← Chapters

စီနီယာတွေ၏ အထူးဝါသနာပါမှုများ

Vol. 007 Ch. 632

စီနီယာတွေ၏ အထူးဝါသနာပါမှုများ

Vol. 007 Ch. 632

ရှီမာယူယူသည် လရောင်အောက်ရှိ မြေပေါ်တွင် ရှည်လျားစွာကျနေသော အရိပ်ကိုကြည့်လိုက်သည်။ လှုပ်ရှားနေသော အရိပ်သည် ပုံမှန်မဟုတ်ပေ။ သူမ လှည့်မကြည့်ခင်တွင် အရက်နံ့စူးစူးသည် သူမ နှာခေါင်းထဲ ဝင်လာသည်။

“မင်းဘယ်သူလဲ ဘာလို့ဒီမှာရပ်နေတာလဲ” ဗလုံးပထွေးမေးခွန်းများသည် အနောက် အရက်သမားဆီမှ ထွက်လာသည်။

ရှီမာယူယူ လှည့်ကြည့်ရာ မီးတောက်အနီရောင်ဝတ်ထားသော မိန်းကလေးကိုတွေ့လိုက်ရသည်။ ထိုမိန်းကလေးသည် မူးနေကာ လက်ထဲတွင်ဝိုင်ပုလင်းကိုင်ထားကာ သူမအား ယိုင်နဲ့နဲ့ဖြင့် ကြည့်လေသည်။

“ကျွန်တော် ဆရာရှုကိုလာရှာတာပါ” ရှီမာယူယူ ပြန်ဖြေလိုက်သည်။

“ငါ့ဆရာကိုရှာတာလား” ဟန့်မြောင်ရွှမ်းသည် ရှီမာယူယူအားစွေကြည့်ပြီး ပြုံးလိုက်ကာ တပ်အပ်ပင် ပြောလိုက်သည် “မင်းက ရှီမာယူယူမလား”

“ဟုတ်ပါတယ် ယူယူ စီနီယာကိုနှုတ်ဆက်ပါတယ်” ရှီမာယူယူသည် ဟန့်မြောင်ရွှမ်းအား လက်အုပ်ချီ လိုက်သည်။

“ဘာစီနီယာလဲ ဒါစီနီယာအစ်မလေ” ဟန့်မြောင်ရွှမ်းသည် လက်ရမ်းလိုက်သည် “မင်းဘယ်တော့ ရောက်မလဲလို့ နေ့လည်ကတောင် သူတို့ကိုမေးနေသေးတယ်၊ အခုတော့ ညကိုပဲရောက်လာပြီပေါ့၊ အရှိန်က တော့မဆိုးပါဘူး၊ လာခဲ့ ငါ မင်းကိုခေါ်သွားမယ်၊ ဒါပေမဲ့ ငါနဲ့ကပ်နေနော် မဟုတ်ရင် မင်းဘယ်နေရာမှာ ပျောက် သွားမလဲဆိုတာ ငါအာမမခံနိုင်ဘူး”

ရှီမာယူယူသည် တည်ဆောက်မှုအား စိတ်ဝင်တစားကြည့်လိုက်သည်။ ထိုတည်ဆောက်မှုသည် ဝင်္ကဘာနှင့် ပို့ဆောင်ရေး နှစ်ခုလုံးပါနေလိမ့်မည်ဟု ထင်မထားပေ။

“ယူယူ စီနီယာနဲ့ကပ်နေပါ့မယ်”

“စီနီယာအစ်မမဟုတ်ဘူးလား” ဟန့်မြောင်ရွှမ်းသည် သူမအား ပြန်ပြင်ပေးပြန်သည်။

“ဆရာရှုက ကျွန်တော့်ဆရာပါ ကျွန်တော့်အကြီးအကဲမဟုတ်ပါဘူး အစ်မကသူ့တပည့်ဆိုပေမယ့် ကျွန်တော့်စီနီယာအစ်မမဟုတ်ပါဘူး ကျွန်တော်စီနီယာလို့ပဲခေါ်ပါမယ်”

“သူက မင်းကိုတပည့်လိုလက်မခံဘူးလား” ဒီတစ်ကြိမ်တွင် ဟန့်မြောင်ရွှမ်းအံ့သြသွားသည်။ သူ့ အကျင့် နဲ့မလိုက်လိုက်တာ။

