ပြန်ဖွဲ့စည်းခြင်း
Vol. 007 Ch. 639
“အဲတုန်းက သူနောက်ကျနေတာ၊ သူစာမေးပွဲခန်းမကိုရောက်တဲ့အချိန်က ပြီးဖို့ ၃နာရီခွဲပဲလိုတော့တာ” ရှုဂျင်းပြောလိုက်သည်။
“ဘယ်လိုဖြစ်နိုင်မှာလဲ” ဟန့်မြောင်ရွှမ်သည် အံ့အားသင့်စွာ အော်မိလေသည် “သုံးနာရီခွဲနဲ့ ကြာစိမ်း ဆေးကိုဖော်တာပေါ့၊ ဆရာ အချိန်ကသေချာရဲ့လား”
“မင်းဆရာက အဲလောက်တောင် သတိလက်လွတ်ဖြစ်မလား” ရှုဂျင်းသည် သူမအားကြည့်ပြီး ဆက်ပြော လေသည် “သူက မတူညီတဲ့ဆေးနည်းနဲ့ အဲအချိန်တိုအတွင်းမှာ ကြာစိမ်းဆေးကိုဖော်သွားတာ၊ ငါ သူ့ကိုမြင်တဲ့ အချိန်မှာ တစ်ခါတည်း ဆေးဖက်ဝင်ပစ္စည်း၁၀မျိုးကို ရောနေတာ”
“၁၀မျိုးဟုတ်လား” ဟန့်မြောင်ရွှမ်နှင့် ဆူရှောင်ရှောင်တို့သည် ပင့်သက်ရှိုက်လိုက်ရာ ပါးစပ်ထဲသို့ လေ အေးများဝင်သွားလေသည်။ ကျန်းကျူကျီ၏ မျက်လုံးများသည် ကြည်လာသည်။
“ဆရာတူအကြီးဆုံးအစ်ကိုတောင်မှ တစ်ခါတည်း ဆေး၈မျိုးပဲထည့်နိုင်တာ၊ သူက ၁၀မျိုးရတယ်၊ သူ့ အဂ္ဂိရတ်ပညာက အစ်ကိုကြီးထက် ပိုပြီးအဆင့်မြင့်နေတာလား” ဆူရှောင်ရှောင် ပြောလေသည်။
“အဲလိုတော့ပြောမရဘူး” ရှုဂျင်း ပြောလိုက်သည် “မတူတဲ့ဆေးနည်းသုံးတာနဲ့ အဆင့်နဲ့ သက်ဆိုင်တာ တော့မရှိဘူး၊ ကျူကျီက နှစ်တွေအများကြီးလေ့ကျင့်လာတာ၊ ကွာတာက အသက်ပဲ၊ သူက မင်းကိုမနိုင်ရင် တောင် နောက်ကောက်မကျန်ခဲ့ဘူးပဲ၊ ဟင်း ဟင်း မင်းတို့ကောင်တွေက တစ်နေ့လုံးမှလေ့မကျင့်တာ၊ တစ်နေ ကုန်စားလိုက်အိပ်လိုက်ပဲ၊ ဟင်းဟင်း အခုတော့ မှီနေပြီ”
“ကျွန်မဆုံးဖြတ်ပြီးပြီ” ဟန့်မြောင်ရွှမ်သည် ခုံမှ ထလိုက်ချိန်တွင် ရှီမာယူယူသည် ခြံဝန်းထဲသို့ လမ်း လျှောက်လာလေသည်။
“စီနီယာအစ်မ ဘာကိုဆုံးဖြတ်ပြီးတာလဲ” ရှီမာယူယူ လျှောက်လာကာ မေးလေသည်။
“မင်းဆေးဖော်တာကို စောင့်ကြည့်ဖို့ ဆုံးဖြတ်လိုက်တာ” ဟန့်မြောင်ရွှမ်သည် ခါးထောက်ပြီး ကြေညာ လေသည်။
“ဟင်” ရှီမာယူယူသည် အားလုံးကိုကြည့်လိုက်သည်။ သူမ ခဏလေးထွက်သွားတာနဲ့ သူမအပေါ် သူတို့ အကြည့်တွေက ဘာလို့ရုတ်တရက်ကြီးပြောင်းသွားကြတာလဲ။
ဟန့်မြောင်ရွှမ်သည် လျှောက်လာကာ သူမလည်ပင်းပေါ်လက်တင်ပြီးမေးလေသည် “ဂျူနီယာ မောင်လေး မှန်မှန်ပြော မင်းအဂ္ဂိရတ်ပညာအဆင့်က ဘယ်လောက်လဲ”
