အခန်း (၆၂၂)
Vol. 42 Ch. 622
ရှောင်ကျီ၏ အတိတ်က အတွေးများနှင့် ပတ်သက်၍ ကျွင်းချောင်ရှောင်းသည် ဘာတစ်ခုမှ မကူညီနိုင်ပေ။ အဘယ့်ကြောင့်ဆိုသော် ထိုအရာများသည် ဖြစ်ပြီးခဲ့သည့် အရာများပင် ဖြစ်တော့၏။ လက်ရှိအနေနှင့် သူပြုလုပ်နိုင်သည့် အရာများမှာ သူ၏ တပည့်ခံစားခဲ့ရသော နာကျဉ်းချက်များအားလုံးကို ဖြေလျော့စေရန် ကူညီပေးခြင်းပင် ဖြစ်၏။
လုချင်းချင်းသည် အရှေ့မြောက် လုကျိုးတွင် ဒုက္ခတွေ့ခဲ့စဉ်က သူသည် ဒေါသတကြီးဖြင့် လုကျိုးဆီသို့ လိုက်ပါသွားခဲ့သည်။
ဤအရာသည်မှာ အကောင်းဆုံးသော သက်သေပင် ဖြစ်၏။ ပြိုင်စံရှား ဂိုဏ်း၏ တပည့်များကို မည်သူ အနိုင်ကျင့်ရဲသနည်း။
ကျွင်းချောင်ရှောင်းသည် သူ၏ တပည့်များနှင့် ပတ်သက်လျှင် အလွန်တရာ ကာကွယ်ပေးတတ်သူဖြစ်ပြီး အလွန်တရာ ဒေါသကြီးလှသည့် လူတစ်ယောက်ဖြစ်သည်။
ဤအရာသည် မည်သည့်ကြောင့် ဖြစ်သနည်းဟု သေချာရှင်းလင်းရမည်ဆိုလျှင် ချစ်ခြင်းကြောင့်သာ ဖြစ်ပေလိမ့်မည်။
သူသည် ရှောင်ကျီ ကို ချစ်သည်။ ရီရှင်းချန်ကို ချစ်သည်။ ထို့နောက် ပြိုင်စံရှား ဂိုဏ်းကို သူ ချစ်သည်။။
ဤကဲ့သိ့်သော ချစ်ခြင်းမျိုးသည် မိသားစုတစ်ခု၏ မိဘများ၏ ချစ်ခြင်းနှင့် ဆင်တူလှ၏။ သူသည် သူ၏ ကလေးများ ကြီးပြင်းလာသည်ကို တိတ်တဆိတ်စောင့်ကြည့်ပြီး ၎င်းတို့်၏ တိုးတက်မှုများကို ပီတိခံစားသည်။ ပြီးနောက် ၎င်းတို့၏ အားအင်များ တိုးတက်လာသည့်အတွက် ဂုဏ်ယူပေလိမ့်မည်။
ဟုတ်ပေသည်။
တစ်ခြားသော သူများသည် သူ၏ သားသမီးများအား လာရောက် အနိုင်ကျင့်သည်ကို သူ ဘယ်တော့မှ သည်းခံလိမ့်မည် မဟုတ်ချေ။
"ဂိုဏ်းချုပ်"
ရှောင်ကျီသည် မျက်ရည်ဝိုင်းလျက်ရှိသော သူ၏ မျက်လုံးများကို ပွတ်သပ် လိုက်သည်။
သူ့အား အရင်းအမြစ်အားလုံး ပံ့ပိုးပေးထားသည့် အပြင် သူ အနိုင်ကျင့်ခံရသည့် အချိန်တွင်လည်း ဂိုဏ်းချုပ်သည် မားမားမတ်မတ်နှင့် ရပ်တည်ပေးခဲ့၏။
ဤကဲ့သို့သော ဂိုဏ်းချုပ်နှင့် ဂိုဏ်းတစ်ခု တည်ရှိခြင်းသည် သူ၏ ဘဝတွင် အကောင်းမွန်ဆုံးသော အရာပင် ဖြစ်ပေလိမ့်မည်။
