← Chapters

ယောက်ယက်ခတ်သောမနက်ခင်း

Vol. 007 Ch. 636

ယောက်ယက်ခတ်သောမနက်ခင်း

Vol. 007 Ch. 636

“ခေါင်းဆောင်ရှောင် ခင်ဗျားပြန်သွားပြီး ဂိုဏ်းက လူတွေလာလေ့လာဖို့ပဲ လာတိုက်ခိုက်ဖို့မဟုတ်ဘူး ဆိုတာ ခင်ဗျားအထက်ကလူတွေကို သွားပြောလိုက်ပါ၊ ကျွန်တော်လေ့လာတာကို မနှောင့်ယှက်ဘူးဆိုရင် ခင်ဗျားတို့ အေးအေးဆေးဆေးနေရမယ်၊ ဒါပေမဲ့ ကျွန်တော့်လမ်းကိုလာပိတ်မယ်ဆိုရင်တော့ ရန်သူဖြစ်သွားမှာ ပဲ၊ ကျွန်တော်က ခင်ဗျားတို့သေလောက်တဲ့တိတိုက်ဖို့ စိတ်မဝင်စားဘူး”

ရှီမာယူယူသည် ရှီမာယူမင်တို့အားခေါ်ပြီးနောက် ထွက်သွားလေသည်။ ပွဲကြည့်သောလူများသည် သူတို့ဆီသို့ လျှောက်လာသည်ကိုမြင်သည်နှင့် မသိစိတ်မှ ခြေလှမ်းဆုတ်ကာ ရှောင်ကြလေသည်။

“ရှီမာယူယူလား သူ့နာမည်က ဘာလို့အဲလောက်ရင်းနှီးနေရတာလဲ”

“ဟင် သူက ကျောင်းကနေခွင့်၁နှစ်ယူသွားတဲ့ကျောင်းသားသစ်နာမည်ကလည်း ရှီမာယူယူမလား”

“ဟုတ်တယ် သူဖြစ်လောက်တယ်”

“သူကတကယ်ရော ကျောင်းသားသစ်ဟုတ်ရဲ့လား ဘုရားရေ သူ့တိုက်ပွဲစွမ်းရည်ကဘာလို့ ကျောင်းသားသစ်နဲ့ မတူရတာလဲ”

“သူက ကျောင်းသားသစ်တစ်ယောက်ပဲ အဂ္ဂိရတ်ပညာရှင်တစ်ယောက်ကိုပဲ ဘာလို့တိုက်ပွဲစွမ်းရည်က ဘာလို့ အဲလောက်သန်မာနေရတာလဲ”

“အဲလူက တကယ်ကြောက်စရာကောင်းတာပဲ သူနဲ့မပတ်သတ်တာ အကောင်းဆုံးပဲ”

“ဟုတ်တယ်၊ မိုးကြိုးသွားအဖွဲ့က သူ့ကိုသွားပြဿနာရှာတာအခုတော့ ဆေးတောင်မနည်းသောက် နေရတယ်မလား၊ နောက်ကိုဘာဖြစ်မလဲဆိုတာ သိချင်မိသား”

ရှောင်ရွှီသည် အရိုက်မခံရသော်လည်း မျက်နှာမှာတင်းမာနေသည်။ သူသည် လူအများရှေ့တွင် သူရဲ ဘောကြောင်မိသည်။ ရှေ့လျှောက်ကို ဂိုဏ်းမှာ ဘယ်လိုမျက်နှာသွားပြရမလဲ။

“သွားရအောင် အသုံးမကျတဲ့ကောင်တွေ” သူသည် မြေပေါ်တွင် လဲကျနေသောလူများကိုအော်ကာ ဒေါသတကြီးဖြင့် ထွက်သွားလေသည်။

အဖွဲ့၂ဖွဲကထွက်သွားသည်နှင့် ပွဲကြည့်ရန်လာသူများလည်း ကျဲသွားလေသည်။ သိပ်မဝေးသောနေရာ တွင် တစ်ယောက်က အဖြူဝတ်ထားပြီး တစ်ယောက်သည် အနက်ဝတ်ထားသော အမျိုးသား၂ယောက်သည် တပ်ဆုတ်သွားသော မိုးကြိုးသွားအဖွဲ့ကိုကြည့်ပြီး စိတ်လှုပ်ရှားမှုများ ကွယ်ပျောက်သွားလေသည်။

“မိုဘင်း မြင်တယ်မလား အဲကောင်က တကယ်သန်တယ်” အဖြူဝတ်ထားသော အမျိုးသားသည် အနက်ရောင်ဝတ်သော အမျိုးသား၏ အင်္ကျိလက်ကိုစိတ်လှုပ်ရှားစွာ ဆွဲလိုက်သည်။

