← Chapters

အခန်း (၆၂၁)

Vol. 42 Ch. 621

အခန်း (၆၂၁)

Vol. 42 Ch. 621

များပြားလှသော ပြည်နယ်နှင့် မြို့များအသီးသီးတွင် ဌာနခွဲများ ဖွင့်လှစ်ပြီးသည့်နောက် အားလုံးသည် လှုပ်လှုပ် ရှားရှား စည်စည်ကားကားနှင့် ဖြစ်သွားကြ၏။ အဘယ်ကြောင့်ဆိုသော် ပြိုင်စံရှားဂိုဏ်းသည် အလုပ်သမား ခေါ်ယူမှုကို ကြေညာခဲ့သောကြောင့်ဖြစ်၏။

ဂိုဏ်းခွဲများအတွက် ကာကွယ်စောင့်ရှောက်သူ ဆယ်ယောက်ကျော် ငှားရမ်းခဲ့ပြီး သိုင်းစစ်သူကြီး ထိပ်ဆုံးအဆင့် ကျင့်ကြံသူတစ်ယောက်သည် တစ်လလျှင် စိတ်ဝိညာဉ်ကျောက်တုံး ငါးတုံးကို ရမည်ဖြစ်ပြီး သိုင်းဘုရင်တစ်ယောက်သည် သဘာဝစိတ်ဝိညာဉ်ကျောက်တုံးဆယ်တုံးကို ရရှိမည်ဖြစ်၏။

သူတို့သည် လွတ်လပ်သော ကျင့်ကြံသူများအား အလုပ်ခေါ်ယူခဲ့ခြင်းဖြစ်သောကြောင့် တခြားသော ကလန်များနှင့် ဂိုဏ်းများသည် ၎င်းတို့အား လာရောက်၍ နှောက်ယှက်ခြင်း မရှိကြချေ။

ထိုကဲ့သို့သော အလုပ်သမားများသည် ကောင်းမွန်သည့် စွမ်းဆောင်ရည်ကို ပြသနိုင်သည်ဆိုလျှင် ပြိုင်စံရှားဂိုဏ်း၏ အဖွဲ့ဝင်များ ဖြစ်လာလိမ့်မည်ဖြစ်၏။ ထိုကဲ့သို့သော အလုပ်ခေါ်ယူသည့် သတိပေးစာ ထွက်ပေါ်လာပြီးသည့်နောက်မှာတော့ များပြားလှသည့် မြို့များ တွင် လွတ်လပ်သော ကျင့်ကြံသူများသည် အုတ်အော်သောင်းနင်း ဖြစ်ကုန်ကြ၏။ ၎င်းတို့အားလုံးသည် ဂိုဏ်းထဲသို့ ဝင်ရောက်ရန် စိတ်အားထက်သန်လျက်ရှိနေ၏။

“ငါ့ဘဝတစ်ဝက်လောက် အားရပါးရ ကြိုးစားခဲ့တာ ဘာတစ်ခုမှ ဖြစ်မလာခဲ့ဘူး၊ ဒီတစ်ကြိမ်တော့ စမ်းသပ်ကြည့်မှ ဖြစ်မယ်”

“သွားရအောင်၊ သွားရအောင် စာရင်းသွားပေးကြမယ်”

ချက်ချင်းပဲ ပြိုင်စံရှားဂိုဏ်းဌာနခွဲ၏ အဝင်ဝတွင် လူများနှင့် ပြည့်နှက်နေတော့သည်။ ထိုအထဲတွင် သိုင်းစစ်သူကြီး ထိပ်ဆုံးအဆင့် ကျင့်ကြံသူများနှင့် သိုင်းဘုရင်များလည်း အများအပြားပါဝင်လျက်ရှိသည်။ ၎င်းတို့သည် တစ်လတာ ရရှိမည့် လစာများကို စိတ်မဝင်စားကြချေ။ ပြိုင်စံရှားဂိုဏ်း၏တပည့်ဖြစ်လာရန် အလွန်အမင်း မျှော်လင့်ချက် ကြီးမားနေကြ၏။

