ဘယ်လိုတွေနေခဲ့လဲ
Vol. 007 Ch. 640
ရှုဂျင်း၏ ပုံစံကြောင့် ရှီမာယူယူသည် နဖူးပေါ်လက်တင်ပြီး ခေါင်းငုံ့ထားကာ သူ့ကိုမမြင်သလိုလုပ်ထား လေသည်။ သို့သော် မုံ့ဆန်းချယ်သည် သူ့အကျင့်ကိုကျင့်သားရနေပြီဖြစ်သည်။ သူသည် အတင်းလုပ်ယူပြုံးကာ သူ့မှော်ဝင်လက်စွပ်ထဲမှ သေတ္တာငယ်တစ်ခုထုတ်ကာ ရှီမာယူယူဆီသို့ပစ်လိုက်သည်။
“ဒါငါ့ဘာသာပေးတဲ့ ပစ္စည်းပဲ”
ရှီမာယူယူ သေတ္တာအားဖွင့်ကြည့်ရာ အထဲတွင် အနီရောင်ဝိဉာဉ်ကျောက်တုံးကိုတွေ့လေသည်။ ကြည့် လိုက်သည်နှင့် အဖိုးတန်သည်ကို တွေ့နိုင်သည်။ သူမသာ ထိုအထဲတွင်ပါဝင်သော ဝိဉာဉ်စွမ်းအင်ကိုစုပ်ယူလိုက် ပါက ကျင့်ကြံမှုမျှော်စင်တွင် တစ်လကြာတံခါးပိတ်ကျင့်ကြံသည်ထက် သက်ရောက်မှုမနည်းနိုင်ပေ။
ရှုဂျင်းသည် ဝိဉာဉ်ကျောက်တုံးအားကြည့်လိုက်ရာ ပစ္စည်းကောင်းဖြစ်သည်ကို မြင်လိုက်သည်။ ထို့နောက်တွင် သူပြုံးကာပြောလိုက်သည် “အဘိုးကြီးမုံ့ ခင်ဗျားမှာ တကယ်ပဲပစ္စည်းကောင်းတွေရှိတာပဲ၊ ယူယူ ဒါက ဒါရိုက်တာမုံ့ကမင်းကို ပေးတာဆိုတော့ ကောင်းကောင်းသိမ်းထား”
“ဟုတ်ကဲ့” ရှီမာယူယူသည် အားလုံးကိုသိမ်းလိုက်သည်။ သူမသည် မုံ့ဆန်းချယ်ဘက်သို့လှည့်ကာ ပြော လိုက်သည် “ကျေးဇူးတင်ပါတယ် ဒါရိုက်တာမုံ့”
“ကြိုးကြိုးစားစား လေ့ကျင့်၊ ကမ္ဘာကြီးက မင်းတို့လူငယ်တွေလက်ထဲမှာပဲ” မုံ့ဆန်းချယ် ဟောပြောလေ သည်။
“လိုက်နာပါ့မယ်” ရှီမာယူယူသည် တရိုတသေ ပြန်ဖြေလေသည်။
“ကောင်းပြီ တခြားလုပ်စရာမရှိတော့ရင် ငါ့မျက်စိရှေ့ကထွက်သွားလိုက်တော့” မုံ့ဆန်းချယ်သည် လက် ကို ဝေ့ရမ်းကာ ရှုဂျင်းအားထွက်သွားခိုင်းလေသည်။
“ဒါရိုက်တာမုံ့၊ ကျွန်တော်မေးစရာရှိပါတယ်” ရှီမာယူယူ စကားစလိုက်သည်။
မုံ့ဆန်းချယ်သည် အံ့သြသွားသော်လည်း ပြုံးကာ “ငါ့ကိုမေးစရာရှိတာလား ပြောလေ ဘာကိစ္စလဲ”
“ဒီလိုပါ ကျွန်တော့်မှာ ညီလေးတစ်ယောက်ရှိပါတယ်၊ သူက လွန်ခဲ့တဲ့ ၁နှစ်ကျော်က အတွင်းဂိုဏ်းကို ဝင်ခဲ့တာပါ၊ ဒါပေမဲ့ အစ်ကိုတွေက သူ့အကြောင်းမကြားမိဘူးလို့ ပြောပါတယ်၊ အဲဒါကြောင့် သူရှိတဲ့နေရာကို ကျွန်တော်ရှာချင်လို့ပါ” ရှီမာယူယူ ပြောလိုက်သည်။
“သူ့နာမည်ကဘာလဲ” မုံ့ဆန်းချယ် မေးလေသည်။
“တုလေးပါ”
