← Chapters

လူခုနစ်ယောက် ... ။

Vol. 9 Ch. 102

လူခုနစ်ယောက် ... ။

Vol. 9 Ch. 102

“ နေပါဦး ကျားနက်ဂိုဏ်းရဲ့ အဲဒီတိရိစ္ဆာန်က ယွမ်မိသားစု ဒုတိယသခင်လေးဆီကို ဘာကိစ္စ ငါ့ယပ်တောင် ယူသွားရတာလဲ။ ”

“ အကြီးအကဲဝူ ... သူတို့ ရောက်သွားတဲ့အချိန်မှာ ဖန်ရှောင်ဖုန်းအိမ်ကို ဟွမ်မိသားစုရဲ့ ဒုတိယသခင်လေး ရောက်နေ ခဲ့တာလို့ ပြောပါတယ်။ ”

“ လု ချွမ် ... ။ ”

ဝူတန်ဟွာသည် ဘဝတစ်လျှောက်လုံး အနောက်တောင်ပိုင်းဒေသ၏ အမှောင်လောက အကြီးအကဲတစ်ဦးအဖြစ် နေထိုင်ခဲ့သည်။

သို့သော် ​ခြေတစ်လှမ်းမှားမိသည်နှင့် လုချွမ်၏ ကစားကွက်ထဲ ပြုတ်ကျသွားခဲ့ချေပြီ။

“ အကြီးအကဲဝူ ယွမ်မိသားစုရဲ့ ဒုတိယသခင်လေးက ... လူကိုယ်တိုင် လာပြီး ဒူးလာထောက်ဖို့ မှာကြားလိုက်ပါတယ်။ ”

ဝူတန်ဟွာခမျာ အသားများ တဆတ်ဆတ်တုန်လာ၏။ အဆုံးတွင် အံကြိတ်ကာ သက်ပြင်းချလျက်၊

“ ငါ့လို အဖိုးကြီးတစ်ယောက်ရဲ့ ... ဂုဏ်သိက္ခါက ဒုတိယသခင်ငယ်နဲ့ ယှဉ်ရင် ဘာမှ မဟုတ်ပါဘူး။ ”

-ဟု ညည်းတွား လိုက်တော့သည်။

“ အကြီးအကဲဝူ ... အချိန် အကန့်အသတ်ရှိပါတယ် ဆယ်ငါးမိနစ်အတွင်း သူ့ရှေ့မှာ ဒူးထောက်တာကို မြင်ချင်ပါတယ် ... ။ ”

“ တိရိစ္ဆာန်ကောင် ... မင်းဘာလို့ စကားကိုတစ်ခွန်းခြင်းပြောနေရတာလဲ သွား ... ငါ့အခန်းထဲက သော့ခတ်ထားတဲ့ သေတ္တာကို ယူလာခဲ့ ...

... ငါလဲကျရင် အတောက်တောင်ပိုင်း ဒေသက အဲဒီဝံပုလွေကောင်တွေ အားလုံးက ငါ့ကို ကိုက်သတ်ဖို့ ကြိုးစားလာကြလိမ့်မယ်။ ”

“ နားလည်ပါပြီ ... ။ ”

“ ကျန်းဝမ်ကို ပြောလိုက် ... ကျားနက်ဂိုဏ်းကို ဝင်စီးပြီး အဲဒီလုချွမ်ရဲ့ ခေါင်းကို ငါ့ဆီယူလာပေး။ ”

“ ဟုတ်ကဲ့ ... ။ ”

ထို့နောက်တွင် ဝူတန်ဟွာခမျာ တုံ့ဆိုင်းမနေဝံ့တော့ဘဲ ထွက်ခွာလာခဲ့သည်။ ကျားနက်ဂိုဏ်းသည် မည်သူ့ကို ရန်စခဲ့မှန်း တကယ် သိချင်လာချေပြီ။

နာရီဝက် အကြာတွင် စိတ်ဝိညာဉ် အေးချမ်းခြင်း စံအိမ်သို့ မြင်းတစ်စီး ဒုန်းစိုင်းပြီး ဝင်ရောက်လာသည်။

ထို့နောက် မြင်းပေါ်မှ အဖိုးကြီးက ချက်ချင်းခုန်ဆင်းကာ ခြံဝင်းထဲပြေးဝင်လာပြီး ဒူးထောက်ချလိုက်၏။

“ သခင်ငယ် ... မျက်မမြင် အဖိုးကြီး ဝူတန်ဟွာရဲ့ အပြစ်တွေကို ခံယူဖို့ ရောက်ပါပြီ။ ”

