← Chapters

အခန်း (၆၁၈)

Vol. 42 Ch. 618

အခန်း (၆၁၈)

Vol. 42 Ch. 618

သိုင်းအုပ်စိုးသူလေးယောက်တို့သည် အပေါ်ကို မော့ကြည့်လိုက်သည့်အချိန်မှာတော့ လေထုထဲတွင် ရပ်လျက် ရှိနေသောလူငယ်အား မြင်လိုက်ရ၏။ ၎င်းလူငယ်သည် ကျောက်ရိုင်းတချို့နှင့် ပြုလုပ်ထားသည့် အတောင်ပံ တစ်စုံ ရှိနေ၏။

၎င်းတို့သည် မျက်နှာဖုံးများ ဝတ်ဆင်ထားကြသည်ဆိုသော်လည်း မျက်နှာအမူအရာများကို ကြည့်လိုက် မည်ဆိုလျှင် အလွန်တရာ အံ့အားသင့်သွားကြပုံပေါ်သည်။ သိုင်းအုပ်စိုးသူခေါင်းဆောင်သည် ရှောင်ကျီ၏ အော်ဟစ် လိုက်သံမှတဆင့် တစ်စုံတစ်ခုကို နားလည်သွား၏။ ထို့ကြောင့် သူက ပြောလိုက်သည်။ “မင်းက ကျွင်းချောင်ရှောင်းလား”

ဘုတ်

ကျွင်းချောင်ရှောင်းသည် မြေပေါ်သို့ ခုန်ဆင်းလိုက်ပြီးသည့်နောက် တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။ “ပြိုင်စံရှားဂိုဏ်းတပည့်တွေကို အနိုင်မယူနိုင်တာနဲ့ သိုင်းအုပ်စိုးသူတွေကို လွှတ်ပြီး ချောင်းမြောင်းလုပ်ကြံ ခိုင်းတယ်။ အနောက်မြောက်ဟယ်ကျူးက လူတွေမှာ အရှက်တရားကော ရှိသေးရဲ့လား”

သူသည် အလွန်တရာ ဒေါသဖြစ်မိနေ၏။ သူ၏တပည့်များသည် ရံဖန်ရံခါဆိုသလို မောက်မာတတ်သည်ဆိုသော် လည်း မျှမျှတတနှင့် ယှဉ်ပြိုင်တတ်ကြသူများဖြစ်သည်။ အဘယ်ကြောင့် အနိုင်မရနိုင်သည်နှင့် ချောင်းမြောင်း လုပ်ကြံသတ်ဖြတ်ခြင်းကို ပြုလုပ်ကြရသနည်း။

ရီချင်းရှန်သည် အသံပို့လွှတ်လိုက်၏။ “ဂိုဏ်းချုပ်… သူတို့က အနောက်မြောက်ဟယ်ကျူးက ဖြစ်ပုံမပေါ်ဘူး”

“မဟုတ်ဘူးလား”

ကျွင်းချောင်ရှောင်း၏ မျက်လုံးထဲတွင် တုန်လှုပ်မှုများ ဖြစ်ပေါ်လာသည်။ တစ်စုံတစ်ယောက်သည် သူနှင့် အနောက်မြောက်ဟယ်ကျူးဆီမှ လူများနှင့် ပဋိပက္ခဖြစ်စေရန်အတွက် တမင်ရည်ရွယ်ချက်ရှိရှိနှင့် ဖန်တီးနေပုံ ပေါ်သည်။

“မင်းတွေးတာ မှန်တယ်” စနစ်က ပြောလိုက်သည်။

ဤသိုင်းအုပ်စိုးသူလေးယောက်တို့သည် အနောက်မြောက်ဟယ်ကျူးဆီမှ မဟုတ်ပေ။ ဂိုဏ်းချုပ်ကျွင်း၏ စဉ်းစားပုံသည် မှန်ကန်၏။ ဤလောကကြီးတွင် သိုင်းပညာအားကောင်းမှုသည် အလွန်တရာ အရေးပါလှသည်ဆိုသော်လည်း တချို့သောသူများသည် လှည့်ကွက်များကို အသုံးပြုတတ်ကြ၏။