“ရှောင်ကျီ ဒါကို မှတ်ထား"
ကျွင်းချောင်ရှောင်းသည် လေးလေးနက်နက် ပြောလိုက်၏ "ပြိုင်စံရှား ဂိုဏ်းရဲ့ ပထမဦးဆုံး ဆောင်ပုဒ်က ယောကျာ်းတွေအနေနဲ သူတို့ရဲ့ဒူူးခေါင်းအောက်မှာ ရွှေရှိတယ်။ ဒီတော့ အလွယ်တကူ ဒူးထောက်လို့ မရဘူး။ ယောကျာ်း မှန်သမျှက သွေးထွက်လို့ ရတယ်။မျက်ရည်ကျလို့မရဘူး။"
ရှောင်ကျီသည် သူ၏ ခေါင်းကို အသာမြှောက်ပြီး ရင်ကို မော့လိုက်၏။ ပြီးနောက် သူ၏ ထွက်ကျလုပြီးနောက် ဖြစ်နေသည့် မျက်ရည်များကိုလည်း အသာ ထိန်းသိမ်းလိုက်၏။
"ကောင်းကောင်းအနားယူတော့"
ကျွင်းချောင်ရှောင်းသည် ရှောင်ကျီ၏ ပုခုံးကို ပုတ်ကာ ပြောလိုက်သည်။ "မင်းရဲ့ အခြေအနေကို အကောင်းဆုံး အနေအထားတစ်ခု ရောက်အောင် လုပ်လိုက်။ပြီးတော့ မင်းကို နိမ့်ပါးတယ်ဆိုပြီး နင်းချေလို့ မရဘူးဆိုတာကို လူတိုင်းသိအောင် လုပ်ရမယ်။"
"ကောင်းပါပြီ"
ရှောင်ကျီသည် ကျယ်လောင်စွာဖြင့် ပြောလိုက်သည်။ သူ၏ မျက်လုံးထဲတွင်မှာတော့ ဝံ့ကြွားသည့် အရိပ်အယောင်များနှင့် ပြည့်နက်လာ၏။
အဓိက ဟောခန်းဆီသို့ ပြန်လာပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် လီလိုရှုကို ခေါ်ကာ လေးလေးနက်နက် ပြောလိုက်၏။ "လွန်ခဲ့တဲ့ နှစ်က ရှောင်မိသားစုကို သွားခဲ့တဲ့လူတွေက ဘယ်သူလဲဆိုတာကို အမြန်ဆုံး စုံစမ်း။"
ရှောင်ကျီ၏ အမှတ်မထင် လက်သီး ဆုပ်ခြင်း နှင့် တင်းမာခက်ထန်သော အမူအရာများကို ကြည့်ရသည်မှာ ဟန်ဆောင် ပြုလုပ်နေခြင်း မဟုတ်ပေ။ သူ့အနေနှင့် အတိတ်တုန်းက အလွန်တရာ ကြီးမားသည့် အရှက်ကွဲမှုကို ခံစား ရပုံပေါ်သည်။
စုံစမ်းရမည်။ သူ့အနေနှင့် ကျိန်းသေပေါက် စုံစမ်းမှ ဖြစ်မည်။
အရာအားလုံး အစောကြီးကတည်းက ဖြစ်ပွားခဲ့ပြီ ဆိုတောင်မှ သူ့အနေနှင့် သတင်းအချက်အလက်များကို ကြိုတင်၍ တွက်ချက်ထားရမည်။ ထိုမှသာ နောင် ဖြစ်ပေါ်လာမည့် အရာများ အတွက် ပြင်ဆင်နိုင်မည် မဟုတ်လား။
သူသည် ရှောင်ကျီကို မမေးပေ။
