မမျှော်လင့်ထားသော ဧည့်သည်။
Vol. 9 Ch. 107
ယခင် ဖြစ်စဉ်အရ နျန်းယွင်မိသားစုနှင့် ယန်မိသားစုတို့သည် စည်စိမ်းချမ်းသာစံအိမ်သို့ ဖြေရှင်းချက်တောင်းခဲ့ဖူးသည်။
ကံကောင်းထောက်မစွာဖြင့် အင်ပါယာစီရင်စုသခင် မုကျန်းတန်အမည်သည် အလုပ် ဖြစ်ခဲ့၏။
“ တစ်ယောက်ယောက် လာစမ်း ... တောင်နဲ့မြစ်နန်းတော်ကို ဝိုင်ကောင်းတစ်အိုးနဲ့ အရသာရှိတဲ့ ဟင်းလျာတွေ ပို့ပေးပါ နည်းနည်းလေးမှ လစ်လျူ မရှုမိစေနဲ့။ ”
တစ်ချက်ကြည့်ရုံဖြင့် စုရီ ဖိတ်ကြားထားသော လူခုနစ်ယောက်တွင် ခေါင်းကိုက်ဖွယ် နောက်ခံများ ပိုင်ဆိုင်ကြောင်း သိရှိနိုင်၏။
“ ဖြစ်နိုင်ရင် ဒီဘဝမှာ ... ငါတို့တွေ မိတ်ဆွေ မဖြစ်ချင်တော့ဘူး ဆရာစု။ ”
နာကြည်းမှုများဖြင့် ညည်းတွားမိစဉ် ရွှေရောင်ဝတ်စုံဖြင့် လူငယ်တစ်ယောက် လှမ်းဝင်လာသည်ကို မြင်လိုက်ရ၏။
၎င်းလူငယ်မှ မာနကြီးသော အသွင်အပြင်ဖြင့် အစေခံကို၊
“ ဒီညပွဲအတွက် ငါရောက်လာပြီ ... ဘယ်သူက ငါ့ကို တ်တာလဲ မင်းတို့သိလား။ ”
-ဟု မေးမြန်းလိုက်၏။
ဤသည်မှာ မြစ်ပြာဓားစံအိမ်၏ အတွင်းတပည့် ချင်ယွင်ကျန်း ဖြစ်လေသည်။ အစေခံမှ ပြန်မဖြေနိုင်သဖြင့် စွေ့ယွင်က လှုပ်တုပ်လှုပ်တုပ် လှမ်းထွက်ခဲ့ပြီး၊
“ သခင်လေးချင် ... မင်းတစ်ယောက်တည်းလား။ ”
-ဟု မေးမြန်းလိုက်တော့၏။
စွေ့ယွင်မှ အထူးတလည် ခရီးဦးကြိုပြုလာသဖြင့် ချင်ယွင်ကျန်းအသွင်မှာ အနေခက်လျက် ဝင့်ကြွားသော အမူအရာများ ဝင်ရောက်လာသည်။
“ ဟုတ်ပါတယ် မိန်းကလေးယွင်။ ”
“ ဒါဆို ခဏထိုင်စောင့်ပါဦး ... ဒီည ဖိတ်ကြားထားတာက နောက်ထပ် လူအချို့ ရှိပါသေးတယ်။ ”
ချင်ယွင်ကျန်းက မျက်ခုံးပင့်လိုက်သည်။ စွေ့ယွင်သည် ယနေ့ဧည့်သည်အပေါ် များစွာ လေးစားနေချေ၏။
“ ခွင့်လွှတ်ပါ မိန်းကလေးယွင် ... ဒီညပွဲရဲ့အိမ်ရှင်က ဘယ်သူလဲလို့ မေးလို့ ရမလား။ ”
“ စိတ်မပူပါနဲ့၊ ငါတို့တွေ့တဲ့အခါ မင်းသိပါလိမ့်မယ်။ ”
“ ဒီမှာ ဘယ်သူက ငါ့ကို ဖိတ်ထားတာလဲ။ ”
ရုတ်တရက် အနက်ရောင်ဝတ်ရုံနှင့် လူတစ်ယောက် ဝင်ရောက်လာ၏။ နဂါးနှင့် ကျားပုံကို ရွှေချည်များ ထိုးထားသည်။
