ဂိုဏ်းခြံဝန်းထဲမှ အစည်းအဝေး
Vol. 007 Ch. 634
“ဂျူနီယာညီလေး မင်းအခု ဆရာကိုသွားမနှောင့်ယှက်နဲ့ သူက နိုးနိုးလာချင်းဆိုရင် အရမ်းကြောက်ဖို့ ကောင်းတာ” စူရှောင်ရှောင်သည် သူမကိုသတိပေးပြန်သည်။
“သူက အိပ်ရာနိုးတဲ့နေရာမှာ ပြဿနာရှိတာလား” ရှီမာယူယူ အံ့သြသွားသည်။ သူတို့က ဝိဉာဉ်သခင် တွေရောဟုတ်ရဲ့လား။
“ဆရာက အိပ်ရင် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပြီး နိုးလာရင်တော့ ကမ္ဘာ့ဝမ်းနည်းစရာအကောင်းဆုံးပဲတဲ့ အဲဒါကြောင့် ငါတို့က သူ့ကိုမနက်ပိုင်းကိုသွားမခေါ်ကြဘူး” စူရှောင်ရှောင်သည် အလွန်လေးနက်စွာ ပြောလေ သည်။
“ဒါဆိုလည်း ကောင်းပါပြီ ကျွန်တော် အစ်ကိုတွေနဲ့ တခြားသူတွေကို အရင်သွားတွေ့လိုက်မယ်”
“ငါမင်းကိုခေါ်သွားပေးမယ်” ရှီမာယူယူသည် အပြင်ရှိတည်ဆောက်မှုကို သေချာမသိသေးသည်ကို သိ သဖြင့် စူရှောင်ရှောင်သည် ဦးဆောင်ခေါ်သွားပေးလေသည် “ဒီကိုဘယ်လိုဝင်ရမလဲဆိုတာကို သိအောင်လို့ ဒီ တည်ဆောက်မှုရဲ့ စည်းမျဉ်းကိုပြောပြမယ်”
“ကျေးဇူးပါ စီနီယာစူ” ရှီမာယူယူသည် ကျေးဇူးတင်စကားပြောလေသည်။
တကယ်တော့ သူမသည် ထိုနေရာကိုဟန့်မြောင်နှင့် မနေ့ကပင် ရောက်ပြီးဖြစ်သဖြင့် ထိုနေရာပတ်ဝန်း ကျင် လမ်းညွှန်ကို သိပြီးဖြစ်လေသည်။ သို့သော် စူရှောင်ရှောင်မှာ တက်ကြွနေသဖြင့် သူ၏ စိတ်သဘောထား ကို မငြင်းဆန်သင့်ဟု ထင်သည်။ ထို့ကြောင့်ပင် သူမသည် နွေးထွေးစွာ သဘောတူလိုက်သည်။
သူမသည် ကြိုးစားသည့်ပုံပြချင်သဖြင့် မသိသလိုဟန်ဆောင်ကာ မေးခွန်း ၂ခုပင်မေးလိုက်သေးသည်။ သို့သော် သူမ လမ်းသိပြီးဖြစ်နေသည်ကို စူရှောင်ရှောင် အံ့သြသွားသည်။
“ညီလေး ၅”
“ယူယူ”
ရှီမာယူရွှီ၊ ရှီမာယူမင်၊ ဝေကျိရွှီနှင့် ဘေဂုံထန်တို့သည် ခြံဝန်းအပြင်တွင်ရှိနေကာ သူမထွက်လာသည်ကို မြင်သည်နှင့် သူမကို လက်ရမ်းပြလေသည်။
“အစ်ကိုကြီး အစ်ကိုလေး ဒီကိုဘာလာလုပ်ကြတာလဲ” ရှီမာယူယူ လျှောက်သွားပြီးနောက် စူရှောင်ရှောင်ဘက်လှည့်ပြီး နှုတ်ဆက်လိုက်သည် “စီနီယာစူ အရင်သွားလိုက်ပါ”
