← Chapters

ငါအရမ်းစိတ်ဆိုးတယ်

Vol. 007 Ch. 633

ငါအရမ်းစိတ်ဆိုးတယ်

Vol. 007 Ch. 633

“ဆရာကနေ့လည်ကထွက်သွားတာလဲ အကြောင်းအရင်းကိုတော့ ငါလည်းမသိဘူး၊ မင်းကိုစောင့်ပြီး တော့ အခန်းပြပေးဖို့ငါ့ကိုပြောသွားတာ၊ ငါနဲ့လိုက်ခဲ့” ရှောင်ရှောင်ပြောလိုက်သည် “ငါ မင်းအခန်းကိုပြင်ထား တယ်၊ ဒါနဲ့ မင်းဒီနေ့ကိစ္စကိုကြောက်ရင် ကောင်းကောင်းနားလိုက်တဲ့ သူသွားဖြေရှင်းလိုက်မယ်တဲ့”

ရှီမာယူယူ ခြေလှမ်းများရပ်သွားသည်။ ရှုဂျင်းက သူက ဒီနေ့လုပ်ခဲ့တာကိုသိနေတာလား။ သူမက ကြောက်တယ်လို့တောင် ပြောလိုက်သေးတာလား။ သူမှန်တယ်ဆိုတာရော သေချာရဲ့လား။

ဒီနေ့သူမလုပ်ခဲ့တာကို သူသိလို့ပဲ ဖြေရှင်းမယ်လို့ပြောတာမလား။ အခုသူသိနေတာကို ဘာကြောင့် သူမ ကကြောက်တယ်လို့ပြောတာလဲ။

“ဒါ မင်းအခန်းပဲ” ရှောင်ရှောင်သည် သူမအား ဘေးရှိ အဆောက်အဦးငယ်သို့ခေါ်သွားလေသည်။ သူ အခန်းတံခါးဖွင့်လိုက်သည်။ “ဆရာနဲ့ ငါတို့က အဲဒီအဆောက်အဦးအသေးမှာနေတယ်ဆိုပေမယ့် ပစ္စည်းတွေက ပြည့်နေပြီ၊ ဒီအခန်းက အထွေထွေသုံးအနေနဲ့သုံးခဲ့တာ၊ အခုငါရှင်းထားတော့ အိပ်ခန်းအနေနဲ့သုံးလို့ရပါတယ်၊ အိပ်ယာ၊ စားပွဲတွေနဲ့ ထိုင်ခုံတွေကတော့ အသစ်တွေချည်းပဲ၊ အရင်က ဘယ်သူမှမသုံးရသေးဘူး”

ရှီမာယူယူလျှောက်လာရာ သေးငယ်သော အခန်းတစ်ခန်းကိုတွေ့လိုက်သည်။ အသန့်အရှင်းကြိုက် သော သူမပင် အပြစ်အနာအဆာရှာမရပေ။

“ကျေးဇူးတင်ပါတယ် စီနီယာစူ”

“ဒီနေ့တော့ နောက်ကျနေပြီ အရင်အနားယူလိုက်ဦး၊ ကျန်တာတွေ မနက်ဖြန်မှလုပ်တော့” စူရှောင်ရှောင် ပြောပြီးသည်နှင့် ထွက်သွားလေသည်။

ရှီမာယူယူသည် ဝင်ပေါက်ကိုသွားပြီး ခြံဝန်းကိုကြည့်လေသည်။ ခြံဝန်းအတွင်းတွင် အဆောက်အဦးငယ် ၄ခုရှိလေသည်။ တစ်အိမ်တွင် ရှုဂျင်းနှင့် သူ့တပည့်များနေထိုင်သည်။ တစ်ခုမှာ သူမနေရန်ဖြစ်သည်။ တခြား ၂အိမ်အတွက်တော့ ဘာအတွက်သုံးသည်ကို သူမ မသိပေ။ သို့သော် ထိုနေရာတွင် အဂ္ဂိရတ်ပညာရှင်များ အားလုံးနေထိုင်သည်ကို တွက်လိုက်လျှင် အဂ္ဂိရတ်ပညာနှင့်ပတ်သတ်သော အဆောက်အဦးပင်ဖြစ်လိမ့်မည်။ ထပ်ပေါင်းပြောရလျှင် ခြံဝန်းအတွင်းတွင် ရှားပါးသော ပန်းခင်းများရှိလေသည်။ ခြံဝန်းအနောက်တွင် ကျယ်ဝန်း သော ကွင်းပြင်ရှိကာ ဆေးဖက်ဝင်အပင်များစိုက်ထားလေသည်။