မိုဘင်းသည် သူ့လက်ထဲမှ အင်္ကျိလက်ကိုပြန်ဆွဲကာ တိုးညင်းစွာ ပြောလိုက်သည် “ငါမြင်ပါတယ်၊ အဲ ကျောင်းသားက မဆိုးဘူးပဲ”

“မဟုတ်ဘူး မဟုတ်ဘူး” ထန်ယန်သည် အားရပါးရပြုံးကာ “ဒီတစ်ခေါက်ကို အဲလောက်ချစ်စရာကောင်း တဲ့ ကျောင်းသားသစ်ရောက်လာမယ်လို့မထင်မိဘူး၊ မိုးကြိုးသွားအဖွဲ့ကတောင် သူ့ကိုကြောက်နေရတယ်၊ ကျွတ် ကျွတ် ကျောင်းသားဟောင်းတွေကို ဖိနှိပ်မယ့် နောက်အသစ်လေးပဲ”

“ဟုတ်ဟုတ် မဟုတ်ဟုတ် မင်းနဲ့ဆိုင်တာမှမဟုတ်တာ သွားရအောင်” မိုဂျင်းသည် ပြန်ရန်လှည့်ထွက်ရာ ထန်ယန်သည် သူ့နောက်မှလိုက်သွားလေသည်။

“သူလာမယ့် ပွဲ၃ပွဲကို ဝင်ပါမယ်ထင်လား”

“သူက အဂ္ဂိရတ်ပညာရှင်လို့ ပြောတာကြားတယ်မလား၊ အဂ္ဂိရတ်ပညာပြိုင်ပွဲကိုတော့ ဝင်ပြိုင်သင့်တာ ပေါ့”

“ဝိဉာဉ်သခင်ပြိုင်ပွဲကိုဝင်ပြိုင်ရင်ကောင်းမှာပဲ သူ လူဘယ်နယောက်လောက် နိုင်မလဲဆိုတာ ငါတကယ် ကြည့်ချင်တယ်” ထန်ယန်ပြောလိုက်သည် “ဘယ်လိုထင်လဲ သူသာ ဝိဉာဉ်သခင်ပြိုင်ပွဲကိုဝင်ပြိုင်ရင် အဆင့် ဘယ်လောက်ထိရောက်မလဲ”

“အဆင့် ၂၀၀အတွင်းတော့ဝင်မှာပေါ့” သူမ တိုက်ကွက်များသည် ရှင်းကာ သူမ၏ အင်အားကို တွေ့လိုက်သောအခါ မိုဂျင်းသည် အဖြေပြောင်းသွားသည် “အဆင့် ၁၀၀ မဟုတ်ရင် ၅၀အတွင်း”

“လူသစ်တစ်ယောက်က အဆင့် ၅၀၀အတွင်းရောက်ရင် တကယ်တော့မိုက်နေပြီ” ထန်ယန်သည်လည်း ရှီမာယူယူ၏ စွမ်းရည်ကို ထိုအတိုင်းပင်ခံစားမိသည်။ “အရူးသာ သူ့တိုက်ပွဲစွမ်းရည်ကိုသိလို့ကတော့ သူနဲ့ တိုက်ဖို့အပြေးရောက်လာမလားပဲ”

“ဖြစ်နိုင်တယ် ဒါပေမဲ့ သူ့အားကို ဖိနှိပ်တာလည်းဖြစ်နိုင်တယ်” မိုဂျင်းသည်လည်း ဖြစ်နိုင်ချေများသည်ဟု ခံစားမိသည်။ ထိုတိုက်ပွဲရူးသည် သန်မာသောလူများနှင့် တိုက်ရသည်ကို နှစ်သက်ကာ သူနှင့် အဆင့်တူသည် ဖြစ်စေ သူ့ထက်အားနည်းသည်ဖြစ်စေ အားကိုထိန်းချုပ်ထားတတ်သည်။ “ပြီးခဲ့တဲ့တစ်ခေါက်က သူမင်းကို လာရှာတုန်းက ဘယ်သူနိုင်သွားလဲ”

“သူ ဘယ်လိုလုပ်ငါ့ကိုနိုင်မှာလဲ ငါ့ကိုထပ်ပြီး အနှောင့်အယှက်မပေးနိုင်တော့အောင် ပြင်းပြင်းလေး နှက် ပေးလိုက်တယ်”  ထန်ယန်သည် ခေါင်းကိုက်လာသလိုပြောလိုက်သည် “သူက မင်းတို့ကိုသွားမရှာပဲ ဘာလို့ ငါ့ကိုပဲလာရှာနေလဲဆိုတာ နားမလည်တော့ဘူး”

