← Chapters

ဒီညဟာ မနက်ဖြန်အတွက် အတိတ်ပဲ။

Vol. 9 Ch. 108

ဒီညဟာ မနက်ဖြန်အတွက် အတိတ်ပဲ။

Vol. 9 Ch. 108

ဤလူငယ်သည် စွန့်ပစ်ထားသော တပည့်တစ်ဦးဖြစ်သည်။ တောင်မြစ်နန်းတော်၌ အထူးဧည့်သည်တော်အဖြစ် ဇိမ်ယူနေသည်မှာ မနာလိုဖွယ်ပေပင်။

“ ဒီဖိတ်ကြားချက်မှာ တစ်ခုခု မှားနေပြီဆိုတာ ငါနားလည်ထားပြီးသားပါ ဒါပေမယ့် တကယ်ဖြစ်လိမ့်မယ်လို့ မထင်ခဲ့မိဘူး။ ”

“ ဒါပေမယ့် ငါ နားမလည်ဘူး၊ မင်းရဲ့ ကျင့်ကြံမှုဆုံးရှုံးပြီး ဂိုဏ်းကနှင်ထုတ်ခံရတဲ့ အသုံးမဝင်တဲ့ လူတစ်ယောက်က ဘာလို့ ငါတို့ကို ဖိတ်ကြားတာလဲ။ ”

“ အဟမ်း ... အဟမ်း ... ။ ”

ကျောက်ဟိုင်ချွယ်မှ ချောင်းဟန့်သံပေးလိုက်ကာ အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီး၊

“ မင်းတို့အားလုံး အရင်က ဂိုဏ်းတူ ညီအစ်ကိုတွေပဲ .. ဒါကြောင့် စကားပြောတဲ့အခါ ပိုယဉ်ကျေးပါ။ ”

-ဟု သတိပေးလိုက်သည်။

“ ဦးလေးကျောက် ပြောစရာရှိရင် လွတ်လွတ်လပ်လပ်ပြောပါစေ ... ဒီညပြီးရင် သူတို့ အခွင့်အရေး မရှိတော့မှာ ငါကြောက်တယ်။ ”

“ ပလောက် ... ပလောက် ... ပလောက် ... ။”

စုရီက ပြုံးလျက် ဝိုင်နှစ်ခွက် ဆက်တိုက် ငှဲ့လိုက်သည်။

“ ဟား ဟား ဟား၊ မင်းပြောတာ မှန်တယ် ဒီညပွဲရဲ့အိမ်ရှင်က မင်းဖြစ်မှန်းမသိလို့လာတာ သိရင် ငါဘယ်တော့မှ မလာဘူး။ ”

“ ဟမ့် ... နင်တို့တွေ ဦးလေးကျောက် စကားကို နားထောင်သင့်တယ် အစ်ကိုစုက ကျင့်ကြံမှု ပြန်ရနေပြီ ... အရင်ထက်တောင် သန်မာနေသေးတယ်။ ”

နန်းယင်က ပြုံးရွှင်သော အမူအရာဖြင့် နဂါးတံခါးပြိုင်ပွဲအကြောင်း ပြန်လည်ပြောပြ လိုက်သည်။

“ ပလောက် ... ပလောက် ... ။ ”

တစ်ဖက်တွင် စုရီက သူ့အကြောင်း မဟုတ်သည့်အလား တည်ငြိမ်သောအသွင်ဖြင့် တတိယဝိုင်ခွက်ကို ငှဲ့နေ၏။

“ မဖြစ်နိုင်ဘူး ... မိုတျန်လင်ကို ဒီလိုအမှိုက်က အနိုင်ယူလိုက်တာလား။ ”

“ ပလောက် ... ပလောက် ... ။ ”

စတုတ္ထမြောက် ဝိုင်ငှဲ့သံ ဖြစ်သည်။ တစ်ချိန်က သူတို့အနိုင်ကျင့်ပြီး နင်းချေခဲ့သည့် တစ်စုံတစ်ဦးသည် ယခုအခါ နဂါးတစ်ကောင် ဖြစ်လာသည်ကို မည်သူမျှ မလိုလားချေ။

