ဒုတိယမြောက်ဆရာ
Vol. 007 Ch. 638
ရှီမာယူယူ မျက်တောင်ခတ်လိုက်သည်။ ဒီလူကြီးကအိပ်နေတာမဟုတ်ဘူးလား။ ဒီနေ့အဖြစ်အပျက်ကို သူ ဘယ်လိုသိနေတာလဲ။
“အခုအပြင်မှာကျောင်းသားတွေအများကြီးရှိနေတယ်၊ ဒါမျိုးအရင်ကတစ်ခါမှမဖြစ်ဖူးဘူး၊ သူတို့က မင်း ကိုလာရှာတာမဟုတ်လို့ ဘယ်သူ့ကိုရှာရမှာလဲ”
ရှီမာယူယူသည် မျက်လုံးမှိတ်ပြီး အာရုံခံမိသည်။ ထင်ထားသည့်အတိုင်းပင် ကျောင်းသားများသည် အပြင်တွင် စုရုံးနေကြသည်။
“ပြဿနာရှင်းပြီးပြီမဟုတ်ဘူးလား ဘာကိစ္စရှိသေးလို့လဲ” သူမသည် ရှုဂျင်း၏ ပေါက်ရောက်မှုကို အနည်းငယ်သံသယဝင်မိသည်။
“ငါ ဆရာတွေနဲ့ဂိုဏ်းကိစ္စကိုတော့ရှင်းပြီးပြီလေ၊ မဟုတ်ရင် မင်းဒီမှာတောင်ရှိမှာမဟုတ်ဘူး၊ မဟုတ်ရင် မင်းဟုန်ဖာနှင်ထုတ်လို့အပြင်ရောက်နေပြီ” ရှုဂျင်း ပြန်ချေပလေသည်။ “ကျောင်းသားတွေကိစ္စကတော့ မင်း ကိုယ်တိုင်ရှင်းရမှာ၊ ငါ မင်းအတွက် အကုန်လိုက်ရှင်းမပေးနိုင်ဘူး၊ မဟုတ်ရင် မင်းအတွေ့အကြုံလည်းရမှာ မဟုတ်ဘူး၊ သွား အဲလူတွေကို သွားရှင်းလိုက်”
“သူတို့အပြင်မှာရပ်တာက သူတို့ရွေးချယ်မှုပဲလေ” ရှီမာယူယူသည် ထွက်မသွားပဲ ခုံတစ်ခုံဆွဲကာ သူ့ ဘေးတွင် ဝင်ထိုင်လိုက်သည် “ဆရာ၊ ကျွန်တော့်ကိုပြောပြဦး၊ ဆရာတစ်ယောက်အနေနဲ့ ကျွန်တော့်ကို ဘာတွေ သင်ပေးမှာလဲ”
“ဆေးဖော်တဲ့အခန်းကဟိုမှာ မင်းနားမလည်တာရှိရင် ငါ့ကိုမေး” ရှုဂျင်းသည် ခြံဝန်းအတွင်းရှိ အိမ်အသေးတစ်ခုကို ညွှန်ပြလေသည်။
“အတန်းမရှိဘူးလား”
“အတွင်းဂိုဏ်းမှာ သတ်မှတ်ထားတဲ့အတန်းဆိုတာ မရှိဘူး၊ အားလုံးက ကိုယ့်ဘာသာလုပ်ကြတာ၊ အထူးသဖြင့် ဝိဉာဉ်သခင်တွေပဲ၊ အဆောင်တွေအပြင် ကျင့်ကြံတဲ့ဘုရားကျောင်းတွေလည်းရှိတယ်၊ ငါတို့ အဂ္ဂိရတ်ပညာရှင်တွေလည်း အတူတူပဲ၊ ငါတို့မှာ ဆေးဖော်ဖို့အခန်းပိုတွေရှိတယ်၊ မင်း ဆေးဖော်တဲ့အခန်းထဲမှာ ဆေးဖော်ချင်ရင် ဖော်လို့ရတယ်” ရှုဂျင်းသည် သူမအား တစ်ချက်ကြည့်လိုက်သည်။