တကယ်တမ်းမှာတော့ များပြားလှသော သိုင်းပညာရှင်များသည် ပြိုင်စံရှားဂိုဏ်းသို့ ဝင်ရောက်ရန် ရည်မှန်းချက် ရှိနေကြ၏။ အဘယ်ကြောင့်ဆိုသော် ဂိုဏ်းသည် လူငယ်လူရွယ်များနှင့် ဖွဲ့စည်းထားသည်ဖြစ်ပြီး အလားအလာ ထိပ်ဆုံးသုံးခုစာရင်းထဲကို ဝင်နေသောကြောင့် ကြီးမားသည့်ဖြစ်တည်မှုမျိုးကို ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင် ပြသနိုင်မှာ သေချာနေ၏။ သူတို့သည်သာ ပြိုင်စံရှားဂိုဏ်းအတွက် ကောင်းကောင်းလုပ်ပေးနိုင်မည်ဆိုလျှင် လစာ သည်သာမကပဲ ဂိုဏ်းထဲသို့ ဝင်ရောက်ခွင့်ရရန် အခွင့်အရေးလည်း ရှိလာနိုင်၏။ အဘယ်ကြောင့် ဤကဲ့သို့သော အလုပ်မျိုးကို မလုပ်ရမည်နည်း။

“ဂိုဏ်းချုပ်”

လီလိုရှုသည် ထုံးစံအတိုင်းသတင်းလာပို့၏။ “ဂိုဏ်းခွဲတွေက သိုင်းစစ်သူကြီး တော်တော်များများကို ခေါ်ယူခဲ့ကြတယ်၊ သူတို့ထဲမှာ သိုင်းဘုရင်ဆယ်ယောက် လည်း ပါသေးတယ်”

“မဆိုးဘူး၊ မဆိုးဘူး”

ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “သေသေချာချာ လေ့လာထား၊ ဌာနခွဲအတွက် အလုပ်ကို ကောင်းကောင်းလုပ်တဲ့လူတွေကို ဂိုဏ်းထဲကို ခေါ်ယူမယ်”

“အင်း”

လီလိုရှုသည် ခဏရပ်ကာ ပြောလိုက်၏။ “လိုင်လီနတ်ဂိုဏ်းက ဒီကို လာလည်တဲ့လမ်းမှာ ရောက်နေတယ်လို့ သတင်းကြားထားတယ်”

“ဟင်”

ကျွင်းချောင်ရှောင်း အံ့အားသင့်သွား၏။ “သူတို့က ဘာလာလုပ်တာလဲ”

မကြာမီမှာပဲ လိုင်လီနတ်ဂိုဏ်း၏စာသည် ရောက်ရှိလာ၏။ သို့ပေမဲ့ စာမရောက်ခင်ကတည်းက ပြိုင်စံရှားဂိုဏ်း သည် ကြိုတင်၍ သိရှိပြီးဖြစ်သည်။ ထို့ကြောင့် ပြိုင်စံရှားဂိုဏ်း၏ သတင်းကွန်ယက်သည် ကောင်းကောင်း အလုပ် လုပ်နေသည်ဟု ဆိုရမည်။

“သုံးနှစ်အစီအမံသဘောတူညီမှုက မကြာခင်ရောက်တော့မှာပဲ”

ကျွင်းချောင်ရှောင်းသည် မေးစေ့ကို ပွတ်သပ်ကာ တီးတိုးရေရွတ်လိုက်၏။ “သူတို့က ဘာလို့ ဒီအချိန်ကြီး လာရတာလဲ”

လီလိုရှုက ပြောလိုက်သည်။ “လာပြီးတော့ စုံစမ်းတာနေမှာပေါ့”

ကျွင်းချောင်ရှောင်းသည် သွားဖြီးကာ ပြောလိုက်၏။

“ပြိုင်စံရှားဂိုဏ်းကို လာပြီးတော့ စုံစမ်းစစ်ဆေးတာတွေ၊ စနည်းနာတာတွေလုပ်ဖို့ လွယ်ကူတယ်လို့ ထင်နေကြ တာလား”

.......

