အကျိုးဆက်များ။
Vol. 9 Ch. 99
“ ပြေလည်သွားပြီလား။ ”
စည်းစိမ်ချမ်းသာစံအိမ် ကန္တာရ နန်းတော်တွင် ချင်ကျင်းက လက်ရန်းကို မှီ၍ အဝေးကို ငေးကြည့်နေရာမှ လှည့်မေး၏။
“ အင်း ... ။ ”
ကျိုးကျစ်လီက စိတ်ပျက်လက်ပျက်ဖြင့် ပြန်ဖြေသည်။
“ ဒါပေမယ့် ကံမကောင်းစွာနဲ့ပဲ ဒီကိစ္စကသေးငယ်လွန်းပြီး ငါ့ကျေးဇူးကိုပြဖို့ အခွင့်မသာခဲ့ဘူး။ ”
“ မင်းမသွားဘူး ဆိုရင်တောင် ... စုရီလိုလူမျိုးက သူ့နည်းသူ့ဟန်နဲ့ ဒါကိုဖြေရှင်း နိုင်ပါတယ်။ ”
ထိုစကားကြောင့် ကျိုးကျစ်လီက သက်ပြင်းချ လိုက်သည်။ ချင်ကျင်းနှင့် ပြန်လည် ငြင်းခုံခြင်း မပြုခဲ့ချေ။
“ သူ့ကို စည်းစိမ်အာဏာနဲ့ ချည်နှောင်ဖို့ မကြိုးစားပါနဲ သူက ငါ့လိုပဲ ထာဝရလမ်းစဉ်ကို ရှာနေတာ။ ”
“ ထာဝရအသက်ရှင်ခြင်း ... ဒါ ... ဒါက တကယ်ရှိတာလား မိန်းကလေးချင်ကျင်း။ ”
မုကျန်းတန်က စိတ်လှုပ်ရှားသွားသည်။ ချင်ကျင်းမှ သူ့ထံ တစ်ချက်လှည့်ကြည့်ကာ၊
“ ရှိတယ် ဒါပေမယ့် သနားစရာ ကောင်းစွာနဲ့ပဲ ကျိုးမင်းဆက်သမိုင်းမှာ မြေကြီး အဆင့် ကျွမ်းကျင်သူတွေသာ ပေါ်လာဖူးတယ် ကောင်းကင်အဆင့်တွေ မရှိကြဘူး။ ”
-ဟု ပြန်လည်ဖြေကြားလိုက်၏။
မုကျန်းတန်သည် မြေကြီးအဆင့် ကျွမ်ကျင်သူကိုသာ မြင်ဖူးသည်။ ကောင်းကင် အဆင့် ကျွမ်ကျင်သူများကို အမြင်ဖူးချေ။ ထို့ကြောင့် တိတ်ဆိတ်သွားတော့၏။
ထိုအချိန်တွင် စုရီနှင့် အဖွဲ့သည် စံအိမ်အတွင်းမှ ထွက်ခွာသွားပြီ ဖြစ်သည်။ ချင်ကျင်းက သူ့နောက်ကျောကို ငေးကြည့်လျက်၊
“ ဒီလူက နှင်ထုတ်ခံရတဲ့ ကျွမ်းကျင်သူကမ္ဘာက သခင်ငယ်တစ်ပါးလိုပဲ ... မာနကြီးလွန်းတယ်။ ”
-ဟု ညည်းတွားလိုက်တော့၏။
***
စည်းစိမ်ချမ်းသာစံအိမ်တော်မှ ပြန်လာပြီးနောက် စုရီနှင့် ဖန်ရှောင်ဖုန်းက စကားစမြည် ပြောနေခဲ့ကြသည်။
ဟွမ့်ချမ့်ကျွယ်က အားဖေကို ပြန်ပို့ကာ ညတွင်ချင်းအိမ်ဝယ်ရန် အဆက်အသွယ်များထံ ချိတ်ဆက်နေခဲ့သည်။
“ အစ်ကိုစု မင်းအများကြီး ပြောင်းလဲသွားပြီ။ ”
ဖန်ရှောင်ဖုန်းက သက်ပြင်းချလျက် ပြောကြားလာသည်။ ယနေ့ည ဖြစ်စဉ်သည် သူ့တစ်သက် လက်လှမ်းမမီနိုင်သည့် အရာမျိုးပေပင်။