အဘယ့်ကြောင့်ဆိုသော် အနာရွတ်အား အပ်နဲ့ ဆွသလိုဖြစ်နေမည်ကို စိုးရိမ်မိသောကြောင့် ဖြစ်သည်။
"ကောင်းပါပြီ"
လီလိုရှုသည် အသာပြန်လှဲသွားတော့သည်။
သတင်းအချက်အလက် ဌာနခွဲများကို ဖွဲ့စည်းပြီးသည့်နောက်မှာတော့ သတင်းအချက်အလက် ရယူဖို့နှုန်းသည် အလွန်တရာ မြန်ဆန်လွန်းလှ၏။
နေ့ဝက်လောက်ကြာပြီးသည့်နောက်မှာတော့ လီလိုရှုသည် သတင်းကို ပြန်လည်ရရှိလာခဲ့၏။
“ရှောင်မိသားစုဆီကို စေ့စပ်ပွဲ ဖျက်သိမ်းဖို့ ဦးဆောင်လာတဲ့ သူက လိုင်လီနတ်ဂိုဏ်း ရဲ့ ဆယ့်တစ်ယောက်မြောက် အကြီးအကဲ ချမ်းဟွာရှင်း ပဲ ဖြစ်တယ်။မုယုံရှင်းက သူမရဲ့ တိုက်ရိုက် တပည့်လေ။ သူမနဲ့ အတူလာခဲ့တဲ့ လူက ခြောက်ယောက်ပဲ။အဲ့လူတွေက ဘယ်သူတွေ ဖြစ်တယ်ဆိုတာကို မသိဘူးဆိုပေမယ့် လိုင်လီနတ်ဂိုဏ်းရဲ့တိုက်ရိုက်မျိုးဆက် တွေပဲ"
ဤအရာသည် လီရန်မြို့ဆီမှ သတင်းအချက်အလက်များပင် ဖြစ်သည်။
အရင်တုန်းက ဤကိစ္စသည် ကြီးကြီးမားမား ပျံ့နှံ့ခဲ့ပြီး မသိသူ ဟူ၍ မရှိသလောက်ပင် ဖြစ်ခဲ့၏။ ခြောက်နှစ် ခုနှစ်လောက် ကြာမြင့်ခဲ့သည်ဆိုသော်လည်း ထိုနေရာတွင် ရှိခဲ့သော လူများအားလုံး၏ မှတ်ဉာဏ်ထဲမှာတော့ လတ်ဆတ်သစ်လွင်တုန်းပင်။
လက်ရှိ အခြေအနေမှာတော့ လီရန်မြို့သည် အနည်းငယ်တော့ ကွာခြားသွားခဲ့ပြီဖြစ်၏။
အဘယ့်ကြောင့်ဆိုသော် လက်ထပ်ပွဲကို ဖျက်သိမ်းခံလိုက်ရပြီး မိသားစု၏ စွန့်ပစ်ခြင်းကို ခံလိုက်ရသော ရှောင်ကျီသည် အသစ်တစ်ဖန် ပြန်လည် မွေးဖွားလာသည်။
ထို့အပြင် ကြောက်မက်ဖွယ်ရာကောင်းလှသော စွမ်းဆောင်ရည်ကို ထုတ်ဖော်ပြသနေသည်မို့ အနာဂတ်တွင် မည်မျှမြင့်မားသည့်နေရာကို ရောက်ရှိမည်ဆိုသည်ကို အားလုံးက ပြောဆိုဆွေးနွေးလျက်ရှိနေ၏
“ချမ်းဟွာရှင်း ဟုတ်လား။"
ကျွင်းချောင်ရှောင်းသည် သေချာမှတ်သားထားလိုက်သည်။
လီလိုရှုက ပြောလိုက်သည်။ "ဒီတစ်ကြိမ် လိုင်လီနတ်ဂိုဏ်းကနေပြီး လာလည်တဲ့ အကြီးအကဲက ဒီမိန်းမပဲလေ။"
ကျွင်းချောင်ရှောင်းသည် သူ၏ လက်ချောင်းများကို အသာခေါက် ရင်း ပြုံးကာ အေးစက်စက် ပြောလိုက်သည် “တွေ့ကြပြီပေါ့”
…….....
