← Chapters

အဂ္ဂိရတ်ပညာ

Vol. 007 Ch. 642

အဂ္ဂိရတ်ပညာ

Vol. 007 Ch. 642

ရှီမာယူယူသည် ဆေးပစ္စည်းများရှိရာသို့လျှောက်သွားရာ ဆေးပစ္စည်းများကိုတွေ့သည်နှင့် သူမတွင် ရှိသည့်ပစ္စည်းများနှင့်ပေါင်းပြီး အခြေခံဆေးလုပ်ရန် ယူလာခဲ့လိုက်သည်။

ထိုအခြေခံအဆေးသည် ရိုးရှင်းသောဆေးနည်းလုပ်ငန်းစဉ်ရှိသော အဆင့်၇ဆေးဖြစ်သည်။ သို့သော် သန်မာသည့် စိတ်စွမ်းအင်ရှိရန်လိုသည်။ ပြီးလျှင် ထိုဆေးသည် လူသားနှင့် မိစ္ဆာ ၂မျိုးလုံးသုံးနိုင်သည့်ဆေးဖြစ် သည်။ ပြီးခဲ့သည့်တစ်ခေါက် ရွှမ်ရှင်းမန်သည် ထိုဆေးဖြင့်သက်သာခြင်းဖြစ်သည်။

ဆေးဖက်ဝင်ပစ္စည်းများထိနေရာတွင်ရှိသဖြင့် သူမသည် ထိုဆေးဖော်ပြီးဆောင်ထားရမည်။ ရှေ့ လျှောက် အလွန်အမင်းထိခိုက်ထားသည့်သူများ သုံးနိုင်သည်။

“မင်း အခြေခံဆေးဖော်မလို့လား” ဟန့်မြောင်ရွှမ်သည် သူမရွေးလိုက်သောဆေးများကိုမြင်သောအခါ သူမ ဖော်မည့်ဆေးကို သိသွားသည်။ “ဒီအခြေခံဆေးက ဖော်ဖို့မလွယ်ဘူးနော်၊ မဟုတ်သေးဘူး မင်းက အဆင့် ၇ ဆေးပညာရှင်လား”

သူမ အော်သံကြောင့် ရှီမာယူယူလန့်သွားသည် “စီနီယာအစ်မ လန့်သွားတာပဲ”

“ငါ့ကိုလန့်အောင်လုပ်တာမင်းလေ” ဟန့်မြောင်ရွှမ် ငြင်းဆန်လေသည် “မင်းက တကယ်ပဲ အဆင့်၇ အဂ္ဂိရတ်ပညာရှင်လား”

အစပိုင်းက စာမေးပွဲစစ်သော ကြာစိမ်းဆေးသည် အဆင့်၆ ဆေးဖြစ်သည်။ သူမသည် ဒီအသက်အရွယ် နှင့် အဆင့် ၆ရောက်သည်ဟု သူတို့တွေးထားခဲ့သည်။ အတွင်းဂိုဏ်းကိုဝင်လာသူ အများစုသည် အသက် ၁၀၀ ကျော်များဖြစ်သည်။ သို့သော် သူမသည် အဆင့်၇ အဂ္ဂိရတ်ပညာရှင်ဖြစ်လိမ့်မည်ဟု ထင်မထားပေ။

အဆင့်၇… အသက် ၃၀လောက်နဲ့ အဆင့်၇ အဆင့်ရောက်နိုင်တဲ့ အဂ္ဂိရတ်ပညာရှင် ဘယ်လောက်များ ရှိနိုင်မလဲ။

“စီနီယာအစ်မ ကျွန်တော်က အဆင့် ၇ အဂ္ဂိရတ်ပညာရှင်ပါ အံ့သြစရာမရှိပါဘူး” ရှီမာယူယူ ပြောလိုက် သည်။

“အဲဒါ မအံ့သြရဘူးလား၊ အရင်က ငါတို့အရည်အချင်းက အတော်ဆုံးထင်နေတာ၊ ဆရာတူ အစ်ကိုကြီး ကဒီမှာ အားအကောင်းဆုံးပဲ၊ ဒါပေမဲ့ သူတောင်မှ အသက် ၁၀၀ကျော်တောင် အဆင့်၇ထဲမဝင်နိုင်ဘူး၊ ပြီးတော့ ငါဆိုရင် အသက် ၁၃၀ကျော်တောင် အဆင့်၇ထိရောက်တာမဟုတ်ဘူး ရှောင်ရှောင်ဆိုရင် အသက် ၁၅၀ကျော် တောင်မရောက်ဘူး မင်းအရည်အချင်းက…”