ယခုမှ ရောက်ရှိလာသူသည် ပြိုင်စံရှားဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်ကြောင်း သိုင်းအုပ်စိုးသူလေးယောက်တို့သည် သိရှိ လိုက်ကြ၏။ သို့ပေမဲ့ ၎င်းတို့သည် အလွန်တရာလည်း စိတ်ဝင်စားမိနေကြ၏။ တစ်ဖက်လူ၏ ကျောကုန်းထက်တွင် ရှိနေသော တောင်ပံများသည် မည်ကဲ့သို့သော အရာဖြစ်သနည်း။ ပျံသန်းနိုင်စေရန် အကူအညီပေးသည့်အရာပင် ဖြစ်ပေလိမ့်မည်။

“ဂိုဏ်းချုပ်ကျွင်း”

သိုင်းအုပ်စိုးသူခေါင်းဆောင်က တည်ငြိမ်စွာဖြင့် ပြောလိုက်၏။ “ကျုပ်တို့က ထိခိုက်နစ်နာစေဖို့ မရည်ရွယ်ပါဘူး”

“ခင်ဗျားတို့က ရည်ရွယ်တယ်ဆိုလည်း ကျုပ်က ဂရုမစိုက်ဘူး”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ပြိုင်စံရှားဂိုဏ်းကို ရန်စရဲတယ်ဆိုမှတော့ ထိုက်တန်တဲ့ ပေးဆပ်မှုကို ပေးရမှာပဲ”

ဟမ့်

သိုင်းအုပ်စိုးသူတစ်ယောက်သည် အေးစက်စက်ဖြင့် ပြောလိုက်သည်။ “ဂိုဏ်းချုပ်ကျွင်းက အရမ်းကို မောက်မာတယ်လို့ ကျုပ်ကြားထားတယ်၊ ဒီနေ့မှာတော့ တကယ်ပဲဖြစ်နေတာကို မျက်မြင်တွေ့လိုက်ရပြီ”

ဝှစ်

ကျွင်းချောင်ရှောင်းသည် နဂါးစိမ်းလခြမ်းဓားမော့ကြီးကို ထုတ်ယူကာ ခပ်တည်တည်ဖြင့် ပြောလိုက်၏။ “ခင်ဗျားတို့ တစ်ယောက်ချင်းလာကြမလား၊ စုပြီး လာကြမလား”

ဓားနှင့်သိုင်းဘုရင် ထိပ်ဆုံးအဆင့်ကို ချိုးဖြတ်ရောက်ရှိပြီးသည့်အတွက် သူသည် နတ်မီးခန္ဓာကိုယ်ကို ပိုင်ဆိုင်ခဲ့ရ၏။ ထို့ကြောင့် တစ်စုံတစ်ယောက်နှင့် တိုက်ခိုက်ချင်စိတ်သည် ပြင်းပြင်းထန်ထန်ပဲ ဖြစ်တည်နေ၏။

ပြောရမည်ဆိုလျှင် သိုင်းအုပ်စိုးသူလေးယောက်တို့သည်လည်း အားမနည်းလှချေ။ ခေါင်းဆောင်သည် သိုင်းအုပ်စိုးသူ အဆင့်ငါး ကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး တခြားသော သုံးယောက်မှာ‌တော့ သိုင်းအုပ်စိုးသူ အဆင့်လေးများဖြစ်၏။

အရှေ့မြောက်လုကျိုးပြည်နယ်တွင် ကျွင်းချောင်ရှောင်းသည် ဓားနှင့်သိုင်းဘုရင်အဆင့်ခုနှစ် ကျင့်ကြံသူ တစ်ယောက်ဖြစ်ခဲ့၏။ သို့ပေမဲ့ သူသည် အအေးနန်းတော်သခင်နှင့် ရင်ဆိုင်ယှဉ်ပြိုင်ခဲ့ရပြီး အထက်စည်းမှ မရယူ ခဲ့ပေ။ လက်ရှိအခြေအနေမှာတော့ သူသည် အဆင့်မြင့်သိုင်းအုပ်စိုးသူလေးယောက်လုံးနှင့် တပြိုင်နက်တည်း တိုက်ခိုက်ဖို့အတွက် ယုံကြည်ချက်ရှိလို့‌နေသည်။ အနိုင်ယူနိုင်မည်လား၊ ရှုံးနိမ့်မည်လားဆိုသည်ကို တိုက်ခိုက်ပြီးမှပဲ သိပေလိမ့်မည်။