ကျောက်ဟိုင်ချွယ်က ဝိုက်ခွက်များကို စိုက်ကြည့်ကာ တစ်စုံတစ်ရာ ခန့်​မှန်းနေဆဲ ဖြစ်သည်။

“ စုရီ၊ မင်းက မင်းရဲ့ စွမ်းအားကိုပြပြီး ... မင်းကို တောင်းပန်စေဖို့ အကြီးအကဲကျောက်ရဲ့ ပုံရိပ်ကို အသုံးပြုချင် နေတာလား။ ”

“ ပလောက် ... ပလောက် ... ။ ”

“ ဟုတ်တယ် ... မင်းရဲ့ ခွန်အား ပြန်ရလာရင်တောင် ငါတို့က မင်းကို ဦးညွှတ်မှာ မဟုတ်ဘူး။ ”

“ ပလောက် ... ပလောက် ... ။ ”

“ ဘန်း ... ။ ”

စုရီမှ တုန့်ပြန်ခြင်း မပြုသော်လည်း ကျောက်ဟိုင်ချွယ်က ဒေါသထွက်လာပြီး‌နောက် စားပွဲကို ရိုက်လိုက်သည်။

“ လူမိုက်တွေ ... မင်းတို့ အခု ဘယ်ရောက်နေမှန်း မသိဘူးလား ... မောက်မာ ဝံ့ကြွားဖို့ သတ္တိရှိသေးလား ...

... မင်းတို့ အဖေတွေတောင် တောင်မြစ်နန်းတော်ကို တက်ရောက်နိုင်တဲ့ အရည်အချင်းပြည့်မီရဲ့လား။ ”

ဟွာလုံက ရုတ်တရက် ထရပ်ကာ၊

“ အကြီးအကဲ‌ကျောက် ... သူက တောင်မြစ်နန်းတော်မှာ ထိုင်ဖို့ အရည်အချင်း ပြည့်မီတာကို ငါဝန်ခံပါတယ် ဒါပေမယ့် သူနဲ့ငါ ရန်ငြိုးရှိတယ် မတောင်းပန်နိုင်ဘူး။ ”

-ဟု ပွင့်ပွင့်လင်းလင်း ပြောကြားလိုက်၏။

ထိုစကားကြောင့် ကျောက်ဝိုင်ချွယ်မှ ပါးရိုက်ချင်လာခဲ့သည်။ ဤမျှ မိုက်မဲသော လူငယ်မျိုး မတွေ့ဖူးချေ။

ယခုအချိန်၌ အတတ်နိုင်ဆုံး ခေါင်းငုံ့ထားမှသာလျှင် အကောင်းဆုံး နည်းလမ်း ဖြစ်သည်။

“ ဒီပွဲက တကယ့်ကို စိတ်ပျက်စရာပဲ အကြီးအကဲကျောက် ... ငါအရင် အနားယူနှင့် တော့မယ်။ ”

“ ပလောက် ... ပလောက် ... ။ ”

ချင်ယွင်ကျန်းက မတ်တပ်ထရပ်ပြီး အခန်းဝသို့ လျှောက်လှမ်းသွားသည်။ စုရီက နောက်ဆုံးဝိုင်ခွက်ကို ငှဲ့ကာ သက်ပြင်းချ လိုက်၏။

“ ခဏနေပါဦး ... ။ ”

စုရီဟန့်တားမှုကြောင့် ချင်ယွင်ကျန်း တစ်ယောက် မျက်မှောင်ကြုတ်ပြီး ပြန်လှည့် ကြည့်လိုက်၏။ ကျောက်ဟိုင်ချွယ်မှ၊

“ စုရီ ... ငါ့ကို မျက်နှာသာ တစ်ချက်လောက်ပေးပြီး သူတို့ကို လွှတ်ပေးလို့ ရမလား။ ”