ဘုန်း ဘုန်း ဘုန်း

လေ့ကျင့်ရေးခန်းမထဲမှာတော့ ရှောင်ကျီသည် အားအင်စမ်းသပ်ခြင်းစက်အား အကြီးအကျယ် ထိုးနှက်လျက် ရှိ၏။ သူ၏ အားအင်တန်ဖိုးသည် အချိန်နှင့်အမျှ ပြောင်းလဲလျက်ရှိပြီး ခန္ဓာကိုယ်တစ်ခုလုံး သည်မှာလည်း ချွေးများတပေါက်ပေါက်နှင့် ကျဆင်းနေ၏။

နေ့စဉ်နေ့တိုင်းသူသည် လေ့ကျင့်၍ပြီးဆုံးသည်နှင့် တပြိုင်နက် ဤနေရာဆီသို့ ရောက်ရှိလာပြီး အားအင်ကို စမ်းသပ်ခြင်း ပြုလုပ်သည်။ အားအင်တစ်ဂျင်နီးပါးလောက် တိုးတက် လာလျှင်ပင် သူသည် အလွန်တရာ စိတ်ချမ်းသာသော ခံစားမှုကို ရရှိသည်။

သူကဲ့သို့ အရာအားလုံးကို ဆုံးရှုံးခဲ့ပြီးသော လူတစ်ယောက်သည် အောင်မြင်မှုကို ပြန်လည်ရရှိချိန်တွင် ထိုအရာ မည်မျှခက်ခဲသည်ဆိုသည့်တန်ဖိုးကို ကောင်းကောင်းနားလည်၏။ ကြိုးစားခြင်းသည် ဘယ်တော့မှ မယုတ်လျော့ခဲ့ပေ။

ရှောင်ကျီအတွက် ဂိုဏ်းချုပ်သည် နတ်ဘုရားတစ်ပါးလိုပင်ဖြစ်တော့သည်။ ဂိုဏ်းချုပ်သာ မရှိပါက သူ့အနေနှင့် ယနေ့ ဤကဲ့သို့သော ရှောင်ကျီဖြစ်လာလိမ့်မည် မဟုတ်ချေ။

ကျွင်းချောင်ရှောင်းသည် တံခါးကို အသာမှီကာ ပြောလိုက်၏။ “လိုင်လီနတ်ဂိုဏ်းရဲ့ အကြီးအကဲက သူ့တပည့်တွေနဲ့ မကြာခင် လာလည်မယ်တဲ့”

ရှောင်ကျီ ကြောင်သွား၏။ သူ၏ နဖူးတွင်ရှိသော ချွေးများကိုသုတ်ကာ တီးတိုးရေရွတ်လိုက်၏။ “သူမလည်း လာမှာလား”

“အင်း”

ဂိုဏ်းခွဲများဆီမှ နောက်ဆုံးရရှိသည် သတင်းအချက်အလက်များအရဆိုလျှင် မုယုံရှင်းသည်လည်း လိုက်ပါလာခဲ့၏။

ရှောင်ကျီသည် သက်ပြင်းချကာ ခေါင်းကို ခါယမ်းလိုက်၏။ “သူတို့က ကျွန်တော်ကို ထပ်ပြီးတော့ အနိုင်ကျင့်ချင်သေးတာလား”

မုယုံရှင်းသည် ၎င်း၏ ဂိုဏ်းဆီမှ များပြားလှသောလူများကို ခေါ်ဆောင်လာ၍ ရှောင်မိသားစုဆီသို့လာကာ စေ့စပ်ပွဲ ဖျက်သိမ်းခဲ့သည့်မြင်ကွင်းသည် သူဘယ်တော့မှ မေ့ပျောက်နိုင်လိမ့်မည် မဟုတ်ချေ။ ထိုအချိန်တွင် သူ၏ ကျင့်ကြံခြင်းသည် ယုတ်လျော့သွားပြီး သူသည် အမှိုက်တစ်စလိုပင် သုံးစား၍မရသည့် လူတစ်ယောက်အဖြစ် တည်ရှိနေသည့်အချိန်ပင်ဖြစ်၏။