“ရှုဂျင်းက နည်းနည်းဇီဇာကြောင်ပေမယ့် ပုံမှန်လိုပဲ ဒါပေမဲ့ သူ့တပည့် ၃ယောက်ကတော့ ဘယ်လိုဖြစ် ပြီး…” သူမသည် ခေါင်းရမ်းကာ တံခါးကိုညင်သာစွာ ပိတ်လိုက်လေသည်။

ဒီတစ်ခေါက်တွင် ရှုဂျင်းသည် အတွင်းဂိုဏ်း၏ ဒါရိုက်တာရုံးခန်းတွင် ဟုန်ဖာနှင့်အတူရောက်နေလေ သည်။ သူသည် ရုံးခန်းထဲရှိ ဆိုဖာကို ခါတိုင်းလိုပင် မှီနေစဉ်တွင် ဟုန်ဖာသည် သူ့အား စိတ်ဆိုးစွာ ကြည့်နေလေ သည်။

ရုံးခန်းထဲရှိ နှုတ်ခမ်းမွေးနှင့် ဒါရိုက်တာသည် သူတို့၂ယောက်ကိုကြည့်ကာ ခေါင်းကိုက်သဖြင့် မျက်ခုံးကို ပွတ်နေလေသည်။

“ရှုဂျင်း မင်းကျောင်းသားက ဝင်္ကဘာတောထဲမှာ ကိုယ်ထိလက်ရောက်လုပ်တာကို ဝန်ခံတယ်ပေါ့၊ မင်းက လုံးဝကိုမတူတော့ဘူးပဲ ဘဝင်မမြင့်တော့ဘူးလား” ဟုန်ဖာအော်လိုက်လေသည်။

“ငါ ဘဝင်မြင့်တာက မဆိုင်ဘူးလေ၊ မင်းကျောင်းသား တွက်ကတ်တာကမှားနေတာလေ၊ ဒီကိစ္စဖြစ်ရ တာရဲ့ အကြောင်းအရင်းကို အရင်ရှာလိုက်ဦး၊ မင်းကျောင်းသားက ငါ့ကျောင်းသားကို ညစ်တာလေ၊ ငါ့ကျောင်း သားက သူ့ကို ပညာပေးလိုက်တာ ဘာဖြစ်လဲ” ရှုဂျင်းသည် လက်ချောင်းများကစားနေကာ ဟုန်ဖာ၏ ဒေါသကို ဂရုမထားပေ။ “ပြီးတော့ သူကမသေဘူးလေ အသက်ရှင်နေသေးတာပဲ”

ဟုန်ဖာသည် စကားတစ်ခွန်းသာပြောရသေးသော်လည်း တစ်ဖက်လူမှ အခွန်းပေါင်းများစွာ ပြန်တုံ့ပြန် လာသဖြင့် ဆို့နင့်သွားလေသည်။ သူ့မျက်နှာသည် အကျည်းတန်သွားလေသည်။

“ရှုဂျင်း မင်းကျောင်းသားက အဲလောက်ရက်စက်တာကိုလုပ်တာ၊ ဘယ်လိုဖြစ်လို့ ဘာမှမဖြစ်သလို အလွယ်လေးပြောနိုင်ရတာလဲ”

“မှားတယ် ငါကစိတ်မဝင်စားတာမဟုတ်ဘူး လျစ်လျူရှုတာလည်းမဟုတ်ဘူး ငါအရမ်းစိတ်တိုတယ်” ရှုဂျင်း လေးနက်စွာပြောလေသည်။

ဟုန်ဖာသည် အေးစက်စွာ အသက်ရှုထုတ်လိုက်သည်။ သူထင်ထားသည်မှာ ရှုဂျင်းသည် ရှီမာယူယူကို စိတ်တိုသည်ဟု ထင်ထားသည်။ သို့သော် နောက်ပြောလိုက်သောစကားများကြောင့် သွေးအန်မတတ်ဖြစ်သွား လေသည်။

“ငါ့ကျောင်းသားက အမြဲတမ်းစိတ်ထားနူးညံ့တယ်၊ တခြားလူသာငါ့ကိုအဲလိုပြောကြည့်ပါလား သူ့ အောက်ပိုင်းကိုမဖြတ်ပဲ လည်ပင်းကိုဖြတ်ပစ်မယ်၊ ဟင်း… င့ါကျောင်းသားဖြစ်ပြီး ဘယ်လိုများအဲလိုတွေးလိုက် တာလဲမသိဘူး၊ နောက်ကို ဒီလိုကိစ္စတွေကို မသနားတတ်ဖို့ သူ့ကိုကောင်းကောင်းသင်ပေးရမယ်၊ ရှက်စရာ ကောင်းလိုက်တာ” ရှုဂျင်းသည် လေးနက်စွာ ကြိမ်းမောင်းလေသည်။