“စီနီယာက အသားကင်စားပြီးပြန်လာတာလား” ရှီမာယူယူသည် ပြုံးပြီး စကားလွှဲလိုက်သည်။

“မင်းဘယ်လိုသိတာလဲ” ဟန့်မြောင်ရွှမ်းသည် ချက်ချင်းပင် စိတ်ဝင်စားသွားလေသည်။

“အစ်မဆီက အရက်အနံ့အပြင် မီးသွေးအနံ့သင်းသင်းရှိတယ်” ရှီမာယူယူ ရှင်းပြလေသည်။

“မင်းက အနံ့ခံကောင်းတာလား” ဟန့်မြောင်ရွှမ်းသည် သူမလက်ကို ဆုပ်ကိုင်လိုက်သည်။ ရှီမာယူယူ ခေါင်းညိမ့်သည်ကိုမြင်သောအခါ သူမသည် စိတ်လှုပ်ရှားစွာ မေးလေသည် “ဒါဆို မင်းအရသာရှိတာတွေ ချက် တတ်လား”

“နည်းနည်းပါ” သူမ ဘာလို့စိတ်လှုပ်ရှားနေသည်ကို ရှီမာယူယူ မသိတော့ပေ။ သူမသည် အနည်းငယ် စဉ်းစားပြီး ပြန်ဖြေလိုက်သည်။

“ဘာတွေလုပ်တတ်လဲ အသားကင်လား”

“ဟုတ် ကျွန်တော်အသားကင်တတ်ပါတယ်” ရှီမာယူယူ ပြန်ဖြေလိုက်သည်။

အသားကင်တင်မဟုတ်ဘူး တခြားဟာတွေလည်း ချက်တတ်ပါတယ်။ သူမသည် ထိုကဲ့သို့မပြောပေ။ အဘယ့်ကြောင့်ဆိုသော် ဟန့်မြောင်ရွှမ်း၏ အမူအရာသည် တခြားအစားမက်သူများနှင့် မတူပဲ အနည်းငယ် ပုံမှန် မဟုတ်ပေ။ သို့သော် မှားစေဦးတော့ သူမသည် တစ်ခဏတော့ ဝေဖန်ပိုင်းခြားနိုင်သည်။

“တကယ်လား ငါ့အတွက်လုပ်ပေးလို့ရမလား” ဟန့်မြောင်ရွှမ်း ပြောလိုက်သည် “ဂျူနီယာမောင်လေး တစ်ယောက်အနေနဲ့ မင်း စီနီယာအစ်မကို အစားအစာတော့လုပ်ပေးသင့်တယ်၊ အင်း ရှင်းပြီးသွားပြီနော် မင်း ဆရာ့ကို အရင်သွားတွေ့လိုက၊ ပြီးတာနဲ့ မင်းကိုနောက်မှ လာရှာမယ်”

သူတို့ခြံဝန်းအတွင်းသို့လျှောက်လာချိန်တွင် ဟန့်မြောင်ရွှမ်းသည် သူမပခုံးကိုပုတ်ပြီး စိတ်ပျော်ရွှင်စွာဖြင့် ထွက်သွားလေသည်။ သူမ စိတ်လှုပ်ရှားနေပုံကို ရှီမာယူယူမြင်သောအခါ သူမသည် အမူးပြေသွားသည့်ပုံပေါက် သည်ကိုတွေ့လိုက်ရသည်။

“ဒီတစ်ယောက်လား… အစားအသောက်မက်တာ” ရှီမာယူယူသည် သူမနောက်ကျောကိကြည့်ပြီး ရေရွှတ်လိုက်သည်။

“သူမက အစားအသောက်နဲ့ အဂ္ဂိရတ်ပညာကို ညီတူညီမျှကြိုက်တာ” လူငယ်တစ်ယောက်သည် ရုတ်တရက် ရှီမာယူယူဘေးပေါ်လာရာ လန့်သွားလေသည်။

ရှီမာယူယူသည် အနည်းဆုံး ၆ပေကျော်သော အရပ်ရှိသော လူထွားကြီးကို မျက်လုံးပြူးကာ ကြည့်မိလေ သည်။ သူမသည် စိတ်လွတ်ကာ မေးလိုက်သည် “ခင်ဗျားကဘယ်သူလဲ”

ဒီလိုအရပ်၊ သန်မာမှုနှင့် ကြမ်းတမ်းသောအသွင်ရှိသော လူသည် ရှုဂျင်း၏ နူးညံ့သောမျက်နှာနှင့်ယှဉ် လျှင် ကွာလွန်းလှသည်။

“ငါကရှောင်ရှောင် ဆရာ့ရဲ့ တတိယမြောက်တပည့်၊ ငါက အငယ်ဆုံးဖြစ်ခဲ့တာပေါ့ အခုမင်းရောက်လာပြီ ဆိုတော့ မင်းကအငယ်ဆုံးပဲ” ရှောင်ရှောင်ပြောလိုက်သည်။