“ရှောင်မိသားစုခေါင်းဆောင်... ကျွန်မ ဒီတစ်ကြိမ်လာရတာက ရှင်တို့မိသားစုက လူနဲ့ ကျွန်မတပည့်ရဲ့ စေ့စပ်ပွဲကို လာဖျက်တဲ့ အကြောင်းကလွဲ၍ တခြားမရှိဘူး၊ ဘာကြောင့်ဖျက်ရလဲဆိုတဲ့ အကြောင်းပြချက်ကို ပေးရရင် သူက မထိုက်တန်လို့ပဲ၊ ရှင်တို့ရှောင်မိသားစုအနေနဲ့ ထိပ်တန်းအဆင့် စိတ်ဝိညာဉ်အမြစ်ကို ပိုင်ဆိုင်တဲ့ ပါရမီရှင် တစ်ယောက်ရခဲ့တာ အရမ်းကို ကောင်းမွန်တဲ့ အခွင့်အရေးပဲ၊ ဒါပေမဲ့ ဒီလိုအဆင့်မျိုးက ကျွန်မတို့ဂိုဏ်းမှာ နေရာ အနှံ့ ရှိတယ်၊ ဒီတော့ စေ့စပ်ပွဲကို ဒီနေ့ ဖျက်သိမ်းရမယ်”

လိုင်လီနတ်ဂိုဏ်းအကြီးအကဲ၏ ပြောဆိုလိုက်သောစကားများသည် ရှောင်ကျီ၏ နှလုံးသားကို အပ်နှင့် ထိုးသလို စူးရှစွာ နာကျင်စေ၏။ သူသည် အမှတ်မထင် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားခဲ့ရသည်။ သူသည် မုယုံရှင်း အပေါ် မည်သည့်ခံစားချက်မှ မရှိပေ။ ထို့ကြောင့် စေ့စပ်ပွဲ ဖျက်သိမ်းခံရလျှင်လည်း ကိစ္စမရှိပေ။ သို့ပေမဲ့ တစ်စုံ တစ်ယောက်သည် အမြင့်ကြီးမှာရှိနေပြီး သူက ပုရွက်ဆိတ်လေးတစ်ကောင်လို ဆက်ဆံခံရသည့် ခံစားချက် မှာတော့ နာကျင်လွန်းလှ၏။

“ဘာ... ဒီကောင်လေးက စိတ်ဝိညာဉ်အမြစ်ရဲ့ စွမ်းအင်တွေကို ပျောက်ဆုံးသွားပြီ ဟုတ်လား၊ သူ့ရဲ့ကျင့်ကြံခြင်း ကလည်း ယုတ်လျော့သွားတယ်”

လိုင်လီနတ်ဂိုဏ်း၏ အကြီးအကဲသည် ရှောင်ကျီ၏ လက်ရှိအခြေအနေကို သိရှိလိုက်ရချိန်မှာတော့ သူမ၏ မောက်မာမှုများသည် ပိုမို၍ အားကောင်းလာတော့သည်။

“စိတ်ဝိညာဉ်အမြစ် ကောင်းကောင်းမရှိ၊ ကျင့်ကြံခြင်းကောင်းကောင်းမရှိလျှင် အမှိုက်တစ်စလိုပဲ ဖြစ်သွားမှာပေါ့၊ ဒီတော့ မုယုံရှင်းနဲ့ ဘယ်လိုမှ မထိုက်တန်ဘူး၊ ပြီးတော့ စိတ်ဝိညာဉ်အမြစ်က ယုတ်လျော့သွားတယ်ဆိုတာကို ပထမဦးဆုံးအကြိမ် ကြားဖူးတာပဲ၊ ရှင်တို့ ရှောင်မိသားစုအနေနဲ့ ကောင်းကင်ကြီးက သည်းမခံနိုင်တဲ့အရာတွေ အများကြီးကို လုပ်ခဲ့ပုံပေါ်တယ်”

“ဂျူနီယာညီမလေးရဲ့ စေ့စပ်ပွဲကို ဖျက်သိမ်းလိုက်တာ အကောင်းဆုံးသော ဆုံးဖြတ်ချက်ပဲ၊ မဟုတ်ရင် သူမက အမှိုက်ကို လက်ထပ်ပြီးတော့ ဘဝတစ်ခုလုံး ဖျက်ဆီးခံရလိမ့်မယ်”