စူရှောင်ရှောင်သည် ဝေကျိရွှီတို့အား ကြည့်ပြီးပြောလိုက်သည် “စကားပြောပြီးတာနဲ့ ပြန်လာခဲ့လိုက်နော် ဆရာကနိုးလာရင် မင်းကိုသေချာပေါက်ရှာမှာပဲ”
“သိပါတယ် ကျေးဇူးပါ စီနီယာစူ” ရှီမာယူယူ ခေါင်းညိမ့်ပြန်ဖြေပြီး ရှီမာယူမင်တို့ဆီသို့ ပြန်လှည့်လျှောက်သွားလိုက်သည်။
“ယူယူ ဘယ်လိုနေလဲ” ဘေဂုံထန်သည် ရှီမာယူယူအား ဆွဲရင်းမေးလေသည်။
“ကောင်းပါတယ် ဘယ်လိုလဲ၊ ငါဒီမှာရောက်နေတာ နင်တို့်ဘာလို့ဒီလောက်မြန်မြန်သိရတာလဲ”
သူမ အဆင်ပြေသည်မှာ သေချာသွားပြီးနောက် သူတို့၄ယောက်သည် သက်ပြင်းချလိုက်ကာ “မနေ့ည က နင်နဲ့ မာဘိုကျားတို့ ကိစ္စကိုကြားခဲ့တယ်၊ နင် ဆရာဟုန်ရဲ့ တပည့်ကို ပျံသွားအောင်လုပ်လိုက်တယ်ဆိုပဲ နင် တစ်ခုခုဖြစ်သွားမှာစိုးလို့၊ ဒီမနက်ကို သူတို့ပြန်လာပြီပြောလို့ ငါတို့သတင်းလာမေးကြည့်တာ၊ နင်ဒီရောက်နေပြီ ပြောလို့ ငါတို့လာလိုက်ကြတာ”
“ညီလေး ၅ဘယ်လိုဖြစ်တာလဲ၊ ဘာလို့အဲလူကို ဖြတ်ပစ်လိုက်တာလဲ၊ ဆရာဟုန်က အရမ်းအားကောင်း တယ်နော် သူက မင်းကိုကျောင်းထုတ်ပစ်ချင်တယ်လို့ ပြောတာကြားတယ်၊ နောက်မှ ဆရာရှုထွက်လာပြီးမှ အားလုံးရှင်းသွားတာ” ရှီမာယူမင် မေးလိုက်သည်။
ရှီမာယူယူ ပခုံးတွန့်ကာ “အဲလူက ငါ သူတို့နောက်လိုက်စေချင်တာ၊ သူတို့ကိုပြုစုပြီး သူတို့မိုးကြိုးသွား အဖွဲ့ထဲဝင်ရင် သူတို့ကကာကွယ်ပေးမယ်တဲ့”
“အဲကောင်က အမှိုက်ပဲ၊ ငါသူ့ကိုသွားသတ်မယ်” ရှီမာယူမင်သည် လှည့်ကာ သူ့အတွက်လက်စားချေရန် ဟန်ပြင်သော်လည်း ဝေကျိရွှီတို့က ဆွဲထားလေသည်။
“ဒေါသထွက်စရာမလိုပါဘူး၊ ငါမှ ဘာမှမဆုံးရှုံးသွားတာ” ရှီမာယူယူသည် ပြုံးပြီးပြောလိုက်သည်။
“အဲဒါကြောင့် နင်လုပ်ခဲ့တာမျိုး မရှိဘူးလို့ မိုးကြိုးသွားအဖွဲ့က နင့်ကိုကြိမ်းနေတာ၊ နင့်ကိုလက်ခံတဲ့ အဖွဲ့မှန်ရင် သူတို့ရန်သူဖြစ်မယ်တဲ့ ဟုန်ဖာရဲ့ ကျောင်းသားတွေကလည်း နင့်ကို ဘယ်လိုပညာပေးမလဲဆိုတာ ကို ပြောနေကြတယ်” ဘေဂုံထန်သည် စိုးရိမ်စွာ ပြောလိုက်သည်။