သိုင်းအုပ်စိုးသူလေးယောက်တို့သည် တစ်ယောက်နှင့်တစ်ယောက် ကြည့်ရှုလိုက်ကြသည်။ ပြီးနောက် သူတို့သည် စိတ်ဆုံးဖြတ်လိုက်ကြတော့သည်။

ခေါင်းဆောင် သိုင်းအုပ်စိုးသူက ပြောလိုက်၏။ “ဂိုဏ်းချုပ်ကျွင်းက လူငယ်သူရဲကောင်းတစ်ယောက်ပဲ၊ ကျုပ်က ခင်ဗျားဆီကနေ သင်ယူချင်မိတယ်”

ဆိုလိုသည့် အဓိပ္ပာယ်သည် သဘောတူလိုက်ခြင်းပင်ဖြစ်၏။ ၎င်းတို့၏ ဘက်မှ ကြည့်မည်ဆိုလျှင် လေးယောက် တစ်ယောက် တိုက်ခိုက်ခြင်းသည် အဆုံးမဲ့သာလွန်သည့် အသာရမှုပင် ။ ထို့ပြင် သူတို့သည် ကျွင်းချောင်ရှောင်းကို အထင်မသေးကြပေ။ မည်သို့ပင်ဆိုစေကာမူ တစ်ဖက်လူသည် သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူတစ်ယောက်ကိုပင် အနိုင်တိုက်ခိုက်နိုင်ခဲ့သူဖြစ်၏။ ထို့ကြောင့် ကျိန်းသေပေါက် အနိုင်ယူနိုင်မည်ဟု မစဉ်းစားမိချေ။

ပြိုင်စံရှားဂိုဏ်းချုပ်သည် သဘာဝထက်ပိုလွန်သော နတ်ဘုရားစွမ်းရည်ကို အသက်သွင်းခဲ့နိုင်သည်ကို သိရှိပြီး ဖြစ်သော်လည်း ထိုသို့သော စွမ်းရည်များသည် အကန့်အသတ်ရှိနေ၏။ စိတ်ထင်တိုင်း အသက်သွင်း၍ မရနိုင်ချေ။

လက်ရှိအခြေအနေမှာတော့ ပြိုင်စံရှားဂိုဏ်းချုပ်သည် အထူးရတနာတစ်ခုနှင့် ဆင်တူလှသော အတောင်ပံ တစ်စုံ၏ အကူအညီဖြင့် ပျံသန်းနိုင်နေ၏။ ဤအဓိပ္ပာယ်မှာ သိုင်းအုပ်စိုးသူအဆင့်သို့ မရောက်ရှိသေးဆိုသည့် အဓိပ္ပာယ်ပင် ဖြစ်တော့သည်။ ထိုသို့သော ကျင့်ကြံခြင်းအဆင့်နှင့် သိုင်းအုပ်စိုးသူလေးယောက်တို့အား မည်ကဲ့သို့ အနိုင်ရအောင် တိုက်ခိုက်မည်နည်း။ လက်ရှိ ရှိနေကြသော သိုင်းအုပ်စိုးသူများသည် အရူးများ မဟုတ်ကြချေ။ သူတို့၏ ခန့်မှန်းချက်များသည် အစစ်အမှန်တရားနှင့် နီးကပ်လျက်ရှိ၏။