“တုလေးဟုတ်လား” မုံ့ဆန်းချယ်သည် အံ့အားသင့်သွားသည် “သူက မင်းညီလေးလား”
“ညီအရင်းတော့မဟုတ်ပေမယ့် သူ့ကို မကောင်းတဲ့လူတွေလက်ထဲက ကယ်ပြီးတဲ့နောက်ပြီး နေလာခဲ့ တာပါ၊ ကျွန်တော်တို့အားလုံးသူ့ကို ညီအရင်းတစ်ယောက်လိုပဲ စဉ်းစားပါတယ်” ရှီမာယူယူ ပြောလိုက်သည်။
“သူအခု ဂိုဏ်းမှာမရှိဘူး” မုံ့ဆန်းချယ် ပြောလိုက်သည် “သူဘယ်မှာရှိလဲဆိုတာတော့ မမေးနဲ့၊ ငါမသိ ဘူး၊ ဒုကျောင်းအုပ်ဖန်က ဒီကိစ္စကိုတာဝန်ယူထားတာ”
“တာဝန်ယူထားတယ်ဟုတ်လား တုလေးဘာဖြစ်လို့လဲ” ရှီမာယူယူသည် စိုးရိမ်စွာဖြင့်မေးလိုက်သည်။
“မစိုးရိမ်ပါနဲ့ သူဘာကိစ္စမှမဖြစ်နိုင်ပါဘူး” မုံ့ဆန်းချယ် ပြန်ဖြေလေသည်။
“ဒါရိုက်တာမုံ့ တုလေးကဘာဖြစ်လို့လဲ”
“သူ သွေးကန်ထဲမှာကျင့်ကြံနေတုန်း… အကြောင်းအရင်းတော့ ငါလည်းမသိဘူး.. သူ့ခန္ဓာကိုယ်ထဲက မိစ္ဆာသွေးသားက လုံးဝဖုံးနိုင်နေပြီ ပြီးတော့ သူ့ခန္ဓာကိုယ်က စွမ်းအားမထုတ်နိုင်ဘူးဖြစ်နေတယ်” မုံ့ဆန်းချယ် ရှင်းပြလေသည်။
“ဒါဆိုရင် သူထွက်သွားချိန်မှာ အန္တရာယ်ရှိမှာပဲ၊ ဆရာကြီးကဒီသူ့အခြေအနေကို မသိဘူးလား” ရှီမာယူယူ မေးလိုက်သည်။
“အဲမတိုင်ခင်က သူ့အခြေအနေတည်ငြိမ်တယ်ဆိုပြီး ဒုကျောင်းအုပ်ပြောလာတယ်၊ ဒါပေမဲ့ ဒီနှစ်ကို သူ့ သတင်းပြန်မပို့သေးဘူး” မုံ့ဆန်းချယ် ပြန်ဖြေလေသည်။
“သတင်းမရတာက သတင်းကောင်းပဲလေ” ရှုဂျင်း စကားဖြတ်ပြောလေသည် “ငါ အရင်က အဲကလေး ကိုတွေ့ဖူးတယ်၊ သူ့ခန္ဓာကိုယ်ကအဆင်ပြေပါတယ် သူကလွယ်လွယ်နဲ့အရှုံးပေးမှာမဟုတ်ဘူး”
ရှီမာယူယူသည် သူတည့်တိုးပြေလိုက်သည့်စကားများကြောင့် ကသိကအောက်ဖြစ်သွားသော်လည်း မသိစိတ်မှ ယုံချင်မိသည်။
“ကောင်းပြီ သွားရအောင် အဘိုးကြီးမုံ့ကို ထပ်မနှောင့်ယှက်နဲ့တော့” ရှုဂျင်းသည် မုံ့ဆန်းချယ်၏ စားပွဲမှ ဆင်းကာ ထွက်သွားလေသည်။
“သြော်ဟုတ်သားပဲ ကျောင်းအုပ်ကြီးယွမ်က နောက်လအနည်းငယ်အတွင်း ပြန်လာလိမ့်မယ်”
မုံ့ဆန်းချယ်၏ စကားများကိုကြားသောအခါ ရှုဂျင်းသည် ခြေလှမ်းများရပ်သွားလေသည်။ သူ ပခုံးတွန့် ကာ ပြောလိုက်သည် “အကြာကြီးထွက်သွားပြီးတော့ နောက်ဆုံးတော့ပြန်လာပြီပေါ့၊ သူဘာတွေ တွေ့လာလဲ”
