← Chapters

ရှုဂျင်း၏ကျောင်းသားများ

Vol. 007 Ch. 631

ရှုဂျင်း၏ကျောင်းသားများ

Vol. 007 Ch. 631

ထိုရက်များတွင် ရှီမာယူယူကို စကားအများဆုံးပြောသူမှာ မာဘိုကျား ဖြစ်သည်။

“ဒါပေမဲ့ ယူယူ ဖြတ်လိုက်တဲ့လူကဘယ်သူလဲ၊ သူက လက်နက်ထုတ်လုပ်မှုဌာနက ဆရာဟုန်ရဲ့ ကျောင်းသားလို့ကြားတယ် အဲဆရာကအရမ်းကာကွယ်တတ်တာ၊ ယူယူ အဆင်ပြေပါ့မလား” ရှုယွမ်ယွမ်သည် စိုးရိမ်စွာမေးလေသည်။

“ဘာမှကြောက်စရာမရှိဘူး” ရှဲရုန်သည် ဂရုမစိုက်ပဲပြောလေသည် “ဆရာဟန်က ဆရာရှုထက်ပိုသန်မာ လို့လား ဆရာဟုန်က သူ့ကျောင်းသားကို ကာကွယ်တယ်ဆိုရင် ဆရာရှုကလည်းအတူတူပဲမလား၊ ဆရာရှုက သာ အတွင်းဂိုဏ်းမှာ အကာကွယ်တတ်ဆုံးဆရာဖြစ်မယ်ထင်တယ်”

“သြော် ဟုတ်သားပဲ” ရှုယွမ်ယွမ် ပြုံးလိုက်သည် “ဆရာဟုန်က ဆရာရှုလောက် မသန်မာဘူး ယူယူ အချိန်ကျရင်တော့ ဆရာရှုက အနိုင်ပိုင်းမှာပဲ မင်းအဆင်ပြေမှာပါ”

“မဆိုးဘူး အဲအချိန်ကျရင် ကျွန်တော်တို့်စမ်းကြည့်လို့ရတာပေါ့၊ ကျွန်တော့်ကို ဒီမှာပစ်ထားသွားဖို့ကို ဘယ်သူက သူ့ကိုခိုင်းတာလဲလို့” သူတို့အကြံပေးမှုကို ရှီမာယူယူ မသေချာပေ။ သူမသည် ကိစ္စကိုဘေးပို့ထား သည်။

အတွင်းဂိုဏ်းတစ်နေရာတွင် ရှုဂျင်သည် နှုတ်ခမ်းတွန့်လိုက်သည်။ အဲကောင်လေးက တကယ်ပဲ လူ တစ်ယောက်ကို မသန်မစွမ်းဖြစ်အောင်လုပ်လိုက်တာလား။ သူက လက်စလက်နရှိတာပဲ။

“ဟုန်ဖာ မင်းကျောင်းသားက တကယ်ပဲ ငါ့ကျောင်းသားကိုထိရဲတယ်၊ ဒီတစ်ခါတော့ ရှင်းဖို့မလွယ်စေရ ဘူး” သူသည် ဝိဉာဉ်အသီးယူပြီး ကိုက်ကာ ရေရွတ်လိုက်သည်။

ခြံဝန်းတံခါးပွင့်လာသည်။ လူကောင်ထွားပြီး အရပ်ရှည်သော လူငယ်တစ်ယောက်ဝင်လာရာ ခုံတွင် ပျင်းရိစွာ မှီနေသော ရှုဂျင်းကိုတွေ့လိုက်ရသည်။ သူ မေးလိုက်သည် “ဆရာ ဂျူနီယာညီလေးလာနေပြီလို့ ပြော တယ်နော်၊ သူဘာလို့အခုထိမရောက်သေးတာလဲ”

“ရှောင်ရှောင် ဘာတွေလောနေတာလဲ၊ အဲကလေးက အချိန်တန်ရင်ရောက်မှာပေါ့” ရှုဂျင်းပြန်ဖြေလေ သည် “မင်းက သူ့ကိုစိတ်ပူလို့လား”

“ဆရာက ကျွန်တော့်ကို သူ့နေဖို့အတွက် စီစဉ်ခိုင်းထားလို့ သူ့ကိစ္စတွေကို ဂရုစိုက်ပေးတာပါ” ရှောင်ရှောင် ပြောလိုက်သည်။