“ဘာတွေကြောက်နေတာလဲ၊ ဘယ်သူက ငါ့ကိုရန်စရဲမှာလဲ တစ်ယောက်လာရင် တစ်ယောက်သတ် မယ်၊ နှစ်ယောက်လာရင် နှစ်ယောက်လုံးကိုသတ်မယ်” ရှီမာယူယူသည် လုံးဝစိုးရိမ်မှုမရှိပေ။ သူမတွင် ဝိဉာဉ် မိစ္ဆာများစွာရှိသည်။ သူတို့နဲ့တင် အားလုံးကိုချေမှုန်းလို့ရသည်။
“နင်ကတော့ သေချာနေတာပဲ” ဝေကျိရွှီ ပြောလိုက်သည် “ဂိုဏ်းထဲမှာ စည်းမျဉ်းတွေရှိတယ် နင် ဒီအတိုင်းကြီး လှုပ်ရှားလို့မရဘူး၊ သူတို့ နင့်ကို ထောင်ချောက်ဆင်မှာစိုးတယ်”
“အင်း ငါကြည့်နေပါ့မယ်” ရှီမာယူယူ ပြောလိုက်သည်။ သို့သော် သူမသည် စိတ်မပူပေ “နင်တို့ပဲ ဘာလို့ လာကြတာလဲ ကျန်တဲ့သူတွေရော”
“သူတို့က တံခါးပိတ်ကျင့်ကြံနေကြတယ်” ရှီမာယူရွှီ ပြောလေသည် “ငါတို့က မနေ့က ကိုယ့်ဘာသာ ထွက်လာလိုက်ကြတာ”
“ဆရာတစ်ယောက်က ဖက်တီးကိုမျက်စိကျနေတာ၊ အဲဒါကြောင့် ဘယ်နေရာရောက်ရောက် သူက လက်ရွေးစင်ဖြစ်နေတယ်၊ အဲသတင်းတစ်ခုကလွဲပြီး ဘာမှမကြားဘူး၊ ဝူရန်က လွန်ခဲ့တဲ့ရက်က တံခါးပိတ်ပြီး ဆေးဖော်နေတယ်” ဘေဂုံထန် ပြောလိုက်သည်။
“ဖက်တီးကျူက ဘယ်သွားနေတာလဲ”
“သူ့ဆရာမကလည်း လူထူးဆန်းပဲ၊ သူ့ဆရာမက ဒီကဆရာတွေထဲမှာ ပထမဆုံးလက်နက်ဆရာပဲ၊ သူမ က ဖက်တီးကို မျက်စိကျပြီး သူမတပည့်အဖြစ်လက်ခံလိုက်တာ၊ သူတို့ဆရာတပည့်နှစ်ယောက် ဆက်ဆံရေး ကလည်း တခြားကျောင်းသားတွေနဲ့ မတူဘူးဆိုတာ သိထားလိုက်ဦး၊ သူက သူ့ဆရာအိမ်ကို လှည်းနဲ့တောင်သွား တာ” ဝေကျိရွှီ ရှင်းပြလေသည်။
“မဆိုးဘူးပဲ အဲကောင် နောက်ဆုံးတော့ အနားရသွားပြီပေါ့” ရှီမာယူယူ အားပေးလေသည်။
ဖက်တီးကျူသည် လက်နက်များတီထွင်ရာတွင် အရည်အချင်းရှိသည်။ သို့သော် သူသည် အရင်က တစ်ခါမှမသင်ဖူးခဲ့ပေ။ အစပိုင်းတွင် ရှီမာယူယူသည် သူ့ကို အံ့ဖွယ်နတ်ဆိုးတောင်ကြားတွင် စာရင်းသွင်းပေးပြီး တောင်ကြားမှ ဆရာရရန် လုပ်ပေးမလို့ဖြစ်သည်။ သူ့ဘာသာ ဆရာရှာတွေ့မယ်လို့ ဘယ်သူထင်မိမှာလဲ။
“အစတုန်းကတော့ အဲကောင်ကြီးက သွားဖို့ငြင်းသေးတာ၊ သူက အမျိုးသမီးဆရာနောက်မလိုက်ဘူးဆို ပြီးလေ၊ နောက်ဆုံးတော့ သူမ လက်နက်တွေကိုအတင်းအကြပ်သွားကြည့်ရင်းကနေ သူ့ဘာသာ အပြေးသွားရ တော့တာပဲ” ဝေကျိရွှီသည် ထိုအချိန်က ဖက်တီးကျူအကြောင်းတွေးရင်း ပြုံးမိလေသည်။