မုံ့ဆန်းချယ်သည် အဆက်အစပ်မရှိ ရှီမာယယူကိုကြည့်ပြီးနောက် သူ့အကြည့်များကို အဝေးသို့ပို့လိုက် သည်။ သူ တိုးညင်းစွာပြောလေသည် “သူရှင်းစရာကိစ္စရှိလို့ ပြန်လာတာနေမှာပေါ့၊ အတိုချုန်းပြောရရင် မင်း အခုတလော ပိုက်ဆံတွေအရမ်းသုံးနေတယ်၊ သူပြန်ပြန်လာချင်း မင်းကိစ္စတွေလိုက်မရှင်းရစေနဲ့”
“သိပါတယ် သိပါတယ်၊ တခြားမရှိတော့ရင်ကျွန်တော်သွားပြီ” ကျောင်းအုပ်ယွမ်ပြန်လာမည့် သတင်းကို စိတ်မချမ်းသာသလို ရှုဂျင်းသည် စိတ်မရှည်စွာလက်ရမ်းလိုက်သည်။
ရှီမာယူယူ သူနှင့်ထွက်ခဲ့လိုက်သည်။ သူ အနည်းငယ်စိတ်ပျက်နေသည်ကိုမြင်သည်နှင့် သူမ မေးလိုက် သည် “ဆရာနဲ့ ကျောင်းအုပ်ကြီးယွမ်တို့ရဲ့ ဆက်ဆံရေးကမကောင်းဘူးလား”
ရှုဂျင်း ခေါင်းရမ်းလိုက်သည်။ မကောင်းရင် သူထွက်သွားပြီးနေပြီလေ။ ဒီမှာ နှစ်တွေအများကြီးနေပေး မယ်လို့ ဘာလို့ကတိပေးနေမှာလဲ။
“ဆရာနဲ့ ကျောင်းအုပ်ကြီးယွမ်တို့ ဆက်ဆံရေးကမကောင်းဘူးလား” သူမ ထပ်မေးပြန်သည်။
ရှုဂျင်းခေါင်းညိမ့်ပြီးနောက် ချက်ချင်းပင် ခေါင်းပြန်ရမ်းလေသည်။ သူသည် မိုးပေါ်သို့ ၄၅ဒီဂရီမော့ကြည့် ပြီး ဝမ်းနည်းစွာ သက်ပြင်းချလိုက်သည်။ အစက သူသည် ရှီမာယူယူအား လှည့်ပတ်ပြပေးရန်လုပ်ထားသော် လည်း စိတ်မပါတော့ပေ။ သူသည် သူမအား ခြံဝန်းဆီသို့ တိုက်ရိုက်ပင်ခေါ်သွားပြီး၊ လုပ်စရာရှိတာလုပ်ရန် ပြော ပြီး သူ့အခန်းဆီသို့ထွက်သွားရာ သူမ ရှုပ်ထွေးသွားသည်။
“ဂျူနီယာမောင်လေးပြန်လာပြီလား၊ အတော်ပဲ ငါတို့ဆေးနည်းတွေကို ဆွေးနွေးနေကြတာ” ဟန့်မြောင်ရွှမ်သည် ဆေးဖော်သည့်အခန်းမှထွက်လာပြီး ခြံဝန်းတွင်ရပ်နေသော ရှီမာယူယူကိုတွေ့လိုက်သည်။ သူမသည် လက်ယက်ခေါ်လေသည်။
ရှီမာယူယူလျှောက်သွားလိုက်သည် “စီနီယာအစ်မ ဆေးဖော်နေတာမဟုတ်ဘူးလား”
“ဟုတ်တယ် ငါဆေးတစ်ဖုံဖော်တာ ဒါပေမဲ့မအောင်မြင်လို့ ဆက်မလုပ်တော့တာ” ဟန့်မြောင်ရွှမ် ပြော လိုက်သည် “ခြံဝန်းထဲရပ်ပြီးဘာလုပ်နေတာလဲ”
“စီနီယာအစ်မ တစ်ခုလောက်မေးချင်လို့”
“အင်း မေးလေ”
“ဆရာနဲ့ ကျောင်းအုပ်ကြီးယွမ်ဆက်ဆံရေးက ဘယ်လိုလဲ”
“ကောင်းပါတယ်” ဟန့်မြောင်ရွှမ် ခေါင်းညိမ့်လိုက်သည်။
“ဒါဆို ဘာလို့ ကျောင်းအုပ်ယွမ်ပြန်လာမယ်ဆိုတော့ သူ့စိတ်ပြောင်းသွားတာလဲ၊ ရုတ်တရက်ကြီး မိုးအုံ့ သွားသလိုကြီး၊ လုံးဝကို စိတ်ပျက်သွားသလိုမျိုး၊ ကျွန်တော့်ကိုလည်း ဂိုဏ်းကိုလှည့်ပတ်ပြမယ်ပြောတာ အခု တော့ နောက်မှသွားမယ်တဲ့ ကျွန်တော့်ကိုပြန်ခေါ်လာတာပဲ” ရှီမာယူယူ ပြောလိုက်သည်။