ဝှစ်

ကျွင်းချောင်ရှောင်း၏ ခန္ဓာကိုယ်မှ စိတ်ဝိညာဉ်စွမ်းအင်များ ဖြန့်ကျက်ပြီးသည့်နောက်မှာတော့ ကြီးမားသည့် လက်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ရီချင်းရှန်နှင့် ရှောင်ကျီတို့အား ဖုံးကာလိုက်၏။ ပြီးနောက် သူသည် နောက်ဘက်သို့ ဆွဲယူပြီး သူ၏ နောက်ဘက်၌ ထားရှိလိုက်၏။

“လာလိုက်”

သူသည် စိတ်မရှည်စွာဖြင့် ပြောလိုက်၏။ “ကျုပ်အလျင်လိုနေပြီ”

သူ၏ စကားသည် သိုင်းအုပ်စိုးသူလေးယောက်တို့အား ဒေါသထွက်သွားစေ၏။ ၎င်းတို့သည် ကျင့်ကြံခြင်း အဆင့် အားလုံးကို ထုတ်ဖော်လိုက်ကြသည်။

“ဝင်မယ်”

ဝှစ်

သိုင်းအုပ်စိုးသူ သုံးယောက်တို့သည့် မတူညီသည့် တည်နေရာသုံးခုဆီမှ ပျံသန်းလာကြ၏။

ကျွင်းချောင်ရှောင်းသည် သူ၏ စက်အတောင်ပံအား ထိန်းချုပ်ကာ မြေပြင်နှင့် နီးကပ်စွာ ပျံသန်းလိုက်၏။ သူ၏လက်ထဲတွင်ရှိသော နဂါးစိမ်း လခြမ်းဓားမော့သည် ရုတ်တရက်ဆိုသလိုပဲ အလွန်တရာပူပြင်းလှသော မီးတောက်များ တောက်လောင် လာတော့သည်။

ဝှစ် ဝှစ်

သူ၏ဓားမော့ကြီးကို ဆက်တိုက်ဆိုသလိုပဲ ဝှေ့ယမ်းပြီးသည့်နောက်မှာတော့ အလွန်တရာပူပြင်းလွန်းလှသော မီးတောက် သုံးခု ထွက်ပေါ်လာသည်။ တိုက်ခိုက်ချက်သည် သာမန်ပုံစံရှိသည်ဆိုသော်လည်း အလွန်တရာ ပူပြင်းလှသည့် မီးဓာတ်စွမ်းအင်များ ပါဝင်နေသည်။

“အိုး … မဟုတ်တော့ဘူး”

သိုင်းအုပ်စိုးသူတစ်ယောက်သည် အံ့အားသင့်စွာဖြင့် ပြောလိုက်၏။ “ရှောင်ကြ”

တခြားသော သိုင်းအုပ်စိုးသူနှစ်ယောက်တို့သည်လည်း တစ်စုံတစ်ခု မှားယွင်းနေသည်ကို အာရုံခံမိကြ၏။ ထို့ကြောင့် ချက်ချင်းပဲ သူတို့၏ သိုင်းနည်းစနစ်များကို ရပ်တန့်ကာ အနောက်ဘက်သို့လှည့်ကာ တိုက်ခိုက်မှုကို ရှောင်ရှားကြ၏။ သို့ပေမဲ့ အလွန်တရာ ပူပြင်းလွန်းလှသော မီးတောက်သုံးခုလုံးသည် ရုတ်တရက် အရှိန်မြှင့်တက် လာပြီး သူတို့ကို ရှောင်တိမ်းချိန် မရလိုက်ချေ။ ၎င်းတို့အားလုံးသည် စိတ်ဝိညာဉ်စွမ်းအင်များကို ဖြန့်ကျက်၍ ၎င်းတို့ရှေ့တွင် စိတ်ဝိညာဉ်နံရံတစ်ခုကို ဖန်တီး တည်ဆောက်လိုက်၏။

ဘုန်း ဘုန်း ဘုန်း

မီးတောက်လှိုင်းများသည် ပျံ့နှံ့သွားပြီးသည့်နောက် မြက်ပင်နှင့် သစ်ပင်များသည် ဘယ်တုန်းကမှ မရှိခဲ့သကဲ့သို့ ပြောင်ရှင်းသွား၏။