“ခဏစောင့်လိုက် မကြာပါဘူး” ရှုဂျင် ပြောလေသည်။

“ဆရာ သူ့ကို ဝင်္ကဘာတောမှာပစ်ထားခဲ့တာလား” ပျင်းရိသော အသံတစ်သံသည် အပြင်မှ ထွက်လာ သည်။ အဖြူရောင်ဝတ်ထားသော နောက်ထပ် လူငယ်တစ်ယောက်သည် မျက်လုံးမပွင့်တပွင့်နှင့် လျှောက်လာ သည်။ ခြံဝန်းအတွင်းရှိလူများသည် သူ၏ အိပ်ချင်မူးတူးဖြစ်နေသော ပုံကို ထူးဆန်းသည်ဟု မထင်ကြတော့ပေ။ သူသည် အမြဲတမ်းဒီလိုပုံပင်။

“ကျန်းကျူးကျီ မင်းဆေးဖော်မှာလား အိပ်မှာလား ဒီကို ဘာလုပ်ဖို့အမြဲတမ်းလာနေတာလဲ” ရှုဂျင်သည် သူ၏ အကြီးဆုံးတပည့်ကိုကြည့်လိုက်သည်။ သူ့ကိုကြည့်လိုက်တိုင်းတွင် သူ့မျက်နှာကို ဖျက်ဆီးရန်အတွက် ဆေးဖော်သည့်အတိုင်းပင်။ သို့သော် အချိန်တိုင်းသည် အရင်ကထက်အနည်းငယ်ပိုဆိုးလာသည်ကို တွေ့သဖြင့် လွှတ်ထားလိုက်သည်။

“ကျွန်တော် အခုပဲဆေးဖော်ပြီးလို့ ထွက်လာတာ ဆရာပြန်လာမယ်ဆိုတာ ကြားလို့ ဆရာအဘိုးကြီးကို တွေ့ဖို့ထွက်လာတာ” ကျန်းကျူးကျီသည် သူ့မျက်နှာကိုကိုင်ပြီး ပျင်းရိစွာပြောလေသည်။ သို့သော် သူသည် ဆရာအဘိုးကြီးဆိုသည်ကို အသားပေးပြောသွားလေသည်။

“မင်းတို့အားလုံးဘာလို့ဒီရောက်နေတာလဲ အဲကလေးလာပြီလား” အနီရောင်ဝတ်ထားသော မိန်းကလေး တစ်ယောက်သည် ဝင်လာရာ သူတို့၃ယောက်ကိုတွေ့လိုက်လေသည်။ ထိုကောင်လေးသည် အလွန်ထူးခြားသော ဂျူနီယာမောင်လေးဖြစ်လိမ့်မည်ဟု သူမ တွေးထားသည်။

အနီရောင်ဝတ်ထားသော မိန်းကလေးသည် လက်ရှိတပည့် ၃ယောက်ထဲတွင် ပုံမှန်အဖြစ်ဆုံးလူဖြစ် သည်။ သူမသည် ပုံမှန်စကားပြောကာ ပုံမှန်လျှောက်လှမ်းသူဖြစ်သည်။ သူမသည် အမှန်တကယ်ပင် ပုံမှန်ဖြစ် သည်။ သို့သော် နောက်ပိုင်း သူမပြောသမျှသည် သဘာဝမကျဖြစ်လာသည်။

“ဘာလဲ လူကရော တကယ်ပဲ ငါကဖြင့် သိမ့်မွေ့တာကိုဂရုမစိုက်ပဲ ဒီကိုအပြေးလာခဲ့တာ သွားပြန်စား တော့မယ်”

“ဟန့်မြောင်ရွှမ်း မင်းစားတာထက်ဘာလုပ်တတ်သေးလဲ” ရှုဂျင်းသည် ခေါင်းကိုက်လာကာ သူ၏ ဒုတိယ တပည့်ကိုကြည့်လိုက်သည်။

ဘာလို့သူ့ကျောင်းသားတွေက အိပ်ဖို့စားဖို့ပဲသိတာလဲ။ သူ သူတို့ရဲ့ လှည့်ဖျားတာကို ဘယ်လိုခံခဲ့ရတာ လဲ။

“ဆရာ ကျွန်မက စားတာပဲမဟုတ်ဘူး ဆေးလည်းဖော်ပါတယ်၊ မသိဘူးလား အမလေး ဗိုက်ဆာလာပြီ ပြန်တော့မယ်” ဟန့်မြောင်ရွှမ်းသည် ရှုဂျင်းအားကြည့်ပြီး ထွက်သွားရန်ဟန်ပြင်လေသည်။

“ဟန့်မြောင်ရွှမ်း ဆေးဖော်တာအပြင် မင်းကအမြဲစားနေတာလေ၊ နင်ကဘာလို့ဝက်လိုဝမလာတာလဲ” ကျန်းကျူးကျီသည် ပျင်းရိနေတုန်းပင်။