ရှောင်ရှောင်ဟုတ်လား၊ ရှီမာယူယူသည် တစ်ကိုယ်လုံးတုန့်ဆိုင်းသွားသည်။

သူ့ရဲ့အသွင်အပြင်နဲ့ သူ့ရဲ့ဒီနာမည်ကို အလွယ်တကူဘယ်လိုပြောနိုင်ရတာလဲ။

“စီနီယာ စီနီယာရှောင်ရှောင် အဲဒါက”

“သူမက ဟန့်မြောင်ရွှမ်း ဆရာ့ရဲ့ ဒုတိယမြောက်တပည့်၊ သူမက ငါ့ထက် ၁၀နှစ်စောပြီးရောက်တာ” ရှောင်ရှောင်ပြန်ဖြေလေသည်။ “သူမရဲ့ ဝါသနာကတော့ စားတာသောက်တာပဲ ဘယ်အချိန် ဘယ်နေရာပဲ ဖြစ်ဖြစ် ဆေးမဖော်နေဘူးဆိုရင် သူမလက်ထဲမှာ စားစရာရှိနေတာပဲ”

“အဲလောက်တောင်လား” ရှီမာယူယူသည် အံ့သြသွားလေသည်။ ဒါဆို အဲဒါက အစားအသောက်မက် တာထက်ကို ကျော်လွန်နေပြီမဟုတ်ဘူးလား။ “အစ်ကိုက အငယ်ဆုံးလို့ပြောတယ် သူမက ဒုတိယမြောက် တပည့်ဆိုတော့ အကြီးဆုံးကရော”

“ကျန်ကျူးကျီလား၊ သူက ခေါ်မှထွက်လာတာ” ရှောင်ရှောင် ပြောလိုက်သည်။

“ဟင်”

ရှီမာယူယူ မတုံ့ပြန်ရသေးခင်မှာပင် ရှောင်ရှော်ငသည် ပြောလိုက်သည်။

“ဆရာတူအစ်ကိုအကြီးဆုံး အစ်ကို.. ဂျူနီယာညီလေးရောက်လာပြီ”

တုန့်ပြန်သူမရှိပေ။

“မီးဗျို့ မီး တစ်ယောက်ယောက်တော့ ရုပ်ပျက်ဆင်းပျက်ဖြစ်တော့မယ်” ရှောင်ရှောင် ထပ်အော်ပြန် သည်။

ဘုန်း…

ဒုတိယအထပ်မှ တံခါးပွင့်လာသည်။ ကျန်းကျူးကျီသည် လသာဆောင်သို့သွားကာ ရှောင်ရှောင်အား အော်လိုက်သည် “စူရှောင်ရှောင် ညလယ်ကြီးကို ဘာတွေဆူနေတာလဲ မင်း အသက်မရှင်ချင်တော့ဘူးလား၊ မင်း အရိုက်ခံရပြီး မသေချင်ဘူးဆိုရင် ငါအိပ်နေတာကို မနှောင့်ယှက်နဲ့”

“ဆရာတူအစ်ကို တစ်နေကုန်လုံးလည်းအိပ်ပြီးပြီလေ” စူရှောင်ရှောင်ပြောလိုက်သည်။

“၁ရက်ပဲရှိသေးတာကို မင်းကငါ့ကိုလာနှောင့်ယှက်နေတယ်၊ ငါ ဘယ်တုန်းက တစ်ရက်တည်းအိပ်တာ မြင်ဖူးလို့လဲ” ကျန်းကျူးကျီသည် အလွန်ဒေါပွနေလေသည်။ သူသည် ရှောင်ရှောင့်ကို ရိုက်မိတော့မလိုပင်။

“ဂျူနီယာညီလေးရောက်နေတယ်” စူရှောင်ရှောင်ပြောလိုက်သည်။

နောက်ဆုံးတွင် ကျန်းကျူကျီသည် အနောက်ရှိ ရှီမာယူယူကို မြင်လိုက်လေသည်။ ရှီမာယူယူသည် လည်း ထိုစီနီယာ၏ ပုံပန်းသဏ္ဍာန်ကိုတွေ့လိုက်ရသည်။ သူ့မျက်နှာသည် လရောင်အောက်တွင် မိန်းကလေး တစ်ယောက်ထက်ပင် ချောမောနေသည်။ နှိုးတစ်ဝက်ဖြစ်နေသော မျက်လုံးများသည် လရောင်အောက်တွင် အရောင်ဟတ်… ဖမ်းစားထားသည်။