ဟန့်မြောင်ရွှမ်သည် ဒီနေ့တွင် အလွန်လေးနက်စွာခံစားမိသည်။ သူမနှင့်ယှဉ်လျှင် သူတို့သည် မှေးမှိန် သွားသလိုပင်။

ဆေးဖော်ပြီးသွားသော ဆူရှောင်ရှောင်သည် ဟန့်မြောင်ရွှမ်အော်လိုက်သောအသံကြောင့် ရောက်လာ သည်။ ရှီမာယူယူသည် အဆင့်၇ ရောက်နေပြီဆိုသည်ကို သိသောအခါ သူ့ပါးစပ်သည် လက်သီးဆုပ်စာလောက် ကျယ်သွားလေသည်။

ကျန်းကျူကျီသည် ဆေးဖော်သည့်အခန်းမှထွက်လာသည်။ သူ့ခြေလှမ်းများသည် မသိစိတ်မှ သူ့ကိုခေါ် ဆောင်လာသည်။

“စီနီယာအစ်မ ကျွန်တော်အဆင့်တက်ဖို့အတွက် ပစ္စည်းကောင်းရထားလို့ပါ” ရှီမာယူယူ ပြောလိုက် သည်။

အမှန်ပြောရလျှင် သူမသည် အသက် ၂၀ ၃၀တွင် အဆင့်၇ အဂ္ဂိရတ်ပညာရှင်ဖြစ်လာခြင်းမဟုတ်ပေ။ သူမသည် ဝိဉာဉ်စေတီအတွင်း အချိန်များစွာသုံးခဲ့သည်။ ထိုအထဲတွင် အချိန်အနည်းငယ် သုံးသော်လည်း အပြင် လောကတွင် နှစ်ပေါင်းများစွာကြာသွားသည့်ပုံပင်။

ပြီးနောက် သူမကို မိုရှားက ကြီးကြပ်ပေးခဲ့သည်။ မိုရှားသည် လောက ၃ခုတွင် အကျော်ကြားဆုံး အဂ္ဂိရတ်ပညာရှင်ဖြစ်သည်ကို အသိအမှတ်ပြုခြင်းခံရသူဖြစ်သည်။

သူမ အရည်အချင်းမှာကောင်းသော်လည်း ၃ဘဝမှ အတွေ့အကြုံများ၊ လျှို့ဝှက်ဝိဉာဉ်ကျမ်းများသည် အဂ္ဂိရတ်ပညာနှင့် တည်ဆောက်မှုပညာတွင် အရေးကြီးသော ကျင့်ကြံမှု နည်းလမ်းသည် တခြားသူများထက် ပိုအားကောင်းစေခဲ့သည်။

ထိုအရာများမရှိလျှင် လက်ရှိအသက်တွင် ဒီအဆင့်ထိရောက်နိုင်မည်မဟုတ်ပေ။

“ဘယ်အကြောင်းကြောင့်ပဲဖြစ်ဖြစ် အခုမင်းကအဲအဆင့်ထိရောက်နေပြီပဲ” ဟန့်မြောင်ရွှမ်ပြောလိုက် သည်။

“ဟုတ်တယ်” ဆူရှောင်ရှောင်သည် ထောက်ခံလေသည်။

“အရင်က အခြေခံဆေးဖော်ဖူးလား” ကျန်းကျူကျီသည် မေးလေသည်။

“အင်း ဆေးပစ္စည်းသုံးဖုံသုံးလိုက်ရပေမယ့် တစ်ခါပဲအောင်မြင်လိုက်တယ်” ရှီမာယူယူ ပြန်ဖြေလေသည် “အဲဒါကြောင့် ပိုပြီးသက်ရောက်မှုရှိအောင် ထပ်လေ့ကျင့်ချင်လို့”

“ဂျူနီယာညီလေး သွားဖော်လိုက်တော့ ငါတို့ဘေးကနေကြည့်ပေးမယ်” ဆူရှောင်ရှောင် ပြောလိုက် သည်။

“ရှောင်ရှောင် ဒီဆေးကို ၁၀ခါလောက် ဖော်ပြီးမှ မင်းအောင်မြင်သွားတာမှတ်မိလား” ဟန့်မြောင်ရွှမ် ပြောလိုက်သည်။