“ကျန်းကျူးကျီ နင်ကလည်း ဆေးဖော်တာကလွဲပြီး အိပ်ပဲအိပ်နေတာလေ၊ ဘာလို့ဝက်လို ဝမလာတာ လဲ” ဟန့်မြောင်ရွှမ်းသည် မသွားခင်ကို လှည့်ပြီး စကားပြန်ပြောသွားလေသည်။ “သြော် ဟုတ်သားပဲ ငါတို့ ဂျူနီယာမောင်လေးလာရင် ငါ့ကိုပြောဦး၊ ဒီတစ်ခေါက် ဆရာလက်ခံလိုက်တဲ့ကလေးက ဘယ်လိုမျိုးလဲလို့ ကြည့် ချင်တယ်”

“မစိုးရိမ်နဲ့ သူက မင်းတို့လိုမဟုတ်ဘူး လုံးဝကိုပုံမှန်ပဲ” ရှုဂျင် ပြန်ပြောလေသည်။

“ကျွတ် ဆရာက ပုံမှန်လူကိုလည်း တပည့်အဖြစ်လက်ခံတာပဲလား” ဟန့်မြောင်ရွှမ်းသည် မယုံကြည် သလိုပြောပြီး နောက်ပြန်မလှည့်ပဲ ခြံဝန်းမှထွက်သွားလေသည်။

သူမ ထွက်သွားသောဘက်အားကြည့်လိုက်ရာ သူမသည် စားစရာရှာရန်သွားသည်ဆိုသည်ကို ပြောရန် ပင်မလိုပေ။

“ကျွန်တော်လည်း ပြန်သွားအိပ်လိုက်ဦးမယ်” ကျန်းကျူကျီသည် ရှုဂျင်းအားဖြတ်ပြီး အပေါ်ထပ်သို့ တက်သွားလေသည်။

ရှောင်ရှောင်တစ်ယောက်သာ သူ့ကို ရိုရိုသေသေပြောလေသည် “ဆရာကျွန်တော် အဂ္ဂိရတ်ပညာသွား လေ့ကျင့်လိုက်ဦးမယ်”

ရှုကျင်းသည် ထွက်သွားသော လူ၃ယောက်ကိုကြည့်ပြီး လက်ထဲမှ ဝိဉာဉ်အသီးကိုဆက်စားနေလေ သည်။

ဒီကောင်တွေတော့ ပျင်းခွင့်ပေးထားလိုက်ဦးမယ်၊ ယူယူရောက်လာရင် ဒီလိုတည်ငြိမ်နိုင်ဦးမလားလို့ စောင့်ကြည့်လိုက်ဦးမယ်။

ယူယူအကြောင်း စဉ်းစားမိရာ သူမလုပ်လိုက်သော အပြုအမူကိုတွေးမိလေသည်။ သူသည် လက်ထဲရှိ အသီးကို ဆက်စားချင်စိတ်မရှိတော့ပေ။ သူသည် အနောက်ကို အသီးပစ်လိုက်သော်လည်း ကျသွားသံမကြားရ ပေ။

“ဆရာ ကျွန်တော်က အခုလေးတင်ခြံဝန်းရှင်းပြီးတာ” ထွက်သွားမည်လုပ်သော ရှောင်ရှောင်သည် သူ့အနောက် သိပ်မဝေးသောနေရာတွင် ရပ်နေလေသည်။ သူသည် ရှုဂျင်းပစ်လိုက်သော အသီးကိုကိုင်ထား သည်။

ရှုဂျင်းသည် သူ၏ ပြတ်သားသော မျက်လုံးကိုတွေ့သောအခါ ခေါင်းကိုက်သွားသည်။

“ရှောင်ရှောင် မင်းကအဂ္ဂိရတ်ပညာရှင်နော် တံခါးစောင့်မဟုတ်ဘူး” ရှုဂျင်းသည် မအောင်မြင်လိုက်ခြင်း အတွက် စိတ်ကသိကအောင့်ခံစားလိုက်ရသေည်။

“သိပါတယ် ကျွန်တော်က အဂ္ဂိရတ်ပညာမှာလည်း ရေသာမခိုပါဘူး၊ စီနီယာအစ်ကိုနဲ့ အစ်မတို့ အိပ်နေ စားနေတဲ့အချိန်မှာ သန့်ရှင်းရေးလုပ်တာပါ” ရှောင်ရှောင်ပြောလိုက်သည်။

ရှုဂျင်းသည် သူ့မျက်ခုံးများကိုပွတ်လိုက်သည် “မြန်မြန်သွားတော့ မင်းကိုကြည့်ရင်းနဲ့ မျက်လုံးကိုက်လာ ပြီ”

“ဂျူနီယာညီလေးကရော”