“ဆေးဖော်တဲ့အခန်းက ဘယ်လိုနေရာမျိုးလဲ” ရှီမာယူယူ မေးလိုက်သည်။
“မင်းကြိုက်သလိုလုပ်လို့ရတယ် မင်း ငါ့ဆေးဖော်တဲ့အခန်းအသေးထဲမှာ ဆေးဖော်လို့ရတယ်၊ ဒါပေမဲ့ မင်းကိုပြပေးမယ့် ဆရာမရှိဘူးဆိုရင် ဆေးဖော်တဲ့အခန်းတွေမှာ သွားရှာလို့ရတယ်၊ ဒါပေမဲ့ အဲအဂ္ဂိရတ်ပညာရှင် တွေကလည်း ဘာမှလုပ်စရာမရှိရင် ဆေးဖော်တဲ့အခန်းသွားပြီး ကျောင်းသားတွေမေးတာဖြေပေးတယ်” ရှုဂျင်း ပြန်ဖြေလေသည်။
“ဆရာလည်းသွားမှာလား”
“ငါကတော့သေချာပေါက်…. မသွားချင်ဘူးပေါ့” ရှုဂျင်းသည် မတတ်သာစွာပြောလေသည်။ “အဲအဘိုး ကြီးကတော့ ငါ့ကိုတစ်ပတ်အနည်းဆုံး ၂ကြိမ်တော့သွားစေချင်တာ”
“ကျောင်းအုပ်ကြီးယွမ်လား”
“ဟုတ်တယ်” ရှုဂျင်း သက်ပြင်းချလေသည် “အဲကလူတွေက တုံးတယ် ရှောင်ရှောင်တို့လိုမဟုတ်ဘူး သူတို့က အလွယ်တကူနားလည်ကြတယ်၊ သူတို့နဲ့ ရှင်းအောင်နေရမယ် မဟုတ်ရင် ငါ့အချိန်တွေ အလကားပဲ”
“ဒါပေမဲ့ ဆရာကအမြဲတမ်းရှင်းပြနေတုန်းပဲလေ” ဟန့်မြောင်ရွှမ်သည် ဝိဉာဉ်အသီးအား ကိုက်ဖဲ့ရင်း ပြောလေသည်။
“ငါသာ သူတို့ကို ကောင်းကောင်းသင်မပေးရင် အဘိုးကြီးက ငါ့ကိုဌာနမှူးလုပ်ခိုင်းလိမ့်မယ်၊ ငါမလုပ် ချင်ဘူး” ရှုဂျင်းသည် ဂုဏ်ယူစွာပြောလေသည် “ငါအဲဒီကို အပတ်တိုင်းသွားတာက ဌာနမှူးလုပ်ရတာထက် စာရင် တော်သေးတယ်”
“ဆရာရှိတဲ့ အဂ္ဂိရတ်ပညာရှင်တွေ အများစုက ဆေးဖော်တဲ့အခန်းမှာ တခြားအဂ္ဂိရတ်ပညာရှင်တွေနဲ့ ဆွေးနွေးကြတယ်” ရှောင်ရှောင်သည် ရှင်းလင်းရင်းနှင့် ပြောလေသည်။
အတွင်းဂိုဏ်း၏ သင်ကြားမှုနည်းလမ်းမှာ ဒီလောက်ပွင့်လင်းမြင်သာရှိလိမ့်မည်ဟု ရှီမာယူယူထင်မထား ပေ။ သူမ နေ့တိုင်းစာသင်ခန်းမှာပင် ပိတ်မိနေလိမ့်မည်ဟု ထင်ထားခဲ့သည်။
“ဂျူနီယာမောင်လေး ဘယ်တော့ငါတို့ကိုထပ်ချက်ကျွေးမှာလဲ၊ ညနေကို အသားကင်စားရင်ဘယ်လိုလဲ” ဟန့်မြောင်ရွှမ်သည် ပြုံးပြီး လျှောက်လာသည်။