မျက်ဝန်းထောင့်မှလည်း ယွမ်လောရှီနှင့် ချောင်ဝူဟောင်ကို မြင်ပြီးနောက် မျှော်လင့်ချက် အလင်းရောင်များ လုံးဝ ကွဲအက်သွား တော့သည်။

ယွမ်လောရှီသည် ယွမ်မိသားစု၏ ပုလဲဖြစ်သည်။ ဒုတိယသခင်ငယ် ထက်ပင် တန်ဖိုးထားခံရသူ ဖြစ်၏။

ဤမြင်ကွင်းက ရှောင်ရန်ကို မှင်တတ် သွားစေခဲ့သည်။ ဝူတန်ဟွာသည် သူ့အမြင်၌ အနောက်တောင်ပိုင်း၏ ဘုရင်တပါး ဖြစ်၏။

ယခုမူ ထိတ်လန့်တုန်ယင်နေသော ခွေးအိုကြီး တစ်ကောင်မျှသာ ဖြစ်နေခဲ့သည်။ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွား၏။

ယွမ်လောယွီက လှည့်ကြည့်လိုက်ရာ ကြိမ်ကုလားထိုင်ပေါ်တွင် အိပ်ပျော်နေသော စုရီကို မြင်လိုက်ရသည်။

“ ဒုတိယသခင်လေး ... ဒီအဖိုးကြီး မှားမှန်းသိပါပြီ ရိုးသားမှုအပြည့်နဲ့ တောင်းပန် ပါတယ် ... ။ ”

သူတောင်းပန်နေစဉ် နောက်ထပ် မြင်းခွာသံကြားလိုက်ရပြီး နှစ်ပေရှည်သော ကြေးသေတ္တာကို ကိုင်ဆောင်ထားသည့် လူတစ်ယောက် ရောက်ရှိလာ၏။

ထိုလူက ခြံဝင်းအတွင်း ပြေးဝင်ကာ ကြေးသေတ္တာကို ဖွင့်လျက် ဒူးထောက်ချကာ ခေါင်းငုံ့ ထားတော့သည်။

သေတ္တာအတွင်း၌ ရှားပါးသော တတိယတန်းဝိညာဉ်ရေး ဆေးပင်များနှင့် ဘဝတစ်လျှောက် စုဆောင်းထားသည့် အဖိုးတန်ရတနာများပါရှိ၏။

“ ဒါက ... ငါ့ရဲ့ ကျေးဇူးတရားကို အသိအမှတ်ပြုတဲ့ လက်ဆောင်ပါ ... ဒုတိယ သခင်လေး မင်းစိတ်ကျေနပ်မယ်လို့ မျှော်လင့်ပါတယ်။ ”

ထိုမြင်ကွင်းကို မနီးမဝေးရှိ စားသောက်ဆိုင်အပေါ်ထပ်တွင် လုချွမ်မှ ဝိုင်သောက်လျက် ကြည့်နေခဲ့သည်။

“ ပြီးသွားပြီ ... အဲဒီအဘိုးကြီးရဲ့ စိတ်နေစိတ်ထားအရ ... ငါ့ကို သေတဲ့အထိ မုန်းသွားလိမ့်မယ်။ ”

သူ့အတွေးများ၌ ဝူတန်ဟွာတစ်ယောက် ပြန်လည်တိုက်ခိုက်မည်ဟု မျှော်လင့်ထားချေရာ ဤမြင်ကွင်းက သူ့ကို‌နောင်တရစေ၏။ ထို့နောက် ဝိုင်ခွက်ကို ပြန်ချပြီး၊

“ တိမ်မြစ်စီရင်စုမှာ မနေနိုင်တော့ဘူး ... ငါတို့ထွက်သွားရမယ် ... တတ်နိုင်သမျှ မြန်မြန် ... ။ ”

-ဟု ဆိုလိုက်တော့သည်။

“ နေပါဦး ဘာလို့ အလျင်လိုနေရတာလဲ။ ”

ရုတ်တရက် အေးစက်သော အသွင်ဖြင့် လူစိမ်းတစ်ယောက် အခန်းထဲ လှမ်းဝင်လာ တော့သည်။

“ ကျန်းဝမ် ... ။ ”

ဤသည်မှာ ဝူတန်ဟွာ၏ ကြေးစား လူသတ်သမား ဖြစ်ချေပြီ။ လုချွမ်း ကမ္ဘာကြီး တစ်ခုလုံး ချက်ချင်း အမှောင်ကျသွား‌တော့၏။

