← Chapters

ဘယ်ကပြဿနာလဲ

Vol. 007 Ch. 641

ဘယ်ကပြဿနာလဲ

Vol. 007 Ch. 641

ရှီမာယူယူအော်လိုက်သည့် အခိုက်အတန့်တွင် ဟန့်မြောင်ရွှမ် လန့်သွားလေသည်။ သူမ ဘာကြောင့် ဒေါသထွက်သည်ကို နားမလည်တော့ပေ။

“ဂျူနီယာမောင်လေး ဘာကပြဿနာလဲ”

ရှီမာယူယူသည် ဆေးဖက်ဝင်ပစ္စည်းများကို ထုတ်ကြည့်လိုက်သည် “ဒါကို တစ်ခါလောက် ထပ်ပြီး ဖော် ကြည့်ပါ၊ ဒါဆိုရင် ဘာကမှားနေလဲဆိုတာ ပြောပြပါမယ်”

“မင်း တကယ်မြင်တတ်တာပဲ” ဟန့်မြောင်ရွှမ်သည် ရှီမာယူယူအား မယုံကြည်နိုင်စွာကြည့်လိုက်သည်။ သူမသည် ဆေးအနံ့ခံပြီးသည်နှင့် ပြဿနာကိုသိသည်။ သူမအတွက် အလွန်အံ့သြစရာပင်။

“အရင်ဆုံးဖော်ကြည့်ပါ ကျွန်တော်အတတ်နိုင်ဆုံးမှန်းကြည့်မယ်” ရှီမာယူယူ ပြောလိုက်သည်။

“ကောင်းပြီ”

ဟန့်မြောင်ရွှမ်သည် ဆေးစတင်ဖော်ရာ ရှီမာယူယူသည် သူမဆေးဖော်နည်းကို ဘေးမှကြည့်နေလေ သည်။ ဟန့်မြောင်ရွှမ်သည် မတူညီသည့်ဆေးနည်းများကို သိသော်လည်း သူမ၏ အံ့ဖွယ်အာရုံမှာ အားမကောင်း သဖြင့် ဆေးဖော်မှုပမာဏမှာ လုံလောက်မှုမရှိပေ။

ဟန့်မြောင်ရွှမ်သည် စားသောက်ခြင်းကိုနှစ်သက်ပြီး အကျင့်စရိုက်မှာ အနည်းငယ် ခြောက်ခြားစရာ ဖြစ်သော်လည်း ဆေးစတင်ဖော်သည်နှင့် ပြောင်းလဲသွားသည်။ ဖက်တီးကျူနှင့် တူသည်။

ဆေးဖော်သည့်အစပိုင်း လုပ်ငန်းစဉ်များတွင် ရှီမာယူယူ ဘာမှမပြောပေ။ ဟန့်မြောင်ရွှမ် စတင် အရည် ကျိုချိန်တွင် သူမသည် အနီးသို့လာကြည့်လေသည်။

ထင်ထားသည့်အတိုင်းပင် နောက်နာရီဝက်အကြာတွင် ဆေးဖိုသည် အသံများထွက်လာသည်။ ထို့နောက်တွင် ကျယ်လောင်သော ပေါက်ကွဲမှုထွက်လာပြီး ဆေးဖိုအဖုံးသည် ပျံတက်သွားလေသည်။

ပေါက်ကွဲမှု ဖြစ်လာသည်နှင့် ဟန့်မြောင်ရွှမ်သည် ကာကွယ်မှုအလွှာလုပ်ပြီး လျင်မြန်စွာပင် နောက် ဆုတ်လိုက်သည်။

ပေါက်ကွဲမှုအတွင်းတွင် ရှီမာယူယူသည် ဆေးဖိုအားသတိထားပြီး အခန်းကို အလင်းလှိုင်းဖြင့် ကာကွယ် လိုက်သည်။ သူတို့သည် ကောင်းမွန်စွာ ကာကွယ်လိုက်နိုင်သည်။

ဟန့်မြောင်ရွှမ်၏ ကာကွယ်မှုအလွှာလုပ်ပြီး ပေါက်ကွဲမှုကိုရှောင်လိုက်သည်ကို ရှီမာယူယူ မြင်လိုက် သည်။ ကံကောင်းစွာပင် သူမ လှုပ်ရှားမှုမြန်သွားသည်။

ဟန့်မြောင်ရွှမ်သည် နှာခေါင်းရှုံ့ကာ “ဒီအတွေ့အကြုံက ပိုပိုပြီး အကန့်အသတ်နဲ့ဖြစ်လာတယ်”