“ကျောင်းအုပ်ကြီးယွမ်ပြန်လာမှာလား ဘယ်တော့လဲ” ဟန့်မြောင်ရွှမ်သည် သိချင်စိတ်ဖြင့် မျက်တောင် ခတ်လိုက်သည်။
“ဒါရိုက်တာမုံ့က မပြောဘူးလား” ရှီမာယူယူပြန်ဖြေလိုက်သည် “မဟုတ်သေးဘူး စီနီယာအစ်မ အဲဒါ ပြောချင်တာမဟုတ်ဘူး ပြောချင်တာက ကျောင်းအုပ်ကြီးယွမ်ပြန်လာမယ်ဆိုတော့ ဘာလို့ဆရာက အဲလိုဖြစ် သွားတာလဲလို့”
“အဲဒါက… သူ့ကိုတစ်ယောက်တည်းထားလိုက် သူ့ကိုယ်သူဒုက္ခပေးနေတာ၊ သူဒုက္ခရောက်လည်း ကောင်းတာပဲ” ဟန့်မြောင်ရွှမ် ပြောလိုက်သည် “ငါ ဒီဆေးကိုလေ့ကျင့်တိုင်းဘာလို့ မအောင်မြင်လဲဆိုတာ ပြပေး ဦး”
“ဆရာက ဘာဒုက္ခရောက်နေတာလဲ” ရှီမာယူယူ နားမလည်ပေ။
“ကျောင်းအုပ်ယွမ်ပြန်လာတိုင်း ဆရာကပိုပျော်တာပဲ၊ ဒါပေမဲ့ ကျောင်းအုပ်ယွမ်က ပြန်လာတိုင်း သူ့ကို ပြင်ပေးဖို့ခေါ်ခေါ်သွားတယ်၊ အဲအချိန်တိုင်း သူအလုပ်မလုပ်တာမိတာပဲ၊ အဲလိုဆိုရင် သူ့ကို ဘဝင်မမြင့်နဲ့ ကျောင်းသားတွေကို ကောင်းကောင်းသင်၊ ဆရာတွေ ကျောင်းသားတွေနဲ့ ရန်မဖြစ်နဲ့ အဲလိုတွေပြောတော့ ကျောင်းအုပ်ကြီးယွမ်ပြန်လာမယ်ဆို အဲအတိုင်းပဲ၊ ကျောင်းအုပ်ယွမ်ကို သူက ပြန်လည်းပြန်လာစေချင်တယ် ပြန် လည်းမပြန်လာစေချင်ဘူး၊ အဲဒါကြောင့်ဒီအတိုင်းပဲ မသိချင်ယောင်ဆောင်နေလိုက်” ဟန့်မြောင်ရွှမ်သည် ဆေး ရွက်များ ရွေးရာမှ သေချာပြောပြလေသည်။
ရှီမာယူယူ ပြုံးလိုက်သည်။ သူမသည် သူ့အတွက်အလကား စိတ်ပူမိတာပဲ။ သူက ဒီအတွက်ကြောင့် စိတ်ဖိစီးနေတာကိုး။
တုလေးအကြောင်းတွေးမိလျှင် သူမ စိတ်ပူရပြန်သည်။ သူမသည် သူ့အခြေအနေကို သိချင်မိသည်။
“ဂျူနီယာမောင်လေး အများကြီးစဉ်းစားမနေနဲ့၊ ငါဘာမှားနေလဲဆိုတာ လာကြည့်ပေးဦး” သူမ အတွေး ထဲနှစ်မြောနေသည်ကို ဟန့်မြောင်ရွှမ် တွေ့သောအခါ အော်လိုက်လေသည်။
“ဟုတ်” ရှီမာယူယူသည် သူမဆေးဖိုဘေးသို့လာလိုက်သည်။ သူမသည် ဆေးအနံ့ကို ဂရုတစိုက်ရှုလိုက် သည်။ သူမ တအံ့တသြဖြင့်မေးလေသည် “စီနီယာအစ်မ ဒီဆေးကိုနေ့တိုင်းလုပ်တာလား”
“ဟုတ်တယ်လေ ဘာလို့လဲ” ဟန့်မြောင်ရွှမ် ခေါင်းညိမ့်လေသည်။
“သိချင်လို့ပါ အစ်မအခုချိန်ထိ ဘယ်လိုအသက်ရှင်နေလဲ”
***