“သူ ငါတို့ကိုလာမရှာတာ မင်းဘယ်လိုသိလဲ”  မိုဂျင်း ပြန်ချေပလိုက်သည်။

“တကယ်ကြီးလား” ထန်ယန်၏ မျက်လုံးများ ကျယ်လာသည် “ငါဘာလို့ အဲဒါကိုမကြားမိတာလဲ”

“တော်တော်ကြာပြီ” မိုဂျင်း ပြောလိုက်သည် “ငါတို့က အရင်တုန်းကရှင်းဖူးတယ် သူရှုံးသွားတာနဲ့ ငါ့ကို နောက်နှစ်တစ်ရာလောက် ပြဿနာမရှာတော့ဘူး”

ရလဒ်မှာတော့ မေးခွန်းထုတ်စရာမလိုသော အရှုံးပင်ဖြစ်သည်။

ထန်ယန်သည် သူ့မျက်လုံးများကိုကြည့်ပြီး သူသည် တကယ်ပင် တုံးအသည်ဟု ပြောလိုက်မိသည်။ သူ ဘာလို့ အဲအခြေအနေကို ကောင်းကောင်းမရှင်းတာလဲ။

အင်း.. နောက်တစ်ခါ တိုက်ပွဲရူးသူ့ကိုလာနှောင့်ယှက်လို့ကတော့ ဒီအခြေအနေပြီးမှပဲ တိုက်ရမယ်။

သူတို့နှစ်ယောက်သည် ဥယျာဉ်တစ်လျှောက်လမ်းလျှောက်ကြရာ တခြားသူများသည် သူတို့ကို အာရုံ စိုက်မိကြလေသည်။

“အဲဒါ တစ်ဂိုဏ်းလုံးရဲ့ အဆင့် ၅၊ ၁၀အဆင့်ရှိတဲ့ မိုဂျင်းနဲ့ ထန်ယန်မလား၊ သူတို့ထွက်လာတာပဲ”

“ဘုရားရေ တကယ်ပဲ ချောလိုက်ကြတာ”

“မမိုက်စမ်းပါနဲ့ အဆင့် ၂၀လောက်ရှိတဲ့သူတောင် သူတို့ကို မနှောင့်ယှက်ရဲဘူး၊ သူတို့ကို ငါတို့မမှီနိုင်ဘူး သွားရအောင်”

“ရုပ်ချောတဲ့အစ်ကိုကြီး ဘယ်တွေသွားနေခဲ့တာလဲ၊ ငါ ရှာနေတာကြာလှပြီ” ဟန့်မြောင်ရွှမ်သည် ရှီမာယူယူ၏ လက်ကိုဆွဲကာ အိမ်ထဲသို့ခေါ်သွားလေသည်။ ရှီမာယူယူသည် ဘေဂုံထန်တို့အား ပြီးစလွယ် နှုတ်ဆက်လိုက်ရသည်။

“ကျောင်းသားဟန့် ဘာတွေအဲလောက် စိတ်လှုပ်ရှားနေတာလဲ” သူတို့ခြံဝန်းထဲမှ ထွက်လာမှပင် ဟန့်မြောင်ရွှမ်သည် သူမကိုလွှတ်လိုက်လေသည်။ သူမသည် တင်းကြပ်စွာ ကိုင်ထားသောကြောင့် နီရဲနေသော လက်ကောက်ဝတ်ကိုပွတ်လိုက်သည်။

“ငါ နင့်ကိုမနက်ကလာရှာတာ ဒါပေမဲ့ နင်မရှိလို့လေ” ဟန့်မြောင်ရွှမ် ပြောလေသည်။

“ကျွန်တော်ဘာလုပ်ကူညီပေးစရာရှိလို့လဲ” ရှီမာယူယူ ထပ်မေးပြန်သည်။

“စီနီယာ ၂ ကျွန်တော်ခြံဝန်းကိုရှင်းပြီးသွားပြီ” စူရှောင်ရှောင်၏ အော်ပြောသံသည် အနောက်မှ ထွက် လာသည်။

“ရှောင်ရှောင် ဆူဆူညံညံလုပ်နေဦးမယ်ဆိုရင် မင်းကိုနှင်ထုတ်တော့မယ်” ရှုှုဂျင်း၏ အသံသည် အပေါ်ထပ်မှ ထွက်လာသည်။

ကျန်းကျူကျီသည် စူရှောင်ရှောင်အားရည်ရွယ်သော ထူးဆန်းသောပစ္စည်းတစ်ခုကို ပြတင်းပေါက်မှ လှမ်းပစ်လိုက်လေသည်။