ဘုတ် ဘုတ် ဘုတ် ဘုတ် ဘုတ်

သိုင်းအုပ်စိုးသူ သုံးယောက်တို့သည် အနောက်ဘက်သို့ လွင့်စင်သွား၏။ ပေအနည်းငယ်စီ နောက်သို့ဆုတ်ပြီးသည့် နောက်မှာတော့ ၎င်းတို့ရှေ့တွင်ရှိသော စိတ်ဝိညာဉ်နံရံများသည် ပြိုပျက်သွားတော့၏။

ထိုအချိန်မှာ‌တော့ ၎င်းတို့၏ မျက်နှာပေါ်ရှိ မျက်နှာဖုံးများအားလုံးသည်လည်း ကွဲကြေ၍ အောက်သို့ပြုတ်ကျသွားသည်။ ဖြူလျော်နေသည့် မျက်နှာသုံးခုသည် အားလုံး၏ မြင်ကွင်းရှေ့၌ ပေါ်လာတော့၏။ မျက်နှာဖုံးများမှာ ရုပ်ဆိုးလှ၏။ ၎င်းတို့၏ မျက်နှာ များသည် ပို၍ ရုပ်ဆိုးလှ၏။အလင်းရောင်ကို မမြင်ဘူးသည် ဇွန်ဘီများကဲ့သို့ပင် မျက်နှာတစ်ခုလုံးသည် ဖြူလျော်လျက် ရှိသည်။ ဖြစ်နိုင်သည်မှာ တစ်နှစ်ပတ်လုံး မဲမှောင်နေသည့်ဂူထဲတွင် နေထိုင်ခဲ့ကြပုံပေါ်သည်။

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ခင်ဗျားတို့က မိစ္ဆာကျင့်ကြံသူတွေလား”

သာမန်ကျင့်ကြံသူများ၏ ပုံစံသည် ဤကဲ့သို့ မဟုတ်ပေ။ မိစ္ဆာကျင့်ကြံခြင်းနည်းစနစ်ကို အဆုံးစွန်အထိ ကျင့်ကြံ သည့်သူများသည်သာ ဤကဲ့သို့ ပုံပန်းသွင်ပြင်မျိုး ရှိနိုင်၏။

“ဒီကောင်က အရမ်းအားကောင်းတယ်”

သိုင်းအုပ်စိုးသူခေါင်းဆောင်သည် တီးတိုးပြောလိုက်၏။ “အစီအရင်နဲ့ တိုက်ခိုက်ရအောင်”

“ကောင်းပါပြီ”

တခြားသော သိုင်းအုပ်စိုးသူသုံးယောက်တို့သည်လည်း ၎င်းတို့၏ ပွက်ပွက်ဆူနေသော သွေးများကို ဖိနှိပ်ကာ ချက်ချင်းဆိုသလိုပဲ လှုပ်ရှားလိုက်တော့၏။ သူတို့သည် တစ်ယောက်နှင့်တစ်ယောက် အနည်းငယ် အလှမ်းဝေး လှသော နေရာတွင် ရပ်တန့်လိုက်ပြီး ရှုပ်ထွေးလှသော လက်သီးသင်္ကေတများကို ဖန်တီးလိုက်၏။

ဝှစ်

ချက်ချင်းပဲ အမဲရောင်ဓာတ်သဘာဝများသည် ၎င်းတို့၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး တစ်ယောက်နှင့် တစ်ယောက် ချိတ်ဆက်သွား၏။

“သူတို့က တကယ့်ကို မိစ္ဆာကျင့်ကြံသူတွေပဲ”

ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းပေါ်တွင် မထီမဲ့မြင် အပြုံးတစ်ခု ဖြစ်ပေါ်လာ၏။ တစ်ဖက်သူများအား သတ်ဖြတ်ခြင်းနတ်ဘုရားကျောင်းနှင့် နတ်ဆိုးမိစ္ဆာဂိုဏ်းတို့မှ စေလွှတ်လိုက်သည်ဟု သူခန့်မှန်းမိလိုက်၏။