“ဆေးဖိုကအဆင်ပြေတယ်” သူမ လျှောက်လာသည်။ ဆေးဖိုသည် မူလပုံစံပြန်ဖြစ်သွားသည်မှာ သူမ အတွက် သိချင်စိတ်ဖြစ်မိသည်။

“ဆေးဖိုကို ပြန်ကောင်းစေတဲ့ တည်ဆောက်မှုတွေရှိတယ် ဒီအခန်းထဲမှာ တည်ဆောက်မှုတွေရှိတယ်၊ ပေါက်ကွဲမှုဖြစ်ပြီဆိုတာနဲ့ တည်ဆောက်မှုက အလိုအလျောက် အသက်ဝင်တယ်” ဟန့်မြောင်ရွှမ် ရှင်းပြလေ သည် “ဂျူနီယာမောင်လေး ရှာတွေ့လား ငါဒီမှာ ရှာနေတာအတော်ကြာပြီ၊ ပြဿာနာကိုရှာမတွေ့ဘူး၊ ငါဆရာ့ ဆီသွားတော့မလို့”

“ဆရာ့ကို တစ်ခါမှသွားမရှာဘူးလား” ရှီမာယူယူသည် တအံ့တသြမေးလေသည်။

“ဆရာက ခုနကထွက်သွားပြီမလား၊ ပြန်လာကတည်းက သူ့ကိုတစ်နေ့လုံးမတွေ့မိဘူး” ဟန့်မြောင်ရွှမ် ပြောလိုက်သည် “ပုံမှန်ဆို ဒီလိုအခြေအနေဖြစ်ပြီဆို ငါတို့ဘာသာ ပြဿာနကိုရှင်းတာ၊ ပြီးမှ ဆရာတူအစ်ကိုကြီး ကိုသွားရှာတာ အဲဒါမှမရှင်းနိုင်ဘူးဆိုမှ ဆရာ့ကိုသွားရှာတာ”

“သြော် အဲလိုလား” ရှီမာယူယူ ခေါင်းညိမ့်လိုက်သည်။

“ဘယ်လိုလဲ ဘယ်ကပြဿနာလဲဆိုတာ ရှာတွေ့လား” ဟန့်မြောင်ရွှမ်ထပ်မေးပြန်သည်။

“တကယ်တော့ ပြဿနာကရှင်းပါတယ် ဒါဘာလဲ” ရှီမာယူယူသည် အဝါရောင်ဖျော့ဖျော့ပန်းကို ကောက် ယူလိုက်ပြီး မေးလေသည်။

“အစေ့သုံးစေ့ပန်း”

“ဒါကရော” ရှီမာယူယူသည် အစည်းလိုက်ကောက်လိုက်သည်။

“ဒရင်ကောက်အမြစ် အဲနှစ်ခုက တစ်ခုနဲ့တစ်ခု တိုက်ခိုက်တာလား”  ဟန့်မြောင်ရွှမ်သည် သုံးစေ့ပန်းနှင့် ဒရင်ကောက်အမြစ်တို့ကို ကြည့်ရင်းသုံးသပ်လေသည် “တစ်ခုက သစ်သားဂုဏ်သတ္တိ နောက်တစ်ခုက မြေသား ဂိုဏ်သတ္တိ အဲဒါကြောင့် အဲ၂ခုက ရှုပ်သွာားတာလား”

“ပြဿနာက ဆေးပင်တွေရဲ့ ဂိုဏ်သတ္တိမဟုတ်ဘူး” ရှီမာယူယူ ရှင်းပြလေသည် “အဲအပင်နှစ်ခုက ပြည့်စုံနိုင်တယ် ဒါပေမဲ့ နှစ်ခုပေါင်းလိုက်တော့ အချင်းချင်းသက်ရောက်မှုကို ပိုပြီးကြီးထွားစေနိုင်တယ်”

“ဒါဆို ဘာလို့လဲ” ဟန့်မြောင်ရွှမ်သည် ပိုရှုပ်ထွေးသွားသည်။

“ပြဿနာက… ဒါပဲ” ရှီမာယူယူသည် ဒရင်ကောက်အမြစ်ကိုကိုင်လိုက်သည်။

“ဒရင်ကောက်အမြစ်ဘား ဘာလို့လဲ၊ အဆင့်၇ဆေးအများစုက ဒါကိုလိုတယ်လေ” ဟန့်မြောင်ရွှမ် ပြော လိုက်သည်။