“ရှုဂျင်း” ဟုန်ဖာသည် အပြင်းအထန် အော်လိုက်လေသည်။

“ငါက မင်းလောက်မအိုသေးပါဘူး၊ ငါ့နားတွေကောင်းပါသေးတယ် အဲလောက်အကျယ်ကြီးအော်စရာ မလိုပါဘူး” ရှုဂျင်းသည် နားများကိုဆိတ်လိုက်သည်။ “ဒီနေ့ကိစ္စကတော့ မင်းကျောင်းသားကအရင်မှားတာ၊ ပြီးတော့ သူက တခြားသူတွေလောက် မသန်မာလို့ အဲလိုဖြစ်သွားတာလေ၊ ငါသာ မင်းဆိုရင် အခုလိုအော်မနေ ဘူး၊ အဲအစား သူ့ရဲ့တန်ဖိုးရှိတာလေးကို ပြန်ယူလို့ရသေးလားလို့ ပြန်သွားကြည့်မှာ၊ ကုဖို့ အချိန်မှီရင် ပြန်ဆယ် လို့ရရင်ရမှာလေ၊ မရရင်လည်း မင်းအစွမ်းအစပေါ်မှာမူတည်တာပေါ့၊ ကဲ တခြားမရှိတော့ရင် ပြန်ပြီး ကောင်း ကောင်းလေး နှပ်လိုက်ဦးမယ်၊ ကောင်းသောညပါ နှစ်ယောက်လုံး”

ပြောပြီးသည်နှင့် သူသည် ပျော်မြူးကာ အထဲရှိ၂ယောက်ကို လျစ်လျူရှုထားလိုက်သည်။ ဂိုဏ်းသည် အပြစ်ပေးလို့မရသဖြင့် သူတခြားအရာများကို ဂရုမစိုက်တော့ပေ။

သူထွက်သွားသည်ကို မြင်သည်နှင့် ဟုန်ဖာသည် ဒါရိုက်တာဘက်ကို လှည့်လိုက်သည်။

“ဒါရိုက်တာ ကျွန်တော့်ကျောင်းသားအတွက် မျှမျှတတလုပ်ပေးပါ၊ အဲဒီရှီမာယူယူက အခုပဲရောက် တာကို ဒီလိုဖြစ်သွားတယ် နောက်ကျရင်….”

ဒါရိုက်တာသည် လက်ကိုမြောက်ပြီး သူ့ကိုတားလိုက်ပြီး မတတ်သာစွာ ပြောလေသည် “ဆရာဟုန် ဒီနေ့ကိစ္စကရှင်းနေတာပါ၊ ခင်ဗျားရဲ့ ကျောင်းသားအရင်မှားတာတော့ မှန်နေတာပဲ အတွင်းဂိုဏ်းမှာ ကျောင်းသားတွေကို တိုက်ခိုက်ဖို့ တားမြစ်ထားတာမရှိဘူးလေ၊ ဂိုဏ်းစည်းမျဉ်းက အသက်မသေရင် ကျင့်ကြံတာ ကို မဖျက်ဆီးပစ်ဘူးဆိုရင် အပြစ်ပေးလို့မရဘူးလေ၊ ခင်ဗျားကျောင်းသားက သေလည်းမသေဘူး ကျင့်ကြံတာ လည်း ပျက်စီးသွားတာမှမဟုတ်တာ အဲတော့ သူ့ကိုဂိုဏ်းအနေနဲ့ အပြစ်ပေးဖို့ အကြောင်းအရင်းမရှိဘူး ဆရာရှု ပြောသလိုပဲ ခင်ဗျားဒီမှာ အချိန်မဖြုန်းပဲ ကိုယ့်ကျောင်းသားကို ပြန်သွားပြီးကြည့်သင့်တယ်”

ဒါရိုက်တာမှ ထိုသို့ပြောလာသဖြင့် ဂိုဏ်းမှ တရားမျှတမှုကိုမရနိုင်သည်ကို သိသဖြင့် ဟုန်ဖာသည် အလျင်စလိုထွက်သွားလေသည်။