“တုလေးရော သူ့ကို ဘယ်ဆရာကသင်ပေးနေတာလဲ” ရှီမာယူယူ မေးလိုက်သည်။
တုလေးသည် တခြားသူများနှင့် မတူပေ။ သူသည် အတွင်းဂိုဏ်းသို့ ၁နှစ်စောရောက်သည်။ သူအခု ဘယ်လိုနေလဲဆိုသည်ကို သူတို့သေချာမသိပေ။ သူ့ကိုနောက်ဆုံးမြင်ခဲ့သည်မှာ ၂နှစ်ရှိပြီဖြစ်သည်။
ဝေကျိရွှီနှင့် တခြားသူများသည် ခေါင်းကိုဖြေးညင်းစွာရမ်းလိုက်ရာ သူမသည် အနည်းငယ် စိတ်ပူသွား လေသည်။
“သူတစ်ခုခုများဖြစ်လို့လား”
“မဟုတ်ဘူး သူ့အကြောင်း သတင်းတိတိကျကျမရလို့” ဘေဂုံထန်ပြောလိုက်သည်။
“ဘာသတင်းလဲ သူကအတွင်းဂိုဏ်းမှာမဟုတ်ဘူးလား”
“သူကအတွင်းဂိုဏ်းမှာပဲ ဒါပေမဲ့ ငါတို့လူအများကြီးကိုမေးပြီးတာတောင် တုလေးကိုမသိကြဘူး၊ တုလေးကိုသိတယ်လို့ ပြောတဲ့အရူးတစ်ယောက်ကိုတောင် တွေ့ဖူးလိုက်သေးတယ်၊ ဒါပေမဲ့ တုလေးအကြောင်း သူမသိပါဘူး” ရှီမာယူရွှီ ပြောလိုက်သည် “ပြီးတော့ အဲတစ်ယောက်ကလည်း အတွင်းဂိုဏ်းကို ပထမဆုံးဝင်တဲ့ သူဖြစ်နေတာ”
“ဒါဆို သူအဆင်ပြေတယ်ဆိုတာ ဘယ်လိုသိတာလဲ အားလုံးအဆင်ပြေတယ်ဆိုရင်လည်း ဘာလို့ သတင်းမကြားရတာလဲ” ရှီမာယူယူသည် ထိုရူးသွပ်သော လူ၏ စကားများကို မယုံကြည်ပေ။
“ယူယူ စိတ်အေးအေးထား” ဝေကျိရွှီသည် သူမကို နှစ်သိမ့်လေသည် “အဲအရူးက တုလေးကို ကျောင်းအုပ်ကြီး ရုံးခန်းမှာတွေ့ဖူးတယ်လို့ပြောတာ၊ အဲဒါသူ့နောက်ဆုံး သတင်းပဲ၊ တုလေးရှိတဲ့နေရာကို ကျောင်းက လျှို့ဝှက်ထားတယ်လို့ သူပြောတယ်၊ တုလေးက ငါတို့နဲ့မတူတာသိတယ်မလား၊ အဲဒါကြောင့် အဲဖြစ် နိုင်ချေကလည်း မြင့်တယ်”
“အဲအရူးလူကဘယ်သူလဲ”
“ဖန်ယွမ်ဘန်လို့ခေါ်တဲ့ ထိပ်တန်း အဆင့်၂၀ထဲပါတယ်၊ သူက လူတွေကို စိန်ခေါ်ရတာကြိုုက်လို့ ပြီးတော့ သူတိုက်ပွဲတိုက်နေရင်လည်း အရူးတစ်ယောက်လိုလုပ်တတ်လို့လေ အဲဒါကြောင့် အားလုံးက သူ့ကို အရူးလို့ခေါ်ကြတာ”
“နင်တို့ သူ့ကိုဘယ်လိုတွေ့တာလဲ”
“သူနဲ့တိုက်တဲ့လူတစ်ယောက်က ဒဏ်ရာရသွားတာ၊ အဲဒါကိုငါတို့ဆီလာပြီး ဆေးလာဝယ်တာ၊ ငါတို့ လည်း မေးကြည့်တာ သူကသိနေတယ်လေ” ဘေဂုံထန် ပြောလိုက်သည်။
***