တောင်ကြားလမ်းတစ်ခုမှာတော့ ကြည့်ကောင်းလှသောတပည့်များအားလုံးသည် နားနေလျက်ရှိနေ၏။
ထိုထဲမှာတော့ ရှောင်ကျီနှင့် စေ့စပ်ပွဲ ဖျက်သိမ်းခဲ့သူ မုယုံရှင်းလည်း ပါဝင်နေ၏။ လက်ရှိအချိန်တွင်မှာတော့ သူမသည် မျက်နှာမကောင်းစွာဖြင့် ကြီးမား လှသော ကျောက်တုံးကြီးတစ်ခုတွင် ထိုင်လျက်ရှိနေသည်။
"ဂျူနီယာညီမလေး"
အမျိုးသမီးတပည့်သည် လျှောက်လာပြီး ပြောလိုက်သည်။ "မင်း ဂိုဏ်းကနေ ထွက်လာထဲက ပြုံးတာကို မတွေ့သေးဘူး စိတ်ထဲမှာ ဘာတွေဖြစ်နေတာလဲ"
"ဘာမှ မဟုတ်ပါဘူး" မုယုံရှင်းသည် ဘာသိဘာသာ ပြောလိုက်၏။
"င့ါအထင်အရဆိုရင်"
သူမ၏ ဘေးနားမှာ ရှိသော တပည့်တစ်ယောက်က ပြောလိုက်သည်။ "ဂျူနီယာညီမလေးက ရှောင်ကျီကို မတွေ့ချင်တာပဲ နေမယ်။ပြီးတော့ နှစ်ပေါင်းများစွာ ကျော်လွန်ပြီးသွားပြီ။သူတို့နှစ်ယောက်ကြားကလည်း ကောင်းကင်နဲ့ မြေကြီးလို ခြားနားမှုတွေ ဖြစ်နေပြီ။"
"ဒါက အမှန်ပဲ"
တစ်ခြားသော လူတစ်ယောက်က ဝင်ကာပြောလိုက်၏။ "ဂျူနီယာညီမလေးရဲ့ ပါရမီက တကယ့်ကို သာမန်ထက် ပိုတယ်။သူက သိုင်းဘုရင် အဆင့်ကိုလည်း ချိုးဖြတ်ရောက်ရှိသွားပြီ။သူ့ဆီမှာ စိတ်ဝိညာဉ် အမြစ်နဲ့ ကျင့်ကြံခြင်းတွေ ပြန်လည် ရခဲ့တယ်ဆိုရင်တောင်မှ ညီမလေးရဲ့ ဖိနပ်ကို သယ်ဖို့ အဆင့် မရှိဘူး။"
"စီနီယာအစ်မတို့ ကျေးဇူးပြုပြီး တော်ကြပါတော့။"
မုယုံရှင်းသည် မျက်မှောင်ကုတ်လိုက်တော့၏။
ဟင်း
ထိုသူများထဲမှ တစ်ယောက်က ပြောလိုက်သည်။ "ဂျူနီယာညီမလေး မင်းတို့က စေ့စပ်ထားတာ မဟုတ်တော့ဘူးလေ။ နှစ်ပေါင်းများစွာ ကြာတဲ့ အထိ မင်းသူ့အကြောင်းပြောရင် ကာကွယ်ပေးနေတုန်းပဲ။ မင်းဆီမှာ သူနဲ့ ပတ်သက်ပြီး ခံစားချက်တစ်ခုခု ရှိနေတာလား။"
တစ်ယောက်က ခန့်မှန်းလိုက်၏။ "ဂျူနီယာညီမလေးက ကောင်းကင်က ဂုဏ်ယူရလောက်တဲ့ အမျိုးသမီးတစ်ယောက်လေ။ကြီးမားတဲ့ ဂိုဏ်းကြီးက ထူးချွန်လှတဲ့ပါရမီရှင် တွေက ဂျူနီယာညီမလေးကို လက်ထပ်ချင်ကြမှာပဲ။ဒီလို အမှိုက်မျိုးအကြောင်းကို စဉ်းတောင် မစဉ်းစားသင့်ဘူး"
မုယုံရှင်းသည် မျက်မှောင်ကုတ်မိလိုက်၏။