“အဆင့်၇ပါ ဘာဖြစ်လို့လဲ” ရှီမာယူူသည် ဟန့်မြောင်ရွှမ်အား နားမလည်သလိုကြည့်လိုက်သည်။
“မင်း အသက်ဘယ်လောက်လဲ” ဆူရှောင်ရှောင်မေးလိုက်သည်။
“၃၀ပြည့်တော့မှာပါ” သူမသည် နှာခေါင်းပွတ်လိုက်သည်။
အသက် ၃၀… အရင်ကမ္ဘာတွင်တော့ အပျိုကြီးအရွယ်ပေါ့.. ဒါပေမဲ့ ဒီနေရာမှာတော့ သက်တမ်း ထောင် ချီတာနဲ့ ယှဉ်လိုက်ရင် ကလေးသာသာပဲ။
ဟန့်မြောင်ရွှမ်သည် ဆွံ့အသွားသည်။ သူမသည် ရှီမာယူယူ၏ ပခုံးကိုပုတ်ကာ ပြောလိုက်သည် “ငါ အသက် ၃၀တုန်းက အဆင့်၅ အဆင့်တက်တုန်းပဲရှိသေးတယ် အဲတုန်းက ငါ့ကိုယ်ငါ အားကောင်းလှပြီထင်တာ အခုမှသိတယ် ငါက ကိုယ့်ကိုယ်ကို ဘဝင်မြင့်နေတာပဲ၊ မင်းက ငါ့ဂျူနီယာမောင်လေးဖြစ်နေလို့ တော်သေးတယ် မဟုတ်ရင် ငါမင်းကို အရိုးကြေကြေ အရေခမ်းခမ်းပြိုင်ချင်မှာ၊ အလေလိုက်လို့မရတော့ဘူး၊ ငါလည်း ကောင်း ကောင်းလေ့ကျင့်ရတော့မယ် မင်းကို မနာလိုဘူး”
“စီနီယာအစ်မ…” ရှီမာယူယူတွင် ပြန်လည်ချေပရန် စကားမရှိတော့ပေ။ သူမက ဘယ်နေရာ မနာလို တာလဲ။
“အင်း ငါဆုံးဖြတ်ပြီးသွားပြီ” ဟန့်မြောင်ရွှမ်သည် ရှီမာယူယူအားလွှတ်ပေးလိုက်သည်။ “ဒီနေ့ညကို ငါမစားတော့ဘူး ဆေးပဲဖော်တော့မယ်”
သူမ ပြောပြီးသည်နှင့် ဆေးဖော်သည့်အခန်းသို့သွားလေသည်။
“ငါလည်းသွားပြီ” ကျန်းကျူကျီသည်လည်း အစကတည်းကပင် ဖိအားခံစားရသည်။ ဟန့်မြောင်ရွှမ်၏ စကားအတိုင်းဆိုလျှင် သူတို့၏ ဂျူနီယာဖြစ်လို့တော်သေးသည်။ မဟုတ်လျှင် သူမကို သေအောင်ထိ ရိုက်ပစ်ချင် မည်။
“ဆရာ ကျွန်တော်ခြံရှင်းပြီးသွားပြီ ကျွန်တော်လည်းဆေးသွားဖော်တော့မယ်” ဆူရှောင်ရှောင် အားလုံး ကိုသိမ်းပြီးနောက် ရှုဂျင်းအား အရိုအသေပေးကာ ထွက်သွားလေသည်။
ရှီမာယူယူသည် ရုတ်တရက်ရှင်းလင်းသွားသော ခြံကိုသတိထားမိသည်။ သို့သော် သူမ တည်ရှိမှုသည် သူတို့၏ အဂ္ဂိရတ်ပညာလေ့ကျင့်ရာတွင် လှုံဆော်ပေးလိမ့်မည်ဟု ထင်မထားပေ။ သူမသည် ရှုဂျင်းအား ကြည့် လိုက်သည်။ သူသည် ဒီအတိုင်းဖြစ်သွားအောင် သူမအကြောင်းများကို ပြောပြလိုက်ခြင်းဖြစ်မည်။
“မင်းအံ့ဖွယ်နတ်ဆိုးတောင်ကြားကို ဆက်သွယ်လိုက်တာလား” ရှုဂျင်းသည် သူမ၏ သံသယမျက်လုံး များကို အလိုအလျောက်ပင် လျစ်လျူရှုလိုက်သည်။