ဆူရှောင်ရှောင်သည် မျက်နှာကြီးရဲလာကာ ခေါင်းမော့လာသည်။ “မှတ်မိတယ် ဆရာငေါက်တာတောင် ခံလိုက်ရသေးတယ်”

“ဂျူနီယာမောင်လေးကိုကြည့်ဦး ၃ခါလောက်ကြိုးစားပြီးတာနဲ့ အောင်မြင်သွားတယ်” ဟန့်မြောင်ရွှမ် သည် သူ့ပခုံးကိုရိုက်ပြီး “ရှောင်ရှောင် ကြိုးစား”

“အစ်မတောင် ၅ခါ ၆ခါ ကြိုးစားပြီးမှအောင်မြင်တာမလား ကျွန်တော့်ကိုပြောမနေနဲ့” ဆူရှောင်ရှောင် ပြန်ချေပလေသည်။

“အခြေခံဆေးဖော်တဲ့လုပ်ငန်းစဉ်က မရှုပ်ပေမယ့် ထိန်းချုပ်မယ့်စိတ်စွမ်းအင်က မြင့်တယ်၊ စိတ်စွမ်းအင် မလုံလောက်ဘူးဆိုရင် အလုပ်မဖြစ်ဘူး၊ အဲဒါကြောင့် အဆင့်၇ ကိုအချိန်အတော်ကြာအောင်ရောက်နေတဲ့ အဂ္ဂိရတ်ပညာရှင်ဆိုရင်တောင် အခြေခံဆးကိုဖော်ဖို့မဖြစ်နိုင်ဘူး” ကျန်းကျူကျီသည် တံခါးကိုမှီပြီးပြောလေ သည် “ရှောင်ရှောင်ရဲ့ အားနည်းချက်က စိတ်စွမ်းအင်ပဲ အဲဒါကြောင့် သူအကြိမ်ပေါင်းများစွာ မအောင်မြင်တာ”

ဆူရှောင်ရှောင်သည် ခေါင်းမော့ကာ ပြောလေသည် “ဆရာပြောလို့ ဒီနှစ်တွေကို စိတ်စွမ်းအင်ကို ကျင့် ကြံနေပါတယ်၊ အခုတော်တော်ကောင်းနေပြီ”

“ဂျူနီယာမောင်လေး အဆင်သင့်ဖြစ်ပြီလား အသင့်ဖြစ်ပြီဆို စတော့ ငါတို့်မစောင့်နိုင်တော့ဘူး” ဟန့်မြောင်ရွှမ် တိုက်တွန်းလေသည်။

သူတို့စကားပြောနေချိန်တွင် ရှီမာယူယူသည် ဆေးပစ္စည်းများကိုရေတွက်နေသည်။ ဟန့်မြောင်ရွှမ် တိုက်တွန်းလိုက်သည်ကို ကြားသောအခါ ပြုံးပြီးပြောလိုက်သည် “စီနီယာအစ်မ အလျင်လိုအနှေးတွေ့တတ် တယ်”

သူမ ပြောပြီးသည်နှင့် ဆေးပစ္စည်းများကို ချကာ ကိုယ်ပိုင်ဆေးဖိုထုတ်ပြီး အောက်ခြေကိုအပူပေးလေ သည်။ ဆေးဖိုအပူချိန် လုံလောက်သည်နှင့် ဆေးပစ္စည်းများကို စတင်သန့်စင်လေသည်။

သူမ၏ ဆေးဖော်ခြင်းနည်းလမ်းများမှာ သူတို့နှင့်မတူပေ။ သူတို့အားလုံး ဆေးဖော်ကြသော်လည်း သူမ သည် ပိုမြန်ကာ သန့်စင်မှုသည် ပိုသန့်ရှင်းသည်။

သန့်စင်ခြင်း၊ ပေါင်းစပ်ခြင်းနှင့် ချည်နှောင်ခြင်းလုပ်ငန်းစဉ်များ အစဉ်လိုက်လုပ်ရင်းနှင့် အချိန်ကုန်သွား သည်။ ပြီးခဲ့သည့် အတွေ့အကြုံနှင့်အတူ ဒီတစ်ခေါက်ဆေးဖော်သည်မှာ အောင်မြင်သွားသည်။ သို့သော် ပြီးခဲ့ သည့်တစ်ခေါက်က ပတ်ဝန်းကျင်နှင့်မတူသဖြင့် အရင်ကလောက် အရည်အသွေးမကောင်းသဖြင့် ဆေးဘေး သင့်မှုကိုမခံရပေ။