“အဲကလေးက အတွင်းဂိုဏ်းကိုရောက်ခါစရှိသေးတယ် ပြဿနာရှာလိုက်တာတော့ အမှန်ပဲ၊ သူက ပြဿနာကောင်လေးတော့ ဟုတ်နေတာပဲ နောက်ကိုရှုဂျင်းတော့အလုပ်များတော့မယ်”

“ဆရာ အားကျနေတာလား” တံခါးဘောင်မှ ငှက်တစ်ကောင်သည် ပြောလိုက်သည်။

“ရှုဂျင်းက မှန်းလို့မရဘူး သူက တခြားတစ်ယောက်ကိစ္စကို လိုက်ရှင်းရတာကိုပဲ ပျော်နေမလားပဲ” ဒါရိုက်တာသည် ရှုဂျင်း၏ နောက်ဆက်တွဲဘဝကိုတွေးလိုက်ရာ နှုတ်ခမ်းမွေးလှုပ်သွားလောက်အောင်ပင် ရယ် မောလိုက်သည်။

ရှုဂျင်းသည် သူ့ခြံဝန်းသို့ပြန်လာချိန်တွင် ရှီမာယူယူ၏ အခန်းမီးပိတ်ထားသည်ကို တွေ့လိုက်ရသည်။ သူသည် အလျင်စလိုဝင်သွားပြီး သူမ နားရွက်ဆွဲကာ ကောင်းကောင်းဆူလိုက်ချင်သော်လည်း အချိန်ကို တွက် ပြီးလက်လျော့လိုက်သည်။ အိပ်ချိန်ရောက်နေပြီလေ။

ရှီမာယူယူသည် အိပ်ရာပေါ်လှဲနေသော်လည်း အိပ်မပျော်ပေ။ ရှုဂျင်းဝင်လာသည်ကို သူမ သိသည်။ သူ သည် ခြံဝန်းအတွင်းတွင် ခေတ္တရပ်ကာ သူမအား လာရှာရန်စဉ်းစားပြီးနောက် ပြန်သွားသည်ကိုလည်း သိလိုက သည်။

နောက်နေ့မနက်တွင် စူရှောင်ရှောင်သည် တံခါးခေါက်လိုက်သည်။

“ဂျူနီယာညီလေး လူတစ်ယောက်မင်းကိုလာရှာတယ်” စူရှောင်ရှောင်သည် အပြင်မှ ပြောလေသည်။

ရှီမာယူယူ တံခါးဖွင့်လိုက်ရာ စူရှောင်ရှောင်၏ ခက်ထန်သော အသွင်အပြင်ကိုတွေ့လိုက်သည်။ ည ကျော်လွန်ပြီးသောအခါ သူ၏ နာမည်နှင့် အသွင်အပြင်ကွဲပြားမှုကို လက်ခံနိုင်သွားသည်။

“ဘယ်သူလာရှာတာလဲ” သူမသည် အခုလေးတင် အတွင်းဂိုဏ်းကိုရောက်သည်။ သူမကို လာရှာပြီ လား။

“မင်း ညီအစ်ကိုတွေနဲ့ သူငယ်ချင်းတွေလို့ပြောတယ်” စူရှောင်ရှောင် ပြန်ဖြေလေသည်။

ရှီမာယူယူသည် မည်သူမည်ဝါဖြစ်သည်ကို တပ်အပ်သိလိုက်သည်။

“ခေါ်ပေးတဲ့အတွက် ကျေးဇူးပါ စီနီယာစူ” သူမ ထွက်ပြီး တံခါးပိတ်ကာ “သူတို့ကို အထဲခေါ်လို့ရလား”

စူရှောင်ရှောင် တွေဝေသွားကာပြောလိုက်သည် “ဆရာကိုမေးကြည့်လေ၊ ငါတို့မှာက သူငယ်ချင်းတွေ မရှိတော့ အရင်ကတစ်ခါမှ ဘယ်သူ့ကိုမှမခေါ်ဖူးဘူး၊ အဲလိုမျိုးကိုတစ်ခါမှ မကြုံဖူးဘူး သူတို့ကိုခေါ်လို့ရမလား မသိဘူး”

“ဒါဆို ကျွန်တော်ဆရာ့ကိုသွားမေးလိုက်မယ်” ရှီမာယူယူသည် ခြေ၂လှမ်းလှမ်းပြီးနောက် ရပ်ပြီးမေး လိုက်သည် “ဆရာ့အခန်းကဘယ်မှာလဲ”

***

All Chapters