“အဲဒါက အိပ်တာလောက် အရေးမကြီးဘူး၊ မနက်ဖြန်မှတွေ့မယ် ဂျူနီယာညီလေး၊ မင်းငါ့ကို ထပ်အော် ရင် မင်းကိုကန်လွှတ်မှာ” ကျန်းကျူကျီသည် ခြိမ်းခြောက်သွားလေသည်။

“အစ်ကို ကျွန်တော့်ကို မနိုင်ပါဘူး” စူရှောင်ရှောင်သည် ရိုးသားစွာ ပြောလေသည်။

“ဆေးဖော်မယ်” ကျန်းကျူကျီသည် ကျန်နေသော ထိုစကားလုံးများကိုပြောပြီးနောက် ရှုပ်ထွေးနေသော ရှီမာယူယူနှင့် မရွှင်ပျစွာဖြစ်နေသော စူရှောင်ရှောင်တို့အား ထားသွားလေသည်။

“သူက အစ်ကို့ကို ဆေးဖော်ခိုင်းတာလား” ရှီမာယူယူမေးလိုက်သည်။

“သူက ငါ့ကို မတိုက်နိုင်ပေမယ့် ဆေးဖော်တဲ့နေရာမှာ ယှဉ်နိုင်တယ်လို့ ပြောသွားတာ” စူရှောင်ရှောင် ပြန်ဖြေလေသည်။

“စီနီယာကျန်းက အိပ်တာကို အရမ်းကြိုက်တာလား” ရှီမာယူယူ သိချင်စိတ်ဖြင့် မေးလိုက်သည်။

“ဆေးဖော်တာကလွဲရင် ကျန်တဲ့အချိန်တွေ အိပ်နေတာပဲ” စူရှောင်ရှောင် ပြောလေသည် “အဲဒါတင် မဟုတ်သေးဘူး၊ သူက သူအိပ်နေတာကိုနှောင့်ယှက်တာလည်း မကြိုက်ဘူး၊ နိုးလာရင် အရမ်းစိတ်တိုတာ”

“သူက အိပ်တာကိုအရမ်းကြိုက်တာကိုး” ရှီမာယူယူ သက်ပြင်းချလိုက်သည်။

“အင်း သူက အိပ်တာကိုကြိုက်ပြီး ဆရာတူအစ်မကတော့ စားရတာကိုကြိုက်တယ်၊ အဲဒါကို ၁စက္ကန့်မှ အလွတ်မခံနိုင်ကြဘူး” စူရှောင်ရှောင် ပြောလေသည်။

ရှီမာယူယူသည် စူရှောင်ရှောင်အား ကြည့်လိုက်ပြီး မေးလေသည် “အစ်ကိုကရော ဘာတွေလုပ်တတ် လဲ”

ရှုဂျင်း၏ တပည့်များသည် အလွန်ထူးခြားသည်ဟု ပြီးခဲ့သည့်တစ်ခေါက်က ရှဲရုန်တို့ ပြောခဲ့သည်။ အခု တစ်ယောက်က စားတာကိုကြိုက်ပြီး နောက်တစ်ယောက်က အိပ်တာကိုကြိုုက်တော့ သူမ ရုတ်တရက်ကြီး သူမ ဘေးမှလူ၏ ထူးခြားချက်ကိုသိချင်လာသည်။

“ဆေးဖော်ရတာကို” စူရှောင်ရှောင်ပြန်ဖြေလေသည်။

“ဆေးဖော်တာအပြင်ရော”

“အိမ်သန့်ရှင်းရေး သူတို့ ၃ယောက်ရဲ့အဝတ်တွေလျှော်တာ ပြီးတော့ ခြံဝန်းတစ်ခုလုံးကို တံမြက်စည်း လှည်းတာ” စူရှောင်ရှောင်သည် ဥပမာများကို ရွေးထုတ်လိုက်သည်။

ထိုအကြောင်းပြောလိုက်ရာ အိမ်မှုကိစ္စလုပ်ရသည်ကို နှစ်သက်သူလည်းရှိပါသေးလားဟု…

ရှီမာယူယူသည် တောက်ပြောင်နေသော ခြံဝန်းကိုတွေ့ရသည်။ ဘယ်လောက်တောင် တင်းကြပ်မှုလဲ ဟု သူမတွေးမိသည်။

“အဟွတ် အဟွတ် စီနီယာရဲ့ ဝါသနာတွေက ထူးခြားလိုက်တာ၊ ဆရာရှုရော” သူမသည် ရှုဂျင်းအား မမြင်သဖြင့် မေးလိုက်သည်။

***

All Chapters