“နေ့လည်နောက်ပိုင်း…” ရှီမာယူယူ ဆက်ပြောလေသည် “ဒါနဲ့ ကျွန်တော်က ဆရာ့ကို အကြီးအကဲ တစ်ယောက်အနေနဲ့ နှုတ်မဆက်ရသေးဘူးလို့၊ ကျွန်တော်က အစ်မတို့ရဲ့ဂျူညီယာမောင်လေးမဟုတ်ဘူး၊ ယူယူ လို့ပဲခေါ်ပါ”
သူမသည် ရှုဂျင်းကို ဆရာတစ်ယောက်အနေနှင့် သတ်မှတ်ခြင်းမပြုရသေးသဖြင့် သူမသည် သူတို့၏ ဂျူနီယာညီမဟုတ်သေးပေ။ သူမတွင် ဆရာနှစ်ယောက်ဖြစ်သော ဖန်ကျိရှင်းနှင့် အဘိုးနတ်ဆိုးတို့ရှိသော်လည်း သူတို့မှာ နယ်ပယ်မတူညီပေ။ သို့သော် ရှုဂျင်းသည် အဂ္ဂိရတ်ပညာအတွက်ဆရာတစ်ယောက်ဖြစ်သည်။ သူမ သည် အဘိုးနတ်ဆိုး၏ သဘောတူညီမှုမပါပဲ တခြားတစ်ယောက်ကို ဆရာအဖြစ်မသတ်မှတ်နိုင်သေးပေ။ ထို သည်မှာ အဘိုးနတ်ဆိုးအပေါ်ထားသည့် လေးစားမှုပင်ဖြစ်သည်။
ဆူရှောင်ရှောင်နှင့် ဟန့်မြောင်ရွှမ်တို့သည် ရှုဂျင်းအား လှည့်ကြည့်လိုက်ကြသည်။ ရှုဂျင်းသည် အသံ ကျောက်တုံးထုတ်ကာ ရှီမာယူယူဆီသို့ပစ်ပေးလိုက်သည်။
ရှီမာယူယူ နားမလည်စွာဖြင့် ဖမ်းယူလိုက်သည်။ ဝိဉာဉ်စွမ်းအင် ထည့်လိုက်သည်။
“တပည့်လေး မင်းက ရှုဂျင်းကို ဆရာအနေနဲ့ အသိအမှတ်မပြုဘူးဆိုတာ သိတယ်၊ ဒါပေမဲ့ အဲလူကြီးက မယုံဘူး” အဘိုးနတ်ဆိုး၏အသံသည် အသံကျောက်တုံးမှထွက်လာသည် “မင်းလို တပည့်ကောင်းရှိတဲ့ ဆရာ တစ်ယောက်ဖြစ်ရတာဝမ်းသာပါတယ်၊ ဒါပေမဲ့ ငါက အပြင်မှာပဲရှိနေပြီး မင်းကိုအများကြီးသင်မပေးနိုင်ဘူး၊ မင်း အဂ္ဂိရတ်ပညာက အဆင့်၆ကျော်ပြီး အဆင့်၇ထဲရောက်လာရင် အဆင့်တက်ဖို့ ခက်သွားပြီ၊ မင်းကို သင်ပေမးယ့် သူရှိတာ ကောင်းတယ်၊ ဒီလူကြီးက အရင်က ငါ့လောက်မတော်ပေမယ့် အဂ္ဂိရတ်ပညာရှင်ကောင်းတစ်ယောက်ပဲ အဲဒါကြောင့် မင်း သူ့ကို ဒုတိယမြောက်ဆရာအနေနဲ့ သတ်မှတ်လိုက်ပါ၊ သူက ဒုတိယမြောက်ဆရာဆိုတာ သတိရပါ ဘယ်သူလဲ အဲမှာရပ်လိုက်…..”