“ဟုတ်တယ် ဦးလေးက ဆရာ့ကို ဆက်သွယ်လို့မရလို့ ဆရာရှိတဲ့နေရာကို စိတ်ပူနေတာ၊ ဆရာက အတွင်းပိုင်းဒေသကို ဘာလို့သွားတာလဲ”
“သူရှင်းစရာရှိလို့တဲ့” ရှုဂျင်းသည် ထိုအကြောင်းကို ဆက်မပြောချင်ပေ။
“သြော် တခြားမရှိရင် ကျွန်တော်အခန်းပြန်လိုက်ပါဦးမယ်” ရှီမာယူယူ ပြောလိုက်သည်။
“ဘာလို့ ဘာမှမရှိရမှာလဲ” ရှုဂျင်းသည် ခုံမှထလိုက်သည်။ သူသည် ခါးကြောဆန့်ကာ ပြောလိုက်သည် “သွားမယ် မင်းကိုဒါရိုက်တာနဲ့လိုက်တွေ့ပေးမယ်၊ မင်းက အကြာကြီးခွင့်ယူထားတာ အခုပြန်လာတော့ သူ့ကို သွားတွေ့ရမှာပေါ့၊ သွားရင်းနဲ့ မင်းကို ဂိုဏ်းကိုပတ်ပြပေးမယ်”
ရှီမာယူယူ်သည် ရှုဂျင်းနောက်လိုက်သွားသည်။ အပြင်တွင် စုဝေးနေသော လူများသည် သူမအား မြင် သောအခါ မချည်းကပ်ရဲကြပေ။
အတွင်းဂိုဏ်းတွင် ရှုဂျင်းသည် အခက်ခဲဆုံးနှင့် အထူးခြားဆုံးဆရာဖြစ်သည်။ သူနှင့် ဟုန်ဖာတို့သည် အတွင်းဂိုဏ်း၏ စိတ်ရူးပေါက်သူများဟု နာမည်ကြီးသည်။ ဘယ်သူမှသူတို့ကို အပြစ်မလုပ်ရဲကြပေ။
သူတို့၏ ပုံစံများကို မြင်သောအခါ ရှီမာယူယူသည် သက်ပြင်းရှိုက်လိုက်ပြီး ဟိတ်ဟန်ထုတ်ကာ လမ်း လျှောက်လေသည်။
ရှုဂျင်းသည် သူမကို ဒါရိုက်တာရုံးခန်းသို့ တိုက်ရိုက်ခေါ်သွားလေသည်။ သူမကို ဒါရိုက်တာမြင်သောအခါ မျက်လုံးများအရောင်တောက်လာသည်။ ထို့နောက်တွင် သူပြုံးကာ ရှုဂျင်းကို သေတ္တာတစ်လုံးပစ်ပေးလိုက်ကာ သူမကိုတစ်ဆင့်ပြန်ပေးလေသည်။
သူမသည် သေတ္တာကိုဖွင့်ကြည့်လိုက်သည်။ အထဲတွင် ပါးလွှာသောစာအုပ်တစ်အုပ်၊ တံဆိပ်ပြားတစ်ခု နှင့် ရှားပါးသောဝိဉာဉ်ကျောက်တုံးတစ်တုံးတို့ ရှိလေသည်။
“ဝိဉာဉ်ကျောက်တုံးက မင်းရဲ့ ကျင့်ကြံမှုအရင်းအမြစ်ပဲ၊ တံဆိပ်ပြားကတော့ မင်းရဲ့ ကျောင်းသားကတ် ပဲ စာအုပ်ကတော့ မင်းသေချာဖတ်ပြီးရင် ပြန်လာပေး” ဒါရိုက်တာပြောလိုက်သည်။
ရှီမာယူယူသည် စာအုပ်ထုတ်ပြီး ခေါင်းစဉ်စာမျက်နှာကိုလှန်လိုက်ရာ ခေါင်းစဉ်ကြီးလေးခုကိုတွေ့သော အခါ နှုတ်ခမ်းထောင့်များမြင့်တက်သွားလေသည်။
“အတွင်းဂိုဏ်းစည်းမျဉ်းများ”
“အားလုံးဒါကိုရတာလား” သူမသည် လက်ထဲရှိစာအုပ်ကို ဝေ့ပြကာ မေးလေသည်။
“မဟုတ်ဘူး တစ်ယောက်တစ်လေပဲ” ဒါရိုက်တာပြောလိုက်သည်။ တစ်ချိန်တည်းမှာပင် သူ့စိတ်ထဲတွင် ပြဿနာရှာသော ကျောင်းသားများလေဟု ပြောမိသည်။