“အနောက်ကျဆုံး မနက်ဖြန်ရောက်လာလိမ့်မယ်”

“ဒါဆို တပည့်က သူ့အတွက်အခန်းသွားပြင်ပေးလိုက်ပါမယ်”

“…”

ထိုသည်မှာ သူ့အမှားဖြစ်သည်ဟု ရှုဂျင်းခံစားမိသည်။ ဒီတပည့်တွေက ဘယ်လိုဖြစ်ပြီး သူ့အပေါ်ကို ဒီလောက် စိတ်ဝင်စားနေရတာလဲ။ မွန်းကြပ်သောစိတ်ဖြင့် ဒီနေ့ရယူယူ ရှာလိုက်သော ပြဿနာကိုရှင်းရပေ ဦးမည်။

ရှီမာယူယူသည် တင့်တယ်ခြင်းခြံဝန်းကို ထိုညတွင်ရောက်လေသည်။ ထိုခြ ံဝန်းသည် အတွင်းဂိုဏ်းတွင် အထူးခြားဆုံးဖြစ်သည်။

“ယူယူ ဒါက ဆရာရှုနဲ့ သူ့တပည့်တွေနေတဲ့နေရာပဲ၊ ငါတို့က ခြံဝန်းထဲကို ခွင့်ပြုချက်မရှိပဲဝင်လို့ မရဘူး၊ မင်းကိုဒီအထိပဲပို့လို့ရမယ်” ရှဲရုန်ပြောလိုက်သည်။

“ကျေးဇူးတင်ပါတယ်” ရှီမာယူယူသည် ရှဲရုန်အား ပြုံးပြလေသည်။

ရှဲရုန်နှင့် မာဘိုကျားတို့သည် သူမအား နှုတ်ဆက်ကာ ထွက်သွားလေသည်။ သူမသည် ခြံဝန်းအရှေ့ တွင် တစ်ယောက်တည်းရပ်ကာ အထဲဝင်မသွားပေ။ သူမ မဝင်ချင်သောကြောင့်မဟုတ်ပဲ ထိုနေရာတွင် တည်ဆောက်မှုအရိပ်အယောင်တွေ့သောကြောင့်ဖြစ်သည်။ သူမ လက်လွတ်စပယ်ဝင်သွားလိုက်ပါက ထိုနေရာ တွင် ပိတ်မိသွားနိုင်သည်။

ထိုနေရာသည် ထိန်းချုပ်ထားသောနေရာမဟုတ်ပေ။ ညဉ့်နက်နေပြီဖြစ်သော်လည်း ကျောင်းသားများ သည် ထိုနေရာမှဖြတ်သွားတုန်းပင်။ သူမ အရှေ့တွင် ရပ်နေသည်ကိုတွေ့သောအခါ သူတို့သည် ကြည့်ပြီး အဝေးသို့ထွက်သွားကြလေသည်။

“ဆရာရှုအောက်ဝင်မယ့် နောက်ထပ်ကျောင်းသားတစ်ယောက်ပဲ”

“ကြည့်လိုက်တာနဲ့ ဒီလူက ကျောင်းသားအသစ်ပဲ၊ ဆရာရှုက ကြိုက်လောက်တဲ့အရည်အချင်း သူ့မှာ မတွေ့ပါဘူး”

“အဲကျောင်းသားသစ်တွေက ပိုပိုလည်လာတယ်၊ သူတို့က ကျင့်ကြံတာကို လုံလမစိုက်ပဲ နာမည်ကြီး ဆရာအောက်ပဲသွားချင်ကြတာ”

“ကျောင်းသားအသစ်တွေလည်း ဂိုဏ်းရဲ့ စည်းမျဉ်းတွေကို သိသင့်တဲ့အချိန်ရောက်နေပြီ…”

ထိုလူများသည် စကားပြောရင်းနှင့် ဖြတ်လျှောက်သွားသော်လည်း သူတို့ပြောစကားများသည် ကြားရဆဲ ပင်ဖြစ်သည်။ သူမ ထိုနေရာတွင် ရပ်နေစဉ်တွင် ထိုစကားများကြားရလိမ့်မည်ဟု မထင်မိပေ။ အတွင်းဂိုဏ်းမှ လူများသည် ကျင့်ကြံခြင်းကိုနှစ်သက်သူများရှိသော်လည်း အတင်းပြောခြင်းကိုကြိုက်သူများလည်းရှိသည်ဟု သူမ တွေးမိသည်။

သူမ ဆက်ရပ်နေရမလား တည်ဆောက်မှုကိုဖျက်ရမလားဟု တွေးနေစဉ်မှာပင် အနောက်မှ အရိပ် တစ်ခု ပေါ်လာလေသည်။

***

All Chapters