အဘိုးနတ်ဆိုးသည် နောက်ဆုံးတွင် အော်ပြီးနောက် အသံထွက်မလာတော့ပေ။
အသံသွင်းမှုကိုနားထောင်ပြီးနောက် ရှီမာယူယူသည် ထကာ ရှုဂျင်းရှေ့တွင် ဒူးထောက်လိုက်သည်။
“တပည့်က ဆရာ၂ကို နှုတ်ဆက်ပါတယ်”
“ထတော့” ရှုဂှင်းသည် ဆရာ ၂ဆိုသည့် အမည်ကို ကျေနပ်မှုရှိလှသည်တော့မဟုတ်ပေ၊ သို့သော် မတတ်နိုင်ပေ။ အဘိုးနတ်ဆိုးက နှစ်ပေါင်းများစွာစောပြီး ဆရာဖြစ်လာခဲ့တာမဟုတ်လား။
“ဟီးဟီး ငါပြောသလိုပဲ မင်းက ငါ့တို့ရဲ့ဂျူနီယာညီလေးဖြစ်ရမှာပဲ” ဆူရှောင်ရှောင် ပြုံးလိုက်သည်။
ရှီမာယူယူ မတ်တပ်ရပ်ကာ “ဆရာ ၂၊ ဆရာ့ဆီမှာ ဘာလို့ကျွန်တော့်ဆရာရဲ့ အသံသွင်းထားတာ ရှိနေ တာလဲ”
“ငါ သူ့ကို တစ်ခါတွေ့ခဲ့တယ်” ရှုဂျင်းပြန်ဖြေလေသည်။
“ဘယ်တုန်းကလဲ ဘယ်မှာလဲ ဘယ်လိုတွေ့တာလဲ” ရှီမာယူယူသည် အလောတကြီးမေးလေသည်။
အံ့ဖွယ်နတ်ဆိုးတောင်ကြားသည် အဘိုးနတ်ဆိုး၏ သတင်းမကြားရသည်မှာ ကြာပြီဖြစ်သည်။ ရှုဂျင်းက သူ့ကိုဘယ်လိုတွေ့လိုက်တာလဲ။
“အတွင်းပိုင်းဒေသက သက်တန့်အိမ်မှာ” ရှုဂျင်းသည် မဖုံးကွယ်ပေ။
“ဆရာ ကျွန်တော့်ကို ခဏလောက်ခွင့်ပြုပါဦး” ရှီမာယူယူသည် ပြောပြီးနောက် ထွက်သွားလေသည်။
ကျန်းကျူကျီသည် ခုံကိုသိမ်းပြီးနောက် တစ်ရေးအိပ်ရာမှ နိုးလာသည်။ ရှီမာယူယူအလောတကြီး ပြေး ထွက်သွားချိန်တွင် သူသည် မျက်လုံးအနည်းငယ်ပွင့်လာသည် “သူ့ဆရာက ဘယ်သူလဲ၊ သူ့မှာဆရာရှိမယ်လို့ ထင်မထားဘူးပဲ၊ သူ့အဂ္ဂိရတ်ပညာအရည်အချင်းကဘယ်လိုလဲ”
“မင်းထက်မညံ့ဘူး” ရှုဂျင်းသည် နူးညံ့မှုမရှိစွာ ပြောလိုက်သည်။
ကျန်းကျူကျီ၏ မျက်ခုံးများပင့်တက်သွားသည်။ သူ့မျက်လုံးများသည် ကျယ်လာသည်။ သူ ဘာကို စိတ်ဝင်စားတာလဲ။
“ဆရာတကယ်ကြီးပြောနေတာလား၊ ဂျူနီယာမောင်လေးက အဲလောက်အသက်မကြီးသေးပါဘူး” ရှီမာယူယူ၏ အဂ္ဂိရတ်ပညာမှာ သူတို့နှင့် ယှဉ်နိုင်သည်ဟု ဆိုသဖြင့် ဟန့်မြောင်ရွှမ် မယုံနိုင်သေးပေ။
