စားဖိုမှူးအဖြစ်ရာထူးလျှောခြင်း
Vol. 007 Ch. 637
ဆူရှောင်ရှောင်သည် မကျေနပ်သော်လည်း ခေါင်းအုံးကိုယူကာ မှော်ဝင်လက်စွပ်အတွင်းသိမ်းလိုက် သည်။
“သွားကြမယ် လိုက်ခဲ့” ပြောပြီးနောက်တွင် သူခြံဝန်းအနောက်သို့ လျှောက်သွားလေသည်။
ဟန့်မြောင်ရွှမ် နှုတ်ခမ်းတွန့်သွားသည်ကို ရှီမာယူယူမြင်လိုက်ရာ ဆူရှောင်ရှောင် စိတ်တိုသွားသည်ကို သိ လိုက်သည်။ ဆူရှောင်ရှောင်သည် ဒေါသထွက်သွားသော်လည်း သူမကို တကယ်ဒေါသမထွက်ရဲသည်ကို သူမသိသည်။
“စီနီယာ ကျွန်တော်တို့်လည်းသွားရအောင်”
“ဟီး သွားရအောင်”
သူမ အမူအရာကိုမြင်လိုက်သောအခါတွင် ရှီမာယူယူခေါင်းရမ်းမိလေသည်။
သူတို့သည် ခြံဝန်းအနောက်ပိုင်းနေရာလွတ်သို့လာရာ ဆူရှောင်ရှောင်စိတ်ဆိုးရခြင်းအကြောင်းအရင်း ကို သူမ သိသွားလေပြီ။ စတိုခန်းအဆောက်အဦးအရွယ်အစားရှိသော ကျွဲတစ်ကောင်ကို မြေပေါ်တွင်ပစ်ထား ကာ သွေးများသည် သူ့ကိုယ်ထဲမှစီးကျနေလေသည်။ မြေပေါ်ရှိသွေးခြောက်များအပြင် ဘေးတွင်လည်း သွေး များ စီးကျထားလေသည်။
“ဂျူညီယာမောင်လေး၊ ဒီကျွဲကိုဘယ်လိုရှာတွေ့တာလဲ၊ ဒီအကောင်က အရမ်းမအိုသေးလို့ သူ့ကိုရွေး လိုက်တာ၊ အဲတော့ အသားပိုနူးညံ့တာပေါ့” ဟန့်မြောင်ရွှမ်သည် ကျွဲကို ကျေနပ်စွာ ကြည့်လိုက်သည်။ သူမသည် ဆူရှောင်ရှောင်၏ မျက်နှာအမူအရာကို လုံးဝလျစ်လျူရှုထားသည်။
ရှီမာယူယူသည် နှုတ်ခမ်းတွန့်ကာ ပြောလိုက်သည် “စီနီယာ ဒါကြီးအကုန်လုံးကို ကင်ခိုင်းတာတော့ မဟုတ်လောက်ပါဘူးနော်”
“ငါအဲဒါစဉ်းစားနေတာ ဒါပေမဲ့ မင်းတကယ်လုပ်မယ်ဆိုရင်တော့ မပြီးနိုင်ဘူးလို့” ဟန့်မြောင်ရွှမ် ပြော လိုက်သည် “ဘယ်အပိုင်းကို ကင်ချင်လဲ”
“တကယ်တော့ ဒီကျွဲအသားက အရသာမရှိဘူး၊ ဟော့ပေါ့လုပ်စားရင်ရော” ရှီမာယူယူသည် လက်တန်း ပြောလိုက်လေသည်။ ဟန့်မြောင်ရွှမ်၏ စိတ်လှုပ်ရှားမှုကိုမြင်သောအခါ ပြောမိသည့် သူမ၏ လျှာကိုသာ ဖြတ်ပစ် ချင်မိသည်။
သူမက စားတာကိုကြိုက်တယ်ဆိုတာ သိရဲ့သားနဲ့ ဘာလို့စကားတွေသွားရှည်တာလဲ။ ဒါကပဲ သူမကို ဒုက္ခရောက်စေတာပဲ။
ထင်ထားသည့်အတိုင်းပင်….