သူမသည် ငယ်ရွယ်စဉ်တွင် သူမ၏ စီနီယာအစ်မများသည် ဤကိစ္စကို ထပ်တူ ပြောခဲ့ကြ၏။ ထိုအချိန်တုန်းက သူမသည် သူမအား ချီးမြှောက်နေသည်ဟု ခံစားမိခဲ့၏။ သို့ပေမဲ့ အရွယ်ရောက်ပြီးသည့်နောက်မှာတော့ ဤချီးမြှောက်မှုများသည် တစ်ခြားသူ တစ်ယောက်၏ ဂုဏ်သိက္ခာကို ချနင်းသလို ဖြစ်နေကြောင်း မုယုံရှင်း သေသေချာချာ နားလည်မိခဲ့ပြီဖြစ်သည်။
သူ့အနေနှင့် ရှောင်ကျီကို မနာကျင်စေချင်ပေ။
သူမအနေနှင့် ပိုမိုကျင့်ကြံပြီး အလွန်တရာ မြင့်မားသည့် ကျင့်ကြံခြင်း အဆင့်ကို ရောက်ရှိသွားချင်၏။ သို့ပေမဲ့ တစ်ချို့သော အရာများသည် ထိန်းချုပ်၍ ရနိုင်သည့် အရာ မဟုတ်ပေ။
ပြီးနောက် ချမ်းဟွာရှင်း သည် လှမ်းလျှောက်လာပြီး သဘောမတွေ့သလို ပြောလိုက်၏။ "လွန်ခဲ့တဲ့ သုံးနှစ်တုန်းက မင်းတို့ကြားမှာ ရှိတဲ့ သဘောတူညီချက်ကို ငါ့ကို ပြောထားသင့်တယ်"
"ဆရာ ….. ကျွန်မ"
"ဘာမှ မပြောနဲ့ ပြိုင်စံရှား ဂိုဏ်းကို ရောက်ပြီဆိုတာနဲ့ မင်းတို့ရဲ့ သဘောတူညီချက်ကို ဖျက်သိမ်းလိုက်တော့။ ပြီးတော့ မင်းက နောက်လာမယ့် နဂါးကြား တိုက်ပွဲကို ပါဝင်ယှဉ်ပြိုင်ရမှာလေ။ ဒီတော့ ဒီလို အမှိုက်တွေနဲ့ တိုက်ခိုက်နေဖို့ မင်းမှာ အချိန်မရှိဘူး။" ချမ်းဟွာရှင်းက ပြောလိုက်၏။
သူမ၏ စကားများက်ု ကြည့်ရသည်မှာ ပြိုင်စံရှား ဂိုဏ်းသို့ သွားရသည်ဆိုသည်မှာပင် မကောင်းတတ်လို့ သွားရသည့် ပုံစံ ဖြစ်နေသည်။
သူမ၏ အပြောအဆိုနှင့်အမူအရာတို့သည် ရှောင်ကလန်ဆီသို့ သွား၍ စေ့စပ်ပွဲ ဖျက်သိမ်းခဲ့စဉ်ကနှင့် ထပ်တူညီနေတုန်းပင် ဖြစ်၏။
ဆိုးရွားသည်မှာ ပြိုင်စံရှားဂိုဏ်းသည် ရှောင်ကလန်မဟုတ်ပေ။ ရှောင်ကျီသည်လည်း အတိတ်တုန်းက ရှောင်ကျီ မဟုတ်တော့ပေ။
....
အားလုံးသည် ခဏတာ အနားယူပြီးသည့်နောက်မှာတော့ ၎င်းတို့၏ ခရီးကို ဆက်လက်သွားလာကြတော့သည်။
ခဏတာ ကြာမြင့်ပြီးသည့် နောက်မှာတော့ သူတို့အားလုံးသည် ပြိုင်စံရှားဂိုဏ်း၏ တောင်ခြေဆီသို့ ရောက်ရှိခဲ့၏။ "ဒါက လက်ရှိ ကျင့်ကြံခြင်း လောကမှာ ကျော်ကြားနေတဲ့ ဂိုဏ်းတစ်ခုလား။ကြည့်ရတာ ဘာမှ ထူးခြားတဲ့ ပုံလည်း မပေါ်ဘူး။ကျွန်မတို့ ဂိုဏ်းနဲ့ တစ်ခြားစီပဲ"
တပည့်များ၏ မျက်လုံးထဲတွင်တော့ အထင်အမြင်သေးသည့် အရိပ်အယောင်များနှင့် ပြည့်နက်နေသည်။