ကံကောင်းစွာဖြင့် သူသည် သူ၏တပည့်များကို ခေါ်မလာခဲ့ချေ။ မဟုတ်ပါက အနောက်မြောက်ဟယ်ကျိုး တွင်ရှိသော ဂိုဏ်းများ အားလုံးသည် သူ့ကို ပြဿနာလာရှာသည်ဟု ထင်မှတ်မိပေလိမ့်မည်။ ထိုသို့ဆိုလျှင် ပြိုင်စံရှားဂိုဏ်းအနေနှင့် ရင်ဆိုင်ရမည့်အရာများမှာ အလွန်တရာ ကြီးမားလှပေမည်။

အမဲရောင်အော်ရာများ ဆက်တိုက် ထုတ်လွှင့်ပြီးသည့် နောက် ကြီးမားသည့်ပုံရိပ်ကြီးတစ်ခုသည် မြန်မြန်ဆန်ဆန် ဖြစ်တည်လာပြီး ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်း သွား၏။

ကျွင်းချောင်ရှောင်းသည် အေးစက်စက်ဖြင့် ရယ်ကာ ပြောလိုက်၏။ “မင်းတို့က အဆင့်နိမ့်မိစ္ဆာတွေ”

ဝှစ် ဝှစ်

ပြောပြီးသည့်နောက်မှာတော့ နဂါးစိမ်းလခြမ်းဓားမော့ကြီးသည် ရုတ်တရက်မီးတောက်များနှင့် ဖုံးလွှမ်းသွား၏။ ပတ်ဝန်းကျင်တွင် ရှိရှိသမျှသော အပူချိန်များအားလုံးသည် ရုတ်တရက်ဆိုသလိုပဲ မြင့်တက်လာ၏။

“ဒါ … ဒါက”

သိုင်းအုပ်စိုးသူခေါင်းဆောင်သည် ထိတ်လန့်တုန်လှုပ်စွာဖြင့် ပြောလိုက်၏။

“ကြယ်မီးတောက်”

“ဘယ်လိုဖြစ်နိုင်မှာလဲ”

တခြားသော သိုင်းအုပ်စိုးသူသုံးယောက်တို့သည့်လည်း ထိတ်လန့်တုန်လှုပ်မိသွား၏။ နတ်ဘုရားမီးမျိုးစေ့တစ်ခု ဖြစ်သည်မို့ ကြယ်မီးတောက်သည် အလွန်တရာပူလောင်လှသည့်အပြင် မိစ္ဆာဓာတ်သဘာဝများကိုလည်း ကျွမ်းလောင်စေနိုင်၏။ မိစ္ဆာကျင့်ကြံသူများအတွက် ရန်သူဟုပင် ဆိုရမည်။

“ချိုးဖြတ်စမ်း”

ကျွင်းချောင်ရှောင်းသည် သူ၏ ဓားမော့ကိုကိုင်၍ ကြီးမားသည့် ပုံရိပ်ကြီးကို ပိုင်းဖြတ်လိုက်တော့သည်။ ကြောက်မက်ဖွယ်ရာကောင်းလှသော ဓားမော့အော်ရာများ ဖြစ်တည်လာပြီးသည့်နောက် ပုံရိပ်ယောင်မြီးတောင်ကြီး၏ အောက်မှာတော့ အမဲရောင်စွမ်းအင်များ အားလုံး သည်လည်း ဘယ်တုန်းကမှ မရှိခဲ့သလို အငွေ့ပျံပျောက်ကွယ်သွားကြတော့၏။

ဖူး

သိုင်းအုပ်စိုးသူ သုံးယောက်တို့သည် သွေးအန်ထွက်သွား၏။

ဝှစ်

ထိုအချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် အရှေ့သို့ ပျံသန်းရောက်ရှိလာပြီး သူ၏ နဂါးစိမ်းလခြမ်းဓားမော့ကြီးကို ထပ်မံကာ ဝှေ့ယမ်းလိုက်၏။ ပူပြင်းတောက်ပလွန်းသော မီးတောက်သုံးခုတို့်သည် ဓား၏အထက်ဆီမှ ထွက်ပေါ် လာပြီးသည့်နောက် ကောင်းကင်ယံထက်မှ ဓား၏ အော်ရာများသည် အောက်သို့ ကျဆင်းလာသည်။