အကြီးအကဲကြီးနှင့်အတူ လိုက်ပါလာသော လိုင်လီနတ်ဂိုဏ်းမှ တပည့်များသည် ပထမငြိမ်သက်နေကြသည် ဆိုသော်လည်း ရှောင်ကျီ၏ စိတ်ဝိညာဉ်အမြစ်သည် ယုတ်လျော့သွားသည်ကို ကြားရချိန်မှာတော့ တစ်ယောက် တစ်ပေါက် ဝင်ရောက်၍ ပြောဆိုကြ၊ လှောင်ပြောင်ကြသည်၊ အထင်သေးကဲ့ရဲ့ကြတော့သည်။ ထို့ကြောင့်ပင် ရှောင်မိသားစုသည် အလုံးစုံ အရှက်ရခဲ့ခြင်းပင်ဖြစ်၏။

“အကြီးအကဲချမ်း”

ရှောင်မိသားစုခေါင်းဆောင်က ပြုံးလိုက်၏။ “ကျုပ်တို့ ဒီစေ့စပ်ပွဲကို ဖျက်သိမ်းကြရအောင်”

ဒုတိယအဆင့် ဂိုဏ်းတစ်ခုဆိုသည်မှာ ရှောင်မိသားစု လက်လှမ်းမမှီနိုင်သောအရာပင်ဖြစ်သည်။ ထို့ကြောင့် သူတို့ အနေနှင့် ကလန်ကဆန် မပြုလုပ်ရဲချေ။

“ရော့ ဒီမှာ ငွေတစ်သောင်း”

အကြီးအကဲ၏လေသံသည် အလွန်တရာ အထက်စီးဆန်လှ၏။ “စေ့စပ်ပွဲဖျက်သိမ်းတဲ့အတွက် လျော်ကြေးပေးတယ်လို့ သတ်မှတ်လိုက်”

မိသားစုခေါင်းဆောင်သည် ငွေတစ်သောင်းကို လက်ခံလိုက်သည့်အချိန်မှာတော့ ရှောင်ကျီသည် မည်သို့မှ မနေနိုင်တော့ဘဲ သွေးတစ်လုတ်ပင် အန်ထွက်လာခဲ့၏။

“ကျွန်မ တောင်းပန်ပါတယ်”

မုယုံရှင်းသည် ထွက်ခွာမသွားခင် ထိုကဲ့သို့သော စကားကို ပြောဆိုခဲ့၏။

မထွက်သွားခင်မှာတောင် ငါ့ကို လှောင်ခဲ့သေးတာလား။

ရှောင်ကျီသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်၏။ သူ၏ လက်သည်းများသည် လက်ဝါးဆီသို့ပင် စိုက်ဝင်ပြီး သွေးများ တပေါက်ပေါက်နှင့် ကျဆင်းလာ၏။ သို့ပေမဲ့သူသည် နာကျင်မှုကို မခံစားရချေ။ အဘယ်ကြောင့်ဆိုသော် သူ၏ဂုဏ်သိက္ခာကို ချနင်းလိုက်သည့် နာကျင်မှုနှင့် နှိုင်းယှဉ်လျှင် လက်မှ အနာလေးက ပြောပလောက်သည့်အရာ မဟုတ်ခဲ့သောကြောင့်ပင်ဖြစ်သည်။

လိုင်လီနတ်ဂိုဏ်းမှလူများ ထွက်ခွာသွားပြီးသည့်နောက်မှာတော့ ရှောင်မိသားစုသည် မိသားစုတွင် အစည်းအဝေးပွဲ ကို ကျင်းပတော့သည်။ ပြီးနောက် ရှောင်ကျီအား ကလန်မှ ထုတ်ပယ်ရန် ဆုံးဖြတ်လိုက်ကြတော့သည်။