ထိုအချိန်တွင် ယွမ်လောယွီက ဒူးထောက်နေသော ဝူတန်ဟွာကို မျက်နှာလွှဲပြီး စုရီထံ လှည့်ကြည့်လိုက်ပြန်၏။

“ သခင်လေးစု ... ဒီပြဿနာကို ဘယ်လို ဖြေရှင်းသင့်လဲ။ ”

စုရီမှ မျက်လုံး ဖွင့်ကြည့်လာသည်။ ထို့ကြောင့် ကြိမ်ကုလားထိုင်ပေါ်မှ လူငယ်သည် အဓိကဇာတ်ဆောင်မှန်း ဝူတန်ဟွာခမျာ သိရှိလိုက်‌တော့၏။

စုရီက ရှောင်ရန်ကို လှည့်ကြည့်သည်။

“ ရှောင်ရန်၊ ငါတို့ ဒီပြဿနာကို ဘယ်လို ဖြေရှင်းသင့်တယ်ထင်လဲ။ ”

ရှောင်ရန်မှ ထိတ်လန့်သွား၏၊ သို့တိုင် အနည်းငယ် တွေးတောဟန်ဖြင့်၊

“ အစ်ကိုကြီး ... တကယ်က ငါ့ကိုဖမ်းတာ ကျားနက်ဂိုဏ်းပါ လက်စားချေချင်ရင် သူတို့ကို သေချာပေါက် ရှာမိလိမ့်မယ်။ ”

-ဟု ပြန်လည် ဖြေကြားလာ၏။

ဤအခိုက်တွင် ဝူတန်ဟွာတစ်ယောက် ချက်ချင်း စိတ်သက်သာရာရသွားပြီး ... ၊

“ စိတ်ချပါ ... စိတ်ချပါ ... ဒီနေ့ပဲ ကျားနက်ဂိုဏ်းကို တိမ်မြစ်စီရင်စုကနေ အပြီး ဖယ်ရှားပေးပါ့မယ်။ ”

-ဟု ကတိပေးလိုက်တော့သည်။

ထိုစဉ် အရပ်ရှည်ရှည် ပိန်ပိန်ပါးပါးနှင့် လူတစ်ယောက် ဝူတန်ဟွာထံ လျှောက်လှမ်း လာခဲ့ပြီး

“ အကြီးအကဲဝူ ဒီမှာပါ ... ။ ”

-ဆိုလျက် လုချွမ်နှင့် သူ့တပည့်၏ ဦးခေါင်းကို မြေကြီးပေါ်ပစ်ချလိုက်တော့သည်။

“ ဒုတိယသခင်လေး ငါရိုးသားပါ့မယ် တကယ်တော့ ဒီလူယုတ်မာရဲ့ ချောက်ချတာကို ခံရတာပါ ... ဒီအဖိုးကြီးက ပြဿနာကို အေးအေးဆေးဆေး ဖြေရှင်းလိုပါတယ် ...

... ဒါပေမယ့် ... ကျားနက်ဂိုဏ်းက ဒီအဖိုးကြီးနာမည်နဲ့ သခင်လေးတို့ အားလုံးကို စော်ကားခဲ့လိမ့်မယ်လို့ ... ဘယ်တုန်းကမှ မထင်ထားခဲ့ပါဘူး။ ”

သူ့စကားကြောင့် ယွမ်လောရှီက ရွံရှာဖွယ် နှာခေါင်းရှုံ့သည်။ ယွမ်လောယွီက အေးစက်စွာ အော်ဟစ်လိုက်၏။

“ ဟမ့် ... ရယ်စရာကောင်းလိုက်တာ မင်း ဒီကိစ္စကို မပါဝင်ချင်ရင် ဒီအထိရောက်လာစရာ အကြောင်းမရှိပါဘူး။ ”

“ ဒုတိယအစ်ကို ... သူ့ကိုချက်ချင်း ထွက်သွားခိုင်းပါ ဆရာစုအတွက် အနှောက် အယှက် မဖြစ်ပါစေနဲ့။ ”

လုချွမ်၏ ဦးခေါင်းကိုကြည့်ပြီး ယွမ်လောရှီက ပျို့အန်ချင်လာသောကြောင့် သူမအစ်ကိုထံ ပြောကြားလိုက်ရသည်။

“ မင်းမကြားဘူးလား၊ ဒီက ထွက်သွားစမ်း။ ”

“ ကျေးဇူးတင်ပါတယ် ... ဒုတိယသခင်လေး ကျေးဇူးတင်ပါတယ် ငါအခုပဲ ထွက်သွားပါ့မယ်။ ”