ကျွင်းချောင်ရှောင်းနှင့် သိုင်းနယ်မြေတစ်ပိုင်းကျင့်ကြံသူတို့၏ ကြား တိုက်ပွဲကို သူတို့ ကြားမိခဲ့၏။ သို့ပေမဲ့ သူတို့ စိတ်ထဲမှ မထားကြပေ။
သူတို့၏ လိုင်လီနတ်ဂိုဏ်းတွင်လည်း သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူမဟုတ် သိုင်းနယ်မြေ ကျွမ်းကျင်သူ စစ်စစ်လည်း ရှိနေသည်။
ထို့အပြင် ကျွင်းချောင်ရှောင်းသည် တစ်ခြားသော နတ်ဘုရားစွမ်းအင်တစ်မျိုးကို အသုံးပြုခဲ့ခြင်း ဖြစ်ပြီး ၎င်း၏ ကိုယ်ပိုင်စွမ်းရည်လည်း မဟုတ်ချေ။ ထို့ကြောင့် အံ့အားသင့်စရာ ဘာမှ မရှိဟု သူတို့ ထင်ထားကြ၏။
ကြီးမားသော ဂိုဏ်းကြီးများ၏ တပည့်များသည် ဤကဲ့သို့ပင် အတွေးအခေါ်မြင့်မားပြီး ခေါင်းမာလွန်းလှ၏။
"ဘယ်သူတွေလဲ"
ကျန့်ရာ၏ အသံသည် တောင်မှ ထွက်ပေါ်လာသည်။
ချမ်းဟွာရှင်းသည် ဝံကြွားစွာဖြင့် ပြောလိုက်သည်။ "လိုင်လီ နတ်ဂိုဏ်းရဲ့ ဆယ့်တစ်မြောက်အကြီးအကဲက တပည့်တွေ ခေါ်ပြီး ပြိုင်စံရှား ဂိုဏ်းကို လာလည်ပါတယ်။"
"သူမပဲ"
ကျင့်ကြံလျက်ရှိသော ရှောင်ကျီသည် မေ့ပျောက်လို့ မရနိုင်သည့် အသံကို ကြားရှိလိုက်ရချိန်မှာတော့ မျက်လုံးထဲတွင် အဆုံးမဲ့သော ဒေါသတရားများ ဖြစ်ပေါ်လာသည်။
အတိတ်တုန်းက နာကျင့်မှုမျိုးသည် သူ၏ စိတ်ထဲတွင် တိုးဝင်လာပြီး သူ၏ မျက်နှာတစ်ခုလုံးသည် တင်းမာလာပြီး နှဖူးကြောများပင် လျှင် ထောင်ထလာသည်။
နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့သည်ဆိုသော်လည်း ဤအမျိုးသမီးသည် သူ့ကို စိတ်ဒုက္ခပေးနေတုန်းပင် ဖြစ်၏။
ကျွင်းချောင်ရှောင်း၏ စိတ်ဝိညာဉ် စွမ်းအင်များကို ဖြန့်ကျက်ကြည့်လိုက်သည့် အချိန်မှာတော့ ရှောင်ကျီကို သေသေချာချာ ကြည့်ရှုနေမိသည်။
ရှောင်ကျီ ဒေါသထွက်နေချိန်ကို မြင်ရချိန်မှာတော့ သူသည် လက်သီးကို အသာဆုပ်လိုက်၏။ ပြီးနောက် တီးတိုး ရေရွတ်လိုက်၏။ “မင်း ခံစားခဲ့ရတဲ့ နာကျဉ်းချက်တွေ အကုန်လုံးကို ငါ ဖြေရှင်းပေးမယ်။"
"ဒါက လိုက်လီနတ်ဂိုဏ်းရဲ့ အကြီးအကဲ"
ကျန့်ရာ၏ အသံက ထွက်ပေါ်လာသည်။ "ပြိုင်စံရှား ဂိုဏ်းရဲ့ စည်းမျဉ်းအရ ဂိုဏ်းကို လာလည်ချင်တယ်ဆိုရင် စစ်ဆေးမှု နေရာကနေ တောင်ပေါ်ကို ဖြတ်သန်းလာရလိမ့်မယ်။"