ယနေ့မှာတော့ ရှောင်ကျီသည် ဤကဲ့သို့ ပြန်လည်၍ အဆင့်မြင့်မားလာသော ကျင့်ကြံသူတစ်ယောက် ဖြစ်လာမည်ဟု မည်သူမှ ထင်မှတ်ထားလိမ့်မည် မဟုတ်ချေ။

လိုင်လီနတ်ဂိုဏ်း၏ စော်ကားမှု၊ ရှောင်မိသားစု၏ ပစ်ပယ်မှုတို့ကြောင့် သူသည် ဘဝတစ်ခုလုံး စုတ်ပြတ်သွားခဲ့ ရ၏။ အပြင်လောကအတွင်းတွင် ငါးနှစ်လုံးလုံး လှည့်လည်လျှောက်ကာ ပတ်သွားနေရသည်။ ဤကဲ့သို့သော ဂုဏ်သိက္ခာတစ်ခုလုံးကို ဖျက်ဆီးခံရမှုသည် သေမလိုခံစားခဲ့ရခြင်းနှင့် ဆင်တူနေ၏။ လုံးဝသည်းခံနိုင်စရာ မကောင်းသော နာကျင်လွန်းသည် အတိတ်ကြမ်းကို ပြန်လည်တွေးတောနေစဉ်အတွင်းမှာပဲ ရှောင်ကျီသည် အမှတ်မထင်ဆိုသလို လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်မိ၏။ သူ၏ မျက်နှာတစ်ခုလုံးသည်လည်း တင်းမာလာ သည်။

စေ့စပ်ပွဲကို ဖျက်သိမ်းတာလား၊ လက်ခံနိုင်တယ်၊ ဒါပေမဲ့ ဘာလို့ ဘယ်ယောက်ျားမှ သည်းမခံနိုင်တဲ့ ဂုဏ်သိက္ခာ ကျဆင်းအောင် နင်းခြေခဲ့ရတာလဲ။

ထို့ကြောင့်ပင် ရှောင်ကျီသည် မုယုံရှင်းကို ဘယ်တော့မှ ခွင့်လွှတ်မပေးချေ။ သူမကို မြင်သည့်အချိန်တိုင်း ထိုဂိုဏ်း အကြီးအကဲ၏ ဆိုးဝါးလွန်းသည့် မျက်နှာအမူအရာကို ပြန်လည်တွေးတောနေမိ၏။

ကျွင်းချောင်ရှောင်းသည် တံခါး ကိုမှီ၍ မည်သည့်စကားမှ မပြောချေ။ သူ့အနေနှင့် စေ့စပ်ပွဲဖျက်သိမ်းခဲ့ရသည့် မြင်ကွင်းကို ကိုယ်တိုင်မမြင်ရလိုက်သော်လည်း ဒုတိယအဆင့် ဂိုဏ်းတစ်ခုသည် မုယုံရှင်းကို ခေါ်ဆောင်လာပြီး စေ့စပ်ပွဲကို ဖျက်သိမ်းလိုက်သည့် အချိန်မှာတော့ အလွန်တရာ မောက်မာလှသည့် စကားလုံးများနှင့် အရှက်ရစရာ ကောင်းလောက်အောင် ပြုမူထေို့ကြောင့်ပင် ဤအမျိုးသမီး ပြိုင်စံရှားဂိုဏ်းသို့ လာရောက်လည်ပတ်ချိန်၌ ရှောင်ကျီသည် လွန်ခဲ့သည့်ငါးနှစ် ကလိုမဟုတ်ပဲ အလွန်တရာ အားကောင်းလှသည့် လူတစ်ယောက်ဖြစ်နေပြီဖြစ်ကြောင်းကို ပြသရမည်။

“အရှက်ခွဲချင်တာလား”

ကျွင်းချောင်ရှောင်း၏ အကြည့်များသည် အေးစက်နေသည်။ “ငါ့ရဲ့ ပြိုင်စံရှား တပည့်တွေ အကုန်လုံးကို ဒီလိုမျိုး ဘယ်တော့မှ အဖြစ်မခံဘူး၊ ဘယ်သူကမှလဲ ဒီလိုမျိုး လာလုပ်လို့မရဘူး”

All Chapters