“ ဒီအကြောင်း ထားလိုက်ရအောင် မနက်ဖြန်မနက် ငါတို့တခြားနေရာကို ရွှေ့မယ် ပြီးရင် မင်းခြေထောက်တွေကို ကုသပေးမယ်။ ”
“ အစ်ကိုစု၊ မင်းတကယ် ငါ့ခြေထောက်တွေကို ပြန်ကောင်းလာအောင် ကုသနိုင်တာလား။ ”
ဖန်ရှောင်ဖုန်းခမျာ အံ့ဩဝမ်းသာ သွားလေသည်။
“ အရိုးကျိုးနေတာပါ ... ကိုယ်ခံပညာ ကျွမ်းကျင်တဲ့ လူတစ်ယောက်တောင်မှ ဒါကို အလွယ်တကူ ကိုင်တွယ်နိုင်ပါတယ် ... ငါ့ အတွက်က ပြဿနာ မရှိပါဘူး။ ”
စုရီ ပြုံးပြီး ပြန်ဖြေလိုက်သည်။ ဤစကားသည် ကြားရသူတိုင်းအတွက် မာနကို မြင်သာစေ၏။
***
လီမိုယွင်က တစ်ယောက်တည်း စည်းစိမ်ချမ်းသာစံအိမ်မှ လှမ်းထွက်လာခဲ့သည်။ သူ့နှလုံးသားထဲတွင် ဖော်မပြနိုင်သော အေးစက်မှုကို ခံစားနေရသည်။
စုရီနှင့်အဖွဲ့ ထွက်ခွာသွားသည်ကို မြင်ပြီးနောက် တောင်မြစ်နန်းတော်သတင်း စုံစမ်းရန် သူ ကြိုးစားမိသော်လည်း ကျန်းသော် ဆိုသည့် အမျိုးသားထံမှ သတိပေးခြင်းသာ ခံလိုက်ရ၏။
ဤသည်မှာ ဒေါသထွက်စရာပေပင်။ မသိသော အကြောင်းအရာတစ်ခုကို မည်သို့ ပေါက်ကြားစေနိုင်မည်နည်း။
“ နေဦး ... ချန်ကျင်းလုံနဲ့ အဖွဲ့ကို စုရီသတ်လိုက်တာများလား။ ”
ရုတ်တရက် ထိုအတွေးများ ဝင်ရောက် လာပြီးနောက် ထိတ်လန့်နေသော အကြည့်ဖြင့် တောင်မြစ်နန်းတော်ထံ လည်ပြန်မော့ကြည့် လိုက်မိလေသည်။
***
ကျောက်စိမ်းနွေဦးလမ်းသွယ်၊ ကျားနက်ဂိုဏ်း။
မြေပြင်အနှံ့ သွေးများ ပက်ဖြန်းနေသော မြင်ကွင်းက ခေါင်းဆောင်လုချွမ်ကို ချက်ချင်းပင် မောဟိုက်သွားစေ၏။
ဤစံအိမ်သည် ကျားနက်ဂိုဏ်း၏ အမာခံအဖွဲ့ဝင်များ နေထိုင်ရာအရပ် ဖြစ်သည်။ ဒေါသဖြင့် အံကြိတ်လိုက်မိ၏။
မိုးမခလမ်းကြားမှ ကြွက်မလေး တစ်ကောင်ကို ဖမ်းစီးခဲ့ခြင်း၏ အကျိုးဆက်ဟု မယုံကြည်နိုင်သေးချေ။
မိုးမခလမ်းသွယ်သည် တိမ်မြစ်စီရင်စု၏ ပိုးဟပ်များ နေထိုင်ရာအရပ်ဖြစ်၏။ မည်သူမဆို သေခြင်းအတွက် လွမ်းဆွတ်မည့်သူ မရှိချေ။
“ အစ်ကိုကြီးလု ... ငါတို့သိသလောက် မိန်းကလေးအစ်ကိုက တိမ်မြစ်ဓားစံအိမ် ပြင်ပ တပည့်ဖြစ်ခဲ့ဖူးတယ် ...