ဘုန်း ဘုန်း ဘုန်း

သိုင်းအုပ်စိုးသူ သုံးယောက်တို့သည် ရှောင်တိမ်းရန် အခွင့်အရေး တစ်ချက်ကလေးမှ မရခဲ့ပေ။ ၎င်းတို့သည် မီးတောက်ဓားမော့၏ အော်ရာများဖြင့် ထိခိုက်ခဲ့ပြီး အမြှောက်ဆန်ကဲ့သို့ပင် တည်နေရာတစ်ခုဆီသို့ လွင့်စင် သွားတော့သည်။ မြေပေါ်သို့ ပြုတ်ကျလာပြီးသည့်နောက်မှာတော့ သူတို့၏ ရင်ဘတ်ပေါ်တွင် အလွန်တရာ နက်ရှိုင်းသည့် ဓားခုတ်ရာကြီး ရှိနေပြီး ဝိညာဉ်များသည်လည်း မီးများနှင့် ကျွမ်းလောင်ခံရသလို တွန့်လိမ်လျက် ရှိနေတော့သည်။

သိုင်းအုပ်စိုးသူခေါင်းဆောင်သည် ထိုအချင်းအရာကို မြင်ချိန်မှာတော့ ချက်ချင်းပဲ ကောင်းကင်ယံ ထက်သို့ ပျံတက်ပြီး အဆုံးမဲ့ကောင်းကင်ဆီသို့ ပျံသန်းထွက်ပြေးတော့၏။

“ပြေးချင်တာလား” ကျွင်းချောင်းရှောင်းသည် နှာခေါင်းရှုံ့လိုက်၏။ ချက်ချင်းပဲသူသည် စက်အတောင်ပံကို ထိန်းချုပ်ပြီး အနောက်မှ လိုက်တော့သည်။ သူသည် အလွန်တရာ မြန်ဆန်လွန်းလှ၏။ အသက်တစ်ရှိုက်စာ အနည်းငယ်အတွင်းမှာပဲ ထွက်ပြေးသွားသော သိုင်းအုပ်စိုးသူအား မီသွားသည်။

သူသည် ချက်ချင်းပဲ ဓားနှင့် ခုတ်ပိုင်းလိုက်တော့သည်။ တစ်ဖက်လူသည် တည်နေရာတွင် ရပ်တန့်မနေဘဲ မြန်မြန်ဆန်ဆန်ပဲ သူ၏အရှေ့၌ စိတ်ဝိညာဉ်နံရံတစ်ခုကို ဖန်တီး လိုက်၏။

ဘုန်း

ကြီးမားလေးလံလွန်းသော ဓားမော့ခုတ်ပိုင်းချက်သည် ချီနံရံကြီးတစ်ခုလုံးကို တစ်စစီ ပျောက်ကွယ်သွားစေသည်။

ဘုန်း

သိုင်းအုပ်စိုးသူသည် မြေပေါ်သို့ အရုပ်ကျိုးပြတ်ပြုတ်ကျပြီး မြေကြီးထဲသို့ပင် မြှုပ်ဝင်လျက်ရှိ၏။ သူ၏မျက်နှာဖုံးသည် ကွဲကြေပျက်စီးသွားပြီးသည့်နောက် ဖြူလျော်နေသော မျက်နှာတစ်ခု ပေါ်လာသည်။

ဘုတ်

ကျွင်းချောင်ရှောင်းသည် အောက်သို့ခုန်ဆင်းပြီးနောက် နဂါးစိမ်းလခြမ်းဓားမော့ကြီးကို ထိုသူ၏ လည်ပင်းပေါ်သို့ တင်ကာ အေးစက်စက်နှင့် ပြောလိုက်၏။ “ခင်ဗျားကို ဘယ်သူလွှတ်လိုက်တာလဲ”

All Chapters