-ဟု တောင်းပန် ပြောကြားလိုက်သည်။

စုရီက ကျောက်ဟိုင်ချွယ်ထံ ကြည့်ကာ၊

“ ဦးလေးကျောက်၊ ငါမြစ်ပြာဓားစံအိမ်ရဲ့ ပြင်ပတပည့်အဖြစ် ရှိနေတုန်းက .. ငါ့အနိုင်ကျင့် ခံခဲ့ရတယ် ... မင်းလည်း ဒါကိုသိပါတယ် ငါ့ကို ဘယ်သူများ တရားမျှတမှုပေးခဲ့လဲ။ ”

-ဟု တုန်ပြန် မေးမြန်းလိုက်၏။ ကျောက်ဟိုင်ချွယ်က တိတ်ဆိတ်သွားသည်။

“ ဟား ဟား ဟား ... စုရီ ... ဒါက တောင်မြစ်နန်းတော်ပဲ ... လွန်ခဲ့တဲ့ရက်တုန်းက နျန်းယွင်ချုံးနဲ့ ယန်ချောင် အသတ်ခံရတာ မင်းသိလား။ ”

ချင်ယွင်ကျန်းမှ လှောင်ပြောင် ပြောကြားလိုက်သည်။

“ နျန်းယွင်ချုံးနဲ့ ယန်ချောင် သေသွားပြီလား။ ”

နန်းယင်က အံသြသွားသည်။

“ ဟုတ်တယ်၊ ငါတို့ အခုရောက်နေတဲ့ တောင်မြစ်နန်းတော်မှာ တစ်စုံတစ်ယောက်ကို အပြစ်ပြုမိလို့ သတ်ပစ်ခံလိုက်ရတယ် ။ ”

ဟွာလုံမှ နန်းယင်ကို ပြန်ဖြေ၏။ ထို့နောက် စုရီထံ လက်ညိုးထိုးကာ၊

“ အခု ... မင်းငါ့ကိုသတ်ရဲရင် လာသတ်လိုက်ပါ စည်းစိမ်ချမ်းသာစံအိမ်ကနေ မင်းဘယ်လိုထွက်သွားမလဲ ငါကြည့်မယ်။ ”

-ဟု ဖိတ်ခေါ်လိုက်တော့သည်။

ဟွမ်ချမ့်ချွယ်က မျက်လုံးပြူးသွား၏။ ထိုစဉ်က နျန်းယွင်ချုံးဆိုသူသည်လည်း ဤသို့ ဖိတ်ကြားခဲ့ဖူးသည်။

“ ရွှပ် ... ။ ”

ထိုအတွေးဖြင့် လူမိုက်ထံ ကြင်နာစွာ မော့ကြည့်မိစဉ် ဓားအလင်းတစ်ချက် လက်သွား သည်ကို မြင်လိုက်ရလေသည်။

ကျောက်ဟိုင်ချွယ်တစ်ယောက် မျက်နှာပျက်ယွင်းသွားပြီး ဟန့်တားရန်ပြင် လိုက်သော်လည်း ဟွာလုံ၏ဦးခေါင်းက သူ့ခြေရင်း ပြုတ်ကျလာသည်။

“ မဟာကျိုးပြက္ခဒိန် (၄၉၆)ခုနှစ် ဆောင်းဦးပေါက်ရာသီရဲ့ မနက်ခင်းတစ်ခုမှာ ချောက်ကမ်းပါးထဲကနေ အနှစ်သုံးဆယ် သက်တမ်း ဝိညာဉ်သစ်သီးတစ်လုံး ...