... ဒါပေမယ့် ... သူက ဒုက္ခိတ တစ်ယောက်ဖြစ်နေပါပြီ သူ့မှာသြဇာအာဏာ မရှိဘူး ... သာမန်လူတွေထက်အောင် နိမ့်ကျပါတယ်။ ”
သတင်းပို့သည့် တပည့်ငယ်က အလျင်အမြန်ရှင်းပြလိုက်လေသည်။ လုချွမ်မှ မသေချာသော အသွင်ဖြင့်၊
“ သွားစုံစမ်းပါ ... သူတို့ ဘယ်သူနဲ့ ဆက်သွယ်ခဲ့လဲ ... တရားခံကို သိပြီးရင် ဆရာ ဝူတျန်းဟွာဆီ သွားအကူအညီတောင်းရမယ်။ ”
-ဟု အမိန့်ပေးလိုက်တော့၏။
***
နောက်နေ့မနက်တွင် ဟွမ်ချမ့်ကျွယ် ဦးဆောင်ကာ အိမ်အသစ်ဆီသို့ ဦးတည်လာ ခဲ့သည်။
ဟွမ်ချမ့်ကျွယ်သည် မနေ့ညက ငွေစ (၃၀၀၀၀)သုံးစွဲခဲ့ပြီး လမ်းကြားရှိ ကြီးမားသော စံအိမ်ကြီးကို ဝယ်ယူခဲ့သည်။
စံအိမ်အတွင်း အခန်းငါးခန်းပါရှိပြီး ပရိဘောဂမျိုးစုံဖြင့် အလှဆင်ထားလေသည်။ ခြံဝင်းအတွင်း၌ သလဲပင်၊ မက်မွန်ပင်နှင့် အခြားသော သီးပင်များ စိုက်ပျိုးထား၏။
ခြံအနောက်ဘက်တွင် ဟင်းသီးဟင်းရွက်စိုက်ခင်း၊ ကျောက်ရေတွင်း၊ ပန်းဥယျာဉ်၊ စပျစ်နွယ်ပင်များ၊ ငါးကန်များ စသည်တို့ပါဝင်၏။
“ မဆိုးဘူး ... ။ ”
စုရီက ခေါင်းညိတ်ပြလိုက်၏။ ထို့နောက် စံအိမ်အမည်ကို စိတ်ဝိညာဉ်အေးချမ်းခြင်းစံအိမ် အဖြစ် အမည်ပြောင်းလဲလိုက်သည်။
ဟွမ်ချမ့်ကျွယ်မှ ဝယ်ယူထားသော ပရိဘောဂများနှင့် နေ့စဥ်သုံးပစ္စည်းများကို ရွှေ့ရန် ဝန်ထမ်းအုပ်စုကို ညွှန်ကြားနေ၏။
စုရီသည် ခရမ်းနုရောင် ကြိမ်ဖြင့် ပြုလုပ်ထားသော လှုပ်ကုလားထိုင်ပေါ်တွင် ထိုင်ချလိုက်ပြီး မျက်လုံးများ မှိတ်ချ လိုက်တော့သည်။
များမကြာခင် သူ့မျက်လုံးများ ပြန်ဖွင့် လိုက်ပြီးနောက် ဖန်ရှောင်ဖုန်းကို ခေါ်ယူကာ ခြေထောက်များ ကုသရန် ပြင်ဆင်၏။
တစ်နာရီအကြာတွင် ပင်ပန်းနွမ်းနယ်နေသော အသွင်ဖြင့် စုရီ ပြန်ထွက်လာသည်။
“ လဝက်အတွင်း မင်းအစ်ကို ပြန်ကောင်းလာလိမ့်မယ်။ ”
“ အစ်ကိုကြီးစု မင်းတကယ် ပြောနေတာလား ငါ့အစ်ကိုကြီး ခြေထောက်တွေ ပြန်ကောင်းလာမှာလား။ ”
စုရီက ပြုံးပြီး ရှောင်ရန် ခေါင်းကို ပွတ်သပ်လိုက်တော့သည်။ ဤနည်းဖြင့် နှစ်ရက် ကုန်လွန်သွားပြန်သည်။
တတိယမြောက်နေ့တွင် ထူးခြားသော ခံစားချက်များ ဝင်ရောက်လာပြီးနောက် အရိုး သန့်စင်ခြင်း ပြီးပြစုံသောအဆင့်သို့ ဖြတ်ကျော်သွားချေပြီ။
ထင်ရှူးကြိုးကြား ကိုယ်ခန္ဓာ တည်ဆောက်မှုပညာရပ်သည် အမှန်ပင် မှော်ဆန်လှ၏။
အရိုးများများသည် ကျောက်စိမ်းကဲ့သို့ အသွင်ပြောင်းနေပြီး ခြင်ဆီသည် နှင်းများကဲ့သို့ ကြည်လင်တောက်ပနေသည်။