ဝူတန်ဟွာက စိတ်သက်သာရာရသွားပြီး ချက်ချင်းထရပ်လိုက်ကာ သူ့လူများနှင့်အတူ ပြေးထွက်သွားတော့၏။

ဟွမ်ချမ့်ကျွယ်မှ လှမ်းတက်လျက် ကြေးသေတ္တာထံ ငုံ့ကြည့်ကာ၊

“ ဒီမြေခွေးအိုကြီးက ဆူဖြိုးတဲ့ သိုးတစ်ကောင် ဖြစ်နေတာပဲ။ ”

-ဟု မှတ်ချက်ပေးလိုက်သည်။

ကြေးသေတ္တာအတွင်း၌ အဆင့်(၃) ဝိညာဉ်ဆေးပင်(၃)ပင်၊ အဆင့်(၂) ဝိညာဉ်ရေး ဆေးပင် (၁၀)ပင်နှင့် အခြားရတနာ (၁၀)မျိုးကျော် ပါရှိသည်။

“ ဆရာစု ... ငါတို့ကို ပြန်ခွင့်ပြုပါဦး။ ”

ယွမ်လောရှီက နှုတ်ဆက်လိုက်သည်။ ဆရာစုသည် အနည်းငယ် စိတ်ပျက်နေခဲ့ပြီး စကားမပြောချင်တော့သည်ကို သူမ သတိပြုမိ၏။

“ ခဏနေဦး။ ”

စုရီက ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားပြီး စာရွက်ဖြူတစ်ရွက်ပေါ်တွင် နာမည်များ ရေးသားလိုက်သည်။

“ သူတို့ကို ... မနက်ဖြန်ည စည်းစိမ်ချမ်းသာစံအိမ်မှာ ညစာစားဖို့ ဖိတ်ပေး ပါ။ ”

ယွမ်လောရှီက ဖတ်ကြည့်ခြင်း မပြုတော့ဘဲ၊

“ စိတ်ချပါ ဆရာစု ... ။ ”

-ဟု သဘောတူကာ စာရွက်ကို လက်ခံယူလိုက်၏။

“ ဒီကိစ္စမှာ မင်းရဲ့ယွမ်မိသားစု ပတ်သတ်စရာမလိုဘူး ... သူတို့ကို ဖိတ်ကြား ပေးရုံပဲ၊။ ”

“ နားလည်ပါပြီ။ ”

ယွမ်လောယွီ၊ ယွမ်လောရှီနှင့် ချောင်ဝူဟောင်တို့က နှုတ်ဆက်ပြီး ထွက်ခွာ သွားကြတော့သည်။ လမ်းတွင်၊

“ ဒီနေ့ ... ဖြစ်ပျက်တာတွေကို အဖေ့ကို ပြန်မပြောနဲ့ ... ။ ”

-ဟု ယွမ်လောရှီက သတိပေးလိုက်၏။

“ ဘာလို့လဲ ... ။ ”

ယွမ်လောယွီတစ်ယောက် အံ့အားသင့်သွားသည်။ ချောင်ဝုဟောင်က ပြုံးလျက်၊

“ ဆရာစုက အေးအေးဆေးဆေး နေရတာကြိုက်တယ် ... သခင်ကြီးသာသိခဲ့ရင် ဆရာစုကို သေချာပေါက် သံသယဝင်လာပြီး ... စုံစမ်းမှုတွေ ပြုလုပ်လာလိမ့်မယ် ... ဒါက ဆရာစုအတွက် အနှောက်အယှက် ဖြစ်လာနိုင်တယ်။ ”

“ ကောင်းပြီ၊ ဒါကို လျှို့ဝှက်ထားမယ်လို့ ကတိပေးတယ် ဒါပေမယ့် ငါတို့အဖေရဲ့ နားတွေ မျက်စိတွေအောက်မှာ အကြာကြီး လျှို့ဝှက်လို့ မရမှာကို ငါကြောက်မိတယ်။ ”

“ တတ်နိုင်သမျှ လျှို့ဝှက်ထားရုံပဲ ကျန်တာတွေမတွေးနဲ့ ... ။ ”

“ ကောင်းပြီ ... ဒါနဲ့ သခင်လေးစုအကြောင်း ငါ့ကိုပြောပြဖို့ သင့်ပြီမဟုတ်လား။ ”