“ဂျူနီယာမောင်လေး မင်းဝိဉာဉ်မိစ္ဆာကို ဘယ်လိုဟော့ပေါ့ချက်ရမလဲဆိုတာကိုတောင် သိတယ်ပေါ့၊ ဘယ်လိုလုပ်တာလဲ” ဟန့်မြောင်ရွှမ်သည် အပြေးလာကာ သူမကို ဖက်တော့မည့်အတိုင်းပင်။
ယူယူသည် သက်ပြင်းခိုးချကာ ပြုံးပြီးပြောလိုက်သည် “ဒီအတိုင်း ဟင်းရည်လုပ်ပြီး အသားကို စက္ကန့် နည်းနည်းလောက်စိမ်ပြီးစားရတာလေ”
“အရသာရှိလောက်လား”
ယူယူသည် အရသာမရှိဘူးဟု အမှန်တကယ်ပြောခငျ်မိသည်။ သို့သော် ဟန့်မြောင်ရွှမ် တက်ကြွနေ သည်ကိုကြည့်ပြီးနောက် သူခေါင်းညိမ့်လိုက်သည် “ဟင်ရည်ကောင်းတယ်ဆိုရင် ကောင်းတယ်၊ ဒါပေမဲ့ ဟင်းရည်က အရသာမရှိရင်တော့ စားလို့မကောင်းဘူး”
“ဒါဆို ငါ့ကိုဟင်းရည်လုပ်ပေးလေ၊ ပြီးတာနဲ့ ငါတို့အသားစားလို့ရမယ်၊ ရှောင်ရှောင်မရှင်းနဲ့တော့ ငါတို့ ခဏနေ အတူစားရအောင်” ဟန့်မြောင်ရွှမ်းသည် ဆူရှောင်ရှောင်အား လက်ဝေ့ပြလေသည်။
ဆူရှောင်ရှောင်သည် အလွန်စိတ်ဆိုးကာ သူမကို ဒီနေ့တော့ လျစ်လျူရှုရန်ဆုံးဖြတ်လိုက်သည်။ ထို့ကြောင့်ပင် သူမ ခေါ်လိုက်သည့်အချိန်ကလည်း သူလျစ်လျူရှုခဲ့သည်။ ဆူရှောင်ရှောင် အမှန်တကယ်ပင် သူမကို စိတ်ဆိုးနေသည်ကို ဟန့်မြောင်ရွှမ် မြင်သောအခါ ပြေးသွားပြီး ပြန်ချော့လေသည်။
ရှီမာယူယူသည် စကားတည်သောလူဖြစ်သည်။ ခြံဝန်းတွင် နေရာအလုံအလောက်ရှိသော်လည်း စားဖိုချောင်မရှိသဖြင့် သူမသည် အိုးများ၊ ဒယ်အိုးများနှင့် တခြားလိုအပ်သည့်ပစ္စည်းများထုတ်ကာ ထိုနေရာတွင် ချက်ပြုတ်ရန်ပြင်ဆင်လေသည်။
ဟန့်မြောင်ရွှမ်သည် ရှီမာယူယူ ပစ္စည်းများထုတ်နေသည်ကို မြင်သည်နှင့် အလွန်စိတ်လှုပ်ရှားလေ သည်။ သူမသည် ရှီမာယူယူအား ရတနာတစ်ပါးကိုကြည့်သလိုကိုကြည့်နေသည်။
“ဂျူနီယာမောင်လေး မင်းတကယ်ပဲ ချက်ပြုတ်တတ်တယ်မလား၊ ဟားဟား မင်း ပစ္စည်းတွေကိုကြည့် တာနဲ့ပဲ မင်းအချက်အပြုတ်ကောင်းတယ်ဆိုတာ သိတယ်” ဟန့်မြောင်ရွှမ်သည် ယုံကြည်ချက်အပြည့်ဖြင့် ပြော လေသည်။