“ အစ်ကိုဟွာ ... ။ ”
ချင်ယွင်ကျန်မှ အံ့အားသင့်သွားပြီး စွေ့ယွင်ထံ ပြန်ကြည့်သည်။ စွေ့ယွင်က ခေါင်းညိတ်ပြကာ၊
“ သခင်လေးဟွာ ဒီမှာ ခဏထိုင်ပါဦး ... ငါတို့လူနည်းနည်း ထပ်စောင့်ရမယ်။ ”
-ဟု နေရာချပေးလိုက်သည်။
ဟွာလုံက စွေ့ယွင်ကို လေဘကြီးစွာ စိုက်ကြည့်ပြီး ခေါင်းညိတ်၏။ သူ့အိပ်ရာဝင် နတ်သမီးသည် ဤအမျိုးသမီးဖြစ်သည်။
“ အစ်ကိုချင်း၊ မင်းလည်း ဒီပွဲအတွက်လား။ ”
“ မှန်တယ်။ ”
စွေ့ယွင်၏ နောက်ပိုင်းအလှကို ငေးကြည့်နေရာမှ သတိဝင်ပြီး ချင်ယွင်ကျန်းထံ လှည့်မေးလိုက်၏။
“ ငါတို့ကို ဘယ်သူဖိတ်ကြားတာလဲ သိလား။ ”
“ မသိဘူး အခြားလူတွေကို စောင့်ပြီး လူစုံရင် သိရမှာပါ။ ”
နှစ်ယောက်သား စကားစမြည်များ ပြောကြားနေစဉ် စွေ့ယွင်မှ ကောင်တာစားပွဲထံ ပြန်လျှောက်သွားပြီ ဖြစ်သည်။
“ ဒါနဲ့ ... အစ်ကိုဟွာ ဟိုတစ်လောက တောင်မြစ်နန်းတော်မှာ နျန်းယွင်နဲ့ ယန်ချောင် အသတ်ခံလိုက်ရတာ ကြားသေးလား။ ”
“ ငါသိတယ် ... အင်ပါယာစီရင်စုသခင် မုကျန်းတန်ကို စော်ကားမိခဲ့တယ် ကြားတယ်။ ”
“ ဟား ဟား ဟား ... ဒီကောင်တွေက မာနကြီးလွန်းတယ် ... သူတို့က တောင်မြစ် နန်းတော်ကို ဘယ်လိုများ သွားဝံ့တာလဲ။ ”
နှစ်ယောက်သား စကားစမြည်များ ပြောကြားနေစဉ် ကျန်းရှောင်လင်၊ ကျန့်ဖန်တုံ၊ လျူယင်၊ ယန်ချီနှင့် ချူလိမ်ဟန်တို့ ထပ်မံ ရောက်ရှိလာ၏။
သူတို့အားလုံးသည် မြစ်ပြာဓားစံအိမ်၏ အတွင်းတပည့်များဖြစ်ပြီး လျူယင်သည်သာ တစ်ဦးတည်းသော အမျိုးသမီးဖြစ်၏။
လူတိုင်းက အချင်းချင်းပြန်ကြည့်ကာ စိတ်လှုပ်ရှားဖွယ်ရာ မျှော်လင့်ချက်များဖြင့် စောင့်ဆိုင်းနေတော့သည်။
ထိုမြင်ကွင်းကို ကြည့်ပြီး စွေ့ယွင်မှ ကူကယ်ရာမဲ့နေခဲ့၏။ အဆုံးတွင် တောင်မြစ် နန်းတော်ဆီသို့ ဦးဆောင်ကာ လိုက်ပါ ပို့ဆောင်ရန် ထရပ်လိုက်မိသည်။
“ အစ်ကိုဟွာ ... မင်းတို့ ဒီမှာ ဘာလုပ်နေကြတာလဲ။ ”
ရုတ်တရက် လူသုံးယောက် လှမ်းဝင်လာသည်။ ဤသည်မှာ နီဟောင်၊ နန်းယင်နှင့် ကျောက်ဟိုင်ချွယ် ဖြစ်၏။