“ဟုတ်တယ် ဒါပေမဲ့ သုံးစေ့ပန်းက သုံးခဲတယ်” ရှီမာယူယူ ပြောလိုက်သည် “ဒရင်ကောက်အမြစ်က နူးညံ့တဲ့ ဂုဏ်သတ္တိရှိပြီး ဆေးဖော်မှုအများစုမှာ အထောက်အကူဖြစ်တယ်၊ ဆေးကို အမြင့်ဆုံးအဆင့်ထိရောက် စေနိုင်တယ်၊ ဒါပေမဲ့ ဒီကိစ္စမှာတော့မဟုတ်ဘူး”

“သုံးစေ့ပန်းကြောင့်လား”

“သုံးစေ့ပန်းကလည်း ဒရင်ကောက်အမြစ်နဲ့ တူတယ်၊ အဲဒါကြောင့် သူတို့ဂုဏ်သတ္တိလည်း ဖလှယ်နိုင် တယ်” ရှီမာယူယူ မျှဝေလေသည် “သုံးစေ့ပန်းကို သန့်စင်ပြီးရင် သစ်သားဂုဏ်သတ္တိ ထုတ်လိုက်တဲ့အတွက် ရေ ဂုဏ်သတ္တတလည်း မြင့်လာမှာပဲ၊ ဒရင်ကောက်အမြစ်ကကျ မြေသားဂုဏ်သတ္တိပါဝင်တဲ့အပြင် မီးဂုဏ်သတ္တိ လည်းပါတယ်၊ ထုတ်တဲ့အချိန်ကြာရင် မြေသားဂုဏ်သတ္တိအငွေ့ပြန်ပြီး မီးဂုဏ်သတ္တိပဲကျန်မယ်၊ ရေနဲ့မီးတွေ့ရင် ရောစရာအကြောင်းမရှိဘူးလေ ဆေးဖိုပေါက်ကွဲတာမဆန်းတော့ပါဘူး”

ဟန့်မြောင်ရွှမ်သည် သူမနဖူးသူမရိုက်လိုက်သည် “အဲဒါကြောင့်ကိုး၊ သန့်စင်တဲ့လုပ်ငန်းစဉ်မှာ ဆေးဖက် ဝင်ပစ္စည်းတွေက ဂုဏ်သတ္တိတွေပြောင်းနိုင်တယ် ငါအရင်ကသိခဲ့ပေမယ့် အခုအဲဒါကိုမေ့နေခဲ့တာပဲ၊ ကျေးဇူးပဲ ဂျူနီယာမောင်လေး၊ မင်းကြောင့်သာမဟုတ်ရင် ငါတော့ လည်နေဦးမှာပဲ”

“ဒီဆေးက သဘာဝအတိုင်းမကျဘူးလေ၊ အဲ၂ခုတစ်ချိန်တည်းတွေ့ရင် ဖြစ်နိုင်တယ်၊ စီနီယာအစ်မ မစဉ်းစားမိတာ ဖြစ်တတ်တာပဲ” ရှီမာယူယူ ပြောလိုက်သည်။

“အင်း အင်း” ဟန့်မြောင်ရွှမ်သည် ဆေးပစ္စည်းများကိုကြည့်ပြီး စိတ်လှုပ်ရှားစွာ ပြုံးလိုက်သည် “အကုန် ကောင်းသွားပြီ အခု ဘယ်ကပြဿနာလဲဆိုတာ ငါသိသွားပြီ”

သူမသည် တက်ကြွစွာဖြင့် အကြွင်းအကျန်များကို သိမ်းကာ နောက်ထပ် ဆေးတစ်သုတ်ထုတ်ပြီး စတင် သန့်စင်တော့သည်။ ဒီတစ်ကြိမ်တွင် သူမသည် ပဋိပက္ခဖြစ်စေသည့် နှစ်မျိုးကို ပြေစေသည့် နောက်ထပ်ဆေး ပစ္စည်းထပ်ထည့်လိုက်သည်။

ရှီမာယူယူသည် ဘေးမှစောင့်ကြည့်နေလေသည်။ ထို့ကြောင့်ပင် ဟန့်မြောင်ရွှမ်သည် ရှုဂျင်း၏ အနှစ်သက်ဆုံး ကျောင်းသားဆိုသည့် ခေါင်းစဉ်နဲ့ထိုက်တန်သည်။ ပြဿနာရှာတွေ့သည်နှင့် ဖြေရှင်းရမည့်နည်း ကို ချက်ချင်းိသည်။ ထို့အပြင် အဆင့်တိုင်းသည် တင်းကြပ်ကာ ပြည့်စုံမှုနှင့်အတူ ပထမအဆင့် သန့်စင်မှု အောင် မြင်လေသည်။