“နောက်ပိုင်းကို မချက်တာကြာပါပြီ” ရှီမာယူယူသည် သူမမေးခွန်းကို တိုက်ရိုက်မဖြေပေ။
ထို၂နှစ်အတွင်းတွင် သူမတွင် ချက်ပြုတ်ချိန်မရှိကာ ချက်ပြုတ်ခဲ့သည့် အကြိမ်အရေအတွက်မှာ လက်ချိုးရေလို့ရသည်။
“အဲဒါကလည်း မင်းကချက်နေကျဆိုတာကို ပြောနေတာပဲ” ဟန့်မြောင်ရွှမ် ပြောလိုက်သည်။ ရှီမာယူယူ ဟင်းသီးဟင်းရွက်များနှင့် ဟင်းခတ်အမွှေးအကြိုင်များထုတ်နေသည်ကို တွေ့သည်နှင့် သူမ မေးလိုက်သည် “အဲဒါ ဘာအတွက်လဲ”
“ဟင်းရည်ချက်ဖို့” ရှီမာယူယူသည် ထိုပစ္စည်းများကိုပြင်ဆင်ကာ ချက်ပြုတ်ရန်အတွက် အိုးထဲထည့် လိုက်သည်။ မီးဖိုမီးရသည်နှင့် သူမသည် မှိုများကိုထည့်ပြုတ်လိုက်သ်ည။
ဟင်းရည်ပွက်သည်နှင့် ကျွဲဘေးသွာကာ အသားလှီးဖြတ်ပြီး ရေနှင့်ဆေးလိုက်သည်။ ထို့နောက်တွင် သူမသည် အသားများကို ပါးပါးလှီးကာ လင်ဗန်းပေါ်တင်လိုက်သည်။
ဟန့်မြောင်ရွှမ်သည် အသားတစ်ဖက်ယူကြည့်ကာ ထိုးဖောက်မြင်ရလောက်အောင် ပါးလွှာသော အသားများကို ကြည့်ပြီး အံ့သြသဖြင့် စကားပင်မပြောနိုင်ပေ။
ဆူရှောင်ရှောင်သည် ရှီမာယူယူး ကျွမ်းကျင်သောကိုင်တွယ်ပုံများနှင့် စတင်အလုပ်လုပ်နေသည်ကို တွေ့သည်နှင့် သူဘာလုပ်နေသည်ကို သိချင်သဖြင့် ရပ်နေလေသည်။
“မွှေးလိုက်တာ”
အနံ့သည် အိုးထဲမှထိုးထွက်လာရာ ဟန့်မြောင်ရွှမ်၏ အာရုံကိုချက်ချင်းပင် ဖမ်းစားလိုက်သည်။ သူမသည် လက်ထဲမှ အသားကိုပစ်ပြီး အိုးဘေးသွားကာ အဖုံးကိုဖွင့်လိုက်သည်။ သူမအဖုံးဖွင့်လိုက်သည်နှင့် အနံ့များထွက်လာရာ ခြံဝန်းတစ်ခုလုံးသည် အရသာရှိသောအနံ့ဖြင့်ပြည့်သွားလေသည်။
ခြံဝန်းဘေးတွင်ရှိသောနေရာသည် ရှုဂျင်းနှင့် တခြားသူများပိုင်သောနေရာဖြစ်သည်။ အပေါ်တွင် အိပ် နေသော လူနှစ်ယောက်သည် အရသာရှိသောအနံ့ကြောင့် နိုးလာလေသည်။ သူတို့သည် အိပ်ရာဘေးသို့ လှည့်ပတ်ကြည့်ပြီးနောက် နောက်ဆုံးတွင် မတတ်သာပဲ အနံ့၏ဆွဲဆောင်မှုနောက်ပါလာတော့သည်။ သူတို့ သည် အိပ်ရာပေါ်တွင် တွားသွားကာ ပြတင်းပေါက်မှကြည့်လိုက်သည်။