ဤအဆင့်ရောက်ရှိရန် ပထမတန်း ဝိညာဉ်ရေးဆေးဖက်ဝင် ငါးပင်ကို နေ့တိုင်း သုံးစွဲခဲ့ရ၏။
ချီသန့်စင်ခြင်းအဆင့်ကို အစောပိုင်း၊ အလယ်နှင့် နှောင်းပိုင်းအဆင့်များဟု အသီးသီး သတ်မှတ်ထားသည်။
လုပ်ငန်းစဉ်သည် စွမ်းအင် လမ်းကြောင်းများဖွင့်လှစ်ခြင်း၊ အပ်စိုက်မှတ် ဖွင့်ခြင်းနှင့် ချီအသွင်ပြောင်းခြင်း ဖြစ်၏။။
ဤအဆင့်သို့ ရောက်ရှိလာသူတိုင်း ကွမ်လင်မြို့၌ ထိပ်တန်းကျွမ်းကျင်သူ အဖြစ် သတ်မှတ်ခံရနိုင်သည်။
တိမ်မြစ်စီရင်စု၌မူ ပထမအဆင့် ကျွမ်းကျင်သူမျှသာ ဖြစ်သေးသည်။ မဟာကျိုး မင်းဆက်တွင် သာမန်ကျင့်ကြံသူများသည် ချီသန့်စင်ခြင်း ရောက်ရှိရန် မလွယ်ချေ။
အဘယ့်ကြောင့်ဆိုသော် ကျင့်ကြံမှု နည်းစနစ်များ ရှားပါးခြင်းကြောင့် ဖြစ်သည်။ တိမ်မြစ်ဓားစံအိမ်သည်ပင် ထိုအဆင့်အတွက် အလယ်အလတ် နည်းစနစ်တစ်ခုသာရှိသည်။
ဆိုလိုသည်မှာ မြင့်မားသော ဆန္ဒရှိသည့် အတွင်းတပည့်များသည် သွေးသန့်စင်ပြီးနောက် တိမ်မြစ်ဓားစံအိမ်ကို စွန့်ခွာကြသည်။
ဥပမာအားဖြင့် ကောင်းကင်မူလ အကယ်ဒမီသို့ ဝင်ရောက်ရန် စမ်းသပ်မှုများ ဖြေဆိုခြင်း၊ တော်ဝင်မိသားစုထံ ခိုလှုံခြင်း စသည်တို့ဖြစ်၏။
လူ့ခန္ဓာကိုယ်၌ အပ်စိုက်အမှတ်ပေါင်း (၇၂၀)ရှိပြီး ၎င်းတို့အတွင်းမှ (၁၀၈)ခုသည် ဝိညာဉ်ရေးရာ အပ်စိုက်မှတ်များဖြစ်သည်။
ထို(၁၀၈)မှတ်ကို ဝိညာဉ် စွမ်းအင်များ စီးဆင်းရာ ကျင့်ကြံမှု လမ်းကြောင်းများအဖြစ် သတ်မှတ်၏။
စုရွှမ်ကြွယ် ဘဝတွင် (၇၂)မှတ်သာ ဖွင့်လှစ်နိုင်ခဲ့သည်။ ထိုချို့ယွင်းချက်ကြောင့် ဧကရာဇ်နယ်ပယ်ရောက်ရှိရန် သဘာဝ ရတနာများစွာ သုံးစွဲခဲ့ရ၏။
“ ဒီတစ်ခါတော့ ပထမအမှားမျိုး အဖြစ်မခံနိုင်ဘူး။ ”
ထို့ကြောင့် ဧကရာဇ် နယ်ပယ်သည် စုရွှမ်ကြွယ်ဘဝ၏ အဆုံးသတ်ဖြစ်လာခဲ့သည်။ အမှတ်ပေါင်း (၁၀၈)မှတ်ကို ဖွင့်လှစ်နိုင်သော် ခန္ဓာကိုယ်သည် ကြယ်မြေပုံတစ်ခု ဖြစ်လာပေမည်။
တပည့်ကိုးယောက်အနက် သူ၏ လမ်းညွှန်မှုအောက်တွင် တပည့်ငယ် ချင်းတန် သာလျှင် ထိုအဆင့်ကို အောင်နိုင်ခဲ့သည်။
ထိုစဉ်က ချင်းတန်အသက်သည် ခုနစ်နှစ်သာရှိသေးပြီး သူ့တပည့်ဖြစ်ခဲ့သည်မှာ သုံးလခန့်သာရှိသည်။
“ ဟမ့် ... ချင်းတန် ။ ”
ရှုပ်ထွေးစွာဖြင့် အချိန်အတော်ကြာ ငြိမ်သက်နေပြီးနောက် ခေါင်းယမ်းထရပ်ကာ အတွေးများ ရုတ်သိမ်းလိုက်တော့သည်။ ပစ္စုပ္ပုန်သည် အကောင်းဆုံးပေပင်။
***