... ငါရခဲ့တယ် ... ဟွာလုံက ချောက်ကမ်းပါးပေါ်က​နေ ခြိမ်းခြောက်ပြီး ဒါကို လုယူတယ် ... နောက်ဆုံးမှာတော့ ငါတွယ်တက်နေတဲ့ ...၏

... ကြိုးကို ဖြတ်ချပစ်လိုက်တယ် အဲဒီတုန်းက ငါ့ကို ရှောင်ဖုန်း ကယ်တင်ပေးပြီး ကုသပေးခဲ့တယ်။ ”

“ ဒါအမှန်ပဲလား။ ”

ကျောက်ဟိုင်ချွယ်မှ အံ့သြစွာဖြင့် ကျန်လူငယ်များထံ လှမ်းကြည့်၏။ လူငယ်များမှ သူ့အကြည့်ကို ရင်မဆိုင်ဝံ့ဘဲ ခေါင်းငုံ့သွား ကြသည်။

နီဟောင်နှင့် နန်းယင်ပင်လျှင် ငြိမ်သက်နေခဲ့ပြီး ဤကိစ္စနှင့် ပတ်သက်၍ ကြားသိခဲ့ကြောင်း ထင်ရှားချေ၏။

ထို့နောက် စုရီက ဝိုင်တစ်ခွက်ကို ယူသောက်ပြီး၊

“ ဦးလေးကျောက် ... သူ သေသင့်တယ်လို့ မင်းမထင်ဘူးလား။ ”

-ဟု မေးမြန်းလိုက်သည်။

သူ့အသွင်သည် အစမှအဆုံး ခွေးတစ်ကောင်အကြောင်း ပြောနေသကဲ့သို့ လျစ်လျူရှုမှုများ ပြည့်နှက်နေ၏။

“ စုရီ ... ဒါတွေအားလုံးက အတိတ်ပဲ ... မင်းမသေခဲ့ဘူးလေ ... ဟွာလုံမိသားစုကနေ လက်တုံ့ပြန်မှာ မကြောက်ဘူးလား။ ”

ချင်ယွင်ကျန်းမှ အော်ဟစ်လိုက်၏။

“ မှန်တယ် ... ဒါအတိတ်ပါ၊ ဟွာလုံ သေသွားတာလည်း အတိတ်ပဲ ... ပြောစရာ ရှိတယ် မင်းဘယ်လောက်ပဲ အော်ဟစ်နေပါစေ တစ်ယောက်မှ ဝင်လာမှာ မဟုတ်ဘူး။ ”

ထိုစကားကြောင့် ချင်ယွင်ကျန်းခမျာ အမူအရာမှာ သိသိသာသာ ပြောင်းလဲသွားပြီး လှည့်ထွက်ရန်ပြင်၏။

“ ရွှပ် ... ။ ”

“ ဒုန်း ... ။ ”

သို့သော် ဦးခေါင်းသည်သာ တံခါးရွက်နှင့် တိုက်မိသွား၏။ ခန္ဓာကိုယ်ကြီး ပါမလာခဲ့ချေ။ သွေးပန်းထွက်လာသဖြင့် စုရီမှ ခြေတစ်လှမ်း နောက်ပြန် ဆုတ်လိုက်၏။ လူတိုင်း အသက်ရှူရန် မေ့လျော့ကုန်သည်။

“ ချင်ယွင်ကျန်းက ဂိုဏ်းကနေ အချို့အရာတွေကို ထပ်ခါတလဲလဲ ခိုးယူခဲ့ပြီး ငါ့ကိုအပြစ်ပုံချခဲ့တယ် ဘယ်သူမှ ငါ့စကားကို မယုံကြဘူး ... အကြီးအကဲဆိုတဲ့ လူတွေတောင် ဒါကို လျစ်လျူရှုခဲ့တယ်။ ”

ထိုနောက် သက်ပြင်းချလိုက်ပြီး၊

“ ဦးလေးကျောက် မင်းလည်း သူတို့ထဲက တစ်ယောက်ပဲ။ ”

ကျောက်ဟိုင်ချွယ်က ရှက်ရွံ့စွာဖြင့်၊

“ အဲဒီအချိန်က သာမန်ခိုးမှုလို့ပဲ ငါထင်ခဲ့တာပါ ... အလေးအနက် ထားရမှန်း မသိခဲ့မိဘူး။ ”