လူသုံးယောက်သည် ခြံဝန်းအတွင်းရှိ အိုးတွင်ဝိုင်းကာ ပျော်ရွှင်စွာစားသောက်နေသည်ကို တွေ့လိုက်ရ သည်။ ရှောင်ရှောင်ပင်လျှင် သူ့တံမြက်စည်းကိုချထားလေသည်။ သူတို့တစ်ခါမှမမြင်ဖူးသော မြင်ကွင်းဖြစ်သည်။
ရှီမာယူယူသည် ပျော်ရွှင်စွာစားနေကြသော လူနှစ်ယောက်ကိုကြည့်ပြီး သက်ပြင်းချမိသည်။ ထိုနေ့သည် သူမ၏ ဂိုဏ်းရောက်သည်မှာ ပထမဆုံးနေ့ဖြစ်သော်လည်း သူမဆရာကိုမတွေ့ရသေးခင်မှာပင် တခြားသူများနှင့် တိုက်ခိုက်ပြီးလေပြီ။ အဲဒါပြီးတဲ့နောက်မှတော့ ဖမ်းဆွဲခေါ်သွားခံရပြီး သူတို့စားဖိုမှူးလို ဆက်ဆံနေသည်။
“ရှောင်ရှောင် မင်းခြံကို တံမြက်စည်းလှည်းပြီးပြီလား” ရှုဂှင်းသည် ပြတင်းပေါက်ကိုမှီကာ သူတို့သုံး ယောက်ကို စိတ်တိုစွာကြည့်လိုက်သည်။
“ဆရာ ကျွန်တော် ခြံကိုနောက်မှ ဆက်ရှင်းလိုက်မယ်၊ အရင်ဆုံးဂျူနီယာညီလေးရဲ့ လက်ရာကို စားပါ ရစေ” ဆူရှောင်ရှောင်သည် အသားတစ်ဖတ်ကို တူဖြင့်ယူကာ ဟင်းရည်အတွင်း အချိန်ခဏမျှနှစ်လိုက်သည်။ ထို့နောက်တွင် သူသည် ရှီမာယူယူ၏ လက်ဖြစ်ဟင်းခတ်အမှုန့်နှင့်တို့ကာ ပူပူလောင်လောင်စားလေသည်။ သူသည် ပါးစပ်ထဲမထည့်ခင်ကို လေဖြင့်မှုတ်လိုက်သေးသည်။
ဟန့်မြောင်ရွှမ်ဆိုသည်မှာတော့ ခေါင်းပင်ပြန်မော့မလာကာ မျက်လုံးနှင့် လက်များသည် အလုပ်ရှုပ်နေ ကြသည်။
ရှုဂျင်းသည် သူ့တပည့်နှစ်ယောက်ကိုကြည့်ပြီး ဆင်းရမလားကို စဉ်းစားနေစဉ်မှာပင် ကျန်းကျူကျီသည် သူ့ကိုတရွတ်တိုက်ဆွဲသွားလေသည်။
“ငါလည်းစားကြည့်မယ်” ကျန်းကျူးကျီသည် ဆူရှောင်ရှောင်ကို တွန်းလိုက်ပြီး သူ့နေရာတွင် ဝင်ထိုင် လိုက်သည်။
ဆူရှောင်ရှောင်သည် စိတ်မဆိုးနိုင်ပဲ ခုံထတ်ကာ ချပြီး စားသောက်နေလေသည်။
ရှီမာယူယူသည် တူနှင့် ပန်းကန်လုံးထုတ်ကာ ကျန်းကျူကျီကိုပေးလိုက်သည်။ ဒီလူက ဆူရှောင်ရှောင် တို့စားတာကြည့်ပြီး ဘယ်လိုစားရမလဲဆိုတာကို သိနေပြီပဲ။