“ အကြီးအကဲကျောက် ... မင်းဘယ်တုန်းက ပြန်ရောက်တာလဲ။ ”
စွေ့ယွင်က ထိတ်လန့်လာသည်။
“ ငါ အခုပဲ ပြန်ရောက်တာ ... မိန်းကလေးယွင်။ ”
ကျောက်ဟိုင်ချွယ်မှ ပြန်ဖြေလျက် ချင်ယွင်ကျန်းတို့ ခုနစ်ယောက်ထံ တစ်ချက် ကြည့်လိုက်ပြီး၊
“ မင်းတို့ ဘာလုပ်နေတာလဲ။ ”
-ဟု မေးမြန်းလိုက်၏။
စွေ့ယွင်တစ်ယောက် မျက်ဝန်းများ မှေးစင်းသွားကာ တိတ်တဆိတ် သွားလေသည်။ ချင်ယွင်ကျန်းက စွေ့ယွင်ထံကြည့်ကာ၊
“ အကြီးအကဲကျောက် ... ငါတို့ကို ဒီမှာ တစ်ယောက်ယောက်က ဖိတ်ကြားထားတာပါ။ ”
-ဟု ပြန်ဖြေလိုက်သည်။ ထို့နောက် လျှို့ဝှက်ဆန်းကြယ်သော ဖိတ်ကြားခဲ့သူ အကြောင်း ပြောပြလိုက်၏။
ဤစကားကို ကြားပြီးနောက် ထူးဆန်းနေသဖြင့် အကြီးအကဲကျောက်က စွေ့ယွင်ထံ လှည့်ကြည့်ပြီး၊
“ မိန်းကလေးယွင် ... ဒီပွဲရဲ့ အိမ်ရှင်က ငါ့မြစ်ပြာဓားစံအိမ်က ဖြစ်နိုင်မလား။ ”
-ဟု တိုက်ရိုက် မေးမြန်းလိုက်၏။
“ မှန်ပါတယ်။ ”
“ သိုင်းဦးလေး ငါတို့လည်း လိုက်ကြည့်ရအောင်။ ”
နန်းယင်မှ အကြံပြုသည်။ ထို့ကြောင့် လူတိုင်းက စွေ့ယွင်ထံ ကြည့်လိုက်ကြတော့၏။ စွေ့ယွင်ခမျာ အနည်းငယ်တုန့်ဆိုင်းနေပြီး အဆုံးတွင် ခေါင်းညိတ်လိုက်ရသည်။
“ ကောင်းပြီ ... တောင်မြစ်နန်းတော်ကို အခုပဲ သွားရအောင်။ ”
“ ဘာလဲ တောင်မြစ်နန်းတော်လား။ ”
နီဟောင်တစ်ယောက် တုန်လှုပ်သွား၏။ တောင်နှင့်မြစ်နန်းတော်ဟူသည် သာမန်လူများ တက်ရောက်ခွင့် မရှိချေ။
ထိုမြင်ကွင်းကို သီးသန့်ခန်းတစ်ခန်းမှ စောင့်ကြည့်နေသော ချောင်ဝူဟောင်က စိုးရိမ် သွားလေသည်။
“ ဒီအဖိုးကြီးကျောက်ဟိုင်ချွယ်နဲ့ ... ငါကချီသန့်စင်ခြင်းမှာ ပိတ်မိနေတာကြာပြီ ဒါပေမယ့် သူက ဓားသမား ဖြစ်တာမို့ မဟာသခင် ဒုတိယအဆင့် ခွန်အားမျိုး ပိုင်ဆိုင်ထားတယ်။ ”
“ ဦးလေးဟောင် စိတ်မပူနဲ့ ဆရာစုကို မယှဉ်နိုင်ပါဘူး။ ”
အခန်းထဲရှိ ယွမ်လောရှီနှင့် ယွမ်လောယွီက ဝင်ပြောသည်။
“ ဟုတ်ပါတယ် ... ကျောက်ဟိုင်ချွယ်ရဲ့ ခွန်အားက ဆရာစုအတွက် ပြဿနာ မဟုတ်ဘူး ဆိုပေမယ့် သူရာထူးက အတွင်းအကြီးအကဲပဲ မြစ်ပြာဓားစံအိမ်ကို ကိုယ်စားပြုတယ်။ ”