"စစ်ဆေးတဲ့နေရာ ဟုတ်လား"
ချမ်းဟွာရှင်းသည် မျက်နှာပျက်သွား၏။ ဤအရာသည် ဂိုဏ်းမှ တပည့်များ ခေါ်ယူရာတွင် အသုံးပြုသည့် နေရာဖြစ်ပေလိမ့်မည်။
သူမသည် လူများကို ခေါ်၍ ရောက်ရှိလာခဲ့သည်။ ထိုသို့ ဆိုလျှင်တောင်မှ တစ်ဖက်သည် သူမကို ကြည်ကြည်ဖြူဖြူနှင့် မကြိုဆိုခဲ့ပေ။ ကြည့်ရသည်မှာ လိုင်လီနတ်ဂိုဏ်းအား တစ်ချက်ကလေးမှ ဂရုစိုက်ပုံမပေါ်ပေ။
ကျန့်ရာက ထပ်ပြောလိုက်သည်။ "မလုပ်နိုင်ဘူးထင်ရင် ထွက်သွားပေါ့။ပြိုင်စံရှား ဂိုဏ်းက အတင်းဖိအား ပေးနေမှာ မဟုတ်ဘူး"
ဤစကားလုံးသည် ရန်စသလိုနှင့် ဆင်တူနေ၏။
လိုင်လီနတ်ဂိုဏ်းတွင် ရှိသော တပည့်များ အားလုံးသည် ဒေါသထွက်သွားကြသည်။
အဆင့်ငါးဂိုဏ်းတစ်ခု ဖြစ်သည်မို့ တောင်ပေါ်သို့ တက်ရာလမ်းတွင် အစီအရင်တစ်ခုကို ဖန်တီးထားပြီး ဤအစီအရင်သည် ဓားတောင်နှင့် မီးပင်လယ်ဖြစ်သည်ဆိုရင်တောင်မှ သူတို့သည် ဖြစ်အောင် သွားရပေလိမ့်မည်။
"ကောင်းပြီ"
ချမ်းဟွာရှင်းသည် အေးစက်စွာဖြင့် ပြောလိုက်သည်။ "ပြိုင်စံရှား ဂိုဏ်းရဲ့ အစီအရင်က ဘယ်လောက်ထိကောင်းပြီး ခြားနားနေလဲဆိုတာကို ငါ သိချင်နေတယ်။"
ပြောပြီးသည့်နောက်မှာတော့ သူမသည် တပည့်များကို ခေါ်၍ အပေါ်သို့ တက်လိုက်၏။
ဒွီ
လိုင်လီနတ်ဂိုဏ်းမှ လူများသည် အစီအရင်ထဲသို့ တစ်ယောက်ပြီးတစ်ယောက် ဝင်သွားလိုက်ကြသည်။
ချမ်းဟွာရှင်းသည် အထင်အမြင်သေးသလို တွေးလိုက်မိ၏။ "ဒီအစီအရင် အဆင့်လောက်က အရည်အသွေးရှိတာမဟုတ်ဘူး။ငါ ဘယ်လို ဖျက်စီးပြမယ်ဆိုတာကို ကြည့်ထား"
ဝှစ်။
ပြောပြီးသည့်နောက်မှာတော့ သူမ၏ စိတ်ဝိညာဉ် အာရုံများသည် ဖြန့်ကျက်သွားသည်။
သူမသည် စည်းအစီရင်၏ အတားအဆီးကို ထိတွေ့လိုက်သည်နှင့်တစ်ပြိုင်နက် ကောင်းကင်တစ်ခုလုံးတွင် ရုတ်တရက်ဆိုသလိုပဲ မိုးကြိုးများ ဖြစ်တည်လာပြီး ဟုန်းကနဲ တောက်ပသွား၏။
"မကောင်းတော့ဘူး"
ချမ်းဟွာရှင်း၏ အမူအရာသည် ပြောင်းလဲသွားသည်။
ဘုန်း။
ထိုအချိန်မှာ နားကွဲလောက်အောင် ကျယ်လောင်လှသည့် အသံကြီးတစ်ခုသည် သံမဏိအရိုးတောင်ဆီမှ ထွက်ပေါ်လာပြီး မြေတည်နေရာတစ်ခုလုံး တုန်ခါသွားသည်။
ဤအရာသည် အစီအရင် ပေါက်ကွဲသွားသည်ပင် ဖြစ်၏။