ပြီးနောက် ရှီမာယူယူသည် သူ့ကိုပါ ပြဿနာကြားထဲဆွဲသွင်းလိုက်သေးတာလေ။
ရှီမာယူယူလည်း ထိုအတိုင်းပင်ခန့်မှန်းမိသည်။ သူမသည် စိတ်ထဲမှ ဆွံ့အမိလေသည်။ သူမသည် အပြစ်မရှိသည်မှာ ထင်ရှားနေသည်လေ။ အဲမိုးကြိုးသွားအဖွဲ့လူတွေက အရင်စတာလေ။ သူ မသန်စွမ်းဖြစ် သွားတာတောင် ထပ်လာသေးတယ်။ သူမက ဘယ်လိုလုပ် ပြဿနာရှာတဲ့ကျောင်းသားဖြစ်ရတာလဲ။
“အဘိုးကြီးမံ့ု သူ့ကို ဝိဉာဉ်ကျောက်တုံးတစ်တုံးထဲ ပေးတာလား၊ တခြားပစ္စည်းတွေရော” ရှုဂျင်းသည် မုံ့ဆန်းချယ်ကို တိုက်ရိုက်ပင်တောင်းလေသည်။
“မရှိဘူး” မုံ့ဆန်းချယ်သည် ရှုဂျင်းအား ကျော်သွားရန် လက်ရမ်းပြလေသည်။ “အဲပစ္စည်းတွေက ကျောင်းသားအသစ်တွေ ရောက်ရင်သုံးတာဆိုတာကို မင်းလည်းသိတာပဲ၊ သူက အခွင့်အရေးလွတ်သွားတော့ အဲပစ္စည်းတွေကိုပိတ်ထားလိုက်ပြီ”
“ပစ္စည်းတွေကို ပိတ်ထားတယ်ဆိုလည်း ထပ်ဖွင့်လို့ရတာပဲ” ရှုဂျင်းသည် တိုက်တွန်းလေသည်။
“ဒါပေမဲ့ သွေးကန်ကို သူသုံးလို့မရဘူးလေ၊ ဘာလို့ဂိုဏ်းရဲ့ စည်းမျဉ်းကိုဖောက်ချင်နေတာလဲ” မုံ့ဆန်းချယ်သည် ငြင်းဆန်လေသည် “ကျင့်ကြံမှုဘုရားကျောင်းကတော့ ကျောင်းသားအသစ်တွေပဲသုံးလို့ရတာ သိတယ်မလား”
ရှုဂျင်းသည် ရှီမာယူယူအား ကြည့်လိုက်သည်။ သူမ ခန္ဓာကိုယ်သည် သာမန်လူထက် သန်မာသည်ကို သူပြောနိုင်သည်။ သွေးကန်သည် သူမအတွက် အသုံးမဝင်ပေ။
“ဂိုဏ်းရဲ့ ကျောင်းသားတစ်ယောက်အနေနဲ့ ဝင်လာတဲ့အချိန်မှာ ဂိုဏ်းက တိတိကျကျလုပ်သင့်တယ် မဟုတ်ဘူးလား၊ တခြားသူတွေကျ သွေးကန်ထဲစိမ်ရတယ်၊ ကျင့်ကြံမှုဘုရားကျောင်းမှာ ကျင့်ကြံရတယ်၊ သူကို ကျဘာလို့ ဘာမှမပေးတာလဲ” ရှုဂျင်းသည် စိတ်ဆိုးလေသည် “သွေးကန်က သူ့အတွက် အသုံးမဝင်ဘူးဆိုရင် တောင် စိမ်ရင်တော့ကောင်းမှာပဲ မဟုတ်ဘူးလား အဘိုးကြီးမုံ့”
“သူ့ကို ဝိဉာဉ်ကျောက်တုံးပေးတယ်မဟုတ်ဘူးလား” မုံ့ဆန်းချယ်သည် ပြန်ကြည့်လေသည်။
“ဝိဉာဉ်ကျောက်တုံးတစ်တုံးပဲလေ၊ ဒါကိုလက်ခံနိုင်ရဲ့လား၊ ကျွန်တော့်ကျောင်းသားကို ဝိဉာဉ်ကျောက် တုံးလောက်ပဲတန်တာလား၊ ခင်ဗျားပေးချင်ရင် ကောင်းတာတစ်ခုခုပေး” ရှုဂျင်းသည် မုံ့ဆန်းချယ်၏ စားပွဲသို့ လျှောက်သွားပြီး ထိုင်လိုက်လေသည်။ သူသည် ဆရာတစ်ယောက်၏ ပုံစံမရှိပဲ တစ်ခါတစ်လေ လူမိုက် တစ်ယောက်လိုပင်။
***