ဆူရှောင်ရှောင်သည် မသိစိတ်မှ ဘေးသို့ရှောင်လိုက်သဖြင့် ရှီမာယူယူ ယူကြည့်လိုက်သည်။ မြေပေါ်တွင် အထီးကျန်လှသော ခေါင်းအုံးသည် သနားစရာကောင်းအောင်ကျသွားလေသည်။

ရှီမာယူယူသည် စက္ကန့်အနည်းငယ်အတွင်း ပေါက်ကွဲသွားသော ခြံဝန်းကိုကြည့်လိုက်ရာ ခေါင်းပေါ်မှ ပျံသွားသော အရာကို မြင်ရုံသာမြင်လိုက်သည်။

သူမ လျှောက်သွားကာ ခေါင်းအုံးကိုကောက်လိုက်သည်။ သူမသည် ခေါင်းမော့ကာ ထွားကြိုင်းသော စူရှောင်ရှောင်အား ကြည့်လိုက်သည် “ကျောင်းသားဆူ ဘာတွေဖြစ်နေတာလဲ”

စူရှောင်ရှောင်သည် ဟန့်မြောင်ရွှမ်အား စားမတတ်ဝါးမတတ်ကြည့်လိုက်သည်။ သို့သော် အိပ်နေသော လူနှစ်ယောက်ကို စဉ်းစားမိကာ တတ်နိုင်သလောက် အသံနိမ့်ပြီး “သူမ ဝိဉာဉ်မိစ္ဆာဘယ်ကရလာလဲတော့ မသိ ဘူး ဒါပေမဲ့ သူမမြေပေါ်ကိုပစ်ပေါက်လိုက်တာ သွေးတွေနေရာတိုင်းမှာ ပျံ့နေတာပဲ”

“ရှောင်ရှောင် ငါတခြားနေရာကိုရှာမတွေ့လို့မဟုတ်ဘူးလား” ဆူရှောင်ရှောင် ဒေါသထွက်နေသည်ကို ဟန့်မြောင်ရွှမ်မြင်သောအခါ နှုတ်ခမ်းတွန့်ပြီး ရှင်းပြလေသည်။

“ကြည့်ရတာ ငါ ပစ်ဖို့နေရာရှာမတွေ့ခင်မှာပဲ ဂျူနီယာမောင်လေးကိုသွားရှာလို့ဖြစ်မယ်” ဆူရှောင်ရှောင် သည် သူမအား မယုံကြည်ပေ။

“အစ်မကို ခြံဝန်းထဲကို မသေမရှင်ဖြစ်နေတဲ့ဟာတွေ ယူမလာနဲ့လို့ ကျွန်တော်ပြောပြီးသားလေ” ဆူရှောင်ရှောင်သည် အားနည်းမှုမရှိကာ သူတို့နှစ်ယောက်သည် တစ်ယောက်နှင့် တစ်ယောက် ကြည့်နေကြ သည်မှာ တိုက်ပွဲတိုက်နေသလိုပင်။

ရှီမာယူယူသည် နောက်ဆုံးတွင်နားလည်သွားသည်။ ဟန့်မြောင်ရွှမ်သည် မနေ့ညက ထွက်သွားကာ ဝိဉာဉ်မိစ္ဆာနှင့်တိုက်ခိုက်ခဲ့သည်။ ပြန်လာသောအခါ ဝိဉာဉ်မိစ္ဆာကို မြေပေါ်ပစ်ထားပြီး သူမကိုလာရှာခဲ့သည်။ နောက်ဆုံးတွင် ဆူရှောင်ရှောင်၏ နေရာတွင် သွေးများပေစွန်းခဲ့သည်။

“အဟွတ် အဟွတ် အဲဒါကို အသားကင်လုပ်ပေးစေချင်လား” သူတို့နှစ်ယောက်ကြားတွင် သွေးပူလာ သည်ကို တွေ့သောအခါ ရှီမာယူယူ ပြောလိုက်သည်။

“အင်း အင်း” ဟန့်မြောင်ရွှမ်သည် ဆူရှောင်ရှောင်အား ကြည့်ပြီး ရှီမာယူယူဘက်လှည့်ကာ အားရပါးရ ပြုံးလေသည်။

“ကျောင်းသားဆူ ကျောင်းသားကျန်းကို ဒါလေးသွားပို့ပေးပါ၊ ငါခြံဝန်းကိုရှင်းကူပေးပါမယ်” သူမသည် ခေါင်းအုံးကို ဆူရှောင်ရှောင်ဆီသို့ပေးလိုက်သည်။

***

All Chapters