သို့သော် အရေအတွက်မှာ တစ်လုံးပိုလာသည်။

သူမသည် လက်ထဲမှဆေးများကိုကြည့်လိုက်သည်။ ဆေးအားလုံးသည် ဆေးဘေးသင့်မှုကို မဆွဲဆောင် နိုင်ဘူးဆိုသည်ကို သူမသိလိုက်သည်။

“ဂျူနီယာညီလေး မင်းဆေးဖော်တဲ့နည်းက ထူးခြားတာပဲ၊ ငါတို့လုပ်တာထက် ပိုအသေးစိတ်ကျတယ်” ဆူရှောင်ရှောင် စိတ်လှုပ်ရှားစွာ ပြောလေသည် “ဂျူနီယာညီလေး နောက်ကို မင်းဆေးဖော်တာငါလာကြည့်လို့ရ လား”

“ရပါတယ်” ရှီမာယူယူ ပြန်ဖြေလိုက်သည်။ မည်သို့ပင်ဖြစ်စေကာမူ သူမ ဆေးဖော်နေစဉ်အတွင်း သူတို့ သည် ငြိမ်သက်စွာကြည့်နေခဲ့သည်။ သူတို့်ရှိသည်ကိုပင် မသိရပေ။

“ကျေးဇူးပဲ ဂျူနီယာညီလေး” ဆူရှောင်ရှောင်သည် ပျော်ရွှင်စွာ ပြောလေသည်။

သူတို့သည် ရှုဂျင်းဆီမှ လေ့လာထားကြသည်ဖြစ်၍ သူတို့နည်းလမ်းများသည် ဆင်တူသည်။ အခုတော့ လူသစ်လေးရောက်လာပြီဖြစ်၍ သူတို့ကိုရွှင်မြူးစရာဖြစ်သည်။

“မင်းရဲ့ အောင်မြင်မှုနှုန်းက အမြဲတမ်းရာနှုန်းပြည့်လား” ကျန်းကျူကျီမေးလိုက်သည်။

“ယေဘုယျအားဖြင့် ကျွန်တော် အောင်မြင်ပြီး ကျရှုံးခဲတယ်၊ ဒါပေမဲ့ ရာနှုန်းပြည့်တော့မဟုတ်ဘူး”

“ဒါဆိုရင် အောင်မြင်မှုနှုန်းမြင့်တာပဲ” ဟန့်မြောင်ရွှမ် ပြောလေသည်။

သူမဆေးဖော်သည်ကို ကြည့်ပြီးနောက် သူတို့်သည် ရှုဂျင်း၏ အမြင်ကို ယုံကြည်သွားသည်။ ဂျူနီယာ ညီလေး၏ အားသည် ကြွားဝါခြင်းသက်သက်မဟုတ်ပေ။

“နားလည်ပြီ ငါလည်းလာကြည့်မယ်” ကျန်းကျူကျီ ထွက်သွားလေသည်။

“ငါလည်း အရင်ကနားမလည်တဲ့နေရာတွေရှိတယ် အခုတော့ရှင်းသွားပြီ ငါလည်းသွားပြီ” ဆူရှောင်ရှောင်လည်း ထွက်သွားလေသည်။

ရှီမာယူယူသည် ဆေးဖိုကိုရှင်းလင်းပြီးနောက် ဟန့်မြောင်ရွှမ်ကိုပြောလိုက်သည် “အစ်မဆေးဆက်ဖော် ဦးမှာလား မဟုတ်ရန် ပြန်နားမှာလား”

ဟန့်မြောင်ရွှမ်သည် သူမဆေးဖိုအားကြည့်လိုက်သည်။ သူမ၏ အသားသွားစားမည့်စိတ်များ ပျောက် သွားသည်။

“ငါ ဆေးဖော်တာ ဆက်လေ့ကျင့်လိုက်မယ်”

“ကောင်းပြီ ကျွန်တော်က အသားကင်သွားစားတာကိုခေါ်မလို့ စီနီယာအစ်မက မအားဘူးဆိုတော့ ကိုယ့်ဘာသာပဲသွားလိုက်တော့မယ်”

**

All Chapters