ယနေ့ အဖြစ်အပျက်သည် သူ့အတွက် ကြီးမားသော ထိုးနှက်ချက်ဖြစ်ပြီး ပို၍သတိရှိ လာစေ၏။

“ ဒုတိယသခင်လေး ဆရာစုက ဒီကမ္ဘာကြီးမှာရှိတဲ့ မြေကြီးအဆင့်ကျွမ်းကျင်သူ လက်တစ်ဆုပ်စာထဲက တစ်ယောက်ပဲ၊ ငါချဲ့ကား ပြောနေတာမဟုတ်ဘူး။ ”

ထို့နောက်တွင် ချောင်ဝူဟောင်က ဖြစ်စဉ်များကို ပြန်လည်ပြောကြားလိုက်၏။ မဟာသခင်များ သတ်ပစ်ခဲ့သည့် အကြောင်း အရာကို ကြားသောအခါ အနည်းငယ် သက်သာရာ ရသွားလေသည်။

“ ဒီအဖြစ်အပျက်က ငါတို့အစ်ကိုကြီးကို အမှတ်ရစေတယ် ... သူက ငါတို့ယွမ်မိသားစုမှာ အရည်အချင်းအရှိဆုံး ပါရမီရှင်တစ်ယောက်ပဲ ... အခု သူအိမ်က ထွက်သွားတာ နှစ်နှစ်ရှိပြီ ဘယ်လိုနေလဲ သိချင်ဘိ။ ”

ယွမ်လောယွီက ညည်းတွား လိုက်တော့သည်။ သူတို့အစ်ကိုကြီးအမည်မှာ ယွမ်လော့ရှင်းဖြစ်၏။

ထူးကဲသော ပါရမီကြောင့် (၁၄)နှစ် အရွယ်တွင် ကောင်ကင်မူလ အကယ်ဒမီ၌ လေ့ကျင့်ခွင့်ရခဲ့သည်။

အသက် ဆယ့်ခုနစ်နှစ်အရွယ်တွင် ကျောက်စိမ်းမြို့တော်သို့ ခရီးထွက်သွားသည်မှာ ယနေ့ဆို နှစ်နှစ်ကြာခဲ့ပြီ ဖြစ်၏။

“ အစ်ကိုကြီးက ... ထက်မြက်ပါတယ် စိတ်မပူနဲ့ သူအဆင်ပြေလိမ့်မယ်။ ”

ယွမ်လောရှီက သူမအစ်ကိုကြီးကို လွန်းဆွတ်ဟန်ဖြင့်ပြုံးပြီး ပြောကြားလိုက်၏။ ထိုနောက် စုရီပေးထားသည့် စာရွက်ကို ချောင်ဝူဟောင်ထံ ပေးအပ်သည်။

“ ဦးလေးဟောင် ... ဒီလူခုနစ်ယောက်ကို သိလား ... ။ ”

ချောင်ဝူဟောင်က အမည်စာရင်းကို ဖတ်ကြည့်ကာ မျက်မှောင်ကြုတ်လိုက်တော့၏။ ဤသည်မှာ မြစ်ပြာဓားစံအိမ်၏ အတွင်းတပည့် အမည်များ ဖြစ်လေသည်။

“ မိန်းကလေးယွမ် ဒါက ... မြစ်ပြာဓားစံအိမ်ရဲ့ အတွင်းတပည့်တွေ စာရင်းပဲ ငါသာမမှားရင် ဆရာစု လက်စားချေမို့ဖြစ်မယ်။ ”

ထို့နောက် သုံးယောက်သား အတွေးကိုယ်စီဖြင့် ငြိမ်သက်သွားတော့သည်။ ယွမ်လောယွီက ခေါင်းညိတ်လိုက်ပြီး၊

“ ဒါက အဓိပ္ပါယ်ရှိတယ်၊ ဆရာစု ခွန်အားနဲ့ လက်စားချေမှာ သဘာဝပါပဲ။ ”

-ဟု မှတ်ချက်ပေးတော့၏။

စံအိမ်သို့ ပြန်ရောက်သည်နှင့် ယုံကြည်ရသော အစေခံတစ်ဦးကို ခေါ်ယူကာ ထိုလူငယ်များထံ ဖိတ်စာများ ပေးပို့စေခဲ့၏။

ထိုညနေခင်းမှာပင် ဟွမ်ချမ့်ကျွယ်နှင့် စုရီတို့သည် ရေခဲသံစိမ်း ဆယ်ကီလိုဂရမ်ဖြင့် ဓားတစ်လက် သွန်းလုပ်ရန် နာမည်ကြီး ပန်းပဲရုံထံသို့ ဦးတည်သွားတော့သည်။

***

All Chapters