“ ဒါဆို ငါတို့ ဘာလုပ်သင့်လဲ။ ”
ယွမ်လောရှီက စိုးရိမ်သွား၏။
“ ဘာကိုကြောက်နေရမှာလဲ ဆရာစုက ကောင်းကင်ကြီး ပြိုကျလာရင်တောင် သူ့ဓားနဲ့ ဖယ်ရှားနိုင်ပါတယ်။ ”
“ ဒုတိယသခင်လေး ဒီအရာတွေက မြင်သလောက် မရိုးရှင်းပါဘူး အကြင်နာမဲ့တဲ့ မြေခွေးကြီးချင်ဝမ်ယွမ်လည်း ရှိသေးတယ်။ ”
ရုတ်တရက် သီးသန့်ခန်းတစ်ခုလုံး တိတ်ဆိတ်သွားလေသည်။ စီရင်စုသခင်သည် သေချာပေါက် လက်စားချေပေမည်။
***
တိမ်မြစ် စီရင်စုစံအိမ်။
“ သခင်၊ ဒီလူငယ်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ရလာပါပြီ ကျေးဇူးပြုပြီး ကြည့်ပေးပါ။ ”
အနက်ဝတ် အဖိုးအိုက စာလိပ်ကို လွှဲပြောင်း ပေးလိုက်သည်။ စုရီဟူသည် မြစ်ပြာဓားစံအိမ်၏ စွန့်ပစ်ထားသည့် တပည့်ဟောင်း ဖြစ်ကြောင်း ဦးစွာဖော်ပြထား၏။
အဆုံးတွင် ချင်းဖန်ကို သတ်ရန် ကြိုးစားမှုနှင့် အဆုံးသတ်ချေပြီ။ ချင်းဝမ်ယွမ်၏ မျက်ဝန်းများ မှေးစင်းသွား၏။
“ သခင်ကြီး ... အဲဒီကောင်လေး ဒီညစည်းစိမ်ချမ်းသာစံအိမ်ကို သွားတာ မြင်လိုက်ပါတယ်။ ”
“ ဟမ့် ဘာကိစ္စလဲ။ ”
“ မသိပါဘူး။ ”
“ ဆက်စုံစမ်းပါ... အသေးစိတ် အချက်အလက်တွေ လုံးဝ မလွတ်စေနဲ့... အခုမင်းယူလာတဲ့ အကြောင်းအရာတွေက ယျေဘူယျဆန်နေတယ်။ ”
“ ဟုတ်ကဲ့ သခင်ကြီး ... တစ်ခုတော့ ရှိပါတယ် ကျားနက်ဂိုဏ်းကိစ္စမှာ ဝူတန်ဟွာက လုချွမ်ခေါင်းကို ဖြတ်ပြီး စုရီဆီသွားခဲ့တယ် တကယ်တော့ လုချွမ်နဲ့ ဝူတန်ဟွာက ဘာပြဿနာမှ မရှိပါဘူး။ ”
“ မင်းပြောချင်တာက ... ဝူတန်ဟွာတစ်ယောက် စုရီနဲ့ ပါတ်သတ် နိုင်တယ်လို့ ယူဆရမှာလား။ ”
“ ဟုတ်ပါတယ်။ ”
“ ကောင်းပြီ သူနဲ့တွေ့ပါ ... မရိုးမသားလုပ်ဝံ့ရင် သူ့ကို ချက်ချင်းသတ်ပစ်ခဲ့ သူက ကြွက်တစ်ကောင်ထက်မပိုဘူး။ ”
ထို့နောက် ချင်းဝမ်ယွမ်က တိတ်ဆိတ်သွားပြီး၊
“ အချက်အလက်တွေက တကယ့်ကို နည်းပါးလွန်းတယ် အားလုံးက အပေါ်ယံတွေ ချည်းပဲ ... ဒီကောင်လေးရဲ့ နောက်ခံက ရှင်းရှင်းလေးတော့ မဟုတ်နိုင်ဘူး ...