-ဟု ဝန်ခံတော့၏။

“ မှန်ပါတယ် ... ဦးလေးကျောက်က ငါတို့ဂိုဏ်းမှာ စွမ်းအားကြီးသူတစ်ယောက်မို့ ဒီလိုကိစ္စမျိုးကို ဘယ်လိုများ ဂရုစိုက်နိုင်မှာလဲ။ ”

စုရီက နောက်ထပ် ဝိုင်တစ်ခွက်ကို သောက်လိုက်ပြီးနောက် ဝိုင်ခွက်ပြန်ချကာ လျူယင်ထံ ကြည့်သည်။ လျူယင်ခမျာ အလွန်ထိတ်လန့်သွားပြီး၊

“ ဒီကို မလာနဲ့ ... ။ ”

-ဟု အော်ဟစ် လိုက်၏။

ထို့နောက် ကျောက်ဟိုင်ချွယ် နောက်တွင် ဝင်ပုန်းကာ၊

“ အကြီးအကဲကျောက် ဒီအရူးက ဟွာလုံနဲ့ချင်ယွင်ကျန်းကို မင်းရှေ့မှာ သတ်ပစ် လိုက်ပြီး မင်းဂရုမစိုက်ဘူးလား ... ။ ”

-ဟု အပြစ်တင်လိုက်၏။

“ စုရီ၊ ဒါက မင်းအတွက် မကောင်းဘူး ငါတို့က ဘာလို့ဒီမှာမရပ်ရတာလဲ ရန်ငြိုးတွေ အတွက် ... မြစ်ပြာဓားစံအိမ်ကိုသွားပြီး ဖြေရှင်းကြရအောင်။ ”

ကျောက်ဟိုင်ချွယ်က ဝင်ရောက် ဖျောင်းဖျလိုက်လေသည်။ စတုတ္ထ အကြီးအကဲ တစ်ဦးအနေဖြင့် တပည့်များ အသတ်ခံ နေရသည်ကို ရပ်ကြည့်မနေနိုင်ချေ။

“ စိတ်မပူနဲ့ ဦးလေးကျောက် ငါမြစ်ပြာဓားစံအိမ်ကို လာမှာပါ ... ကိစ္စလေး ရှိသေးတယ် အခုတော့ ဒီကနေ မင်းထွက်သွားသင့်ပြီ ...

... မဟုတ်ရင် ငါတို့ ဟိုတုန်းက ခင်မင်ခဲ့ဖူးတဲ့နေ့ရက်တွေကို မမှတ်မိလို့ ငါ့ကို အပြစ်မတင်ပါနဲ့။ ”

စုရီက ကျောက်ဟိုင်ချွယ်ကို သူ့လမ်းမှဖယ်ပေးရန် ပြောကြားလိုက်သည်။ သူတို့တွင် ပတ်သတ်မှုအချို့ ရှိသော်လည်း ဤသည်မှာ ပြင်ပတ​ပည့်ကြီး ရာထူးကို ရပြီးမှသာလျှင် ဖြစ်၏။

ဆိုလိုသည်မှာ စစ်မှန်သော ခင်မင်မှုမဟုတ်ချေ။ မျက်နှာသာ ပေးစရာ မလိုဟု ပြောနိုင်၏။

“ ဒါဆို လုံလောက်ပြီ။ ”

ကျောက်ဟိုင်ချွယ်တစ်ယောက် စုရီထံစိုက်ကြည့်ပြီး၊

“ ဒါဟာ အတိတ်ပဲ ... ။ ”

-ဟု စောဒကတတ်၏။

“ ဒါအတိတ်လား။ ”

စုရီက လှောင်ပြုံးဖြင့် ကျိုးကြောင်းဆင်ခြင်မှုများကို ရှင်းပြရန် အလွန် ပျင်းရိသွားသည်။

“ ဒီည ... သူတို့သေသွားရင် မနက်ဖြန်မှာ အတိတ်ပဲ။ ”

***

Book-9

All Chapters