“ဂျူနီယာမောင်လေး မင်းချက်တာကိုစားပြီး ဒီကဟာတွေစားရင် အရသာပျက်သွားတော့မှာပဲ၊ ဘာလို့ စောစောမလာခဲ့တာလဲ” ဟန့်မြောင်ရွှမ်သည် ငြီးလေသည်။
“စားကောင်းတယ် စားကောင်းတယ်” ဆူရှောင်ရှောင်သဘောတူလေသည်။
“တကယ်မဆိုးဘူးပဲ” ကျန်းကျူကျီ၏ မျက်လုံးများသည် အခုချိန်တွင်လုံးဝပွင့်သွားနိုင်ပြီ။ သူသည် အရင် ကကဲ့သို့ အိပ်ချင်မူးတူးမဟုတ်ပေ။
“ဟေ့ကောင်တွေ ငါ့ကိုကျ စားဖို့မဖိတ်တော့ဘူးလား” ရှုဂျင်းသည် သည်းမခံနိုင်တော့ပဲ ပြေးဆင်းလာ သည်။
“ဆရာရှု” ရှီမာယူယူသည် မတ်တပ်ရပ်ကာ သူမနေရာကို ဖယ်ပေးလိုက်သည်။ သူတို့လေးယောက် သည် စားပွဲတွင် အကျအနဖြစ်သွားသည်။
“ဂျူနီယာမောင်လေး ငါ့ကိုအသားလေးထပ်လှီးပေးပါဦး” ဟန့်မြောင်ရွှမ်သည် ရှီမာယူယူကိုပြောလိုက် သည်။
ရှီမာယူယူသည် မတတ်သာတော့ပဲ ဘေးသို့သွားကာ အသားများလှီးဖြတ်ရတော့သည်။ ထို့နောက်တွင် သူမသည် ကြက်သားနှင့် ဝိဉာဉ်မိစ္ဆာအသားများ တချို့ကိုထုတ်လိုက်သည်။ သူမသည် လှီးဖြတ်ပြီးနောက် ထည့် ပေးလိုက်သည်။ ထို့နောက်တွင် သူမသည် ဝိဉာဉ်စေတီအတွင်းမှ ဟင်းသီးဟင်းရွက်များထပ်ယူကာ ပန်းကန်ထဲ ထည့်ပေးလိုက်သည်။
တစ်ယောက်စာ ထည့်ရင်းထည့်ရင်းနှင့် အစပိုင်းက ဟန့်မြောင်ရွှမ်အတွက်သာ ရိုးရှင်းစွာ ချက်သော ဟော့ပေါ့သည် ၄ယောက်စာ စားသောက်ပွဲဖြစ်သွားလေသည်။
၄ယောက်သား စားကြသည်မှာ မနက်မှ နေ့လည်အထိဖြစ်ကာ စားစရာမကျန်တော့သည်ဆိုတော့မှ ရပ် ကြလေသည်။
“ရှောင်ရှောင် ဒါတွေရှင်းလိုက် ယူယူ လာခဲ့” ရှုဂျင်းသည် ပစ္စည်းများသိမ်းနေသော ရှီမာယူယူကို ကြည့် ပြီး လက်ယက်ခေါ်လိုက်သည်။
ရှင်းပေးမည့်သူရှိသည့်အတွက် ရှီမာယူယူသည် ပျော်ရွှင်ကာ ပစ္စည်းများချကာ အပြေးသွားလေသည်။
ရှုဂျင်းသည် သွားကြားထိုးတံထုတ်ကာ ပါးစပ်တွင်ထားပြီး ပြောလေသည် “မင်းဒီနေ့အပြင်ထွက်တော့ ပြဿနာရှာလာသေးတယ်မလား”
***