဲ့ စွန့်ပစ်ခံပြင်ပတပည့်တစ်ဦးကို တန်ဖိုးရှိတဲ့ တံဆိပ်ပေးခဲ့တာလား ... ”
အဖိုးကြီးလီက စကားပြောနေလျက်မှ မျက်မှောင်ကြုတ်လိုက်ကာ သူ့ရောင်ဝါများ ထုတ်ဖော်လျက်၊
“ အဓိပ္ပါယ်မရှိဘူး ... ဒါက ဘယ်လို ပြက်လုံးမျိုးလဲ ... ဟမ့် ... ။ ”
-ဟု ဟစ်အော်လာတော့၏။
သူ မည်မျှ ဒေါသထွက်နေသည်ကို မြင်နိုင်ချေပြီ။ ရှောင်ရန်နှင့် အားဖေမှ ထိတ်လန့် ကုန်သဖြင့် စုရီကလှည့်ကြည့်ပြီး၊
“ မကြောက်နဲ့ ... ဒီအဖိုးကြီးထပ် အသံထွက်ဝံ့ရင် သူ့လျှာကို ငါဖြတ်ပေးမယ်။ ”
-ဟု နှစ်သိမ့်လိုက်သည်။
“ ဟား ဟား ဟား ... ငါ့လျှာကို ဖြတ်မှာလား။ ”
ထိုစကားကြောင့် အဖိုးကြီးလီခမျာ မျက်နှာမည်းမှောင်သွားပြီး ဒေါသတကြီး ရယ်မောတော့၏။
“ အဖိုးကြီးလီ၊ ငါက တံဆိပ်ကို စစ်ဆေးဖို့လာတာမဟုတ်ဘူး ... သတိထားပါ။ ”
စွေ့ယွင်က မကျေမနပ်ဖြင့် သတိပေးစကားဆိုလိုက်ပြီးနောက် စုရီထံ ပြန်ကြည့်ကာ၊
“ သခင်ငယ် ... တံဆိပ်ကို ငါက လေးစားပါတယ် ... ဒါပေမယ့် ဒီနေ့ကိစ္စကိုတော့ ဒီလောက်နဲ့ ဖြေရှင်းလို့ မရနိုင်ပါဘူး ... ဒါက သည်းစိမ်ချမ်းသာစံအိမ်ပဲ ...
... လန်လင်ရှောင်စံအိမ်မဟုတ်ဘူး ဒါကြောင့် မင်းနောက်ထပ် ကြုံတွေ့ရမယ့် ပြဿနာတွေကို ငါလည်း ကူညီဖြေရှင်းပေးလို့ မရဘူး။ ”
ဆိုလိုသည်မှာ စုရီကို အနှောက်အယှက် ပေးမည် မဟုတ်သကဲ့သို့ ကူညီပေးမည်လည်း မဟုတ်ချေ။
“ ဒါဆို ဒီတံဆိပ်က တံခါးသော့ တစ်ချောင်းလောက်ပဲ တန်ဖိုးရှိတာပေါ့။ ”
စုရီက တံဆိပ်ကို ထုတ်ကြည့်ကာ ရေရွတ်လိုက်သည်။ စွေ့ယွင်မှ မျက်လုံးပြူးသွား တော့၏။
“ ဟမ့် ... ဒီတံဆိပ်က လန်လင်ရှောင် မိသားစုဝင်တွေလက်ထဲမှာ ရှိနေရင် ငါမင်းကို လက်ဖက်ရည် ငှဲ့ပေးနိုင်တယ်။ ”
“ ငါ့ကို လက်ဖက်ရည်ငှဲ့ပေးပြီး အလုပ်အကျွေးပြုဖို့ မင်းမှာ အရည်အချင်း မပြည့်မီ သေးပါဘူး။ ”
စုရီ၏ တုန့်ပြန်စကားကြောင့် အဖိုးကြီးလီခမျာ မျက်နှာနီရဲလာပြီး၊
“ ကောင်းပြီ ... ငါမင်းနဲ့ ငြင်းခုံနေမှာ မဟုတ်ဘူး မိန်းကလေးယွင် ဒီကိစ္စကို ဘယ်လို ဖြေရှင်းသင့်တယ်လို့ ထင်လဲ။ ”
-ဟု လှည့်ကာမေးမြန်းလိုက်၏။
စွေ့ယွင်မှ ချက်ချင်း ပြန်မဖြေနိုင်ချေ။ ခေါင်းကိုက်လာသဖြင့် ဦးခေါင်းကို နှိပ်နယ်ပြီး တိတ်ဆိတ်သွားသည်။
" ငါ့အရှုပ်အထွေးတွေကို ရှင်းပစ်ဖို့ ... ဒီတံဆိပ်အပေါ် အားကိုးနေတယ်လို့ ... မင်း ထင်နေတာလား ... စံအိမ်သခင်။ ”
ထိုအမူအရာကြောင့် စုရီက စွေ့ယွင်ကို မေးမြန်းလိုက်သည်။ စွေ့ယွင်မှ မဖြေနိုင်ဘဲ ပြန်မော့ကြည့်၏။ စုရီက ခေါင်းရမ်းပြကာ၊
“ ငါမင်းကို စောင့်နေတယ်ဆိုတာ ... မင်းရဲ့သဘောထားကို သိချင်လို့ပဲ စံအိမ်သခင် ဒီကိစ္စနဲ့ပတ်သတ်ပြီး ... မင်းဘယ်လို သဘောရလဲ။ ”
-ဟု မေးမြန်းလိုက်တော့သည်။
***