... ဆက်စုံစမ်းပါ လိုအပ်ရင် ... ဒီကောင်လေးရဲ့ ပတ်ဝန်းကျင်က လူတွေနဲ့ စတင်နိုင်တယ်။ ”
အဆုံးတွင် ဖန်မောင်နှစ်မကို အနက်ဝတ် အဖိုအိုက မြင်ယောင်လာပြီး ပြန်မော့ကြည့်၏။ ချင်းဝမ်ယွမ်က သူ့ကိုခေါင်းညိတ်ပြကာ၊
“ သူတို့က ပြည်သူတွေမို့ ... ငါမှန်းသိလို့မရဘူး မင်းနားလည်လား။ ”
“ နားလည်ပါပြီ။ ”
ထို့နောက် အနက်ဝတ် အဖိုးအိုက ထွက်ခွာသွား တော့သည်။ ချင်ဝမ်ယွမ်ခမျာ ကုလားထိုင်ပေါ် ကျောမီချလိုက်ပြီး ငြိမ်သက်သွားတော့၏။
“ ကောင်လေး ... မင်းဘယ်သူလဲ ... တိမ်မြစ်စီရင်စုမြို့တော်မှာ မင်းဘာလုပ်ချင် နေတာလဲ။ ”
***
စွေ့ယွင်က အဖွဲ့ကို ဦးဆောင်လျက် တောင်မြစ်နန်းတော်ရှေ့တွင် ရပ်လိုက်သည်။ နန်းယင်၊ နီဟောင်နှင့် အခြားသူများမှာ သိချင်စိတ်ကို ဖုံးဖိနေရ၏။
ကျောက်ဟိုင်ချွယ်သာလျှင် တည်ငြိမ်သော အမူအရာရှိသည်။ သို့သော် နှလုံးသား တစ်ခုလုံး လေးလံနေ၏။
“ ခဏစောင့်ပါဦး ... ငါသွားပြီးတော့ အကြောင်းကြားလိုက်ဦးမယ်။ ”
စွေ့ယွင်က အခန်းတံခါးကို ဖွင့်ဟကာ ဝင်ရောက်သွားပြီးနောက် ချက်ချင်း ပြန်ပိတ် လိုက်တော့သည်။
“ ဒီလူက ဘယ်လောက်တောင် ကြီးကျယ်ခမ်းနားနေလဲ မိန်းကလေးစွေ့ယွင် ကိုယ်တိုင်တောင် သတင်းပို့နေရတယ်။ ”
နန်းယင်က မှတ်ချက်ပေးလိုက်သည်။ ထိုသို့ပြောပြီးနောက် သူမကိုယ်သူမ ပြသရန် ပြင်ဆင်ထားလိုက်၏။
“ ကျွီ ... ။ ”
များမကြာခင် တံခါးပွင့်လာပြီး၊
“ ကျေးဇူးပြုပြီး ဝင်လာခဲ့ပါ။ ”
-ဟု ပြောကြားကာ စွေ့ယွင်မှ တံခါးဖွင့်ပေးလိုက်သည်။ ပြီးနောက်ချက်ချင်း ထွက်ခွာသွားတော့၏။
ကျောက်ဟိုင်ချွယ်က တံခါးမှလှမ်းဝင်ကာ နှုတ်ဆက်စကားပြောရန် ပြင်လိုက်စဉ် စုရီကို မြင်ပြီး စကားလုံးများ ပျောက်ဆုံးသွားသည်။
“ စုရီ ... မင်းလား။ ”
နီဟောင်နှင့် နန်းယင်က အပေါက်ဝကို ခေါင်းပြူကြည့်ကာ အံ့သြသွား၏။ စုရီဟူသော အမည်ကြောင့် ကျန်သူများမှလည်း တိုးဝင် ချောင်းကြည့်လိုက်ကြသည်။
“ ဦးလေးကျောက် မင်းရောက်လာ လိမ့်မယ်လို့ ငါတကယ် မမျှော်လင့်ထားဘူး လာ ... ထိုင်ပါ။ ”
လူတိုင်းလှမ်းဝင်လာပြီး ထိုင်ခုံများတွင် ထိုင်လိုက်ကြ၏။ စွဲမက်ဖွယ်ဟင်းလျာများကို စုရီမှ အရသာခံ စားသောက်နေသည်။
သူ့ဘေးတွင် ဟွမ်ချမ့်ကျွယ်ထိုင်လျက် ဝိုင်ငှဲ့ပေးနေ၏။
“ ဘာလို့ အခန်းက အေးနေရတာလဲ။ ”
နန်းယင်မှ ညည်းတွားလျက် ဝိုင်အိုးကို လှမ်းကြည့်ကာ ရေငတ်သွား၏။ သို့သော် စုရီမှ သူတို့အားလုံးကို လျစ်လျူရှုထားလေသည်။
***