“သူ မင်းတို့နဲ့ အဂ္ဂိရတ်ပညာဆွေးနွေးချင်မယ်ထင်တယ်” ရှုဂျင်း ပြောလိုက်သည်။
“ဂျူနီယာညီလေးက အခုမှ ၂၃နှစ်ပဲရှိသေးတာ၊ သူ့အဂ္ဂိရတ်ပညာအဆင့်က ကျွန်တော်တို့နဲ့ ယှဉ်လို့ရ တယ်ဟုတ်လား” ဆူရှောင်ရှောင်သည် အံ့သြသဖြင့် လှုပ်ရှားနေသော လက်များရပ်သွားလေသည်။
“အဲတော့ ငါတို့ ဂျူနီယာညီလေးနဲ့ ကောင်းကောင်းဆွေးနွေးဖို့လိုတာပေါ့” ကျန်းကျူကျီ၏ မျက်ခွံများ ပြန်စင်းကျသွားသည်။
“မင်းတို့ ဆေးဖော်တဲ့နည်းလမ်းတွေ အများကြီးကဘယ်လိုလဲ” ရှုဂျင်း မေးလိုက်သည်။
“သာမန် ဆေး ၈မျိုးနဲ့ ရှုပ်ထွေးတဲ့ ဆေး ၄မျိုးပါ” ကျန်းကျူးကျီ ပြန်ဖြေလေသည်။
“သာမန် ဆေး ၆မျိုးနဲ့ ရှုပ်ထွေးတဲ့ ဆေး ၃မျိုးပါ” ဟန့်မြောင်ရွှမ် ပြန်ဖြေလေသည်။
ဆူရှောင်ရှောင်သည် သူ့နောက်စေ့ကိုပွတ်ကာ “ကျွန်တော်က အနည်းဆုံးပဲ သာမန် ဆေး ၆မျိုးနဲ့ ရှုပ်ထွေးတဲ့ ဆေး ၂မျိုးပါ”
“ကြာစိမ်းဆေးကရောဘယ်လိုလဲ၊ အချိန်အနည်းဆုံးကဘယ်လောက်လဲ” ရှုဂျင်း ထပ်မေးပြန်သည်။
“၄နာရီပါ” ဒီတစ်ခေါက်တွင် ဆူရှောင်ရှောင် အရင်ဆုံးဖြေလေသည်။
“ကျွန်မလည်း အဲလောက်ပဲ” ဟန့်မြောင်ရွှမ် ပြောလေသည်။
“၄နာရီခွဲပါ” ကျန်းကျူကျီ ပြောလေသည် “သူအရင်က ဒီဆေးကိုဖော်ဖူးလို့လား”
ရှုဂျင်းသည် သူ့တပည့် သုံးယောက်ကို မျက်လုံးလှန်မိကာ ပြောလိုက်သည် “မင်းတို့ သုံးယောက်က တော့လေ၊ အိပ်တာ စားတာ ခြံတံခါးစောင့်လုပ်တာပဲသိတယ်၊ အပြင်ကကိစ္စတွေလုံးဝ စိတ်မဝင်စားဘူးလား၊ ဒီတစ်ခေါက် အတွင်းဂိုဏ်းရဲ့ စာမေးပွဲက ကြာစိမ်းဆေးဖော်ရတာလေ”
“ဆရာ စိတ်မရှည်အောင်မလုပ်ပါနဲ့ ဂျူနီယာမောင်လေးရဲ့ ရလဒ်ကဘယ်လိုလဲ ပြောပြပါဦး” ဟန့်မြောင်ရွှမ် စိတ်မရှည်တော့ပေ။
***