ဟန့်မြောင်ရွှမ်သည် လက်ထဲရှိဆေးနှစ်လုံးအားကြည့်လိုက်သည်။ သူမသည် စိတ်ပျက်စွာဖြင့် ခေါင်းရမ်း ကာပြောလေသည် “သန့်စင်တဲ့အချိန်မှာ အဆင်မပြေလိုက်တာ မဟုတ်ရင် ဆေး၃လုံးရမှာ”

“စီနီယာအစ်မ ဒါကပထမဆုံး အောင်မြင်တာပဲလေ၊ ပိုပြီးပြည့်စုံအောင်ဖော်နိုင်ရင် နောက်တစ်ခေါက်ကို ၃လုံးထုတ်နိုင်မှာသေချာတယ်” ရှီမာယူယူသည် ပြုံးပြီးပြောလိုက်သည်။

ဟန့်မြောင်ရွှမ်တွင် ပြဿနာမရှိတော့ပေ။ မည်သို့ပင်ဖြစ်စေကာမူ သူမသည် ကျန်းကျူကျီကဲ့သို့ ထူးခြား သည့် ပါရမီရှင်မဟုတ်ကာ မည်သူနှင့်မှယှဉ်ပြိုင်ခြင်းမရှိပေ။

“စီနီယာ အစ်မကျွန်တော်သွားတော့မယ်” သူမသည် လုံလောက်စွာသိပြီးပြီဖြစ်သည်။ သူမသည် ဟန့်မြောင်ရွှမ်၏ စွမ်းရည်ကို ခန့်မှန်းနိုင်သည်။

“ဂျူနီယာမောင်လေး ဘာလုပ်စရာရှိတာလဲ”

“စီနီယာအစ်ကဆေးဖော်တာကြည့်ပြီး ကျွန်တော်လည်း ဆေးဖော်ချင်လာလို့ ဆေး၂ဖုံလောက် သွား ဖော်မလို့” ရှီမာယူယူ ပြောလိုက်သည်။

“မလုပ်နဲ့ မဟုတ်လည်း လေ့ကျင့်တာပဲ ဒီမှာပဲလေ့ကျင့်လေ မင်းလုပ်တာကိုဆွေးနွေးလို့ရတာပေါ့” ဟန့်မြောင်ရွှမ်သည် အမြန်ပြောလေသည်။

သူမမျက်တောင်ခတ်ပုံကို ရှီမာယူယူကြည့်ပြီး ဟန့်မြောင်ရွှမ်သည် သူမ၏ ဆေးဖော်ပုံကိုကြည့်ချင်သည် ကိုသိလိုက်သည်။ အခုသူတို့သည် ဆရာတူသွားပြီဖြစ်သဖြင့် သူမကြည့်ခြင်းကိုတားမရပေ။ ဆေးဖော်နည်းကို သူမကို ပြလည်း အဆင်ပြေသည်။ ထို့ကြောင့် သူမခေါင်းညိမ့်ကာ ပြောလိုက်သည် “ကောင်းပါပြီ ကျွန်တော် ဒီမှာ ပဲလေ့ကျင့်ပါမယ်၊ တစ်ခုခုမှားတာရှိရင် ထောက်ပြပါ”

“ဂျူနီယာမောင်ဘေးက ဘာဖော်မလို့လဲ မဟုတ်ရင် ငါခုနကဖော်တာကိုဖော်နိုင်လား၊ မဟုတ်လည်း ဆေပစ္စည်းတွေရှိနေတာပဲ” ဟန့်မြောင်ရွှမ်ပြောလိုက်သည်။

“စီနီယာအစ်မ အဲဒါက အဆင့်၇ထက်မြင့်နေတယ် အခုတော့မဖော်နိုင်သေးဘူး၊ ကျွန်တော်ဖော်လိုက် ရင် ပစ္စည်းတွေအလဟသဖြစ်သွားလိမ့်မယ်” ရှီမာယူယူသည် ချက်ချင်းပင်ငြင်းဆန်လေသည်။

ဟန့်မြောင်ရွှမ်သည်လည်း ထိုအတိုင်းတွေးသည်။ ရှီမာယူယူသည် မည်မျှပင် အားကောင်းပါစေ အဆင့် ၈ ကိုလျင်မြန်စွာ မဖောက်နိုင်ပေ။ သူမ စွမ်းရည်မရှိပဲဖော်လိုက်သောဆေးသည် အရည်အသွေးကောင်းနိုင်မည် မဟုတ်ပေ။

“ဒါဆို ဘာဆေးဖော်မှာလဲ”

All Chapters